KHRG အကြောင်း

KHRG အကြောင်း

မျှော်မှန်းချက်

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် အနာဂတ်တွင် မြန်မာပြည်ရှိတိုင်းရင်းသားနှင့် ပြည်သူလူထုများအားလုံး တရားမျှတမှုနှင့် တန်းတူအခွင့်အရေးများ အပြည့်အဝရရှိရန် မျှော်မှန်းချက်အခိုင်အမာ ထားရှိထားပါသည်။

လုပ်ဆောင်ချက်

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် လွတ်လပ်သော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာပြည် အတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် ရွာသားများ၏အသံများကို မှတ်တမ်းတင် ခြင်းများ ပြုလုပ်ပါသည်။ ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် ၎င်းတို့၏အခွင့်အရေးများကို ပြန် လည်တောင်းဆိုခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တုန့်ပြန်ကာကွယ်ခြင်းစသည့် နည်းဗျူဟာများကို လည်း ပံ့ပိုးကူညီပေးပါသည်။ ရွာသားများ၏အသံ၊ အမြင်သဘောထားနှင့် အဓိကတောင်းဆိုမှုများသည် ဆုံးဖြတ် ချက်ချနိုင်သော သြဇာအာဏာရှိသူများအား လွှမ်းမိုးနိုင်ရန်နှင့် ၎င်းတို့၏လူ့အခွင့်အရေးများ တောင်းဆိုနိုင်သည့် အခွင့်အရေးများ ပိုမိုရရှိလာစေရန်ရည်ရွယ်ပြီး ရွာသားများ၏ လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးပါသည်။ ထို့နည်းအတူ ရွာသားများ၏ မိမိကိုယ်ကိုကာကွယ်သည့် နည်းလမ်းများအား ဝိုင်းဝန်းပံ့ပိုးပေးရန် ပြည်တွင်းပြည်ပအဖွဲ့အစည်းများကိုလည်း တိုက်တွန်းလှုံ့ဆော်ပေးပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏လှုပ်ရှားမှုများ

  • ကွင်းဆင်းသုတေသနပြုခြင်း - လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစုရာတွင် KHRG မှ ချမှတ်ထား သော အစီရင်ခံစာပုံစံများကိုအသုံးပြုပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသခံအဖွဲ့ဝင်များအား အစီရင်ခံစာ တင်ပြရန်၊ အခြားသောရွာသားများအား တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ရန်နှင့် ၎င်းတို့ဒေသတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအား ရေးသားဖော်ပြရန် လေ့ကျင့်ပေးထားပါသည်။ ထို့အပြင် ဒေသခံအဖွဲ့ဝင်များအား လတ်တ လောဖြစ်ပျက်နေသော ဖြစ်စဉ်များအား အကျဉ်းချုပ်တင်ပြခြင်း၊ အရေးကြီးသည်ဟု ယူဆရသည့်ကိစ္စရပ်များ အားတင်ပြခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ရွာသားများ၏ အမြင်သဘောထားများကို တင်ပြခြင်းနှင့် ၎င်းတို့ဒေသအတွင်းရှိ အခြားသောထူခြားသည့်ဖြစ်စဉ်များအပေါ်တင်ပြခြင်း စသည်တို့အားပြုလုပ်နိုင်ရန် လေ့ကျင့်သင်ကြားပေးထားပါသည်။
  • အစီရင်ခံစာရေးသားခြင်း - KHRG အနေဖြင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများ၏ အမြင်သဘော ထားများနှင့် အတွေ့အကြုံများကို တိုက်ရိုက်သိရှိနိုင်ရန် ကွင်းဆင်းသုတေသနပြုခြင်းမှ ရရှိသောအချက်အလက် များအား ဘာသာပြန်ပြီး တွေဆုံမေးမြန်းခန်း၊ မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ၊ နောက်ဆုံးရဒေသတွင်း အစီရင်ခံ စာနှင့် အခြားသောအစီရင်ခံစာပုံစံတို့ဖြင့် ဝက်ဘ်ဆိုဒ်ပေါ်တွင် ရေးသားထုတ်ဝေပါသည်။ KHRG အဖွဲ့ဝင်များမှ ရွာသားများ၏အသံများနှင့် ဦးစားပေးတောင်းဆိုချက်များသည် ဆုံးဖြတ်ချက်ချသူများထံသို့ ရောက်ရှိကြောင်း သေချာစေရန် ကွင်းဆင်းသုတေသနပြုခြင်းမှ ရရှိသောအချက်အလက်များကိုပြုစုပြီး အကြောင်းအရာအလိုက် ဆန်းစစ်သုံးသပ်သည့် နှစ်ချုပ်အစီရင်ခံစာများ၊ ထုတ်နုတ်တင်ပြချက်အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်ချသူများ ကို လွှမ်းမိုးနိုင်သည့်သူများအား ပစ်မှတ်ထားသည့် စုစည်းတင်ပြချက်များကိုလည်း ရေးသားထုတ်ဝေထားပါ သည်။
  • ကျေးလက်စွမ်းရည် ဆွေးနွေးပွဲကို KHRG မှ ကျေးရွာအဆင့်များတွင် ပြုလုပ်ပေးပါသည်။ ရွာသူရွာသားများသည် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများနှင့် ပတ်သက်ပြီး ၎င်းဆွေးနွေးပွဲမှ မိမိတို့၏အတွေ့အကြုံများအား အပြန် အလှန်ဝေမျှဖလှယ်နိုင်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ခုခံကာကွယ်နိုင်သည့် နည်းလမ်းများကိုပါ သင် ယူရရှိနိုင်ပါသည်။ ထို့အပြင် ရွာသူရွာသားများသည် အဆိုပါဆွေးနွေးပွဲမှ ၎င်းတို့၏လူ့အခွင့်အရေးများ ပြန်လည် တောင်းဆိုရန်နှင့် ကာကွယ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ အသိပညာဗဟုသုတများနှင့် ပြည်တွင်းရှိ် လူ့အခွင့်အရေးဆိုင်ရာယန္တရားများ အသိပညာများကိုပါ သင်ယူရရှိနိုင်ပါသည်။
  • လူ့အခွင့်အရေးနှင့်နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအလုပ်ရုံဆွေနွေးပွဲများ KHRG သည် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စစ်သားများအတွက် ပူးပေါင်းပါဝင်မှု အလုပ်ရုံဆွေး နွေးပွဲများကိုလည်း ဦးဆောင်ကျင်းပပေးပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲများသည် ပဋိပက္ခနှင့်သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် အပြည်ပြည်ဆိုင်ရာလူသား ချင်းစာနာထောက်ထားမှုဥပဒေဆိုင်ရာ အကြောင်းအရာများကို သင်ကြားပို့ချပေးပါသည်။
  • ပြည်တွင်းပြည်ပ စည်းရုံးလှုံ့ဆော်ရေး - ကွင်းဆင်းသုတေသနမှရရှိသော ရွာသားများတင်ပြသည့် လူ့အခွင့်အ ရေးဆိုင်ရာ အချက်အလက်များကို ပြန်လည်ဝေငှခြင်းဖြင့် KHRG သည် ရွာသူရွာသားများအား လွှမ်းမိုးနိုင်သော ဆုံးဖြတ်ချက်ချသူများထံသို့ ၎င်းတို့၏အသံများ ရောက်ရှိမည်ဟု မျော်လင့်သည်။ ထို့အပြင် ၎င်းတို့ကြုံတွေ့ရ သော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အသံများကိုကြားသိပြီးနောက် ဆုံးဖြတ်ချချက်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များကိုလည်း ကိုင်တွယ်ဖြေရှင်းပေးမည်ဟု မျှော်လင့်ပါသည်။ KHRG သည် ဒေသတွင်း သတင်းအချက်အလက်များနှင့် အစီရင်ခံစာများအား ပြည်တွင်းနှင့်နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ များ၊ မြန်မာနိုင်ငံတွင်းရှိအဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမ္မက ကိုယ်စားလှယ်များ၊ နိုင်ငံခြားအစိုးရနှင့်သံရုံးများ၊ သတင်းထောက်များနှင့် အခြားသောသူများထံသို့ ဖြန့်ဝေပါသည်။

နောက်ခံသမိုင်းကြောင်း

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် ကရင်လူမျိုးများမှဦးစီးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလက်ရှိတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်ဒေသ များတွင် လည်ပတ်လုပ်ဆောင်လျက်ရှိသည်။ KHRG သည် နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ လူ့အခွင့်အရေးမှတ် တမ်းပြုစုခြင်း အတွေ့အကြုံနှင့်အတူ (၂၀၀၀ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်) တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် နှစ်ကြိမ်တိုင်တိုင် တင်မြောက်ရွေးချယ်ထားခြင်း ခံခဲ့ရပါသည်။ KHRG အား မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသည့် လူ့အခွင့်အရေးပြဿနာများဖြစ်သည့် အတင်းအဓမ္မခိုင်းစေခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း၊ ပြည်တွင်းနေရပ် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပဋိပက္ခဆိုင်ရာဖြစ်ရပ်တို့ပေါ် မှတ်တမ်းပြုစုရာတွင် ကျွမ်းကျင်မှုရှိကြောင်း နိုင်ငံတကာ မှ အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။

KHRG သည် လွတ်လပ်ပြီး မည်သည့်အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရပ်တည်ချက်မှာ မကြာခဏလျှစ်လျှူရှုခံထားရသော ရွာသားတို့၏အသံများအတွက် အစီရင်ခံတင် ပြမှုများဖြင့် ကတိပြုလုပ်ဆောင်သွားရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏အစီရင်ခံတင်ပြမှုများတွင် လူ့အခွင့်အရေး အပေါ် ရွာသားများ၏အမြင်သဘောထားများကို ဦးစားပေးတင်ပြထားပါသည်။ ဆိုလိုရင်းမှာ KHRG သည် နိုင်ငံ တကာမှ နှစ်သက်သည့်ဖြစ်စဉ်အပေါ်အခြေခံသော ဥပဒေရေးရာအမြင်ရှုထောင့်များကို အလေးပေးဖော်ပြခြင်း ထက် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုစည်းတင်ပြရန်နှင့် အဆိုပါလူအခွင့်အရေးချိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော အခြေခံအကြောင်းတရားများအပေါ် မည်သို့နားလည်ထားကြောင်းနှင့် မည်သို့အမြင်ရှုထောင့် များရှိကြောင်း ဦးစားပေးဖော်ပြရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဦးတည်ချက်မှာ ပဋိပက္ခနှင့် စပ်လျဉ်း၍သော်လည်း ကောင်း ဖွံ့ဖြိုးရေးစီမံကိန်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ရွာသားတို့၏ လှုနေမှုဘဝများအပေါ် ဆိုးကျိုးသက် ရောက်စေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဓိကထားမှတ်တမ်းပြုစုရန် ဖြစ်သည်။ KHRG ၏ မှတ်တမ်းပြုစုခြင်းမှ ထုတ်ဖော်တွေ့ရှိရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အတင်းအဓမ္မခိုင်းစေခြင်း၊ အတင်းအဓမ္မနေရပ်ရွေ့ပြောင်းစေခြင်း၊ ပြည်တွင်းနေရပ်ရွေ့ပြောင်းရခြင်း၊ မြေယာသိမ်းဆည်းခြင်း၊ ကျေးရွာ များကိုတိုက်ခိုက်ခြင်း၊ ပစ္စည်းများခြောက်လှန့် တောင်းယူခြင်းနှင့်လုယူခြင်း၊ အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်း ထားခြင်း၊ နှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းများနှင့် ကွပ်မျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများ စသည် တို့ပါဝင်ပါသည်။ အဆိုပါချိုးဖောက်များသည် တပ်မတော်မှ ကျယ်ပျံ့စွာကျူးလွန်ကြသည့်အပြင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကုမ္ပဏီများနှင့် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လှုပ်ရှားနေသည့် အခြားလုပ်ဆောင်သူများမှလည်း ကျူးလွန်ကြပါသည်။ KHRG သည် မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသများမှ ဖြစ်ပေါ်လာသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း မူရင်းသတင်းအချက်အလက်များ ရရှိနိုင်သည့်အချိန် တိုင်း မှတ်တမ်းတင်ပါသည်။

KHRG ၏ လွန်ခဲ့သောနှစ်ပေါင်း ၂၇ နှစ်ကျော်ကြာ အတွေ့အကြုံမှတ်တမ်းပြုစုခြင်းနှင့် အစီရင်ခံတင်ပြခြင်း များတွင် ရွာသားများသည် ၎င်းတို့၏အခွင့်အရေးအတွက် ပုံမှန်တောင်းဆိုလာကြခြင်းနှင့် သြဇာအာဏာပိုမိုရှိသူ များထံမှ ကြုံတွေ့ရသောတောင်းဆိုမှုနှင့် ချိုးဖောက်ကျူးလွန်မှုတို့ကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ခုခံတွန်းလှန်ရန် အတွက် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုလာကြကြောင်း ဖော်ပြထားပါသည်။ ရွာသားများအပေါ် ကျဉ်းမြောင်း သောအမြင်တစ်ခုမှာ ၎င်းတို့သည် ပြင်ပကူညီဖြန်ဖြေပေးခြင်းမရှိပါက မိမိတို့၏အခြေအနေအား ပြောင်းလဲနိုင် စွမ်းမရှိသူများအဖြစ် ရှုမြင်ကြသလို ၎င်းတို့သည် မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းမရှိသော အမြဲတမ်း ထိခိုက်နစ် နာသူများသာဖြစ်သည်ဟု ဘောင်ကျဉ်းသောရှုထောင့်ဖြင့် မြင်ကြပါသည်။ ဤရှုမြင်ချက်များသည် အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းများတွင်သော်လည်းကောင်း၊ ကူညီထောက်ပံ့မှုအစီအစဉ်များတွင် သော်လည်းကောင်း ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးအတွက် ညှိနှိုင်းဆွေးနွေးများတွင်သော် လည်းကောင်း နိုင်ငံရေးဖြစ်စဉ်များကဲ့သို့သော လုပ်ငန်းများလုပ်ဆောင်သည့်အခါ ရွာသားများအား ချန်လှပ်မှုခံ ရစေရန် တွန်းပို့စေပါသည်။ KHRG သည် လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ရွာသူရွာသားများ၏ တုန့်ပြန်မှုများ နှင့် ၎င်းတို့၏တုန့်ပြန်မှုအား ကူညီပံ့ပိုးပေးနိုင်သော နည်းလမ်းများရရှိနိုင်မှုကို အဓိကထားပြီး မှတ်တမ်းပြုစုသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ထားရှိသော အမြင်သဘောထားသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြုလုပ် ခဲ့စဉ်က တည်းကစ၍ သိသိသာသာ တိုးတက်ပြောင်းလဲသွားခဲ့ပါသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တည်ဆောက်ခြင်းတို့နှင့် ပေါင်းစည်းထားသည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုသည် ရွာသားများအတွက် လူအခွင့်အရေးအခြေအနေကို ပြောင်းလဲမှုဖြစ်စေခဲ့ပါသည်။ ရွာသူရွာ သားများသည် ၎င်းတို့၏ဘဝများကိုငြိမ်းချမ်းစွာ ပြန်လည်ရပ်တည်နိုင်ရန်အတွက် မျှော်လင့်ချက်များရှိနေချိန် တွင် လူမှုအသိုက်အဝိုင်းများအတွက် ရေရှည်တည်မြဲသောတရားမျှတမှုနှင့် ငြိမ်းချမ်းရေးရရှိနိုင်ရန် ပဋ္ဋိပက္ခဖြစ် ပွားရသော အဓိကအရင်းအမြစ်များကို အပြည့်အဝကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်ပါသည်။ တပ်မတော််မှ ဆက်လက်လုပ်ဆောင်လျက်ရှိသော စစ်ရေးလှုပ်ရှားမှှုနှင့် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးမှုအပြင် စီးပွားဖြစ်ဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည် ချိုးဖောက်မှုများကြောင့် ရွာသားများသည် အမျိုးမျိုးသော လူ့အခွင့်အရေးချိုး ဖောက်မှုများ ဆက်လက်ရင်ဆိုင်နေရပါသည်။

ရွာသားများရင်ဆိုင်နေရသော အခြေအနေအား အာရုံစိုက်ခြင်းမရှိသလို ဒေသခံများ အခြေအနေဆိုင်ရာ ဗဟုသုတများမရှိဘဲ အစိုးရနှင့်စီးပွားရေးလုပ်ငန်းရှင်များသည် ဒေသခံများ၏ ဦးစားပေးမှုများချန်လပ်ပြီး ၎င်းတို့ အပေါ်ကျရောက်သော ဆိုးကျိုးသက်ရောက်မှုများကို လျစ်လျူရှုကာ ဖွံ့ဖြိုးရေးစီမံကိန်းများအား အကောင်အ ထည်ဖော်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့၏အစီရင်ခံစာများနှင့် ဓါတ်ပုံများအားလုံးသည် ဤဝက်ဘ်ဆိုဒ်တွင် တွေ့ရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ သတင်းအချက်အလက်များကိုလည်း စိတ်ဝင်စားသော အများပြည်သူအဖွဲ့ဝင် များဆီသို့ စာပို့စာရင်းမှတစ်ဆင့် တိုက်ရိုက်ပို့ပေးနေပါသည်။

ရုံးနှင့်စာပို့ခြင်းအတွက် ကုန်ကျမှုများ၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် ကုန်ကျမှုများ၊ ကွင်းဆင်းလည်ပတ်ရာတွင် လိုအပ်သောအသုံးအဆောင်ပစ္စည်း ကုန်ကျမှုစရိတ်များအတွက် အကူအညီများသည် အမြဲလိုအပ်ပြီး ပေးလာမည့် အထောက်အပံ့များကိုလည်း အမြဲကြိုဆိုလျက်ရှိပါသည်။ မည်သို့လှူဒါန်းရမည် သို့မဟုတ် အခြားမေးမြန်းလိုသည့် သတင်းအချက်အလက်များအတွက် ကျေးဇူးပြု၍ khrg@khrg.org သို့ အီးမေးလ်ပေးပို့နိုင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ကိုထောက်ပံ့ရန်မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။