Sun, 10 Dec 2023
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ထုတ်ပြန်ချက်

  

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကျွန်ုပ်တို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) သည် လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရန်အတွက် မယိမ်းယိုင်သောကတိကဝတ်များကို ထပ်မံအတည်ပြုပြီး မြန်မာပြည်သူများနှင့် အတူအကွ ရပ်တည်နေပါသည်။ ယနေ့အချိန်အခါထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ဦးဆောင်မှုအောက်ရှိမြန်မာစစ်တပ်သည် နိုင်ငံတစ်ဝှမ်းတွင် စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့်ရာဇ၀တ်မှုများနှင့် အခြားသောလူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံစံအမျိုးမျိုးဖြင့် ပြစ်ဒဏ်ပေးခံရမှုလုံးဝမရှိဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် မြန်မာပြည်သူများ၏ရုန်းကန်နေရမှုများနှင့် ထိုချိုးဖောက်မှုများအားခုခံတွန်းလှန်ရာတွင် ၎င်းတို့၏ခံနိုင်ရည်ရှိမှုများအပေါ် အသိအမှတ်ပြုသောအနေဖြင့် ကျွန်ုပ်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်းများအား မြန်မာပြည်၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုး ဖောက်မှုအခြေအနေများကိုအာရုံစိုက်စေလိုပြီး စစ်ကောင်စီများ၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များအားအ ဆုံးသတ်စေရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြပါရန် တောင်းဆိုလိုက်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် အရပ်သားများ၏ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် မတရားဖမ်းဆီးခြင်းအပြင် အရပ်သားများအား ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများအထိ စသည့်တိုက်ခိုက်မှုအမျိုးမျိုးကို ပြန်လည်စတင်ကျူးလွန်နေပါသည်။ အဆိုပါစစ်ကောင်စီသည်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပေါ် ဖြတ်လေးဖြတ်နည်းဗျူဟာဖြစ်သော စားနပ်ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်များနှင့် လူသစ်စုဆောင်းခြင်းများကို တားဆီးခြင်းများကို ပြန်လည်အသက်သွင်းနေပါသည်။ ထို့အပြင် ၎င်းတို့သည် ရွာသားများအား စားနပ်ရိက္ခာအရင်းအမြစ်များနှင့် အကူအညီများရရှိရေး၊ ဒေသအတွင်းသွားလာ လှုပ်ရှားမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလာခွင့်များကိုလည်း တားဆီးပိတ်ပင်ထားပါသည်။ အရပ်သားပြည်သူအများ အပြားသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်မှု (သို့မဟုတ်) အရပ်ဘက် သို့မဟုတ် စစ်ကောင်စီအားတော်လှန်ရာတွင် ပါဝင်ပတ်သက်မှုများကြောင့် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကိုခံ နေရပါသည်။ မြန်မာစစ်တပ်မှ စစ်သားများသည် အတင်းအဓမ္မပျောက်ဆုံးစေခြင်း ရာဇဝတ်မှုများကိုလည်းကျူး လွန်ခဲ့နေသည်။ ထို့အပြင် အမျိုးသမီးနှင့်ကလေးငယ်များအဝင် အတင်းအဓမ္မပျောက်ဆုံးခြင်း ခံရသောအရပ်သား အချို့သည် ပေါ်တာများ၊ လမ်းပြများနှင့် လူသားဒိုင်းများအဖြစ်အသုံးပြုခံရပြီး တစ်ခါတစ်ရံ မိုင်းရှင်းလင်းသူများ အဖြစ်ပင် အသုံးပြုခံရကြပါသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည်လည်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုအပါအဝင် ဆိုးရွားသောပြုကျင့်မှုများ ကျူးလွန်ခြင်းခံနေရပါသည်။ မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့ တောင်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာနှင့် ကျား-မအခြေပြု အကြမ်းဖက်များလုပ်ရပ်များကို ပြစ်ဒဏ်ပေးခံရမှုလုံးဝမရှိ ဘဲ ကျူးလွန်နေဆဲဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် အာဏာသိမ်းပြီးကတည်းက  လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတဝှမ်းလုံးတွင် အရှိန်အဟုန်မြင့်တိုက်ခိုက်ခြင်းများ ပြုလုပ်နေပါသည်။ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေပါသည်။ ထို့ အပြင် အဆိုပါတိုက်ခိုက်မှုများကြောင့် ကျောင်းများ၊ ဆေးခန်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦးများ အပါအဝင် အရေးကြီးသောအများပိုင်အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။ KHRG ၏ မှတ်တမ်း များအရ ယခု ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု (၉၅) ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၁၃၄) ဦးထက်ပို၍ရှိခဲ့ပါသည်။ ထို့အပြင် ၎င်းတို့သည် လက်နက်ကြီးပစ်ခတ်မှု (၂၄၉) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၃၈၄) ဦးထက်မနည်း ရှိခဲ့သည်။  ဤသို့ အရပ်သားများအပေါ် ဆက်လက်ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများသည်လည်း အရပ်သားများကို အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုများတိုးပွားလာစေကာ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်စေပါသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသအများအပြားတွင် အသက်ကယ်ဆယ်ရေး လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများပြလုပ်ရန်ကိုငြင်းပယ်ခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုများ ကို တားဆီးပိတ်ပင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ သိမ်းယူခြင်းများကို လုပ်ဆောင်နေ ဆဲဖြစ်ပါသည်။

မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း များကို ဖြေရှင်းနိုင်ရန်အတွက် ထိုအကြပ်အတည်းများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းတရားကို အသိအမှတ် ပြုရန် အရေးကြီးပါသည်။ နိုင်ငံတကာအ သိုင်းအဝိုင်းများသည် မြန်မာပြည်သူများ၏စကားသံများကို စိတ်ရင်းမှန် ဖြင့်အာရုံစိုက်ပြီး၊ စစ်ခေါင်းဆောင်များ၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများအပေါ် ရပ်တန့်အောင်လုပ် ဆောင်ရာတွင် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည်ဖြစ်သည်။ ထို့အပြင် စစ်ကောင်စီမှ ဆက်လက်ကျူးလွန်နေသည့် များပြားလှသောလူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တာ၀န်ယူဆောင်ရွက်ခြင်း မရှိပါက အရပ်သားများအနေဖြင့် ထိုချိုးဖောက်မှုများကို ဆက် လက်တွေ့ကြုံခံစားနေရမည်ဖြစ်ပါသည်။ ဤအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် KHRG မှ နိုင်ငံတကာသက်ဆိုင်သူများနှင့် နိုင်ငံခြားအစိုးရများအား အောက်ပါအတိုင်း တိုက်တွန်းလိုက်ပါသည်။

  • စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းများ နှင့် ထွက်ပြေးတိမ်းရှောင်ရမှုများကိုဖြစ်စေသည့် အဓိကတရားခံဖြစ်သည်ကို လက်ခံအသိအမှတ်ပြုရန်။
  • စစ်ကောင်စီနှင့် စာချုပ်များချုပ်ဆိုခြင်းနှင့် အခမ်းအနားများသို့ဖိတ်ကြားခြင်းများအပါအဝင် မည်သည့်တ ရားဝင်အခွင့်အာဏာကိုမျှမပေးရန်။
  • စစ်ကောင်စီမှ ရက်စက်ကြမ်းကြုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်လုပ်ဆောင်နိုင် ရန်အခွင့်ပေးစေမည့် စစ်ရေးအရ၊ စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်မှုများကိုရှောင်ရှားရန်။
  • လေယဉ်ဆီတင်ပို့မှု၊ လောင်စာဆီနှင့် သဘာဝဓာတ်‌‌ငွေ့တင်ပို့မှုရပ်တန့်ခြင်းနှင့် စစ်ခေါင်းဆောင်များ၏ စီးပွားရေးအပေါ်ပိတ်ဆို့အရေးယူမှုများအားပြုလုပ်ရာတွင် ဝိုင်းဝန်းကူညီထောက်ပံ့ရန်။
  • ချိုးဖောက်မှုများစွာအပေါ် စစ်ခေါင်းဆောင်များကိုအရေးယူနိုင်မည့် စုံစမ်းစစ်ဆေးမှုများနှင့် တရား‌စွဲဆိုမှု များကိုကူညီပံ့ပိုးပြီး အခြားသောတရားမျှတမှုရရှိရေး အခွင့်အရေးများကို ရှာဖွေရန်။
  • လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်နေသော လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့်လူပုဂ္ဂိုလ်များကိုကူညီပံ့ပိုးပေးရန်။
  • လုပ်ငန်းအကောင်အထည်ဖော်ရန် စွမ်းရည်နှင့် ကွန်ယက်ရှိသော CBO/CSO များကိုအခြေခံသည့် အ‌ရေးပေါ်ကူညီထောက်ပံ့မှုအစီအစဉ်များကို ဦးစားပေးပြီးအားဖြည့်ပေးရန်။
  • ကိုယ်ထူကိုယ်ထကျောင်းများ၊ တိုင်းရင်းသားကျောင်းများနှင့် ပညာရေးစနစ်များကို ဒေသတွင်းဝန်ဆောင် မှုပေးသူများနှင့် CSO/CBO များမှတစ်ဆင့်အကူအညီများပေးပို့ခြင်းဖြင့်ထောက်ပံ့ပေးရန်။
  • CSO/CBO များနှင့်လက်တွဲပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ကူညီထောက်ပံမှုပေးနိုင်သည့် ထောက်ပံ့မှုနည်းလမ်းများကိုတည်ဆောက်ရန်။

 

ဆက်သွယ်ရန်
စောနန္ဒဆူး - hsue@khrg.org
နော်ဖောလား - nawpawlah@khrg.org
Sun, 10 Dec 2023

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်