Mon, 06 Apr 2026
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လက် နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မြန်မာစစ်တပ်သည် မူးအထူးဒေသရှိ အအ---ကျေးရွာကို လက်နက်ကြီးပစ်ခတ်၍ မောင်အ---ဆိုသည့်ရွာသားတစ်ဦးအား ထိမှန်၍ ၎င်း၏ ပေါင်မှာ ဒဏ်ရာရရှိခဲ့သည်။ မောင်အ---သည် ၎င်း၏စိုက်ပျိုးခြံထဲတွင် အလုပ်လုပ်နေစဉ် လက်နက်ကြီးထိမှန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ဆေးကုသမှုပေးရန်အတွက် အဘ--- ဆေးခန်းသို့ပို့ဆောင်ခဲ့သည်။ မောင်အ---သည် ဤသို့ဒဏ်ရာရ ရှိပြီးနောက်တွင် ၎င်း၏မိသားစုအနေဖြင့် ငွေကြေးအခက်အခဲများရှိလာခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ရွာသားများ သည် ကျေးရွာတွင်ဆက်လက်နေထိုင်ရန် ကြောက်ရွံ့လာကြပြီး တစ်ချို့ရွာသားများလည်း ရွာအပြင်သို့ထွက်၍နေထိုင် ကြသည်။ တစ်ချို့လည်း ကျေးရွာတွင် ကတုတ်ကျင်းများတူး၍ နေထိုင်ကြရသည်။
Fri, 27 Mar 2026
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ခလယ်လွီထူ (ညောင်လေးပင်ခရိုင်)၊ မူး (မုန်းမြို့နယ်)၊ မူးအထူးဒေသတွင် ဖြစ်ပွားခဲ့သည် အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက် ၁၁း၁၅ အချိန်တွင် ဗမာစစ်တပ်၏ တိုက်လေယာဥ်တစ်စင်းသည် မြပဲခူးကျေးရွာအုပ်စု၊ အအ--- ကျေးရွာသို့ ဗုံးလေလုံးကြဲချခဲ့ပါသည်။ ထိုကဲ့သို့ဗုံးကြဲခဲ့ခြင်းကြောင့် ရွာသားတစ်ဦးသေဆုံးခြင်း၊ အမျိုးသမီးတစ်ဦးနှင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအပါအဝင် ရွာသားနှစ်ဦးသည် ၎င်းတို့၏နေအိမ်တွင်နေထိုင်စဥ် ဒဏ်ရာရရှိသွားခဲ့ပါသည်။ ထို့အပြင်၊ ရွာသားများ၏နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) လုံးပျက်စီးသွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုပြီးသည့်နောက် တစ်အချို့သောရွာသားများသည် ပို၍လုံခြုံသောနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ ထွက်ပြေးတိမ်း‌‌ရှောင်ခြင်းမရှိသောရွာသားများသည် ကြောက်ရွံ့မှုဖြင့် ကျေးရွာထဲတွင်ဆက်လက်နေထိုင်ခြင်းနှင့် အမြဲတစေနိုးကြားနေရမည်ဖြစ်ပြီး ရွာသားအများစုသည် ဗုံးခိုကျင်းထဲတွင် အိပ်ကြပါသည်။၊
Wed, 18 Mar 2026
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ် ကြီး)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၅ ရက်နေ့ ည (၇)နာရီခန့်တွင် မြန်မာစစ်တပ်သည် တခါကလိုး (ကြခတ်ချောင်း) ကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာ အတွင်း လက်နက်ကြီး (၈၁) မမနှင့် (၆၀) မမများ အဆက်မပြတ်ပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာ သားတစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုတွင် ရော်ဘာပင်အများအပြား ထိခိုက် ပျက်စီးခဲ့သည်။ ထိမှန်ဒဏ်ရာရသည့်ရွာသားတစ်ဦးသည် နေ့စားအလုပ်ဖြင့်အသက်မွေးဝမ်းကျောင်းပြုသူဖြစ်၍ ယခုလို ဒဏ်ရာရရှိသောကြောင့် ကြာအင်းဆိပ်ကြီးမြို့ရှိ ဆေးရုံတွင် ဆေးကုသမှုရရှိရန်လိုအပ်သော်လည်း ကုသမှုစရိတ်ကို မတတ်နိုင်ခဲ့ပေ။ မြန်မာစစ်တပ်သည် ထိုနေရာဒေသအတွင်း လက်နက်ကြီးများမကြာခဏပစ်ခတ်လေ့ရှိ၍ ရွာသားများ အနေဖြင့် ခရီးသွားလာရာတွင် ကြောက်ရွံ့မှုများရှိကြသည်။ ထို့အပြင် မြန်မာစစ်တပ်မှ ညအပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သောကြောင့် အရေးပေါ်လူနာများနှင့်ကျန်းမာရေးဝန်ဆောင်မှုကိုလိုအပ်နေသော ကိုယ်ဝန်သည်များသည် ကြာအင်းဆိပ်ကြီးမြို့သို့သွားရောက်ဆေးကုသမှုရယူရာတွင် စိန်ခေါ်မှုကြီးကြီးမားမားနှင့်ကြုံတွေ့ရသည်။
Wed, 04 Mar 2026
ဤဓာတ်ပုံသတင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ‌ဒေသခံအသိုင်းအဝိုင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့် ဓာတ်ပုံအထောက်အထားများကို ဖော်ပြ ထားပါသည်။ KHRG သည် အစီရင်ခံစာတင်သည့်ကာလအတွင်း မြန်မာစစ်တပ်၏လေကြောင်းရမ်းသမ်းတိုက်ခိုက်မှု နှင့် ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်သည့်အကျိုးသက်ရောက်မှုများကို ဖော်ပြသသည့် ဓာတ်ပုံ ပေါင်း ၃၆၀၀ ကျော်ထက်မနည်းကို လက်ခံရရှိထားပါသည်။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း နှင့် ၂၀၂၅ ခုနှစ် တလျှောက်လုံးတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ၊ ပြည်သူလူထု ပိုင် အဆောက်အဦးများ (စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများအပါအဝင်) အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး စိုက်ပျိုးပင်များနှင့် စပါးခင်းများအပြင် နေရပ်ထွက်ပြေးတိမ်းရှောင်ရမှု အများအပြားကိုဖြစ်ပေါ် စေခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်းတွင်၊ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁၈) ဦး အပါအဝင် ရွာသား (၆၆) ဦးထက်မနည်းသေဆုံးခဲ့ပြီး ကလေးငယ် (၆၆) ဦး အပါအဝင် ရွာသား (၁၇၆) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့်၊ အကျိုးဆက်အနေဖြင့် ရပ်ရွာလူထုအတွင်း အကြောက်တရားများ ကျယ်ပြန့်လာစေပြီး ရွာသားများ၏လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းရပ်များကိုလည်း ဆိုးရွားစွာ ထိခိုက် စေခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာသားများ၏ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားမရှိ မဖြစ်လိုအပ်သော ဝန်ဆောင်မှုများရရှိရေးကိုလည်း သိသိသာသာ အနှောင့်အယှက်များဖြစ်စေခဲ့ပါသည်။ နောက်ထပ် တိုက်ခိုက်မှုများနှင့် ဆက်လက်ဖြစ်ပွားနိုင်သည့် အန္တရာယ်များကြောင့် ရွာသူ၊ရွာသားများသည် ၎င်းတို့၏လယ်ယာလုပ် ငန်းခွင်များအား ဆက်မလုပ်နိုင်တော့ဘဲ ခိုလှုံရန်တောအုပ်များထဲနှင့် ပုန်းရှောင်ရန်လိုင်ဂူများရှိရာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရပါသည်။
Wed, 25 Mar 2026
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ဘိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် (၁)နာရီနှင့် (၂)နာရီ အကြားတွင် မြန်မာစစ်တပ်ဂျက်လေယာဉ်တစ်စီးသည် ကမိုသွေးကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် ဗုံး (၂)လုံးကြဲ ချပြီး အော်လီဂန်သေနတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသက် (၂)နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးထိမှန်သေဆုံးပြီး အရပ်သား (၉)ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်အရပ်သား (၉) ဦးသည် အမျိုးသမီး (၇) ဦး၊ အမျိုးသားတစ်ဦးနှင့်အသက်(၂)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဖြစ်ကြသည်။ ထို့အပြင် ဆေးခန်းတစ်လုံး၊ ရွာသားများပိုင်ဆိုင်သော လယ်ယာစိုက်ခင်းများနှင့် KNU ရုံးတည်ရှိရာနေရာရှိ အဆောက်အဦးများလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) ဝန်ထမ်းများ သည် ဒဏ်ရာရရှိသော အရပ်သားများကို ၎င်းတို့ရုံးဌာနတွင် ဆေးကုသပေးခဲ့သည်။ အခင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရွာသားများသည် အအ--- ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
Fri, 27 Feb 2026
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်း ဆိပ်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တစ်ခုကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်န ဝါရီလ ၂၀ ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၄) မှ စစ်သားများ သည် တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာအနီးရှိ ရော်ဘာခြံထဲတွင် အမျိုးသမီးတစ်ဦးအား ပစ်သတ်ခဲ့သည်။ ထိုအမျိုးသမီးသည် ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေသည့်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ သူမ၏နားထင်တွင် ကျည်ဆံထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။ သေဆုံးသူအမျိုးသမီး၏မိသားစုသည် မြန်မာစစ်တပ်ထံမှ လျော်ကြေးတစ်စုံ တစ်ရာမရရှိခဲ့ပါ။ အခင်းဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်သည် ကျေးရွာတွင် ည(၇)နာရီနောက်ပိုင်း ခရီးသွားလာမှုကို ပိတ်ပင်တားဆီး၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ရွာသားများသည် ရော်ဘာခြံထဲတွင် ရော်ဘာသွားခြစ်ရန်ကြောက်ရွံ့ကြ၍ စားဝတ်နေရေးအကြပ်အတည်းများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။ တစ်ချို့ရွာ သားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မြန်မာစစ်တပ် ခလရ (၂၈၄) တပ်စခန်းသည် ဆိပ်ကြီးမြို့အနီးတစ်နေ ရာတွင် တည်ရှိသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ခလရ (၂၈၄) စစ်သားများသည် ထိုဒေသအတွင်းရှိ နီးစပ်ရာကျေးရွာများတွင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ စက်သေနတ်များပစ်ခတ်ခြင်းနှင့် ရွာသားများ၏ခရီး သွားလာမှုကို ပိတ်ပင်ကန့်သတ်ခြင်းအစရှိသော စစ်လှုပ်ရှားမှုများကို မကြာခဏပြုလုပ်လေ့ရှိသည်။
Wed, 04 Mar 2026
ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ် ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်နေ့မှစ၍ မြန်မာစစ်တပ်သည် စစ်အစိုးရရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြာအင်းဆိပ်ကြီးမြို့ အနီးတစ် ဝိုက်တွင် စစ်သားများပို၍ထားရှိပြီး လုံခြုံရေးကိုတင်းကြပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာစစ် တပ်ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၂) မှ စစ်သားများသည် တခါကလိုးကျေးရွာအုပ်စု၊ အအ--- ကျေးရွာကို ဒရုန်း ဖြင့်တိုက်ခိုက်၍ ရော်ဘာခြံထဲတွင်အလုပ်လုပ်နေသည့်ရွာသားနှစ်ဦးအား ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် စောအ--- သည် ဒဏ်ရာအလွန်ပြင်းထန်သဖြင့် ၎င်းကို ထိုနေ့တွင်ပင် ဘုရားသုံးဆူမြို့ရှိဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (ဘုရားသုံးဆူမြို့သည် ထိုင်းနိုင်ငံ၊ ကန်ချနိုင်းပူရီခရိုင်နယ်စပ်အနီးတွင်တည်ရှိသည်။) အစီရင်ခံစာ ကာလအတွင်း ၎င်းအနေဖြင့် ဆေးရုံမှမဆင်းနိုင်ခဲ့ပေ။ အကြောင်းမှာ ၎င်းဒဏ်ရာမှာရှိသည့်ဗုံးအစကို ဖယ်ရှားမည်ဆို လျှင် ၎င်းမျက်လုံးကိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးလုပ်သားများသည် ၎င်းအား ဒုတိယအကြိမ်ခွဲစိတ်ကုသမှုပြု လုပ်ရန်ုလိုအပ်နေသေးသည်။ အဆိုပါဒဏ်ရာရရှိသည့်ရွာသားနှစ်ဦး၏မိသားစု များသည် မည်သည့်ငွေကြေးအကူအညီမှမရရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့မိသားစုသည် ဆွေးမျိုးသားချင်းများဆီမှ ငွေချေး၍ ဆေးကုသမှုကုန်ကျစရိတ်ကိုပေး ဆောင်ခဲ့ရသည်။ တစ်ချို့ရွာသားများလည်း မြန်ုမာစစ်တပ်မှ ရွေးကောက်ပွဲအတွက် နယ်မြေအတွင်း လုံခြုံရေးတပ်သား များထားရှိသည့်အကြောင်းကိုကြားသိရှိရပြီးနောက် ကြောက်ရွံ့ကြပြီး အခြားနေရာသို့ ပြေးပုန်းရှောင်ခဲ့သည်။
Wed, 28 Jan 2026
ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လအတွင်း ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၉ ရက်နေ့၌ ကရူတူးမြို့ တွင်အခြေစိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၅) သည် သလွဲ ထော်ကျေးရွာအုပ်စုရှိ အဘ--- ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်၍ ရပ်ရွာအနည်းငယ်ထိခိုက်ပျက်စီးသွားပြီး ရွာသားများအတွက် ကြောက်ရွံ့မှုဖြစ်ပေါ်စေခဲ့သည်။ လက်နက်ကြီးပစ်ခတ်ပြီးနောက် ခေတ္တအကြာတွင် အသက် (၅၅) နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ကို ရွာသားများမြင်တွေ့ခဲ့သည်။ ထိုအမျိုးသမီးသည် သွေးတိုးရောဂါသည် တစ်ဦးဖြစ်သည့်အတွက် လက်နက်ကြီးပေါက်ကွဲမှုကြောင့် နှလုံးရပ်ပြီးသေဆုံးသွားသည်ဟု ရွာသားများက ယူဆကြ သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ကရူတူးမြို့နယ်အတွင်းရှိ အာရှလမ်းမတစ်လျှောက်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွား ၍ ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။ သက်ကြီးရွယ်အိုများအပါအဝင် စစ်ဘေးရှောင်ရွာသားတစ် ချို့သည် အဘ--- ကျေးရွာဒေသရှိ အအ---နေရာတွင် လာရောက်ပုန်းရှောင်ကြပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့်ဆေး ဝါးပစ္စည်းများလိုအပ်နေပါသည်။

နောက်ဆုံးရသတင်း

KHRG ၏လှုပ်ရှားရာနယ်မြေ (ဒေသတွင်း သတ်မှတ်ထားသောကရင်ပြည်နယ်နှင့် မြန်မာအစိုးရသတ်မှတ်ထားသော ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်နိမိတ်များ)

ကျွန်ုပ်တို့မှ လူထုအဖွဲ့ဝင်များအား ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတို့ကို မှတ်တမ်းတင်ရန် လေ့ကျင့်ပေးထားပြီး ရွာသားများ၏ ထင်မြင်ယူဆချက်များအားဝေမျှရန် ဘာသာပြန်ခြင်းနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းတို့အား ပြုလုပ်ပါ သည်။

ကျွန်ုပ်တို့မှ ရွာသားများ၏ဘဝများအပေါ် လွမ်းမိုးနိုင်မည့် ဆုံးဖြတ်ချက်ချသူများထံသို့ ၎င်းတို့၏အသံများ သေချာစွာရောက် ရှိစေရန် ပြည်တွင်းနှင့်နိုင်ငံတကာမှ လူ့အခွင့်အရေးဆိုင်ရာလုပ်ဆောင်သူများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့မှ ရွာသားများအား အလူ့အခွင့်အရေးဆိုင်ရာ အသိပညာရရှိရန်၊ ၎င်းတို့၏ အတွေ့အကြုံများ မျှဝေရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုမှ မိမိတို့ကိုယ်တိုင် ကာကွယ်သည့်နည်းလမ်းများ တိုးတက်ကောင်းမွန်လာစေရန် ကျေးရွာအဆင့် အလုပ်ရုံဆွေးနွေးပွဲများအား ပြုလုပ်ပေးပါသည်။

အနာဂတ်တွင် ဖြစ်ပွားလာနိုင်မည့် လူအခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန်နှင့် မှတ်တမ်းပြုစုရန်အတွက် ကျွန်ုပ်တို့မှ CBOs နှင့် EAOs များအား လူ့အခွင့်အရေးအသိပညာသင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေများဆိုင်ရာ သင်တန်းများကို ပို့ချသင်ကြားပေးပါသည်။

ထုတ်ပြန်ကြေညာချက်များ

အကြောင်းအရာအလိုက်နှစ်ချုပ်အစီရင်ခံစာများ ထုတ်နုတ်တင်ပြချက်အစီရင်ခံစာများ

သတင်းလွှာ