Thu, 25 Nov 2021
အပြည်ပြည် ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့

   

 

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁၀  ရက်နေ့အထိ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ နှင့် ကျား – မအခြေခံပြုအကြမ်း ဖက်မှုကို ဆန့်ကျင်သည့် ၁၆ ရက်တာလှုပ်ရှားမှုကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ KHRG အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အ ကြမ်းဖက်မှု အသွင်သဏ္ဏာန်အားလုံးကို အဆုံးသတ်ရန် ထပ်မံအတည်ပြုတောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် တရားမျှတမှုအတွက် ၎င်းတို့ကိုယ်တိုင် ရှေ့တွင် အစဥ်အမြဲ မားမားမတ်မတ် ရပ် တည်နေကြသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အ သက်အရွယ်အသီးသီးရှိအမျိုးသမီးများသည် ၎င်းတို့ကလေးများ၏ ကောင်းမွန်သောအနာဂတ်အတွက် ဦးစီးဦး ဆောင်ကာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ခဲ့ကြပါသည်။ ၎င်းတို့သည် အတိတ်ကရင်ဆိုင်ကြုံတွေ့ရသော အ ကြောက်တရားအား ပြန်လည်မခံစားရအောင် ကြိုးပမ်းရာ၌ အပစ်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း စသည်တို့ ရင်ဆိုင်ကြုံတွေ့ကြရပါသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လုပ်ဆောင်သော စစ်တပ်မှထိုးစစ်ဆင်မှုများသည် အမျိုးသမီးများ၏ ကျန်းမာ ရေးနှင့် မျိုးပွားမှုဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေပါသည်။ စစ်ကောင်စီတပ်မှ မတ်လ နှင့် ဧပြီလအတွင်း ကျေးရွာထဲသို့ တမင်ရည်ရွယ်၍ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထောင်နှင့်ချီသော အရပ်သားများ နေရပ်‌ရွေ့ပြောင်းခဲ့ကြရသည်။ ရွာသားအများအပြားသည် သံလွင်မြစ်နှင့်တောထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ပါသည်။ ထွက်ပြေးတိမ်းရှောင်သူများထဲတွင် နေ့စေ့လစေ့ ကိုယ်၀န်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုအမျိုးသမီး နှင့် ဆယ်ကျော်သက် အမျိုးသမီးများစွာ ပါဝင်ပါသည်။ ထို့အပြင် ထွက်ပြေးနေစဥ်အတွင်း သားဖွားခဲ့ရသည့် ကိုယ် ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်ရှိသော မိခင်များပါ၀င်ပါသည်။ ၎င်းတို့၏ ကိုယ်တိုင်နှင့် ကလေးများ၏ ကျန်းမာရေးအား အလွန်အန္တရာယ်ရှိသည့်အနေ အထားတွင် ပုန်းရှောင်နေကြရပါသည်။

ထို့ပြင်မြန်မာပြည် အ‌ရှေ့တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးချဲ့လုပ်ဆောင်လာခြင်းသည် အမျိုးသမီးများ အပေါ် အတင်းအဓမ္မခိုင်းစေခြင်း အန္တရယ်ကိုဖြစ်စေပါသည်။ စစ်တပ်မှ အရပ်သား များအား အသုံးပြုကာ ၎င်းတို့၏ စားနပ်ရိက္ခာနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သယ်ဆောင်စေခဲ့သည့် အစီရင်ခံစာများကို KHRG မှလက်ခံရ ရှိခဲ့ပါသည်။ အတင်းအဓမ္မပေါ်တာဆွဲခြင်းသည် ပဋိပက္ခကာလအတွင်း စစ်တပ်မှ အများဆုံးကျူးလွန်လေ့ရှိသော ချိုးဖောက်မှုပုံစံတစ်မျိုးဖြစ်ပြီး အမျိုးသားများသည် ၎င်းတို့၏ဇနီးနှင့်သားသမီးများအားရွာတွင်ထားခဲ့ကာ ထွက် ပြေးခဲ့ကြရပါသည်။ ထို့ကြောင့် အမျိုးသမီးများသည် ‌ဒေသခံစစ်သားများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ခြိမ်း ခြောက်မှုကိုခံရနိုင်ချေများပါသည်။ ယခုအချိန်တွင် စစ်တပ်မှ အမျိုးသမီးများအား မြေမြှုပ်မိုင်းများစွာ တည်ရှိနေ သည့်‌‌နေရာဒေသများတွင် အတင်းအဓမ္မခိုင်းစေခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း၊ ရန်သူ၏တိုက်ခိုက်မှုမှကာ ကွယ်ရန် လူသားဒိုင်းသဖွယ်အဖြစ်အသုံးပြုခြင်း စသည်တို့ပိုမိုများ ပြားလာပါသည်။ သြဂုတ်လအတွင်း မြန်မာစစ် တပ်မှ အမျိုးသမီးသုံးဦးအားဖမ်းဆီးကာ ၎င်းတို့၏ ပစ္စည်းများအားသယ်ဆောင်ရန်ခိုင်းစေမှုမပြုမီနှင့် လူသားတိုင်း အဖြစ်အသုံးမပြုမီ ရိုက်နှက်ခဲ့ကြသည်။

အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံ၏ပြည်တွင်းဥပဒေအောက်တွင် အမျိုးသမီးများအား အပြည့်အဝကာကွယ်မှု ပေးရန် အားနည်းခြင်းသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ထိရောက်စွာတုန့်ပြန်ရန် အဟန့်အတားဖြစ် စေပါသည်။ စစ်အာဏာသိမ်းမှုသည်  အမျိုးသမီးများအပေါ်  ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအ တွက်ကျူးလွန်သူမှ တာဝန်ယူမှုတာဝန်ခံမှုမရှိသလို ထိခိုက်နစ်နာသူအမျိုးသမီးများအတွက် တရားမျှတမှုမရရှိခဲ့ပါ။ နိုင်ငံတကာဥပ‌ဒေအောက်တွင် အမျိုးသမီးများအားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုးစုံအပေါ်မြန်မာနိုင်ငံအနေဖြင့် ဥပဒေပြုရန်၊ အကောင်အထည်ဖော်ရန်နှင့် စောင့်ကြည့် ဖြေရှင်းမှုပြုရန် ရှင်းလင်းစွာဖော်ပြထားပါသည်။ မြန်မာနိုင် ငံသည် ၁၉၉၇ ခုနှစ် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပ‌ပျောက်‌ရေးသဘောတူစာချုပ်၏ ပါတီဝင် ဖြစ်လာပြီး ၂၀၁၃ ခုနှစ် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရေး ကြေညာစာတမ်းတို့ကို သ ဘောတူလက်မှတ် ရေးထိုးခဲ့သည်။ သို့သော်လည်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မြန်မာ နိုင်ငံ တစ်ဝှမ်းလုံး တွင်ရှိသော အာဏာသိမ်းစစ်တပ်၏ စနစ်တကျ ကျူးလွန်ခြင်းများကြောင့် လိင်ပိုင်းဆိုင်ရာ အ ကြမ်းဖက်မှုသည် အတိတ်ကာလတွင်သာမက ယခုအချိန်ထိဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ အာဏာသိမ်းစစ် တပ်မှ ယခုဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအား ကာကွယ်ဖြေ ရှင်းမှုပြုရန် မြန်မာနိုင်ငံမှ အဆိုပြုခဲ့သည့် နိုင်ငံ၏ကတိကဝတ်စာချုပ်နှင့် နိုင်ငံတကာ၏ ဝတ္တရားကို ဖြည့်ဆည်းရန် မျှော်လင့်၍လုံးဝမရပါ။

ဤ ကျား – မအခြေပြု အကြမ်းဖက်မှုကိုဆန့်ကျင်သည့် ၁၆ ရက်တာလှုပ်ရှားမှုကို ပြုလုပ် ရာတွင် KHRG အနေဖြင့် နိုင်ငံတကာရှိ အသိုင်းအဝိုင်းများအား ပဋိပက္ခများနှင့် ဆက်နွယ်ဖြစ်ပွားသော လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့် ထိုကဲ့သို့ အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်နေလျက်ရှိသော မြန်မာစစ်တပ်အား လွတ်ငြိမ်းခွင့်ပေးခြင်းတို့ အ‌ပေါ် ပိုမိုထိရောက်စွာအရေးယူရန် တိုက်တွန်းလှုံ့ဆော်မှုပြုအပ်ပါသည်။

Thu, 25 Nov 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages