Wed, 24 Nov 2021

စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည်သူများ၏ခုခံတွန်းလှန်မှု - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်းဖြစ်ပွားခဲ့သော မတရားမှု၊ မလုံခြုံမှု၊ အကြမ်းဖက်မှုများနှင့်ပတ်သက်သော သက်သေခံချက်များ

    

    

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်း ကတည်းက မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ သည် ပျက်စီးယိုယွင်းလာခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)သည် အရပ်သားပြည်သူများအပေါ် စနစ် တကျ အကြမ်းဖက်ဖြိုခွင်းမှုများကို ကျူးလွန်နေပြီး ဤသို့ သောလုပ်ဆောင်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အာမခံချက်အချို့သာပေးထားသည့် ပြည်သူနှင့် နိုင်ငံရေးဆိုင်ရာအကာအကွယ်ပေးမှုကို လုံးဝသွေဖယ်နေ ပြီး လူ့အခွင့်အရေးချိုးဖောက်မှုအား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေရန် လမ်းဖွင့်ပေးသကဲ့သို့ဖြစ်စေခဲ့ပါသည်။ အာဏာသိမ်းပြီးနောက် ပထမခြောက်လအတွင်း စစ် ကောင်စီမှ ပြည်သူများအပေါ် နိုင်ငံတော်ရန်သူကဲ့သို့ ဆက်ဆံခြင်းနှင့် ဆန့်ကျင်ဆန္ဒပြသူများအားချေမှုန်းခြင်း များကြောင့် အကြမ်းဖက်မှုများကျယ်ကျယ်ပြန့်ပြန့်ဖြစ် ပွားစေပြီး အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။ စစ်ကောင် စီမှငြိမ်းချမ်းစွာဆန္ဒပြသူများအား သေနတ်ဖြင့်ပစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးလက်ဒေသရှိကျေးရွာများအား ဗုံးကျဲ ခြင်း စသည့်လုပ်ရပ်များကြောင့် ထောင်ပေါင်းများစွာသော ပြည်သူလူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ကျန်း မာရေးဝန်ဆောင်မှုများနှင့် သတင်းအချက်များရရှိနိုင်ခွင့် အား ပိတ်ပင်ကန့်သတ်ခြင်းများအပြင် မြန်မာနိုင်ငံရှိ ပြည်သူများအား ဖမ်းဆီး၊ထိန်းသိမ်း ညှဉ်းပမ်းနှိပ်စက်ရန်အတွက် ၎င်းတို့၏ဆန္ဒအတိုင်း ဥပဒေကိုကျင့်သုံးခဲ့ကြသည်။

ဤအစီရင်ခံစာတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိပြည်သူများ လက်ရှိခံစားနေရသော ဆိုးရွားလာသည့်လုံခြုံရေးအခြေ အနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများကို ဖော်ပြထားသည်။ ထို့အပြင် ကျေးလက်ဒေသ ရှိရွာသားများနှင့် ပြည်သူလူထုတို့၏မျှော်လင့်ချက်များနှင့် ရုန်းကန်နေရမှုအခြေအနေများကိုလည်း တင်ပြထားသည်။ ရွာသားများအနေဖြင့် မလုံခြုံမှုများကိုပို၍ခံစားရသော်လည်း ၎င်းတို့နားလည်သဘောပေါက်ထားသည့် တရားဝင်မှုမရှိ သော၊ တရားမျှတမှုမရှိသောစစ်အစိုးရအား ရင်ဆိုင်ရန်အတွက် နည်းလမ်းများကိုဆက်လက်ရှာဖွေလျက်ရှိသည်။ နောက် ဆုံးအနေဖြင့် ကျေးလက်ဒေသရှိတိုင်းရင်းသားပြည်သူများ၏အတွေ့အကြုံနှင့် စိုးရိမ်မှုများကို အများပြည်သူများအား ကြားသိနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ခြုံငုံသုံးသပ်ခြင်း

KHRG မှပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းများတွင် နစကမှ ဆန္ဒပြပြည်သူများအပေါ် မည်သို့ပင်အကြမ်းဖက်ပြီး ရက် စက်ကြမ်းကြုတ်မှုများပြုလုပ်စေကာမူ ပြည်သူများမှ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်တင်ပြနေသည်ကို တွေ့ရှိရပါသည်။ ဆန္ဒပြသူများမှ နစက၏ရက်စက်ကြမ်းကြုတ်သော တုန့်ပြန်မှုများကိုရင်ဆိုင်ကြုံ တွေ့ရစဉ် ၎င်းတို့ခံစားရသော ကြောက်ရွံ့စိုးရိမ်မှုနှင့်မလုံခြုံမှုများကို ပြန်လည်ပြောပြခဲ့သည်။ ၎င်းတို့အနေဖြင့် ဖိနှိပ်မှု မှလွတ်မြောက်ရန်နှင့် ဒီမိုကရေစီတိုက်ပွဲအတွက် ခိုင်မာသည့်ရပ်တည်ချက်ဖြင့် အဆုံးထိတိုက်ပွဲဝင်မည်ဖြစ်ကြောင်း တူညီသည့်သဘောထားများကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဤတွေ့ဆုံမေးမြန်းခန်းများတွင်လည်း ဆန္ဒထုတ်ဖော် သူများနှင့် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု(CDM)တွင် ပါဝင်သူများအနေဖြင့် အကာအကွယ်ရရှိရန်အတွက် အချင်းချင်း မည်သို့ဝိုင်းဝန်းပံ့ပိုးကြသည်ကိုလည်း မီးမောင်းထိုးဖော်ပြထားပါသည်။

ဤအစီရင်ခံစာတွင် ယခင်ကမြန်မာစစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်ချေမှုန်းရာတွင် အဓိက နည်းဗျူဟာတစ်ခုဖြစ်သည့် တိုင်းရင်းသားဒေသများရှိအရပ်သားများအပေါ် ကာလကြာရှည်စွာအကြမ်းဖက်မှုများ ကျုး လွန်ခဲ့ခြင်းကြောင့် ကျေးလက်ဒေသအတွင်း လုံခြုံမှုမရှိသည့်အခြေအနေများ ပိုမိုများပြားလာသည်ကိုလည်း တင်ပြထား သည်။ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအလှည့်အပြောင်းများ သည် လူ့အခွင့်အရေးအား ကျယ်ကျယ်ပြန့်ပြန့်ထပ်မံချိုးဖောက်နေကြောင်း ထင်ဟပ်စေပါသည်။ ဤသို့သောအခြေအ နေသည် ဖြတ်လေးဖြတ်စနစ်အားအသုံးပြုသည့် ခေတ်သို့ပြန်လည်ရောက်ရှိနေကြောင်း လွတ်လပ်သောသုတေသီ ကေမ်ဂျိုလီ(KimJoliffe)မှလည်း မီးမောင်းထိုးပြထားပါသည်။ ၎င်းမှ စစ်မြေပြင်တွင် အရပ်သားများအားဆက်စပ်ထိခိုက် မှုရှိစေရုံသာမက စစ်ဆင်ရေးအတွက် အဓိကအရင်းအမြစ်အဖြစ်လည်း အသုံးချသည်ဟုအလေးပေးဖော်ပြခဲ့ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အချို့ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပွား ပြီးနောက်ပိုင်းတွင် ထိုးစစ်ဆင်မှုနှင့် တိုက်ပွဲများဖြစ်ပွားလာခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုဖြစ်ပွား ပြီးကတည်းက ဇွန်လ ၂၃ ရက်နေ့အထိ ခန့်မှန်းခြေအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပြည်သူ ၁၇၇,၀၀၀ ဦးရေခန့် ထွက်‌ပြေးတိမ်း‌ရှောင်နေရပြီး ကရင်ပြည်နယ်တစ်ခုတည်းအတွင်းတွင် ဒေသခံ ၅၀,၀၀၀ ခန့် (သြဂုတ်လ ၂၃ ရက်နေ့ အထိတွင်လည်း ပြည်သူဦးရေ ၁၄၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိပြီး) ပြည်တွင်းနေရပ်ရွှေ့ပြောင်း နေထိုင် ခဲ့ရပါသည်။ အရပ်သားပြည်သူများအား ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်း အဓမ္မလုယူခြင်းအပါအဝင် အရပ်သားများအား တိုက်ရိုက်တိုက်ခိုက်ခြင်းတို့ကို ဖော်ပြသည့်အစီရင်ခံစာအများအပြားကို လည်း KHRG မှလက်ခံရရှိပါသည်။ နစကမှ COVID-19 ရောဂါကပ်ဆိုးအား စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းသည် လည်းကျေးလက်ဒေသရှိ ဒေသခံရွာသားများအား ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်နေခြင်းသဖွယ် ဖြစ်စေပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကျေးလက်ဒေသနှင့် မြို့ပြ‌ဒေသများတွင် အကြမ်းဖက်မှုများပြုလုပ်လာသည်ကို အထင်အ ရှားမြင်တွေ့နိုင်သည်သာမက နစကအနေဖြင့် ၎င်း၏အကြမ်းဖက်မှုလုပ်ရပ်များနှင့် အခြေခံလူ့အခွင့်အရေးချိုးဖောက် မှုများကို ဥပဒေအတွင်း ထည့်သွင်းရေးသားခြင်းဖြင့် တရားဝင်မှုရရှိရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာစစ်တပ်သည် ရွေးကောက်ပွဲမဲမသမာမှုနှင့်ပတ်သက်ပြီး ခိုင်လုံမှုမရှိသည့်စွဲချက်များပြုလုပ်၍ ရွေးကောက်ခံထားရသော အစိုးရသစ် တရပ်အား ဖြုတ်ချခြင်းဖြင့် မတရားအာဏာသိမ်းယူခဲ့သည်သာမက ၎င်းတို့မှကျူးလွန်လျက်ရှိသည့် ဖိနှိပ်မှုများနှင့် အရပ်သားများအပေါ် အင်အားအသုံးပြုမှုများကိုလည်း တရားဝင်ဖြစ်စေရန်အတွက် ဥပဒေပိုင်းဆိုင်ရာပြောင်းလဲမှုများ ကို ပြုလုပ်လျက်ရှိသည်။

အလားတူပင် စစ်ကောင်စီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုအသုံးပြုပြီး အပစ်ရပ်ရန် တောင်းဆိုကာ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်လိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်သူများအား ရန်သူသဖွယ်ချေမှုန်းရန်နှင့် တော်လှန်ရေးအစုအဖွဲ့များအား အပြတ်ရှင်းရန် လုပ်ဆောင်လျက်ရှိသည်။ စစ်ကောင်စီမှ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ၎င်းအနေဖြင့် အစိုးရ၏လုံခြုံရေးနှင့်အုပ်ချုပ်ရေးအား အနှောင့်အယှက်ပေးသော မည် သည့်လုပ်ဆောင်မှုကိုမဆို ဆက်လက်တုန့်ပြန်သွားမည်ဟု ထည့်သွင်းဖော်ပြခဲ့ခြင်းဖြင့် စစ်တပ်၏တိုက်ခိုက်ထိုးစစ်ဆင် မှုကို တရားဝင်ခွင့်ပြုခဲ့ပါသည်။ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ အခြားလက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး သဘောတူညီချက်များကို လေးစားလိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု စစ်ကောင်စီမှ အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး ၎င်းတို့အား ဆန့်ကျင်သည့် မည်သည့်အဖွဲ့ကိုမဆို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခဲ့သည်။

စစ်ကောင်စီသည် ယခင်ကတည်းက COVID-19 ရောဂါကူးစက်မှုကိုအကြောင်းပြကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကိုအ‌ကြောင်းပြ၍ ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။ ရောဂါကပ်ဘေးနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်မှုတို့ကို ကန့်သတ်ခဲ့ကာ ကပ်ဘေးအကြပ်အတည်းကို ပြည် သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်။

ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်မှု၊ COVID-19 ကပ်ရောဂါအကြပ်အတည်းနှင့် အတူပြည် တွင်းနှင့် နိုင်ငံတကာအကူအညီပေးနေသည့်အဖွဲ့အစည်းများအား အရေးတကြီးလိုအပ်သည့်ဒေသများသို့ ဝင်ရောက်ခွင့် ကို နစကမှတားဆီးပိတ်ပင်နေသောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းသည်လည်း ပိုမို ဆိုးရွားလာစေပြီး ပြည်သူများ၏အသက်အန္တရာယ် ခြိမ်းခြောက်နေသည့်အခြေအနေသို့ ရောက်ရှိစေပါသည်။

အစီရင်ခံစာပြုစုပုံနည်းစနစ်

ဤအစီရင်ခံစာသည် KNU ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သည့်ဆန္ဒပြသူများနှင့် CDM တွင်ပါဝင်သည့် သူများ အပါအဝင် ကျေးလက်ဒေသခံရွာသားများနှင့် တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ပြီး အချက်အလက်များအား ကောက်ယူထား ခြင်းဖြစ်သည်။ ဤအစီရင်ခံစာသည် KHRG ၏လှုပ်ရှားရာနယ်မြေများရှိ ကွင်းဆင်းသတင်းမှတ်တမ်းပြုစုသူများမှ ရေး သားပြုစုထားသည့်အချက်အလက်များကိုလည်း မှီငြမ်းအသုံးပြုထားပါသည်။ KHRG သည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇွန်လပထမအပတ်အထိ တွေ့ဆုံမေးမြန်းမှုများအား ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု ပေါင်း(၁၃၃)ခုကို ကောက်ယူထားပြီး စစ်အာဏာသိမ်းခြင်းနှင့်သက်ဆိုင်သည့် ကျယ်ပြန့်သောအကြောင်းအရာများအား ခြုံငုံထားခြင်းဖြစ်ပါသည်။ မေးခွန်းဖြေကြားသူများထဲမှ (၄၉)ယောက်သည် နေအိမ်မှစွန့်ခွာလာပြီး CDM တွင်ပါဝင်သည့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ KNU ထိန်းချုပ်နယ်မြေတွင် တိမ်းရှောင်နေသောသူများဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုများ တွင်ပါဝင်သည့်သူများမှာ ရဲ၊ စစ်သား၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်အပြင် အခြားအစိုးရရုံးမှဝန်ထမ်းများ ပါဝင်ပါ သည်။ ဤအစီရင်ခံစာသည် KHRG ၏လှုပ်ရှားရာနယ်မြေများရှိ ကွင်းဆင်းသတင်းမှတ်တမ်းပြုစုသူများမှ ရေးသားပြုစု ထားသည့်အချက်အလက်များကိုလည်း မှီငြမ်းအသုံးပြုထားပါသည်။ KHRG သည်စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇွန်လပထမအပတ်အထိ တွေ့ဆုံမေးမြန်းမှုများအား ပြုလုပ်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ဖေဖော်ဝါရီလအစပိုင်းမှ ဇူလိုင်လကုန်အထိ စစ်အာဏာသိမ်းခြောက်လတာကာလကို ခြုံငုံထားသည့်သတင်းအချက်အ လက်များဖြင့် ရေးသားထားပါသည်။ ဤအစီရင်ခံစာအတွက် သတင်းအချက်အလက်အခု ၁၀၀ ထက်အသုံးပြုထားသည်။

အဓိကဖော်ပြချက်နှင့်ချဉ်းကပ်နည်း

အခန်း (၁) ဆန္ဒပြပွဲများ

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှ မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ဆန္ဒပြပွဲများ ပြုလုပ်လာခဲ့ကြသည်။ မြို့ပေါ်ရှိ ထောင်နှင့်ချီသောသူများပါဝင်လာပြီး ရာနှင့်ချီသောကျေးလက်ဒေသရှိ ကျေးရွာပေါင်းများက ပူးပေါင်းလျက် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းချမ်းစွာဖြင့် ကျင့်သုံးခဲ့ကြသော်လည်း ဆန္ဒပြပြည်သူများသည် စစ်အစိုးရ၏ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများအတွက် ပစ်မှတ်များဖြစ်လာကြသည်။

  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ အရပ်သားအစိုးရအားဖြုတ်ချပြီးနောက်ပိုင်းတွင် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာအားလုံးကို တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်ထံ လွှဲအပ်ခဲ့ပြီး ပြည်သူများ၏အခြေခံအခွင့်အရေးများကို ပိတ်ပင်တားဆီးနိုင်သည့် ဥပဒေ နှင့်မူဝါဒများကို ပြင်ဆင်ပြဌာန်းခဲ့သည်။ အထူးသဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစီတန်းလှည့် လည်ခွင့်နှင့် စုဝေးခွင့်အပြင် ပုဂ္ဂိုလ်ရေးလုံခြုံခွင့်များကို ကျင့်သုံးခွင့်မရစေရန် ဥပဒေများပြင်ဆင်ပြဌာန်းခဲ့သည်။ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်လျက်ရှိသော်လည်း နိုင်ငံတော်၏အရေးပေါ်အခြေအနေ ကြေညာချက်နှင့်အတူ ဤပြင်ဆင်ပြဌာန်းမှုများအား အထူးသဖြင့် နည်းလမ်းမျိုးစုံနှင့်ဆန့်ကျင်ဆန္ဒပြသူအားလုံးကို အသံတိတ်စေရန်နှင့် ရာဇဝတ်သားအဖြစ် သတ်မှတ်ရန် အသုံးပြုခဲ့ကြသည်။
  • ဆန္ဒပြခြင်းများကို ငြိမ်းချမ်းစွာလုပ်ဆောင်ကြသော်လည်း စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများ အား ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းများအပြင် ရာဘာကျည်နှင့် ကျည်ဆံအစစ်များ အသုံးပြုပစ်ခတ်ခြင်း စသည့်လွန်ကဲသော အကြမ်းဖက်မှုများအသုံးပြုကာ ဖြိုခွင်းခဲ့ကြသည်။ စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် ရလာဒ်အနေဖြင့် ဆန္ဒပြသူရာပေါင်းများစွာ အသတ်ခံခဲ့ရပြီး ထောင်ပေါင်း များစွာ ဒဏ်ရာရရှိခဲ့သည်။

“ရန်ကုန်နဲ့မန္တလေးက ဆန္ဒပြပွဲတွေမှာပါရတာက လမ်းပေါ်မှာဘယ်သူအရင်သေမလဲဆိုပြီး အရွေးခံဖို့စောင့်နေရသ လိုပဲ။ [ဆန္ဒပြခြင်းတွင်ပါဝင်ခြင်းက သေနိုင်တဲ့ကစားပွဲတခုမှာ ပါရသလိုပဲ]။ သူတို့[ရဲ]တွေ ကလူတွေကိုကြိုက်တဲ့အချိန်ပစ်လို့ရတယ်။ တကယ်လည်းပစ်ကြပါတယ်။ လူတွေအများကြီးသေခဲ့ပြီးပြီ။ သူတို့ကဆန္ဒပြသူတွေကို မဖြိုခွင်းခင် ဘယ်တုန်းကမှ ကြိုတင်သတိမပေးခဲ့ဘူး။” မောင် င---, တက္ကသိုလ်ကျောင်းသားတစ်ဦး

  • KHRG မှ CDM တွင်ပါဝင်လာသည့် စစ်ကောင်စီစစ်သားများနှင့်ရဲဝန်ထမ်းအချို့တို့အား တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုသူများကဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ အလွန်အကျွံ အင်အားအသုံးပြုမှုနှင့် အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ကြသည်။ အချို့သောကိစ္စရပ်များမှာ ၎င်းတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သော အကြမ်းဖက်မှုများ ဖြစ်ပြီး အချို့ကိစ္စရပ်များမှာမူ ဆန္ဒပြမှုအနီးအနားပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန်များအရ ၎င်းတို့ကိုယ်တိုင် အမိန့်ရပြီးလုပ်ခဲ့ရသည့် အရာများဖြစ်သည်။

“ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြပွဲတစ်ခုလုပ်တော့ ကျွန်တော်တို့ကအဲ့ဒီလူစုလူဝေးကိုဖြိုခွင်းရမှာ။ ကျွန်တော်တို့ အားလုံး အယောက် ၅၀ ရှိတယ်။ ကျွန်တော်အပါအဝင် ခြောက်ယောက်က ကျည်အစစ်နဲ့ သေနတ်တွေပါတယ်။ ကျွန် တော်တို့က သူတို့ကို [ဆန္ဒပြသူတွေကို] အဲ့ဒီသေနတ်တွေနဲ့ ပစ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ကျည်ဆံတွေက အပြစ်မဲ့ ပြည်သူတွေကို ပစ်ဖို့အတွက်မဟုတ်ဘူး။” ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်တွင် အခြေစိုက်သော ရဲဝန်ထမ်းတစ်ဦး

  • စစ်ကောင်စီသည် ဆန္ဒပြမှုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်များ ပို၍အသုံးပြုလာခြင်းကြောင့် ဆန္ဒပြသူများမှာ လည်း ဆန္ဒပြမှုနည်းလမ်းများ အသုံးပြုလာသည့်အပြင် ၎င်းတို့ကိုယ်ကို ထိခိုက်နာကျင်မှု၊ အကြမ်းဖက်မှုနှင့် လုံခြုံ ရေးတပ်များ၏ ဖမ်းဆီးခံရခြင်းမှကာကွယ်နိုင်သည့် နည်းလမ်းများကို ပြုလုပ်လာကြသည်။
  • စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူများအား အကြောင်းပြချက်တစ်စုံတရာမပေးပဲ ဖမ်းဆီးပြီး ဖမ်းဆီးခံ ရသူများကို ဥပဒေရေးရာအကြံဉာဏ်ရယူရန် မိသားစုများနှင့် တွေ့ဆုံခွင့်မပေးခဲ့ပါ။ ထိုနည်းတူစွာပင် ဖမ်းဆီးခံရသူများ ၏ မိသားစုဝင်များနှင့် အသိမိတ်ဆွေများမှာလည်း ၎င်းတို့ဘာကြောင့်အဖမ်းခံရသည်၊ မည်သည့်နေရာတွင် ထိန်းသိမ်း ခံထားရသည်၊ မည်သို့နေထိုင်ရသည်၊ အသက်ရှင်ခြင်းရှိမရှိနှင့် အခြားအရေးကြီးသောတရားရုံးထုတ်မှု အချက်အလက် များကို မသိရှိရပါ။

“ဘာတရားဥပဒေစိုးမိုးမှုမှမရှိဘူး။ ဥပဒေဆိုတာ သူတို့ပါးစပ်ထဲကထွက်တဲ့ဟာပဲ။ [စစ်ကောင်စီတဖွဲ့တည်းကသာ ဆုံးဖြတ်သည်။] ဘာကြောင့်လဲဆိုတော့ သူတို့[ပြည်သူများကို] ပြောသမျှက ဥပဒေလို့ယူဆထားလို့ပဲ။ သူတို့သတ်လို့ ရတယ်။ ဖမ်းဆီးလို့ရတယ်။ ချုပ်နှောင်ထားလို့ရတယ်။ သူတို့လုပ်သမျှက ပြည်သူတွေကိုဆန့်ကျင်ဖို့ပဲ။” ဘားအံမြို့မှ ဆရာမတစ်ဦး

အခန်း (၂)  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းအချို့သည် စစ်တပ်၏အာဏာသိမ်း မှုကိုဆန့်ကျင်ကြောင်း ဖော်ပြရန်အတွက် ၎င်းတို့၏အလုပ်မှ ထွက်ခဲ့ကြသည်။ ထိုဆန္ဒပြမှုပုံစံသည် အခြားသောပြည်သူ့ ဝန်ဆောင်မှုဌာနများသို့ လျင်မြန်စွာပြန့်နှံ့ခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် CDM လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်လာခဲ့သည်။

  • CDM တွင်ပါဝင်သူများက ဒီမိုကရေစီလိုလားမှု၊ အရပ်သားအစိုးရအုပ်ချုပ်ရေးအား ပြန်လည်ရရှိရန်နှင့် စစ်ကောင်စီ ၏အုပ်ချုပ်မှုယန္တရားအား ရပ်တန့်စေရန် မျှော်လင့်ချက်များနှင့်ပတ်သက်၍ ဖော်ပြခဲ့သည်။ ထို့နည်းတူ CDM တွင် ပါဝင်သည့် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များ(ရဲနှင့်စစ်သား)က တရားမျှတမှုမရှိသော ဥပဒေနှင့်မညီသော အမိန့်များ သည် ၎င်းတို့အား စေ့ဆော်ပေးသော အကြောင်းရင်းများဖြစ်သည်ဟု ပြောခဲ့သည်။
  • KHRG မှ တွေ့ဆုံမေးမြန်းခဲ့သည့် CDM တွင်ပါဝင်သူများအနေဖြင့် ဤလှုပ်ရှားမှုတွင် ပါဝင်နိုင်ရန်အတွက် စိန်ခေါ်မှု ကြီးများကို ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်။ အထူးသဖြင့် ဤလှုပ်ရှားမှုတွင်ပါဝင်ရန် ဆုံးဖြတ်ခြင်းသည် ၎င်းတို့ အတွက်အသက်အန္တရာယ်ရှိသော အကျိုးဆက်များကို ကြုံတွေ့ရနိုင်ကြောင်း ရှင်းလင်းစွာ သိရှိထားပြီးဖြစ်သည်။ CDM လှုပ်ရှားမှုတွင်ပါဝင်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ၊ ပိုမိုများပြားလာသည့် ပိတ်ပင်ကန့်သတ်ချက် များအပြင် ၎င်းတို့ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များအနေဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခြင်းနှင့် တိုက်ခိုက်ခြင်းကို ခံရနိုင်ချေရှိသော ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရ‌သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ဗမာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်လည်း ကျွန်တော်မိသားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ တကယ်လို့သူတို့က ကျွန်တော်ကိုမဖမ်းနိုင်ဘူးဆိုရင် ကျွန်တော့်မိသားစုကို ပစ်မှတ်ထားလိမ့်မယ်။ ကျွန်တော်အမျိုး သမီးကို သူတို့တွေခြိမ်းခြောက်တယ်လို့ ကြားတယ်။ ပြီးတော့ ကျွန်တော့မိသားစုကို ဒုက္ခပေးမယ်လို့လည်း ကြားတယ်။” ဧရာဝတီတိုင်းမှ အရပ်ဖက်အဖွဲ့အစည်းတွင် အလုပ်လုပ်သူတစ်ဦး

  • KNU ဒေသတွင်းခေါင်းဆောင်များမှလည်း ၎င်းတို့၏ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်ခိုလှုံရန် ရောက်ရှိလာသော CDM လှုပ်ရှားမှုတွင်ပါဝင်သူများ၊ CDM လှုပ်ရှားမှုအား ဦးဆောင်သူများ၊ ဆန္ဒပြသူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများအတွက် လုံခြုံရေးအပြင် အစားအသောက်၊ နေထိုင်ရေးနှင့် အဝတ်အထည် စသည့်လိုအပ်သောအရာများကို ပံ့ပိုးပေးရန် ကြိုးပမ်းကြသည်။ တစ်ဦးချင်းစီ၏ ကွန်ယက်များမှရရှိလာသည့် ကူညီထောက်ပံ့မှုများနှင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းများ၏ အထောက်အပံ့များသည်လည်း အားကောင်းပြီး CDM လှုပ်ရှားမှုအား ပံ့ပိုးပေးရန် ဤအရာ များသည် အကောင်းဆုံးလမ်းကြောင်းများဟု ပြည်သူအချို့က ရှုမြင်ကြသည်။

“ကျွန်တော်တို့လို သာမန်လူတွေက CDM မှာပါစရာမလိုဘူး။ ကျွန်တော်တို့က CDM မှာပါတဲ့သူတွေကို ပံ့ပိုးပေးရမှာ။ အခုဖြစ်နေတာတွေက မမှန်ဘူး။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကိုထောက်ပံ့ပေးဖို့လိုတယ်။ သူတို့ကို ဂရုစိုက်ရမယ်။ အစားအသောက် ပံ့ပိုးပေးရမယ်။ ပြီးတော့ သူတို့လိုအပ်တာကိုကူညီ ဖြည့်ဆည်းပေးရမယ်။ သူတို့က ကျွန်တော်တို့ အတွက် အလုပ်လုပ်နေတာ။” မြိတ်-ထားဝယ်ခရိုင်၊ တနောသရိ (တနင်္သာရီ)မြို့နယ်မှ စောယ--- 

အခန်း (၃) စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုများတဖန်ပေါ်ပေါက်လာခြင်း

စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ပထမခြောက်လအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းကျေးလက်ဒေသရှိ လုံခြုံရေး အခြေအနေမှာ လျင်မြန်စွာကျဆင်းလာပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် တဖြည်းဖြည်းပိုမိုများပြားလာပြီး ကျေးလက်နေပြည်သူများအနေဖြင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ထိခိုက်ဒဏ် ရာရခြင်းအပြင် အသက်သေဆုံးမှုများကိုပါ တွေ့ကြုံခံစားရသည်။ စစ်တပ်၏အာဏာသိမ်းမှုသတင်းကြောင့် ဖြစ်လာနိုင် ချေရှိသောတိုက်ပွဲများ၊ နေရပ်ရွှေ့ပြောင်းနေထိုင်မှုများနှင့် တဖန်ပြန်လည်ပေါ်ပေါက်လာမည့် အတိတ်ကခံစားခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ရွာသားအများအပြားက စတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေရပါသည်။

“တချို့လူတွေက အိမ်မှာမနေရဲတော့ပဲ တဲမှာသွားနေကြတယ်။ လမ်းဘေးနဲ့နီးတဲ့နေရာမှာနေတဲ့သူတွေက ညခင်းဆို အိမ်မှာမအိပ်ရဲတော့ဘူး။ စစ်သားတွေကင်းလှည့်မယ်ကြားတာနဲ့ သူတို့ကကြောက်ပြီး တခြားနေရာမှာသွားအိပ်ကြ တော့တာပဲ။ မနက်ကျမှပဲ အိမ်ပြန်လာကြတယ်။ တချို့လူတွေက တောထဲမှာ အစားအစာတွေသွားဖွက်ထားကြတယ်။ တကယ်လို့ တခုခုဖြစ်လာရင် အဲ့ဒီမှာသူတို့သွားပုန်းနိုင်တယ်။ ပြီးတော့ သူတို့အတွက်စားစရာလည်းရှိမယ်လေ။” ဒူးပလာယာခရိုင်မှ မေးခွန်းဖြေကြားသူတစ်ဦး

  • စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း အချို့သောဒေသများတွင် မြေပြင်၌ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့ သည်။ မတ်လ ၂၇ ရက်နေ့တွင် ကရင်ပြည်နယ်အတွင်း စတင်ခဲ့သည့်လေကြောင်းဖြင့် ထိုးစစ်ဆင်မှုများက ပစ်ခတ် တိုက်ခိုက်မှုအတွင်း အရှိန်အဟုန်တိုးမြင့်စေခဲ့ပြီး ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူများအတွက် မလုံခြုံမှုများ ကို မြှင့်တက်လာစေခဲ့သည်။
  • ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တွင် ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းနေထိုင်သူများ၏ အရေ အတွက်ကို ခန့်မှန်းရန်မှာ အလွန်ခက်ခဲသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)က ကရင်ပြည်နယ်တွင် နေရပ်ရွှေ့ပြောင်းနေထိုင်သူအရေအတွက် ၄၇၇၀၀ ဦးရှိပြီး မွန်ပြည်နယ်တွင် ၁၁၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။ IDP စခန်းများနှင့် အခြားဒေသများမှ နေရပ် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်ဆိုင်သည့် သတင်းအချက်အလက်များအား ရရှိရန်ခက်ခဲသည့်အတွက် နေရပ်ရွှေ့ပြောင်း သူအရေအတွက်မှာ ဖော်ပြပါအရေအတွက်ထက် ပိုမိုများပြားနိုင်ချေရှိသည်။ ထို့အပြင် နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း ၏ ပြောင်းလဲတတ်သည့်သဘောအရ မကြာခဏပြောင်းလဲနေထိုင်ခြင်း သို့မဟုတ် ကာလကြာရှည်နေထိုင်ခြင်းများ ကြောင့် နေ့ရက်အလိုက် သို့မဟုတ် လအလိုက် အရေအတွက်ပြောင်းလဲနိုင်ချေရှိသည်။
  • အကြီးမားဆုံးအခက်အခဲများထဲမှ တစ်ခုမှာ အကူအညီမရရှိနိုင်ခြင်းဖြစ်သည်။ COVID-19 ရောဂါအခြေအနေများနှင့် အာဏာသိမ်းပြီးနောက် လုံခြုံရေးမရှိခြင်းများကြောင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အချို့ဒေသများတွင် လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။ ဒေသခံအဖွဲ့အစည်းများမှ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူများအား အကူ အညီပေးရန်ကြိုးပမ်းရာတွင် စစ်ကောင်စီ၏ဆန့်ကျင်မှုများကို ကြုံတွေ့ခဲ့ရသည်။

“ကျွန်တော်တို့ပစ်သတ်ခံရမှာဆိုတော့ ဘယ်လှေမှမထွက်ရဲဘူး။ IDP တွေဆီကိုလည်း ရိက္ခာတွေမပို့ရဲဘူး။ အထောက် အပံ့တွေက ထိုင်းနိုင်ငံဘက်ခြမ်းမှာပဲစုနေတယ်။ ထိုင်းနိုင်ငံဖက်ခြမ်းကလှေတွေက စစ်ကောင်စီစစ်သားတွေပစ်မှာ ကြောက်လို့ မြန်မာဖက်ကိုမလာရဲဘူး။” လှေသမားတစ်ဦး

  • လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများကြောင့် အကြီးစားနေရပ်ရွှေ့ပြောင်းနေထိုင်မှုများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကြပ်တည်းများ တိုးမြှင့်လာခြင်း၊ NCA စာချုပ်အရကန့်သတ်ထားသည့် အခွင့်အရေးချိုးဖောက် မှုများ (အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ ပစ်မှတ်ထားလူသတ်ဖြတ်ခြင်း၊ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်း) ပိုမိုများပြား လာခြင်းကြောင့် လူ့အခွင့်အရေးအခြေအနေများ ပိုမိုဆိုးရွားလာစေသည်။
  • ပစ်ခတ်တိုက်ခိုက်မှုအနည်းငယ်သာကြုံတွေ့ရသည့် နေရာများသည်လည်း မလုံခြုံမှုများကို ပြင်းထန်စွာခံစားရလျက် ရှိနေသေးသည်။ ၎င်းတို့၏ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများ၊ တပ်သားနှင့်ရိက္ခာဖြည့်တင်း ခြင်းများအပြင် လက်နက်ကိုင်စစ်သားများအနေဖြင့် ကင်းလှည့်ခြင်းများကို ပိုမိုလုပ်ဆောင်လာကြကြောင်း ရွာသား များမှ မှတ်ချက်ပေးကြသည်။
  • အချို့ဒေသများရှိရွာသားများအတွက် စိုးရိမ်မှုဖြစ်စေသည့် အခြားအကြောင်းရင်းတစ်ခုမှာ ပြည်သူ့စစ်အဖွဲ့များ ပေါ် ပေါက်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ရွာထဲရှိတပ်မတော်တပ်သားဟောင်းများအား ပြည်သူ့စစ်အဖွဲ့ဝင်အသစ်များအဖြစ် ခန့်အပ်ခဲ့ကြသည်။ ထိုသူများသည် ကျေးရွာအုပ်စုများအတွင်း လှည့်လည်နေ ထိုင်ကြပြီး အထူးသဖြင့်ရွာသားများနှင့် ဒေသတွင်းရှိ KNU ၏လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက် တာဝန်ပေး အပ်ခြင်းခံရသည်။

“ကျွန်တော်တို့တွေ ကိုယ့်မိသားစုအတွင်းမှာပဲ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ရဲတယ်။ ဘာကြောင့် လဲဆိုတော့ စစ်အစိုးရကိုပြစ်တင်ဝေဖန်ပြီး အမြင်မတူတဲ့သူတွေအကြောင်း ရဲတပ်ဖွဲ့ကိုအကြောင်းကြားတဲ့ စစ်အစိုးရ ရဲ့သူလျှိုတွေ အများကြီးရှိတယ်။” ဒူးပလာယာခရိုင်မှ မေးခွန်းဖြေကြားသူတစ်ဦး

  • အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ရွာသားများအနေဖြင့် မလုံခြုံမှုများနှင့် လွတ်လပ်စွာသွားလာခွင့်အား ဆုံးရှုံးရသည် ဟု ပြန်လည်ခံစားလာရသည်။ စစ်တပ်သည် ခရီးသွားလာသူများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်သဖြင့် ခရီးသွားလာစဉ် ကြောက်ရွံ့မှုများ ခံစားလာရသည်။
  • အာဏာသိမ်းပြီးနောက်ပိုင်းတွင် KHRG အနေဖြင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ အစီရင်ခံစာများအားပိုမို လက်ခံရရှိလာခဲ့သည်။ မြန်မာအစိုးရနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို မြေမြှုပ်မိုင်းအသုံး ပြုမှုရပ်တန့်ရန်နှင့် မိုင်းအသုံးပြုမှုတားဆီးပိတ်ပင်ရေး သဘောတူညီချက်အား လက်ခံရန်တောင်းဆိုကြသော်လည်း မြေမြှပ်မိုင်းအသစ်များအား ဆက်လက်အသုံးပြုနေလျက်ရှိသည်။

 

အခန်း (၄) COVID-19 နှင့် အာဏာသိမ်းမှု 

ဇူလိုင်လအထိ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS)၏ ရောဂါစစ်ဆေးမှုနှင့် အစီရင်ခံမှုမရှိခြင်း က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှု ပိုမိုမြင့်တက်နေပြီး ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခက်အခဲကြုံတွေ့နေရခြင်းကို ဖုံးကွယ်နိုင်စွမ်းမရှိပါ။

  • အာဏာသိမ်းမှုကြေညာပြီးသည့်အချိန်မှစ၍ ကျေးလက်ဒေသများတွင် ရောဂါပိုးပျံ့နှံ့မှုမရှိစေရန်အတွက် ရွာသားများ အား ကာကွယ်ပေးရန်ချမှတ်ထားသည့် ကာကွယ်ရေးအစီအစဉ်အများစုအား လိုက်နာမှုမရှိခြင်းနှင့်ပတ်သက်သည့် အစီရင်ခံစာများကို KHRG မှလက်ခံရရှိခဲ့သည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် COVID-19 ရောဂါနှင့်ပတ်သက် ၍ တိကျမှန်ကန်သည့် သတင်းအချက်အလက်မရှိခြင်းက COVID-19 ရောဂါအား ရွာသားများအနေဖြင့် စိုးရိမ်ရန်မလို တော့သော အရာတစ်ခုအဖြစ် ခံစားသွားရစေသည်။

“အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ ရွာမှာကော တစ်နိုင်ငံလုံးအနေနဲ့ကော COVID-19 နဲ့ ပတ်သက်ပြီး မစဉ်းစားကြ တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းကို မတွေးတော့ဘူး။”  ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှ ကျေးရွာအတွင်းရေးမှူးတစ်ဦး

  • စစ်ကောင်စီအနေဖြင့် မမှန်ကန်သည့်သတင်းအချက်အလက်များကိုသာ ဆက်လက်တင်ပြနေခြင်းသာမကပဲ အရင်း အမြစ်နှင့် ဝန်ဆောင်မှုပေးခြင်းများ လက်လှမ်းမီရေးကို ကန့်သတ်လိုက်ပြီး အဓိကလုပ်ငန်းဆောင်ရွက်သူများမှ ဗိုင်း ရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ရန်နှင့် မြန်မာနိုင်ငံသားများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီဖြေရှင်းပေးခြင်းများကိုလည်း ဟန့်တားခဲ့သည်။
  • အာဏာသိမ်းမှုမတိုင်မီ NLD အစိုးရသည် COVID-19 ရောဂါကာကွယ်ဆေးများရရှိရန်ကြိုးစားခဲ့ပြီး ကာကွယ်ဆေး ထိုးရန်အစီအစဉ်များ ချမှတ်ခဲ့သည်။ ယခုအချိန်တွင် စစ်အစိုးရမှ ဤလုပ်ငန်းစဉ်အား ပြန်လည်တာဝန်ယူထားသည့် အတွက် စစ်တပ်အားအယုံအကြည်မရှိသဖြင့် ကျေးလက်ဒေသရှိရွာသားများမှ ကာကွယ်ဆေးထိုးရန်ငြင်းဆန်လျက် ရှိနေကြောင်း သိရသည်။

“ကာကွယ်ဆေးတွေကို ဒီနေရာကို ကောင်းကောင်းပို့လိုက်တာဆိုပေမယ့် မြန်မာစစ်တပ်က တခြားဆေးတွေနဲ့ ရောလိုက်မှာကို စိုးတယ်။ […]. ဒါကြောင့် ဘယ်သူမှ ကာကွယ်ဆေးမထိုးရဲဘူး။”  ဘားအံခရိုင်၊ တနေးချားမြို့နယ်မှရွာသားတစ်ဦး

အခန်း (၅) ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးမှုများအား စိန်ခေါ်ခြင်း

အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏နေ့စဉ်ဘဝများအပေါ် ဆိုးရွားသည့်သက်ရောက်မှုများရှိပြီး လူတစ်ဦးချင်းစီအနေနှင့် အင်တာနက်သုံးစွဲခွင့်မရခြင်းမှစ၍ တစ်နိုင်ငံလုံးနှင့်အတိုင်းအတာနှင့် နိုင်ငံ၏စီးပွားရေးလုပ် ငန်းများ ပြိုလဲကျဆင်းမှုအထိ သက်ရောက်မှုများဖြစ်ပေါ်စေသည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအတွက် ဖြစ် နိုင်ခြေများကို လုံးပါးပါးစေပြီး တိုက်စားဖျက်စီးစေပြီး ထိုပြဿနာများက ပြည်သူအားလုံး၏ဘဝများအား ထိခိုက်မှုရှိ စေရာမှပြီး အထူးသဖြင့် ကျေးလက်ဒေသရှိရွာသားများအပေါ် အထူးသဖြင့် သက်ရောက်မှုရှိသည်။

  • စစ်အာဏာသိမ်းမှုတွင် ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့မှ စစ်အာဏာရှင်စနစ်သို့ ပြောင်းလဲခြင်းသာမဟုတ်ပဲ ဒေသခံအုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီမှရွေးကောက်ထားသူများနှင့် အစားထိုးလိုက်ခြင်းလည်း ပါဝင် သည်။ ရွေးကောက်ခံခေါင်းဆောင်များအား စစ်တပ်မှခန့်အပ်ထားသူများနှင့် ပြန်လည်အစားထိုးခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းကို ပိုမိုပျက်စီးစေသည်သာမက ဒေသခံလူမှုအသိုင်းအဝိုင်းနှင့် ၎င်းတို့အားကိုယ်စားပြု အမှုထမ်းရမည့် အုပ်ချုပ်ရေးမှူးတို့အကြား ယုံကြည်မှုကိုပျက်စီးစေသည်။

“အရာအားလုံးက ကျေးရွာအုပ်ချုပ်ရေးမှူးအပေါ်မှာပဲ မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာခင်ဗျားဘယ် လောက်ပဲ ကိုယ့်ရွာကိုကာကွယ်နေပါစေ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်အစိုးရအောက်မှာအလုပ်လုပ်တယ်ဆိုရင် ခင်ဗျားဘာမှမတတ်နိုင်ဘူး။ သူကသတင်းအချက်အလက်တွေအားလုံးကို စစ်ကောင်စီဆီကိုပို့လိမ့်မယ်။”
မြိတ်-ထားဝယ်ခရိုင်၊ တနောသရိမြို့နယ်မှ ရွာသားတစ်ဦး

  • အာဏာသိမ်းမှုသည် မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေအပေါ် တစ်ဦးချင်းအလိုက်ဖြစ်စေ နိုင်ငံတော်အဆင့်တွင် ဖြစ်စေ ပြင်းထန်သည့်သက်ရောက်မှုများရှိသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပြည်သူများသည် အလုပ်ပြုတ် ခြင်း၊ နေ့စဉ်သုံးပစ္စည်းများဈေးနှုန်းမြင့်တက်လာခြင်း၊ ခရီးသွားလာမှု ကန့်သတ်ခံရခြင်းနှင့် တယ်လီဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ဆုံးရှုံးခြင်းအပြင် အစားအသောက်မလုံလောက်မှုနှင့် စားဝတ်နေရေးမလုံခြုံမှုများကို ရင်ဆိုင်ကြုံတွေ့ လာကြရသည်။
  • CDM လှုပ်ရှားမှုသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပညာရေးစနစ်အား ကြီးမားစွာသက်ရောက်မှုရှိခဲ့သည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်တွင် အစိုးရကျောင်းမှဆရာများစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာ ကြသည့်အတွက် အစိုးရကျောင်းများစွာ ပိတ်သိမ်းခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီ အစိုးရမှ ကျောင်းအချို့အားပြန်လည်ဖွင့်ခဲ့သော်လည်း ကျောင်းဆရာနှင့် ကျောင်းသူများအနည်းငယ်သာရှိခဲ့သည်။
  • ကျန်းမာရေးစောင့်ရှောက်မှုအား လက်လှမ်းမှီနိုင်မှုအပေါ် ကြီးမားသည့်သက်ရောက်မှုရှိခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရှိ သမားတော် ၃၀၀၀၀ ခန့်မှ ၂၀၀၀၀ ကျော်မှာ အစိုးရဆေးရုံများတွင် အလုပ်လုပ်ကြသည်။ အာဏာသိမ်းမှုအား တုန့်ပြန်သည့်အနေဖြင့် အစိုးရဆေးရုံဆေးခန်းများတွင် အလုပ်လုပ်သူ ၇၅ ရာခိုင်နှုန်းမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု တွင် ပါဝင်လာပြီး အလုပ်လုပ်ရန်ငြင်းဆန်ခဲ့သည်။

 “တကယ်လို့ လူတွေက ခွဲစိတ်ဖို့လိုတယ်ဆိုရင်တောင် သူတို့ကို […]. ကို ပေးမသွားဘူးဆိုရင်။ သူတို့သေသွားမှာပဲ။” ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှ နော်ဝ--- 

  • အချင်းချင်း(တယ်လီ) ဆက်သွယ်မှုအား ဖြတ်တောက်ခြင်းအပါအဝင်နှင့် စစ်ကောင်စီမှ သတင်းနှင့်မီဒီယာအပေါ် ထိန်းချုပ်မှုများအပါအဝင် သတင်းအချက်အလက်ရယူခွင့်တွင်လည်း သက်ရောက်မှုရှိသည်။ တယ်လီကွန်းဆက်သွယ် ရေးများအား ဖြတ်တောက်ခြင်းသည် ဖုန်းမှတဆင့် သတင်းအချက်အလက်ရရှိရန် ကန့်သတ်ခံရသော ကျေးလက်ဒေသ ရှိပြည်သူများအတွက် အထူးသဖြင့် အရေးကြီးသောကိစ္စရပ်ဖြစ်သည်။

 

အခန်း (၆) အောင်မြင်မှုပန်းတိုင်သို့ ရှေ့ဆက်ခြေလှမ်းခြင်း

အစောပိုင်းကာလများတွင် နွေဦးတော်လှန်ရေးအောင်မြင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသော်လည်း တိုက်ပွဲအား မည် သို့ဆက်ရမည်ဟူသည့်အမြင်အပေါ်တွင် ကွဲပြားမှုများရှိလာခဲ့သည်။ အများစုကတိုက်ပွဲကို ဆုံးသည်အထိ ဆက်လက်တိုက် ရန် အလေးထားပြောသကဲ့သို့ အစိုးရဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာရန်လိုအပ်ကြောင်းကိုလည်း ပြောကြသည်။ အခြားသူများမှ အသက်များစွာစတေးထားပြီးကြောင်းကိုလည်း တင်ပြခဲ့ကြသည်။ 

“မြန်မာနိုင်ငံအတွင်းက လူတွေအများကြီးသေဆုံးခဲ့ရပြီးပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့သေရမှာကြောက်မနေ သင့်ဘူး။ ဒီအချိန်သေဖို့ကြောက်နေပြီးတော့ (စစ်အာဏာရှင်ကို) ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့ဘဝတွေ ထာဝရ သေသွားရလိမ့်မယ်။” ကော့ကရိတ်မြို့မှ မေးခွန်းဖြေကြားသူတစ်ဦး

  • စစ်တပ်၏လက်အောက်တွင် တိုင်းရင်းသားလူနည်းစုများကြုံတွေ့ခံစားရသည့် ဖိနှိပ်မှုများနှင့်မြန်မာစစ်တပ်၏ အ ကြမ်းဖက်နိုင်မှုအဆင့်ကိုပါ မီးမောင်းထိုးပြသဖြင့် အချို့သူများက အာဏာသိမ်းမှုသည် မည်မျှဆိုးကျိုးသက်ရောက်မှု ရှိကြောင်း ပို၍သိလာစေသည်။
  • အများ၏အမြင်တွင် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုပါဝင်သော နိုင်ငံရေးအရအဖြေရှာရန်မှာ မဖြစ်နိုင်ပါ။ ညှိနှိုင်းမှုသည် အရပ်သားများအတွက် အကျိုးရှိမည်မဟုတ်ကြောင်း သိရှိထားသော်လည်း အချို့လူများက ငြိမ်းချမ်းခြင်းဖြင့်အဖြေရှာ နိုင်သည်ဟု ယုံကြည်လျက်ရှိနေသေးသည်။ အခြားသူများမှလည်း ကောင်းမွန်စွာအစီအစဉ်ချထားသော မိမိကိုယ်ကို ကာကွယ်ရေးနည်းလမ်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၏ပူးပေါင်းမှုဖြင့် ထိရောက်သည့်ထိုးစစ်များ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောသည်။
  • မေးခွန်းဖြေကြားသူအများစုက ရှေ့ဆက်လုပ်ဆောင်မည့်အစီအစဉ်များနှင့် နည်းဗျူဟာများတွင် လူနည်းစုတိုင်းရင်း သားများ၏အသံကို ထည့်သွင်းရန်လိုကြောင်း မီးမောင်းထိုးပြခဲ့သည်။ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးနှင့် တန်းတူညီမျှမှုရရှိရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အားပေးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်လိုအပ်ကြောင်းကိုလည်း အထူးအလေးပေးဖော်ပြထားသည်။

“ကျွန်မအနေနဲ့ ကိုယ့်နိုင်ငံအာဏာရှင်စနစ်ကနေလွှတ်မြောက်ဖို့၊ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရဖို့နဲ့ တိုင်းရင်းသား လူနည်းစုတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့ ဆန္ဒပြတယ်။ ကျွန်မတို့ဒီနိုင်ငံမှာနေထိုင်ရတဲ့အချိန်မှာ တန်းတူအခွင့် အရေးမရဘူးဆိုရင် ကျွန်မတို့ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားလို့သတ်မှတ်ဖို့အကြောင်းမရှိဘူး။” ဒူးပလာယာခရိုင်မှ KECD ဆရာမတစ်ဦး

နိဂုံး

ဤအစီရင်ခံစာကိုရေးသားနေသည့် အချိန်ကာလတလျှောက်လုံးတွင်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသများတွင် ညှဉ်းပမ်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် သတ်ဖြတ်ခြင်းများ စသည့်အကြမ်းဖက်မှုဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ဆက်လက်လက်ခံရရှိခဲ့သည်။ တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ပိုမိုကျယ်ပြန့်လာသည်။ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူအများစုမှာ အထောက်အပံ့များမရ ရှိသကဲ့သို့ အချို့သူများအတွက် အစားအသောက်အနည်းငယ်သာ ကျန်ရှိကြောင်း တင်ပြခဲ့သည်။ နေရပ်ရွှေ့ပြောင်းနေထိုင် မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် ခိုလှုံရန်မှာလည်း အကန့်အသတ်များရှိနေသည်။ ဖျားနာမှုကြောင့် သေဆုံးခြင်းများနှင့်ပတ်သက်သည့် သတင်းအချက်များကို လက်ခံရရှိခဲ့သော်လည်း ရွာသားများအနေနှင့် ထိုသေဆုံးမှုများမှာ ကိုဗစ်-၁၉ ကြောင့် သို့မဟုတ် အခြားရောဂါကြောင့်ဆိုသည်ကို ခွဲခြားမသိပေ။ ထိုသို့သိရှိနိုင်ရန်အ တွက်စစ်ဆေးမှု သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုများမှာလည်း အနည်းငယ်သာရှိသည်။

တိုင်းရင်းသားလူနည်းစုများသည် ၎င်းတို့၏အသံများကို ကမ္ဘာမှသိရှိစေသည်သာမက ၎င်းတို့၏ကိုယ်ပိုင်အခွင့်အရေး များ၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများအတွက်ရပ်တည်ရာတွင် ပံ့ပိုးမှုများလည်း လိုအပ်သည်။

“ကျွန်တော်တို့အနေနဲ့ [ဟိုးရင်ကတည်းက] ကြုံတွေ့ရသမျှကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရင်ဆိုင်ရတယ်။ ဖြတ်သန်းရ တယ်။ ဒါကြောင့်လူတွေက ပြဿနာ ဒါမှမဟုတ်တခုခုကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ သူတို့နဲ့အတူ ဒါမှမဟုတ် သူ တို့အတွက်ဘယ်သူကမှ ရပ်တည်ပေးမှာမဟုတ်ဘူးလို့ ထင်ကြတယ်။ […].ပြည်သူတွေအနေနဲ့ သူတို့ကိုတခြားသူတွေက ပံ့ပိုးပေးနေတာနဲ့ ဒီတိုက်ပွဲမှာသူတို့တွေက တကိုယ်တည်းမဟုတ်တာကို သိရှိခံစားရဖို့အရေးကြီးတယ်။ သူတို့နဲ့အတူ ရှိနေပြီး ရပ်တည်ပေးမဲ့သူတွေကိုလိုအပ်တယ်။”
ကော့ကရိတ်မြို့မှမေးခွန်းဖြေကြားသူတစ်ဦး

အကြံပြုချက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အာဏာချက်ချင်းစွန့်လွတ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) သို့ အာဏာလွှဲပြောင်းပေးရန်။
  • ဆန္ဒပြသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူများအား အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးခြင်းနှင့် ပစ်မှတ်ထားခြင်းများကို အဆုံးသတ်ပါ။
  • မြန်မာပြည်အရှေ့တောင်ပိုင်းတွင် COVID-19 နှင့် အခြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်း များကို လျှော့ချနိုင်စေရန်ရည်ရွယ်သော ဆေးဝါးနှင့်အထောက်အပံ့များကို ပိတ်ဆို့ခြင်းနှင့် ဖမ်းဆီးခြင်းများအား ချက်ချင်းရပ်တန့်ပါ။
  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးသောဥပဒေပုဒ်မ ၅၊ ၇ နှင့် ၈ ကို ပြန်လည် ပြဌာန်းပါ။ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅/၂၀၁၇)
  • ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများ (နစက ဥပဒေအမှတ် ၃/၂၀၂၁၊ ၅/၂၀၂၁ နှင့် ၆/၂၀၂၁)ကို ပြင်ဆင်ထားမှုအား ပြန်လည်ရုတ်သိမ်းပေးရန်။
  • သတင်းရယူပိုင်ခွင့်ကို ချိုးဖောက်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများအား နှောင့်ယှက်ခြင်းများနှင့် မီဒီယာလွတ် လပ်ခွင့်ကို ဖိနှိပ်ခြင်းများအား ရပ်ဆိုင်းပေးရန်။
  • အရပ်သားများကို တိုက်ခိုက်ခြင်းများအားရပ်ဆိုင်းပြီး ကျေးရွာများနှင့် ဒေသခံရွာသားများ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရာနေရာများအနီးတွင် ကင်းလှည့်ခြင်းများနှင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးပြုလုပ်ခြင်းများကို ရပ် ဆိုင်းပါ။ စစ်တပ်စခန်းများနှင့် စစ်ရေးလှုပ်ရှားမှုများအား ကျေးရွာများအနီးတွင်သော်လည်းကောင်း လယ်ယာများ၊ တောင်ယာများနေရာအနီးတွင်သော်လည်းကောင်း ဖယ်ရှားပေးရန်။
  • အဓမ္မစေခိုင်းမှုပုံစံအားလုံးဖြစ်သော ရွာသားများကို လူသားဒိုင်းသဖွယ်အသုံးပြုခြင်း၊ ပေါ်တာဖမ်းခြင်းနှင့် လမ်းပြအ ဖြစ်အသုံးပြုခြင်းများ ရပ်တန့်ပါ။ ရွာသားများ၏ ပိုင်ဆိုင်မှုများဖြစ်သော မော်တော်ယဉ်များ၊ လှေများ သို့မဟုတ် အခြားပစ္စည်းများကို စစ်ရေးလှုပ်ရှားမှုအတွက်အသုံးပြုရန် မတရားတောင်းဆိုခြင်းများ၊ ယူဆောင်ခြင်းများမှ ရှောင် ကျဉ်ပါ။
  • စစ်ရေးအတွက်သော်လည်းကောင်း ပုဂ္ဂိုလ်ရေးအတွက်သော်လည်းကောင်း အရပ်သားများ၏အိုးအိမ်ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူခြင်း၊ အခွန်ကောက်ခံခြင်းများမှ ရပ်ဆိုင်းရန်။
  • နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစံချိန်စံနှုန်းများနှင့် လူ့အခွင့်အရေးဥပဒေများကို မည်သည့်လက်နက် ကိုင်အဖွဲ့အစည်းမဆို လိုက်နာရမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုး‌ဖောက်မှုများအတွက် လွတ်လပ်၍ဘက်မလိုက်သော၊ တရားမျှတပြီးပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုများနှင့် အရပ်ဘက်တရားရုံးများ၏ တရားစီရင်ရေးဆိုင်ရာလုပ် ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ရန်။
  • နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများတွင်အသုံးပြုလေ့ရှိသော “ဖြတ်လေးဖြတ်မဟာဗျူဟာ” ဖြစ်သည့် အရပ်သား များ၏စားနပ်ရိက္ခာ၊ ဆက်သွယ်ရေး၊ အကူအညီများနှင့် အခြားအခြေခံလိုအပ်ချက်များကို ဖြတ်တောက်သောလုပ် ဆောင်ချက်များကို ရပ်ဆိုင်းပါ။

နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO များ၊ အလှူရှင်များနှင့် နိုင်ငံခြားအစိုးရများ

  • စစ်အာဏာရှင်အား တရားဝင်မှုပေးခြင်းမှရှောင်ကျဉ်ရန်နှင့် နိုင်ငံတကာအဆင့်တွင် အသိအမှတ်မပြုရန်။
  • လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် နစကနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရန်။
  • မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဆိုင်အဖွဲ့အစည်းများမှ မြေပြင်အခြေအနေများကို တုံ့ပြန်ရာတွင် ရှင်းလင်းပြတ်သားပြီး ခိုင်မာသော ရပ်တည်ချက်များထားရှိရန်နှင့် နစကမှကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လျှော့ချရန် ဖြစ်နိုင်သည့်နည်းမှ ပိတ်ဆို့ကန့်သတ်မှုများပြုလုပ်ရန်။
  • NUG အား အုပ်ချုပ်မှုဆိုင်ရာအပါအဝင် ငွေကြေးနှင့်နည်းပညာဆိုင်ရာ အထောက်အပံ့များ လိုအပ်သလိုကူညီပေးရန်။
  • နိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပေါ်နေသော လူသားချင်းစာနာမှု အကြပ်အတည်းအားဖြေရှင်းရန်အတွက် နိုင်ငံတကာဖွဲ့အစည်း များအနေဖြင့် NUG အပြင် EAO တို့နှင့်တိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရန်။
  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နိုင်ငံတကာလက်နက်ရောင်းချမှုဆိုင်ရာ ပိတ်ပင်တားတီးမှုဆုံးဖြတ်ချက်ကို ထောက် ခံရန်။
  • မှတ်ပုံတင်ခြင်းမရှိသည့် အစိုးရမဟုတ်သော အသင်းအဖွဲ့များသို့ (တိုက်ရိုက်)ရန်ပုံငွေပိုမိုရရှိရန်အတွက် နိုင်ငံတကာ ရန်ပုံငွေ ဖြန့်ဝေပေးရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွင်ရှိသော ဒေသခံအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှုများ တိုက်ရိုက်ပေးရန်။
  • ဒေသများအတွင်း ထောက်ပံ့ရေးအစီအစဉ်များအား အကောင်အထည်ဖော်ရာတွင် ဒေသခံများယုံကြည်စိတ်ချရသော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုပေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများတွင်ရှိသည့် လုပ်နိုင်စွမ်းနှင့် ကွန်ယက်များကိုအခြေခံသော ဝန်ဆောင်မှုဖြင့် ဖြန့်ဝေရေးနည်းလမ်းများနှင့် ဆက်သွယ်ရေးများကို ဦးစားပေးလုပ် ဆောင်ရန်။
  • ရန်ပုံငွေပေးအပ်ရာတွင် ရှုပ်ထွေးသောမြေပြင်အနေအထားကိုနားလည်ပြီး ဒေသခံ CSO/CBO များနှင့် ဝန်ဆောင်မှု ပေးသည့်ဒေသခံအဖွဲ့အစည်းများအား ခက်ခဲသောတောင်းဆိုမှုများ မပြုလုပ်ရန်။
  • လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသည့်နေရာတွင်နေထိုင်သည့် စစ်ဘေးရှောင်များ၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများ၊ တောင်သူလယ်သမားများနှင့် နေ့စားလုပ်သားများအပေါ် ထိခိုက်နစ်နာမှုများလျှော့ချသွားစေရန်အတွက် ကျေးလက် ဒေသများတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် အသက်မွေးဝမ်းကျောင်းမှုများ ပိုမိုကောင်းမွန်လာစေရန် ကူညီထောက်ပံ့မှု များ စတင်လုပ်ဆောင်ရန်။
  • တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် အခြားအစိုးရမဟုတ်သော ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ သည် COVID-19 ကာကွယ်ခြင်းနှင့် ကုသခြင်း (စစ်ဆေးခြင်း/ စမ်းသပ်ခြင်းနှင့် ကူးစက်ရောဂါရှိသည့် သံသယလူနာ များအား ထားရှိသည့်အဆောက်အအုံများ ထားရှိခြင်းပါဝင်ရန်)နှင့် အရေးပါသည့် ကျန်းမာရေးဝန်ဆောင်မှုများအား ကျေးလက်ဒေသများတွင် ပံ့ပိုးပေးရန်။
  • အိမ်နီးချင်းနိုင်ငံမှ အာဏာပိုင်များအနေဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများကို ခိုလှုံခွင့်တောင်းဆိုရာတွင် ငြင်းဆိုခြင်းမပြုရန်။ ခိုလှုံခွင့်ရှာဖွေနေသောသူများအတွက် အထောက်အပံ့နှင့် လုံခြုံရေးအကူအညီများစီစဉ်နိုင်ရန် အတွက် နယ်စပ်အခြေစိုက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန်။
  • စစ်တပ်၏အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများကို COVID-19 ကာကွယ် တားဆီးရေးအပါအဝင် လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ လိုအပ်သော အရင်းအမြစ်များနှင့် နည်းပညာအကူအညီများ ကူညီထောက်ပံ့ပေးရန်။
  • နယ်စပ်အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ဒေသအတွင်း လုပ်ငန်းလုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်း များမှတစ်ဆင့် မြန်မာနိုင်ငံသို့ အကူအညီများရောက်ရှိနိုင်ရေးအတွက် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် ထိတွေ့ လုပ်ဆောင်ပါ။
  • နိုင်ငံရေးလှုပ်ရှားသူများ၊ ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ သတင်းထောက်များ နှင့် ၎င်းတို့၏မိသားစုဝင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်ပါ။
  • ကျူးလွန်ခံရသူနှင့် ထိခိုက်နစ်နာသူအားလုံး တရားမျှတမှုရရှိစေရန်အတွက် လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအားနိုင်ငံ တကာရာဇဝတ်ခုံရုံး (ICC)သို့ လွှဲပြောင်းပေးရန် သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် အစုလိုက်အပြုံလိုက် ရက်စက်စွာကျူးလွန်မှုများအားလုံးအပေါ် ကျူးလွန် သူများအား တရားစွဲဆိုရန်အတွက် နိုင်ငံတကာခုံရုံးဖွဲ့ရန် အခိုင်အမာတောင်းဆိုပါ။

နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

  • မြေမြှုပ်မိုင်းများထောင်ထားခြင်းအား ချက်ခြင်းရပ်တန့်ရန်နှင့် နောက်ထပ်မိုင်းအသုံးပြုမှုအားလုံးကို တားမြစ်ရန်၊ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသောလက်နက်များ(UXO)ရှိသော နေရာအားလုံးကို အမှတ်အသားပြုလုပ်ပြီးလုံခြုံရေး အတွက် အဆိုပါနေရာများကို ဒေသခံလူထုအားအသိပေးပါ။
  • အရပ်သားများအားကာကွယ်ရေးနှင့် ၎င်းတို့၏လုံခြုံရေးတို့အတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု စံနှုန်းများနှင့် လူ့အခွင့်အရေးဥပဒေများကို လိုက်နာပေးရန်။
Wed, 24 Nov 2021

ဆက်စပ်ဖတ်ရှုရန်