ဤပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ရိုက်ယူခဲ့ ပါသည်။ ဤဓာတ်ပုံသည် (တခေါပွါ၊ ဝေစွဲ၊ ကိုးနီနှင့် နိုညာလာ) ကျေးရွာအုပ်စု ၄ စုအတွင်းရှိ ရွာသားအ ယောက် ၅၀၀ စုပေါင်းကာ စစ်အစိုးရအားဆန့်ကျင် သည့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် တခေါပွါရွာမှ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်၊ ပလောတူဒေသအတွင်းရှိ အောလောစီ၊ ဝေစွဲနှင့်ကျွန်း ပင်ဆိပ်ကျေးရွာသို့ စတင်ချီတက်ခဲ့ကြသည်။ ဤဆန္ဒ ပြမှုသည် တိုင်းရင်းသားအားလုံး အတူတကွပူးပေါင်း ဆန္ဒပြမှုဟု တိကျခိုင်မာစွာဆိုသည်။ (ဓာတ်ပုံ-KHRG)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်း ကတည်းက မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ သည် ပျက်စီးယိုယွင်းလာခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)သည် အရပ်သားပြည်သူများအပေါ် စနစ် တကျ အကြမ်းဖက်ဖြိုခွင်းမှုများကို ကျူးလွန်နေပြီး ဤသို့ သောလုပ်ဆောင်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အာမခံချက်အချို့သာပေးထားသည့် ပြည်သူနှင့် နိုင်ငံရေးဆိုင်ရာအကာအကွယ်ပေးမှုကို လုံးဝသွေဖယ်နေ ပြီး လူ့အခွင့်အရေးချိုးဖောက်မှုအား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေရန် လမ်းဖွင့်ပေးသကဲ့သို့ဖြစ်စေခဲ့ပါသည်။ အာဏာသိမ်းပြီးနောက် ပထမခြောက်လအတွင်း စစ် ကောင်စီမှ ပြည်သူများအပေါ် နိုင်ငံတော်ရန်သူကဲ့သို့ ဆက်ဆံခြင်းနှင့် ဆန့်ကျင်ဆန္ဒပြသူများအားချေမှုန်းခြင်း များကြောင့် အကြမ်းဖက်မှုများကျယ်ကျယ်ပြန့်ပြန့်ဖြစ် ပွားစေပြီး အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။ စစ်ကောင် စီမှငြိမ်းချမ်းစွာဆန္ဒပြသူများအား သေနတ်ဖြင့်ပစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးလက်ဒေသရှိကျေးရွာများအား ဗုံးကျဲ ခြင်း စသည့်လုပ်ရပ်များကြောင့် ထောင်ပေါင်းများစွာသော ပြည်သူလူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ကျန်း မာရေးဝန်ဆောင်မှုများနှင့် သတင်းအချက်များရရှိနိုင်ခွင့် အား ပိတ်ပင်ကန့်သတ်ခြင်းများအပြင် မြန်မာနိုင်ငံရှိ ပြည်သူများအား ဖမ်းဆီး၊ထိန်းသိမ်း ညှဉ်းပမ်းနှိပ်စက်ရန်အတွက် ၎င်းတို့၏ဆန္ဒအတိုင်း ဥပဒေကိုကျင့်သုံးခဲ့ကြသည်။
ဤအစီရင်ခံစာတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိပြည်သူများ လက်ရှိခံစားနေရသော ဆိုးရွားလာသည့်လုံခြုံရေးအခြေ အနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းများကို ဖော်ပြထားသည်။ ထို့အပြင် ကျေးလက်ဒေသ ရှိရွာသားများနှင့် ပြည်သူလူထုတို့၏မျှော်လင့်ချက်များနှင့် ရုန်းကန်နေရမှုအခြေအနေများကိုလည်း တင်ပြထားသည်။ ရွာသားများအနေဖြင့် မလုံခြုံမှုများကိုပို၍ခံစားရသော်လည်း ၎င်းတို့နားလည်သဘောပေါက်ထားသည့် တရားဝင်မှုမရှိ သော၊ တရားမျှတမှုမရှိသောစစ်အစိုးရအား ရင်ဆိုင်ရန်အတွက် နည်းလမ်းများကိုဆက်လက်ရှာဖွေလျက်ရှိသည်။ နောက် ဆုံးအနေဖြင့် ကျေးလက်ဒေသရှိတိုင်းရင်းသားပြည်သူများ၏အတွေ့အကြုံနှင့် စိုးရိမ်မှုများကို အများပြည်သူများအား ကြားသိနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
ခြုံငုံသုံးသပ်ခြင်း
KHRG မှပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းများတွင် နစကမှ ဆန္ဒပြပြည်သူများအပေါ် မည်သို့ပင်အကြမ်းဖက်ပြီး ရက် စက်ကြမ်းကြုတ်မှုများပြုလုပ်စေကာမူ ပြည်သူများမှ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်တင်ပြနေသည်ကို တွေ့ရှိရပါသည်။ ဆန္ဒပြသူများမှ နစက၏ရက်စက်ကြမ်းကြုတ်သော တုန့်ပြန်မှုများကိုရင်ဆိုင်ကြုံ တွေ့ရစဉ် ၎င်းတို့ခံစားရသော ကြောက်ရွံ့စိုးရိမ်မှုနှင့်မလုံခြုံမှုများကို ပြန်လည်ပြောပြခဲ့သည်။ ၎င်းတို့အနေဖြင့် ဖိနှိပ်မှု မှလွတ်မြောက်ရန်နှင့် ဒီမိုကရေစီတိုက်ပွဲအတွက် ခိုင်မာသည့်ရပ်တည်ချက်ဖြင့် အဆုံးထိတိုက်ပွဲဝင်မည်ဖြစ်ကြောင်း တူညီသည့်သဘောထားများကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဤတွေ့ဆုံမေးမြန်းခန်းများတွင်လည်း ဆန္ဒထုတ်ဖော် သူများနှင့် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု(CDM)တွင် ပါဝင်သူများအနေဖြင့် အကာအကွယ်ရရှိရန်အတွက် အချင်းချင်း မည်သို့ဝိုင်းဝန်းပံ့ပိုးကြသည်ကိုလည်း မီးမောင်းထိုးဖော်ပြထားပါသည်။
ဤအစီရင်ခံစာတွင် ယခင်ကမြန်မာစစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်ချေမှုန်းရာတွင် အဓိက နည်းဗျူဟာတစ်ခုဖြစ်သည့် တိုင်းရင်းသားဒေသများရှိအရပ်သားများအပေါ် ကာလကြာရှည်စွာအကြမ်းဖက်မှုများ ကျုး လွန်ခဲ့ခြင်းကြောင့် ကျေးလက်ဒေသအတွင်း လုံခြုံမှုမရှိသည့်အခြေအနေများ ပိုမိုများပြားလာသည်ကိုလည်း တင်ပြထား သည်။ စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအလှည့်အပြောင်းများ သည် လူ့အခွင့်အရေးအား ကျယ်ကျယ်ပြန့်ပြန့်ထပ်မံချိုးဖောက်နေကြောင်း ထင်ဟပ်စေပါသည်။ ဤသို့သောအခြေအ နေသည် ဖြတ်လေးဖြတ်စနစ်အားအသုံးပြုသည့် ခေတ်သို့ပြန်လည်ရောက်ရှိနေကြောင်း လွတ်လပ်သောသုတေသီ ကေမ်ဂျိုလီ(KimJoliffe)မှလည်း မီးမောင်းထိုးပြထားပါသည်။ ၎င်းမှ စစ်မြေပြင်တွင် အရပ်သားများအားဆက်စပ်ထိခိုက် မှုရှိစေရုံသာမက စစ်ဆင်ရေးအတွက် အဓိကအရင်းအမြစ်အဖြစ်လည်း အသုံးချသည်ဟုအလေးပေးဖော်ပြခဲ့ပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အချို့ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပွား ပြီးနောက်ပိုင်းတွင် ထိုးစစ်ဆင်မှုနှင့် တိုက်ပွဲများဖြစ်ပွားလာခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုဖြစ်ပွား ပြီးကတည်းက ဇွန်လ ၂၃ ရက်နေ့အထိ ခန့်မှန်းခြေအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပြည်သူ ၁၇၇,၀၀၀ ဦးရေခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ကရင်ပြည်နယ်တစ်ခုတည်းအတွင်းတွင် ဒေသခံ ၅၀,၀၀၀ ခန့် (သြဂုတ်လ ၂၃ ရက်နေ့ အထိတွင်လည်း ပြည်သူဦးရေ ၁၄၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိပြီး) ပြည်တွင်းနေရပ်ရွှေ့ပြောင်း နေထိုင် ခဲ့ရပါသည်။ အရပ်သားပြည်သူများအား ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်း အဓမ္မလုယူခြင်းအပါအဝင် အရပ်သားများအား တိုက်ရိုက်တိုက်ခိုက်ခြင်းတို့ကို ဖော်ပြသည့်အစီရင်ခံစာအများအပြားကို လည်း KHRG မှလက်ခံရရှိပါသည်။ နစကမှ COVID-19 ရောဂါကပ်ဆိုးအား စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းသည် လည်းကျေးလက်ဒေသရှိ ဒေသခံရွာသားများအား ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်နေခြင်းသဖွယ် ဖြစ်စေပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျေးလက်ဒေသနှင့် မြို့ပြဒေသများတွင် အကြမ်းဖက်မှုများပြုလုပ်လာသည်ကို အထင်အ ရှားမြင်တွေ့နိုင်သည်သာမက နစကအနေဖြင့် ၎င်း၏အကြမ်းဖက်မှုလုပ်ရပ်များနှင့် အခြေခံလူ့အခွင့်အရေးချိုးဖောက် မှုများကို ဥပဒေအတွင်း ထည့်သွင်းရေးသားခြင်းဖြင့် တရားဝင်မှုရရှိရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာစစ်တပ်သည် ရွေးကောက်ပွဲမဲမသမာမှုနှင့်ပတ်သက်ပြီး ခိုင်လုံမှုမရှိသည့်စွဲချက်များပြုလုပ်၍ ရွေးကောက်ခံထားရသော အစိုးရသစ် တရပ်အား ဖြုတ်ချခြင်းဖြင့် မတရားအာဏာသိမ်းယူခဲ့သည်သာမက ၎င်းတို့မှကျူးလွန်လျက်ရှိသည့် ဖိနှိပ်မှုများနှင့် အရပ်သားများအပေါ် အင်အားအသုံးပြုမှုများကိုလည်း တရားဝင်ဖြစ်စေရန်အတွက် ဥပဒေပိုင်းဆိုင်ရာပြောင်းလဲမှုများ ကို ပြုလုပ်လျက်ရှိသည်။
အလားတူပင် စစ်ကောင်စီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကိုအသုံးပြုပြီး အပစ်ရပ်ရန် တောင်းဆိုကာ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်လိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်သူများအား ရန်သူသဖွယ်ချေမှုန်းရန်နှင့် တော်လှန်ရေးအစုအဖွဲ့များအား အပြတ်ရှင်းရန် လုပ်ဆောင်လျက်ရှိသည်။ စစ်ကောင်စီမှ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ၎င်းအနေဖြင့် အစိုးရ၏လုံခြုံရေးနှင့်အုပ်ချုပ်ရေးအား အနှောင့်အယှက်ပေးသော မည် သည့်လုပ်ဆောင်မှုကိုမဆို ဆက်လက်တုန့်ပြန်သွားမည်ဟု ထည့်သွင်းဖော်ပြခဲ့ခြင်းဖြင့် စစ်တပ်၏တိုက်ခိုက်ထိုးစစ်ဆင် မှုကို တရားဝင်ခွင့်ပြုခဲ့ပါသည်။ အာဏာသိမ်းပြီးသည့်အချိန်မှစ၍ အခြားလက်နက်ကိုင်တပ်ဖွဲ့များအား ငြိမ်းချမ်းရေး သဘောတူညီချက်များကို လေးစားလိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု စစ်ကောင်စီမှ အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး ၎င်းတို့အား ဆန့်ကျင်သည့် မည်သည့်အဖွဲ့ကိုမဆို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခဲ့သည်။
စစ်ကောင်စီသည် ယခင်ကတည်းက COVID-19 ရောဂါကူးစက်မှုကိုအကြောင်းပြကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကိုအကြောင်းပြ၍ ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။ ရောဂါကပ်ဘေးနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်မှုတို့ကို ကန့်သတ်ခဲ့ကာ ကပ်ဘေးအကြပ်အတည်းကို ပြည် သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်မှု၊ COVID-19 ကပ်ရောဂါအကြပ်အတည်းနှင့် အတူပြည် တွင်းနှင့် နိုင်ငံတကာအကူအညီပေးနေသည့်အဖွဲ့အစည်းများအား အရေးတကြီးလိုအပ်သည့်ဒေသများသို့ ဝင်ရောက်ခွင့် ကို နစကမှတားဆီးပိတ်ပင်နေသောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းသည်လည်း ပိုမို ဆိုးရွားလာစေပြီး ပြည်သူများ၏အသက်အန္တရာယ် ခြိမ်းခြောက်နေသည့်အခြေအနေသို့ ရောက်ရှိစေပါသည်။
အစီရင်ခံစာပြုစုပုံနည်းစနစ်
ဤအစီရင်ခံစာသည် KNU ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သည့်ဆန္ဒပြသူများနှင့် CDM တွင်ပါဝင်သည့် သူများ အပါအဝင် ကျေးလက်ဒေသခံရွာသားများနှင့် တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ပြီး အချက်အလက်များအား ကောက်ယူထား ခြင်းဖြစ်သည်။ ဤအစီရင်ခံစာသည် KHRG ၏လှုပ်ရှားရာနယ်မြေများရှိ ကွင်းဆင်းသတင်းမှတ်တမ်းပြုစုသူများမှ ရေး သားပြုစုထားသည့်အချက်အလက်များကိုလည်း မှီငြမ်းအသုံးပြုထားပါသည်။ KHRG သည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇွန်လပထမအပတ်အထိ တွေ့ဆုံမေးမြန်းမှုများအား ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှု ပေါင်း(၁၃၃)ခုကို ကောက်ယူထားပြီး စစ်အာဏာသိမ်းခြင်းနှင့်သက်ဆိုင်သည့် ကျယ်ပြန့်သောအကြောင်းအရာများအား ခြုံငုံထားခြင်းဖြစ်ပါသည်။ မေးခွန်းဖြေကြားသူများထဲမှ (၄၉)ယောက်သည် နေအိမ်မှစွန့်ခွာလာပြီး CDM တွင်ပါဝင်သည့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ KNU ထိန်းချုပ်နယ်မြေတွင် တိမ်းရှောင်နေသောသူများဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုများ တွင်ပါဝင်သည့်သူများမှာ ရဲ၊ စစ်သား၊ ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်အပြင် အခြားအစိုးရရုံးမှဝန်ထမ်းများ ပါဝင်ပါ သည်။ ဤအစီရင်ခံစာသည် KHRG ၏လှုပ်ရှားရာနယ်မြေများရှိ ကွင်းဆင်းသတင်းမှတ်တမ်းပြုစုသူများမှ ရေးသားပြုစု ထားသည့်အချက်အလက်များကိုလည်း မှီငြမ်းအသုံးပြုထားပါသည်။ KHRG သည်စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဇွန်လပထမအပတ်အထိ တွေ့ဆုံမေးမြန်းမှုများအား ပြုလုပ်ခဲ့ပါသည်။ ဤအစီရင်ခံစာသည် ဖေဖော်ဝါရီလအစပိုင်းမှ ဇူလိုင်လကုန်အထိ စစ်အာဏာသိမ်းခြောက်လတာကာလကို ခြုံငုံထားသည့်သတင်းအချက်အ လက်များဖြင့် ရေးသားထားပါသည်။ ဤအစီရင်ခံစာအတွက် သတင်းအချက်အလက်အခု ၁၀၀ ထက်အသုံးပြုထားသည်။
အဓိကဖော်ပြချက်နှင့်ချဉ်းကပ်နည်း
အခန်း (၁) ဆန္ဒပြပွဲများ
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှ မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ဆန္ဒပြပွဲများ ပြုလုပ်လာခဲ့ကြသည်။ မြို့ပေါ်ရှိ ထောင်နှင့်ချီသောသူများပါဝင်လာပြီး ရာနှင့်ချီသောကျေးလက်ဒေသရှိ ကျေးရွာပေါင်းများက ပူးပေါင်းလျက် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းချမ်းစွာဖြင့် ကျင့်သုံးခဲ့ကြသော်လည်း ဆန္ဒပြပြည်သူများသည် စစ်အစိုးရ၏ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများအတွက် ပစ်မှတ်များဖြစ်လာကြသည်။
“ရန်ကုန်နဲ့မန္တလေးက ဆန္ဒပြပွဲတွေမှာပါရတာက လမ်းပေါ်မှာဘယ်သူအရင်သေမလဲဆိုပြီး အရွေးခံဖို့စောင့်နေရသ လိုပဲ။ [ဆန္ဒပြခြင်းတွင်ပါဝင်ခြင်းက သေနိုင်တဲ့ကစားပွဲတခုမှာ ပါရသလိုပဲ]။ သူတို့[ရဲ]တွေ ကလူတွေကိုကြိုက်တဲ့အချိန်ပစ်လို့ရတယ်။ တကယ်လည်းပစ်ကြပါတယ်။ လူတွေအများကြီးသေခဲ့ပြီးပြီ။ သူတို့ကဆန္ဒပြသူတွေကို မဖြိုခွင်းခင် ဘယ်တုန်းကမှ ကြိုတင်သတိမပေးခဲ့ဘူး။” မောင် င---, တက္ကသိုလ်ကျောင်းသားတစ်ဦး
“ရန်ကုန်မြို့ လှည်းတန်းမှာ ဆန္ဒပြပွဲတစ်ခုလုပ်တော့ ကျွန်တော်တို့ကအဲ့ဒီလူစုလူဝေးကိုဖြိုခွင်းရမှာ။ ကျွန်တော်တို့ အားလုံး အယောက် ၅၀ ရှိတယ်။ ကျွန်တော်အပါအဝင် ခြောက်ယောက်က ကျည်အစစ်နဲ့ သေနတ်တွေပါတယ်။ ကျွန် တော်တို့က သူတို့ကို [ဆန္ဒပြသူတွေကို] အဲ့ဒီသေနတ်တွေနဲ့ ပစ်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ကျည်ဆံတွေက အပြစ်မဲ့ ပြည်သူတွေကို ပစ်ဖို့အတွက်မဟုတ်ဘူး။” ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်တွင် အခြေစိုက်သော ရဲဝန်ထမ်းတစ်ဦး
“ဘာတရားဥပဒေစိုးမိုးမှုမှမရှိဘူး။ ဥပဒေဆိုတာ သူတို့ပါးစပ်ထဲကထွက်တဲ့ဟာပဲ။ [စစ်ကောင်စီတဖွဲ့တည်းကသာ ဆုံးဖြတ်သည်။] ဘာကြောင့်လဲဆိုတော့ သူတို့[ပြည်သူများကို] ပြောသမျှက ဥပဒေလို့ယူဆထားလို့ပဲ။ သူတို့သတ်လို့ ရတယ်။ ဖမ်းဆီးလို့ရတယ်။ ချုပ်နှောင်ထားလို့ရတယ်။ သူတို့လုပ်သမျှက ပြည်သူတွေကိုဆန့်ကျင်ဖို့ပဲ။” ဘားအံမြို့မှ ဆရာမတစ်ဦး
အခန်း (၂) အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းအချို့သည် စစ်တပ်၏အာဏာသိမ်း မှုကိုဆန့်ကျင်ကြောင်း ဖော်ပြရန်အတွက် ၎င်းတို့၏အလုပ်မှ ထွက်ခဲ့ကြသည်။ ထိုဆန္ဒပြမှုပုံစံသည် အခြားသောပြည်သူ့ ဝန်ဆောင်မှုဌာနများသို့ လျင်မြန်စွာပြန့်နှံ့ခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံတစ်ဝှမ်းလုံးတွင် CDM လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်လာခဲ့သည်။
“ဗမာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်လည်း ကျွန်တော်မိသားစုလုံခြုံရေးအတွက် စိုးရိမ်တယ်။ တကယ်လို့သူတို့က ကျွန်တော်ကိုမဖမ်းနိုင်ဘူးဆိုရင် ကျွန်တော့်မိသားစုကို ပစ်မှတ်ထားလိမ့်မယ်။ ကျွန်တော်အမျိုး သမီးကို သူတို့တွေခြိမ်းခြောက်တယ်လို့ ကြားတယ်။ ပြီးတော့ ကျွန်တော့မိသားစုကို ဒုက္ခပေးမယ်လို့လည်း ကြားတယ်။” ဧရာဝတီတိုင်းမှ အရပ်ဖက်အဖွဲ့အစည်းတွင် အလုပ်လုပ်သူတစ်ဦး
“ကျွန်တော်တို့လို သာမန်လူတွေက CDM မှာပါစရာမလိုဘူး။ ကျွန်တော်တို့က CDM မှာပါတဲ့သူတွေကို ပံ့ပိုးပေးရမှာ။ အခုဖြစ်နေတာတွေက မမှန်ဘူး။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကိုထောက်ပံ့ပေးဖို့လိုတယ်။ သူတို့ကို ဂရုစိုက်ရမယ်။ အစားအသောက် ပံ့ပိုးပေးရမယ်။ ပြီးတော့ သူတို့လိုအပ်တာကိုကူညီ ဖြည့်ဆည်းပေးရမယ်။ သူတို့က ကျွန်တော်တို့ အတွက် အလုပ်လုပ်နေတာ။” မြိတ်-ထားဝယ်ခရိုင်၊ တနောသရိ (တနင်္သာရီ)မြို့နယ်မှ စောယ---
အခန်း (၃) စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများနှင့် အကြမ်းဖက်မှုများတဖန်ပေါ်ပေါက်လာခြင်း
စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ပထမခြောက်လအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းကျေးလက်ဒေသရှိ လုံခြုံရေး အခြေအနေမှာ လျင်မြန်စွာကျဆင်းလာပါသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ သည် တဖြည်းဖြည်းပိုမိုများပြားလာပြီး ကျေးလက်နေပြည်သူများအနေဖြင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရခြင်း၊ ထိခိုက်ဒဏ် ရာရခြင်းအပြင် အသက်သေဆုံးမှုများကိုပါ တွေ့ကြုံခံစားရသည်။ စစ်တပ်၏အာဏာသိမ်းမှုသတင်းကြောင့် ဖြစ်လာနိုင် ချေရှိသောတိုက်ပွဲများ၊ နေရပ်ရွှေ့ပြောင်းနေထိုင်မှုများနှင့် တဖန်ပြန်လည်ပေါ်ပေါက်လာမည့် အတိတ်ကခံစားခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ရွာသားအများအပြားက စတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေရပါသည်။
“တချို့လူတွေက အိမ်မှာမနေရဲတော့ပဲ တဲမှာသွားနေကြတယ်။ လမ်းဘေးနဲ့နီးတဲ့နေရာမှာနေတဲ့သူတွေက ညခင်းဆို အိမ်မှာမအိပ်ရဲတော့ဘူး။ စစ်သားတွေကင်းလှည့်မယ်ကြားတာနဲ့ သူတို့ကကြောက်ပြီး တခြားနေရာမှာသွားအိပ်ကြ တော့တာပဲ။ မနက်ကျမှပဲ အိမ်ပြန်လာကြတယ်။ တချို့လူတွေက တောထဲမှာ အစားအစာတွေသွားဖွက်ထားကြတယ်။ တကယ်လို့ တခုခုဖြစ်လာရင် အဲ့ဒီမှာသူတို့သွားပုန်းနိုင်တယ်။ ပြီးတော့ သူတို့အတွက်စားစရာလည်းရှိမယ်လေ။” ဒူးပလာယာခရိုင်မှ မေးခွန်းဖြေကြားသူတစ်ဦး
“ကျွန်တော်တို့ပစ်သတ်ခံရမှာဆိုတော့ ဘယ်လှေမှမထွက်ရဲဘူး။ IDP တွေဆီကိုလည်း ရိက္ခာတွေမပို့ရဲဘူး။ အထောက် အပံ့တွေက ထိုင်းနိုင်ငံဘက်ခြမ်းမှာပဲစုနေတယ်။ ထိုင်းနိုင်ငံဖက်ခြမ်းကလှေတွေက စစ်ကောင်စီစစ်သားတွေပစ်မှာ ကြောက်လို့ မြန်မာဖက်ကိုမလာရဲဘူး။” လှေသမားတစ်ဦး
“ကျွန်တော်တို့တွေ ကိုယ့်မိသားစုအတွင်းမှာပဲ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်ရဲတယ်။ ဘာကြောင့် လဲဆိုတော့ စစ်အစိုးရကိုပြစ်တင်ဝေဖန်ပြီး အမြင်မတူတဲ့သူတွေအကြောင်း ရဲတပ်ဖွဲ့ကိုအကြောင်းကြားတဲ့ စစ်အစိုးရ ရဲ့သူလျှိုတွေ အများကြီးရှိတယ်။” ဒူးပလာယာခရိုင်မှ မေးခွန်းဖြေကြားသူတစ်ဦး
အခန်း (၄) COVID-19 နှင့် အာဏာသိမ်းမှု
ဇူလိုင်လအထိ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS)၏ ရောဂါစစ်ဆေးမှုနှင့် အစီရင်ခံမှုမရှိခြင်း က မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်မှု ပိုမိုမြင့်တက်နေပြီး ဆိုးရွားသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခက်အခဲကြုံတွေ့နေရခြင်းကို ဖုံးကွယ်နိုင်စွမ်းမရှိပါ။
“အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ ရွာမှာကော တစ်နိုင်ငံလုံးအနေနဲ့ကော COVID-19 နဲ့ ပတ်သက်ပြီး မစဉ်းစားကြ တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းကို မတွေးတော့ဘူး။” ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှ ကျေးရွာအတွင်းရေးမှူးတစ်ဦး
“ကာကွယ်ဆေးတွေကို ဒီနေရာကို ကောင်းကောင်းပို့လိုက်တာဆိုပေမယ့် မြန်မာစစ်တပ်က တခြားဆေးတွေနဲ့ ရောလိုက်မှာကို စိုးတယ်။ […]. ဒါကြောင့် ဘယ်သူမှ ကာကွယ်ဆေးမထိုးရဲဘူး။” ဘားအံခရိုင်၊ တနေးချားမြို့နယ်မှရွာသားတစ်ဦး
အခန်း (၅) ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးမှုများအား စိန်ခေါ်ခြင်း
အာဏာသိမ်းခြင်းသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏နေ့စဉ်ဘဝများအပေါ် ဆိုးရွားသည့်သက်ရောက်မှုများရှိပြီး လူတစ်ဦးချင်းစီအနေနှင့် အင်တာနက်သုံးစွဲခွင့်မရခြင်းမှစ၍ တစ်နိုင်ငံလုံးနှင့်အတိုင်းအတာနှင့် နိုင်ငံ၏စီးပွားရေးလုပ် ငန်းများ ပြိုလဲကျဆင်းမှုအထိ သက်ရောက်မှုများဖြစ်ပေါ်စေသည်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအတွက် ဖြစ် နိုင်ခြေများကို လုံးပါးပါးစေပြီး တိုက်စားဖျက်စီးစေပြီး ထိုပြဿနာများက ပြည်သူအားလုံး၏ဘဝများအား ထိခိုက်မှုရှိ စေရာမှပြီး အထူးသဖြင့် ကျေးလက်ဒေသရှိရွာသားများအပေါ် အထူးသဖြင့် သက်ရောက်မှုရှိသည်။
“အရာအားလုံးက ကျေးရွာအုပ်ချုပ်ရေးမှူးအပေါ်မှာပဲ မူတည်တယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာခင်ဗျားဘယ် လောက်ပဲ ကိုယ့်ရွာကိုကာကွယ်နေပါစေ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်အစိုးရအောက်မှာအလုပ်လုပ်တယ်ဆိုရင် ခင်ဗျားဘာမှမတတ်နိုင်ဘူး။ သူကသတင်းအချက်အလက်တွေအားလုံးကို စစ်ကောင်စီဆီကိုပို့လိမ့်မယ်။”
မြိတ်-ထားဝယ်ခရိုင်၊ တနောသရိမြို့နယ်မှ ရွာသားတစ်ဦး
“တကယ်လို့ လူတွေက ခွဲစိတ်ဖို့လိုတယ်ဆိုရင်တောင် သူတို့ကို […]. ကို ပေးမသွားဘူးဆိုရင်။ သူတို့သေသွားမှာပဲ။” ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှ နော်ဝ---
အချင်းချင်း(တယ်လီ) ဆက်သွယ်မှုအား ဖြတ်တောက်ခြင်းအပါအဝင်နှင့် စစ်ကောင်စီမှ သတင်းနှင့်မီဒီယာအပေါ် ထိန်းချုပ်မှုများအပါအဝင် သတင်းအချက်အလက်ရယူခွင့်တွင်လည်း သက်ရောက်မှုရှိသည်။ တယ်လီကွန်းဆက်သွယ် ရေးများအား ဖြတ်တောက်ခြင်းသည် ဖုန်းမှတဆင့် သတင်းအချက်အလက်ရရှိရန် ကန့်သတ်ခံရသော ကျေးလက်ဒေသ ရှိပြည်သူများအတွက် အထူးသဖြင့် အရေးကြီးသောကိစ္စရပ်ဖြစ်သည်။
အခန်း (၆) အောင်မြင်မှုပန်းတိုင်သို့ ရှေ့ဆက်ခြေလှမ်းခြင်း
အစောပိုင်းကာလများတွင် နွေဦးတော်လှန်ရေးအောင်မြင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသော်လည်း တိုက်ပွဲအား မည် သို့ဆက်ရမည်ဟူသည့်အမြင်အပေါ်တွင် ကွဲပြားမှုများရှိလာခဲ့သည်။ အများစုကတိုက်ပွဲကို ဆုံးသည်အထိ ဆက်လက်တိုက် ရန် အလေးထားပြောသကဲ့သို့ အစိုးရဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာရန်လိုအပ်ကြောင်းကိုလည်း ပြောကြသည်။ အခြားသူများမှ အသက်များစွာစတေးထားပြီးကြောင်းကိုလည်း တင်ပြခဲ့ကြသည်။
“မြန်မာနိုင်ငံအတွင်းက လူတွေအများကြီးသေဆုံးခဲ့ရပြီးပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့သေရမှာကြောက်မနေ သင့်ဘူး။ ဒီအချိန်သေဖို့ကြောက်နေပြီးတော့ (စစ်အာဏာရှင်ကို) ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့ဘဝတွေ ထာဝရ သေသွားရလိမ့်မယ်။” ကော့ကရိတ်မြို့မှ မေးခွန်းဖြေကြားသူတစ်ဦး
“ကျွန်မအနေနဲ့ ကိုယ့်နိုင်ငံအာဏာရှင်စနစ်ကနေလွှတ်မြောက်ဖို့၊ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရဖို့နဲ့ တိုင်းရင်းသား လူနည်းစုတွေအနေနဲ့ တန်းတူအခွင့်အရေးရဖို့ ဆန္ဒပြတယ်။ ကျွန်မတို့ဒီနိုင်ငံမှာနေထိုင်ရတဲ့အချိန်မှာ တန်းတူအခွင့် အရေးမရဘူးဆိုရင် ကျွန်မတို့ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားလို့သတ်မှတ်ဖို့အကြောင်းမရှိဘူး။” ဒူးပလာယာခရိုင်မှ KECD ဆရာမတစ်ဦး
နိဂုံး
ဤအစီရင်ခံစာကိုရေးသားနေသည့် အချိန်ကာလတလျှောက်လုံးတွင်လည်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသများတွင် ညှဉ်းပမ်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် သတ်ဖြတ်ခြင်းများ စသည့်အကြမ်းဖက်မှုဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ဆက်လက်လက်ခံရရှိခဲ့သည်။ တိုက်ပွဲများနှင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ပိုမိုကျယ်ပြန့်လာသည်။ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူအများစုမှာ အထောက်အပံ့များမရ ရှိသကဲ့သို့ အချို့သူများအတွက် အစားအသောက်အနည်းငယ်သာ ကျန်ရှိကြောင်း တင်ပြခဲ့သည်။ နေရပ်ရွှေ့ပြောင်းနေထိုင် မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် ခိုလှုံရန်မှာလည်း အကန့်အသတ်များရှိနေသည်။ ဖျားနာမှုကြောင့် သေဆုံးခြင်းများနှင့်ပတ်သက်သည့် သတင်းအချက်များကို လက်ခံရရှိခဲ့သော်လည်း ရွာသားများအနေနှင့် ထိုသေဆုံးမှုများမှာ ကိုဗစ်-၁၉ ကြောင့် သို့မဟုတ် အခြားရောဂါကြောင့်ဆိုသည်ကို ခွဲခြားမသိပေ။ ထိုသို့သိရှိနိုင်ရန်အ တွက်စစ်ဆေးမှု သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုများမှာလည်း အနည်းငယ်သာရှိသည်။
တိုင်းရင်းသားလူနည်းစုများသည် ၎င်းတို့၏အသံများကို ကမ္ဘာမှသိရှိစေသည်သာမက ၎င်းတို့၏ကိုယ်ပိုင်အခွင့်အရေး များ၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများအတွက်ရပ်တည်ရာတွင် ပံ့ပိုးမှုများလည်း လိုအပ်သည်။
“ကျွန်တော်တို့အနေနဲ့ [ဟိုးရင်ကတည်းက] ကြုံတွေ့ရသမျှကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ရင်ဆိုင်ရတယ်။ ဖြတ်သန်းရ တယ်။ ဒါကြောင့်လူတွေက ပြဿနာ ဒါမှမဟုတ်တခုခုကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ သူတို့နဲ့အတူ ဒါမှမဟုတ် သူ တို့အတွက်ဘယ်သူကမှ ရပ်တည်ပေးမှာမဟုတ်ဘူးလို့ ထင်ကြတယ်။ […].ပြည်သူတွေအနေနဲ့ သူတို့ကိုတခြားသူတွေက ပံ့ပိုးပေးနေတာနဲ့ ဒီတိုက်ပွဲမှာသူတို့တွေက တကိုယ်တည်းမဟုတ်တာကို သိရှိခံစားရဖို့အရေးကြီးတယ်။ သူတို့နဲ့အတူ ရှိနေပြီး ရပ်တည်ပေးမဲ့သူတွေကိုလိုအပ်တယ်။”
ကော့ကရိတ်မြို့မှမေးခွန်းဖြေကြားသူတစ်ဦး
အကြံပြုချက်များ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)
နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO များ၊ အလှူရှင်များနှင့် နိုင်ငံခြားအစိုးရများ
နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
ဤပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရရှိခဲ့ပါသည်။ ဗြိတ်- ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးကျေးရွာအုပ်စုမှ ဒေ သခံရွာသားအယောက် ၁၀၀၀ ဝန်းကျင်မှ စစ်အစိုးရအားဆန့်ကျင် သည့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြသည်။ စစ်ကောင်စီအစိုးရ လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများမှကာကွယ်ရန် KNLA စစ်သား များမှ ဆန္ဒပြသူများနှင့်အတူ လိုက်ပါခဲ့ကြသည်။
(ဓာတ်ပုံ - ဒေသခံရွာသား)

ဤပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ ဒူးပလာယာခရိုင်၊ ကော့ ကရိတ်မြို့နယ်၊ အောဖဖဒိုကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့အနီး ရှိ အာရှအဝေးပြေးလမ်းမတွင် ရိုက်ယူခဲ့ပါသည်။ ဤဆန္ဒပြသူများ မှ ဆန္ဒပြပွဲအတွင်း စစ်အစိုးရ၏အကြမ်းဖက်မှုများကို ကာကွယ် ရန် အကာအကွယ်ပစ္စည်းအချို့ကို အသုံးပြုထားသည်။
(ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေ ကေးကျေးရွာအုပ်စု၊ ဒေ့ပူနို့ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် SAC လေကြောင်းတိုက်ခိုက်မှု ကြောင့် ရွာသားများ၏အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ ပျက်စီးသွား သောပုံဖြစ်သည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေ ကေးကျေးရွာအုပ်စုတွင် ရိုက်ယူခဲ့သည်။ ပုံမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် SAC ၏လေကြောင်းတိုက်ခိုက်မှု အတွင်း ပြုတ်ကျလာသည့် မပေါက်ကွဲသေးသော ပေါက်ကွဲမှု ပြင်းထန်သည့် ဗုံးတစ် လုံး၏ပုံဖြစ်သည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၌ မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်၊ ခဝ---ကျေးရွာအုပ်စုတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၌ နစကစစ်ဂျက်လေယာဉ်များမှ ဒေသ တွင်းဗုံးကျဲသောကြောင့် ဒေသခံကလေးများနှင့် ရွာသားများဂူထဲ တွင် ထွက်ပြေးတိမ်းရှောင်နေသည့်ပုံဖြစ်သည်။(ဓာတ်ပုံ - KHRG)

ဤဓာတ်ပုံကို ဧပြီလ(၁၁)ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘက်ခြမ်းသံလွင်မြစ်ပေါ်တွင် ရိုက်ယူထားခြင်းဖြစ်သည်။ ဓာတ်ပုံ ထဲရှိဒေသခံရွာသားသည် တောထဲတစ်နေရာတွင် စစ်ဘေးတိမ်း ရှောင်နေသည့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ် သည်။ ဤအဖိုးအိုသည် အသက်တစ်ရာကျော်ရှိပြီး နာမကျန်းဖြစ် နေသည်။ ၎င်းအား ဟောင်းနွမ်းညစ်ပေနေသည့်စောင်တစ်ထည် ဖြင့်ပေးခြုံထားပြီး သေးငယ်သည့်ဖျာပေါ်တွင် လဲလျောင်းနေပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ကြည့်ရှုစောင့်ရှောက်မှုမပေး နိုင်ပါ။ အကြောင်းမှာ ၎င်း၏ဇနီးသည်လည်းအသက်ကြီးနေပြီး ဖြစ်သည်။ အဖိုးအိုသည် နောက်ပတ်အနည်းငယ်တွင် သေဆုံး သွားခဲ့သည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၌တောင်ငူခရိုင်၊ သံတောင် ကြီးမြို့နယ်၊ ဖစ---ကျေးရွာအုပ်စု၊ ဖစ---ကျေးရွာတွင် ရိုက်ယူ ခဲ့သည်။ နစက၏ ခမရ(၇၃၀)မှ လမ်းတွင်လုံခြုံရေးအတွက် တာ ဝန်ထမ်းဆောင်နေချိန်တွင် ရွာသားများ၏အိမ်သို့ဝင်ရောက်လာပြီး စားစရာများတောင်းစားခဲ့သည်။ ရွာသားများမှ နစကစစ်သား များအား ကြောက်ရသော်လည်း ၎င်းတို့မှ တစ်စုံတစ်ရာပြုလုပ်မည် ကို စိုးရိမ်သည့်အတွက်ကြောင့် စားစရာများပေးခဲ့ပါသည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့၌ ခလယ်လွီထူခရိုင်၊ လယ် ဒိုမြို့နယ်၊ ဃဲကာခို့ကျေးရွာအုပ်စု၊ တ---ကျေးရွာတွင် ရိုက်ယူခဲ့ သည်။ ပုံတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့်ရွာသားနှစ်ဦးအထဲ မှ တစ်ဦး၏ရုပ်အလောင်းဖြစ်သည်။ (ဓာတ်ပုံ - ဒေသခံရွာသား)