ယနေ့ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကရင့်လူ့အခွင့်အရေးအဖွဲအစည်း (KHRG) မှ ပဋိပက္ခနှင့် ဖိနှိပ်မှုအောက်မှ လွတ် မြောက်ရန်အတွက် နေအိမ်စွန့်ခွာရသူများ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုလိုပါသည်။ ပြည်တွင်းရှိ စစ် ဘေးရှောင်ပြည်သူများ၊ ဒုက္ခသည်စခန်းများတွင်ခိုလှုံနေကြသူများနှင့် နယ်စပ်တစ်လျှောက်တွင် ထွက်ပြေးတိမ်း ရှောင်နေရသည့် ပြည်သူလူထုများ၏လိုအပ်ချက်နှင့်မျော်လင့်ချက်အတွက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို KHRG မှ ရယူလိုပါသည်။ ယနေ့တွင် KHRG မှ စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများမှ လွတ်မြောက်ရန်အတွက် နေ အိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများ အားလုံးနှင့် တညီတညွတ်တည်း ရပ်တည်ကြရန် KHRG မှ နိုင်ငံတကာအသိုင်းအ ဝိုင်းကို တိုက်တွန်းလိုက်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများမှလွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်နေရသူများကို တိကျပြီးထိရောက်မှုရှိသော အကာအကွယ်ပေးရန် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတာဝန်ရှိသူများကို တိုက် တွန်းလိုပါသည်။ ၂၀၁၅ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)[1] လက်မှတ်ရေးထိုးပြီး နောက် ဆန္ဒအလျောက်နေရပ်ပြန်မှုများတိုးလာခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများကြောင့် ကရင်ပြည်နယ်နှင့် နိုင်ငံတဝှမ်းတွင် အရပ်သားများ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရသည်။ စစ်ကောင်စီ (SAC) သည် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ရွာလုံးကျွတ်မီး ရှို့မှုများအပါအဝင် အကြမ်းဖက်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အခြားဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု များကို ကျူးလွန်ခဲ့သောကြောင့် တစ်နိုင်ငံလုံး ဖရိုဖရဲဖြစ်စေပြီး ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းကို ဖြစ်စေခဲ့ပါသည်။ ကလေးငယ်များသည် တိုက်ပွဲများ၏သက်ရောက်မှုကို ဆိုးရွားစွာခံ စားရပြီး ၎င်းတို့၏ ပညာရေးနှင့် အသက်ရှင်ရပ်တည်မှုအတွက် အန္တရာယ်များနှင့် အခက်အခဲများစွာ ရင်ဆိုင်နေကြ ရသည်။ ကလေးဘဝတွင် ပျော်ပါးဆော့ကစားခွင့်မရကြသော ကလေးငယ်များသည် မြန်မာပြည်၏ အနာဂတ်ဖြစ် ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် ၎င်းတို့မှ ပညာသင်ကြားခွင့်ရရှိရန် အလွန်အရေးကြီးပါသည်။
စစ်ကောင်စီသည် ထွက်ပြေးတိမ်းရှောင်နေရသော အရပ်သားများ၏ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက် များကို ဆက်လက် ငြင်းဆိုထားပြီး၊ လူသားချင်းစာနာမှု အကူအညီများအား အရေးပေါ်လိုအပ်နေသူများကို ပို့ ဆောင်ပေးအပ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဟန့်တားနှောင့်ယှက်နေပါသည်။ ဤလုပ်ဆောင်ချက်များသည် နိုင်ငံ တကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွင်ပါဝင်သည့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်ရခြင်းမှကာ ကွယ်ပေးရန်[2] နှင့် ထွက်ပြေးတိမ်းရှောင်နေရသူများအားကာကွယ်ကူညီပေးရမည့် စစ်ဖြစ်နေသောအဖွဲ့များ၏တာ ဝန်[3] ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေပါသည်။ ထို့အပြင် အရှေ့တောင်အာရှနိုင်ငံအများစုသည် နိုင်ငံတကာဒုက္ခ သည်များ ဥပဒေနှင့် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားခြင်း မရှိ သော်လည်း ထိုသဘောတူစာချုပ်များတွင်ပါဝင်သော ဒုက္ခသည်များကို လုံခြုံသောနိုင်ငံသို့ ဝင်ခွင့်ပြုရန်နှင့် ၎င်းတို့ ၏ အသက်အန္တရာယ် သို့မဟုတ် လွတ်လပ်မှုကို ပြင်းထန်စွာ ခြိမ်းခြောက်နေသည့်နိုင်ငံ[4] သို့ပြန်မပို့ရန်ဖြစ်သော ဒုက္ခ သည်များ သို့မဟုတ် ခိုလှုံခွင့်ရှာဖွေသူများအား နေရပ်ပြန်မပို့ရေး (non-refoulement) အခြေခံမူသည် ဓလေ့ထုံး တမ်းဆိုင်ရာ နိုင်ငံတကာဥပဒေ[5] အဖြစ် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုထားသည့် အဆိုပါဥပဒေများအား လိုက်နာ ဆောက်ရွက်ခြင်း မရှိခဲ့ပါ။
ထွက်ပြေးတိမ်းရှောင်ရမှုသည် အသက်ရှင်ကျန်ရစ်သူများအပေါ်သာမက လူမှုအသိုက်အဝန်းအပေါ် ဆိုးရွားပြီး ရေ ရှည်တည်တံ့သော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများရှိစေပါသည်။ အရပ်သားများအပေါ် တိုက်ခိုက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသောအခါ၊ အထူးသဖြင့် အခြားအကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများနှင့် ပေါင်းစပ် သည့်အခါ ၎င်းတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့၏သားသမီးများအပေါ် အန္တရာယ်ကျရောက်နေသည်ဟု ယူဆသူများ သည် ကြောက်ရွံ့မှုများနှင့် ရေရှည်စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ဖြစ်စေပါသည်။ ဤစိတ်ဒဏ်ရာများသည် လူမှုအ သိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်မှုကိုထိခိုက်စေခြင်း၊ ဆက်ဆံရေး တင်းမာခြင်းနှင့် ပုံမှန်အခြေအနေတစ်ရပ်ကို ပြန်လည်တည်ဆောက်ရန် ခက်ခဲစေပါသည်။[6]
ဤကမ္ဘာ့ဒုက္ခသည်များနေ့တွင် KHRG မှ နိုင်ငံတကာတာဝန်ရှိသူများနှင့် နိုင်ငံခြားအစိုးရများအား အောက်ပါအ တိုင်းတိုက်တွန်းအပ်ပါသည်။
- အိမ်နီးချင်းနိုင်ငံများ၏ အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော်ခိုလှုံလာသူများကို ဝင်ခွင့်ပြုရန်နှင့် ခိုလှုံလို သူများအတွက် အထောက်အပံ့နှင့် အကာအကွယ်ပေးရေးဝန်ဆောင်မှုများ ကောင်းမွန်စေရန် နယ်စပ်ဖြတ် ကျော်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန်။
- နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အေဂျင်စီများနှင့် ဒေသအတွင်းလှုပ်ရှားနေသော အရပ်ဘက်အဖွဲ့ အစည်းများ (CSO) များမှတစ်ဆင့် အကူအညီများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်။
- ရန်ပုံငွေခွဲဝေမှုများတွင် မှတ်ပုံတင်ခြင်းမတင်ခြင်းကိုအခြေမခံပဲ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အ ထူးသဖြင့် ဒေသခံတိုင်းရင်းသား ဝန်ဆောင်မှုပေးသူများနှင့် CSO များကို ပါ၀င်စေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနှင့် အကြပ်အတည်းဖြေရှင်းရေးနည်းလမ်းများအတွက် ဆုံးဖြတ်ချက်ချရာ တွင် ဒေသခံတာဝန်ရှိသူများနှင့် ဒေသခံလူထုများပါ၀င်စေရန်။
- SAC သည် လက်ရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းများကို ဖြစ်စေ သည့် တရားခံအဖြစ် အသိအမှတ်ပြုပြီး ၎င်းတို့နှင့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း သို့မ ဟုတ် ၎င်းတို့နှင့်ပူပေါင်းလုပ်ဆောင်ခြင်းဖြင့် အသိအမှတ်ပြုရာရောက်သော လုပ်ဆောင်ချက်များကို ရှောင်ကျဉ်ရန်။
- SAC အားကူညီထောက်ပံ့မှုများ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာမပေး ရန်နှင့် ထောက်ပံ့မှုများကို ၎င်းတို့မှတဆင့် သွယ်ဝိုက်ပေးပို့ခြင်းများအားရှောင်ကျဉ်ရန်။
- မြန်မာစစ်ခေါင်းဆောင်များအား အရပ်သားများအပေါ်ပစ်မှတ်ထားခြင်း သို့မဟုတ် တိုက်ခိုက်ရာတွင် ခွင့် ပြုခြင်းများကြောင့် တရားမျှတမှုရရှိရန် နိုင်ငံတကာအဆင့်တရားစီရင်ရေးတွင် ချက်ချင်းအရေးယူရန်။
ဆက်သွယ်ရန် -
စောနန္ဒဆူး - စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ - hsue@khrg.org
နော်ဖောလား - စည်းရုံးလှုံ့ဆော်ရေးအရာရှိ - nawpawlah@khrg.org
Footnotes:
[1] KHRG, Stepping into Uncertainty: Refugee and IDP Experiences of Return in Southeast Myanmar, Thematic Report, August 2020.
[2] International Committee of the Red Cross (ICRC), Rules of Customary International Humanitarian Law, Rule 129 (B).
[3] Article 3 Common to the 1949 Four Geneva Conventions; Article 13, Additional Protocol II to the Geneva Conventions of 12 August 1949, and Relating to the Protection of Victims of Non-International Armed Conflicts. See also, ICRC, How does IHL protect refugees and internally displaced persons?, Article, 22 January 2015.
[4] Human Rights Watch (HRW), Thailand: Recent Refugees Pushed Back to Myanmar, 29 November 2023.
[5] UN High Commissioner for Refugees (UNHCR), The Principle of Non-Refoulement as a Norm of Customary International Law. Response to the Questions Posed to UNHCR by the Federal Constitutional Court of the Federal Republic of Germany in Cases 2 BvR 1938/93, 2 BvR 1953/93, 2 BvR 1954/93, 31 January 1994.
[6] KHRG, Undeniable: War crimes, crimes against humanity and 30 years of villagers’ testimonies in rural Southeast Burma, Thematic Report, December 2022, pp. 62-64. See also, P. Kaiser, M. T. Benner, K. Pohlmann, Prolonged Humanitarian Crises – Mental Health in a Refugee Setting at the Thai-Myanmar Border, Athens Journal of Health & Medical Sciences, Vol. 7, Issue 2, June 2020, pp. 105-126.