ဤအပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားလူမျိုးစုအားလုံး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုများကို ဂုဏ်ပြုပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ၎င်းတို့အပေါ် ကျူးလွန် နေသော ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချပါသည်။ ဤအပြည်ပြည်ဆိုင်ရာနေ့ကို ကုလသမဂ္ဂ အထွေထွေညီ လာခံမှ ၁၉၈၂ ခုနှစ်တွင် ပထမဆုံးပြုလုပ်ခဲ့သော ဌာနေတိုင်းရင်းသားလူဦးရေဆိုင်ရာ လုပ်ငန်းအဖွဲ့၏ အစည်းအ ဝေးအထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာစစ်တပ်နှင့် စစ်အစိုးရ အဆက်ဆက်တွင် အကြမ်းဖက်မှုများကို ဆယ်စုနှစ်များစွာကြာ ခံနိုင်ရည်ရှိခဲ့သော်လည်း ကရင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစု များသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းကာ ၎င်းတို့၏အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်ခဲ့ ကြပါသည်။
ဌာနေတိုင်းရင်းသားများသည် လက်နက်ကိုင်အကြမ်းဖက်မှုနှင့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအရ ခွဲခြား ဆက်ဆံမှုများနှင့်အတူ တိုင်းရင်းသားလူနည်းစုများအပေါ် ဗမာမှုပြုခြင်းများသည် အရပ်သားတစ်ပိုင်းအစိုးရ ခေတ် တစ်လျှောက်လုံးအပါအဝင် နိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ ရင်ဆိုင်လာခဲ့ရပါသည်။ စစ်ကောင်စီ ဦးဆောင်သော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် စစ်ရေးလှုပ်ရှားမှုပိုမိုများပြားလာစေပြီး လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဗုံးကြဲ ခြင်းများ အပါအဝင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများပေါ် ဖိနှိပ်မှုများ ပိုမိုဆိုးရွား စေခဲ့ပါသည်။ မြန်မာနိုင် ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ ရှုပ်ထွေးသော တရားဝင်မှုအခင်းအကျင်းသည် နိုင်ငံသားဖြစ်ခွင့်ကို အဟန့်အ တားဖြစ်စေပြီး ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရရှိမှုကို ကန့်သတ်စေပါသည်။ ဥပ မာအားဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကဲ့သို့သော ဥပဒေပိုင်းဆိုင်ရာလုပ်ဆောင် မှုများသည် လူတစ်ဦးချင်းစီအတွက် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများရှိသည့် လူ့အဖွဲ့အစည်းတစ်ခု ၏ ကြိုတင်သတ်မှတ်ထားသော အုပ်စုများအဖြစ်သို့ တွန်းပို့စေခဲ့ပါသည်။ နိုင်ငံသား အဆင့်အတန်း စာရွက်စာတမ်း များနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများနှင့် တူညီသော စာရွက်စာတမ်းများတွင် တိုင်းရင်းသားလူနည်းစုများ ပိုင် ဆိုင်သည့် လူတစ်ဦးချင်းစီ၏ အမည်များနှင့် အခြားအမည်များကို စနစ်တကျ ဗမာမှုပြုကာ ၎င်းတို့အတွက် အရေး ကြီးသော တိုင်းရင်းသားဖြစ်တည်မှုများကို ပျောက်ကွယ်စေပါသည်။ တိုင်းရင်းသားလူမျိုးများသည် ရိုးရာ ယဥ်ကျေး မှုဆိုင်ရာ အထိမ်းအမှတ်ပွဲများ ကျင်းပရန်၊ သမိုင်းဝင်ခေါင်းဆောင်များအားဂုဏ်ပြုရန် ရုပ်တုများစိုက်ထူခြင်းနှင့် ၎င်းတို့၏ တိုင်းရင်းသားအလံများမှတစ်ဆင့် ၎င်းတို့၏ ဖြစ်တည်မှုများအား ထုတ်ဖော်ပြသရန်အတွက် ကန့်သတ် ချက်များ ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့အပြင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တည်နေရာအမည်များကို ဗမာဘာ သာသို့ ပြောင်းလဲခဲ့ပြီး ယင်းနေရာများနှင့်ဆက်စပ်သော လူမျိုးရေး သွင်ပြင်လက္ခဏာများကို ဖျောက်ဖျက်ရန် ဆက် လက်လုပ်ဆောင်နေပါသည်။ တိုင်းရင်းသားပညာရေး အစီအစဉ်များကို ကန့်သတ်ပိတ်ပင်ခြင်းများသည် ဌာနေ တိုင်းရင်းသား ဘာသာစကားများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို သိသိသာသာ ထိ ခိုက်ပျက်ပြားစေခဲ့သည်။ မြန်မာအစိုးရကျောင်း သင်ရိုးညွှန်းတမ်းများသည် ဒေသခံဘာသာ စကားများကို အလေးမ ထားခြင်းနှင့် တိုင်းရင်သားလူမျိုးစုများအား ဖယ်ကျဉ်ခြင်းများကို ဆယ်စုနှစ်များချီ၍ ပြုလုပ်လာခဲ့သည်။ စစ်ဘေး စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရစဉ်တွင် ရွာသားများသည် ကျောင်းသင်ခန်းစာများကို ပြင်ဆင်ရန်နှင့် ၎င်းတို့ ကလေးများ၏ ပညာရေးအား မပျက်ကွက်စေရန် ကြိုးပမ်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်ရပါသည်။
လက်နက်ကိုင်ပဋိပက္ခများ လျော့နည်းသွားသည့်တိုင် မြန်မာအစိုးရမှ ငြိမ်းချမ်းရေးသဘောတူညီချက်များကို အ ကြောင်းပြကာ ဖွံ့ဖြိုးရေးစီမံကိန်းများအား 'ကြိုတင်အသိပေးခွင့်ပြုချက်' မရယူပဲ ပြုလုပ်ခဲ့ပြီး မြေယာပိုင်ဆိုင်ခွင့် ကဲ့သို့သော ကရင်လူမျိုးများ၏ မိရိုးဖလာမြေယာဓလေ့များကိုချိုးဖောက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ် ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အပြီးတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် ဒေသခံလူထုအပေါ် ရေရှည်လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား အလေးမထားဘဲ ဖွံ့ဖြိုးရေး စီမံကိန်းများကို လုပ်ဆောင်ခဲ့ကြသည်။ မြေယာသိမ်းဆည်းမှုများ၊ ရေကာတာတည်ဆောက်ခြင်းနှင့် သတ္တုတူးဖော် ခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများသည် ဌာနေတိုင်းရင်းသားအသိုက်အဝန်းများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ သာယာဝပြောရေးနှင့် ယဉ်ကျေးမှုဂုဏ်သိက္ခာများနှင့် အတူ ထွက်ပြေးတိမ်းရှောင်ရမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကိုဖြစ်စေပါသည်။ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူထောင်ပေါင်းများစွာကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းအပါအ ဝင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စီစဉ်ထားသည့် စီမံကိန်းများနှင့် ဆက်စပ်နေလေ့ရှိပါသည်။ ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေငြာစာတမ်း UNDRIP တွင်ပါဝင်သော အခြေခံမူများ နှင့် စံနှုန်းများ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်ချက်မူများကိုဆန့်ကျင်၍ ပါဝင်ပတ်သက် သူများသည် မြေယာသိမ်းဆည်းခြင်းမပြုလုပ်မီ ဒေသခံပြည်သူများ၏ သဘောတူညီချက်ကို ရယူရန် ပျက်ကွက်ခဲ့ပါ သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသူရွာသားများသည် တရားမျှတမှု သို့မဟုတ် လျော်ကြေးရရှိရန် နည်း လမ်းများမရှိဘဲ ၎င်းတို့၏ မြေယာအခွင့်အရေးများ ရရှိရန် ရုန်းကန်နေကြရသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ ဖြစ်တည်မှုကို ခေတ်အဆက်ဆက်ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ ဌာနေ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေငြာစာတမ်း (UNDRIP) ၏ အကျုံးဝင်မှုကို ပယ်ချခဲ့သည်။ မြန်မာနိုင်ငံသည် ပုံစံအမျိုးမျိုးဖြင့် လူမျိုးရေးခွဲခြားမှုပပျောက်ရေး နိုင်ငံတကာသဘောတူစာချုပ် (ICERD) ကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ၁၉၈၉ ခုနှစ် ဌာနေ တိုင်းရင်းသားများနှင့် လူမျိုးစုဆိုင်ရာ သဘောတူညီချက် အမှတ် ၁၆၉ ကို လက်မှတ်ရေးထိုးထားခြင်းမရှိပါ။ အစိုးရ အဆက်ဆက်မှ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR)အား နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ပဋိညာဉ် (ICESCR) ကို ၂၀၁၇ ခုနှစ်တွင်သာ အတည်ပြုခဲ့သည်။ နိုင်ငံတော်အဆင့်တွင် တန်းတူညီမျှရေးကို ၂၀၀၈ ဖွဲ့စည်းပုံ၊ ၂၀၁၄ အမျိုးသားပညာရေးဥပဒေနှင့် ၂၀၁၅ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်ရေးဥပဒေ များတွင် ရည်ညွှန်းသော်လည်း မြန်မာအစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများအကြား ခွဲခြား ဆက်ဆံမှုများ ဆက်လက်ဖြစ်ပေါ်စေရန်အတွက် လစ်ဟာမှုများစွာရှိနေခဲ့ပါသည်။ အချို့သောအခွင့်အရေး များ သည် နိုင်ငံတော်လုံခြုံရေးကို မထိခိုက်စေမှသာ ရရှိနိုင်ခြင်းသည် ဤဥပဒေမှ ဗမာတိုင်းရင်းသားအများစု၏ အခွင့် အရေးများကိုသာ အကာအကွယ်ပေးကာ မတူကွဲပြားသည့် အစုအဖွဲ့များအကြား အတင်းအကျပ် ပေါင်းစည်းခြင်း ကို ဖြစ်စေပါသည်။
ဌာနေတိုင်းရင်းသားများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုသည့်အနေနှင့် ၎င်းတို့အပါ်ဖိနှိပ်မှုများကို ရှုတ်ချပြီး ၎င်းတို့၏အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားပြီး ၎င်းတို့၏မြေယာများကို ကာကွယ်သည့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန်အတွက် တိုက်တွန်း လှုံ့ဆော်လိုပါသည်။
ဤအပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့တွင် KHRG မှ နိုင်ငံတကာ သက်ဆိုင်သူများ၊ အစိုးရ မဟုတ် သော အဖွဲ့အစည်းများနှင့် ဒေသတွင်းနှင့် နိုင်ငံခြားအစိုးရများအား အောက်ပါအတိုင်း တိုက်တွန်းအပ်ပါသည်။
- အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ တိုင်းရင်းသားလူနည်းစုများအပေါ် ကျူး လွန်သည့် စနစ်တကျခွဲခြားဆက်ဆံခြင်းများနှင့် ကျယ်ကျယ်ပြန့်ပြန့်ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို အ သိအမှတ်ပြုပြီး မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများ၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ ကို ချိုးဖောက်နေမှုအများအပေါ် အသိပေးလှုံ့ဆော်မှုများပြုလုပ်ရန်။
- ဌာနေတိုင်းရင်းသားများအတွက် ပံ့ပိုးကူညီမှုအစီအစဉ်များအား ချဲ့ထွင်နိုင်ရန်အတွက် ဒေသတွင်း အရပ် ဘက်လူ့အဖွဲ့အစည်း (CSOs)၊ လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် တိုင်းရင်းသား ဝန်ဆောင်မှုပေး သူများ (အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ဥပဒေအကူအညီနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများလက်လှမ်းမီနိုင်ရန် ကြိုးစားနေသော အစုအဖွဲ့များ) ကိုပံ့ပိုးကူညီ ရန်။
- ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ အခွင့်အရေးချိုးဖောက် ခံရ သူများ အတွက်စည်းရုံးလှုံ့ဆော်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုမျက်မြင် သက်သေများအား လုံလောက် သောပံ့ပိုးကူညီမှုနှင့် အကာအကွယ်များပေးခြင်းများအား ကြိုးစားလုပ်ဆောင်နေသော ဒေသတွင်းနှင့် အ ရပ်ဘက်အဖွဲ့အစည်းများ၏အသံကို နားထောင်ပြီး ၎င်းတို့အားပံ့ပိုးကူညီရန်။
ဆက်သွယ်ရန်
စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား - စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org