ကျွန်ုပ်တို့ကိုထောက်ပံ့ရန်

ကျွန်ုပ်တို့ကိုထောက်ပံ့ရန်

KHRG သည် ထောက်ပံ့မှုအကန့်အသတ်ဖြင့်သာ ဖွဲ့စည်းထားသည့် သေးငယ်သောအဖွဲ့အစည်းတစ်ခု ဖြစ်ပါ သည်။ သို့သော်ကျွန်ုပ်တို့သည် ရွာသားများ၏ လူ့အခွင့်အရေး၊ ၎င်းတို့၏မိသားစုနှင့် လူထုအသိုက်အဝန်း အခွင့် အရေးများတောင်းဆိုသည့်အခါ ကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် နည်းလမ်းများ အမြဲတမ်းရှာဖွေလျက်ရှိပါ သည်။ တစ်ဦးချင်းအလိုက် သို့မဟုတ် အဖွဲ့လိုက်မှပေးလာသော လှူဒါန်းမှုအနည်းအများမဆို အမြဲလိုအပ်ပြီး ယင်းလှူဒါန်းမှုတို့အား လွန်စွာကျေးဇူးတင်လျက်ရှိပါသည်။

KHRG ၏ ကွင်းဆင်းအဖွဲ့သည် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့်ပတ်သက်သည့် ရွာသားများ၏ သက်သေခံ ချက်များအား မှတ်တမ်းတင်ရန် တိုက်ရိုက်ထိတွေ့ပါသည်။ ထို့အပြင် လူ့အခွင့်အရေးတောင်းဆိုရာတွင် ရွာသား များအသုံးပြုသည့် နည်းဗျူဟာများ ပိုမိုကောင်းမွန်လာအောင် ပံ့ပိုးပေးရန်နှင့် ၎င်းတို့အတွေ့အကြုံ မျှဝေဖလှယ် ရန် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးသလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင်ရန်နှင့် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအား ထိန်းသိမ်းစောင့်ရှောက်ရန် ကွင်းဆင်းအဖွဲ့သည် မြန်မာ ပြည်အရှေ့တောင်ပိုင်းရှိရွာသားများနှင့် အစဉ်အမြဲ ထိတွေ့လုပ်ဆောင်လျက်ရှိပါသည်။

KHRG မှ လက်ခံရရှိသော လှူဒါန်းမှုများကို ကွင်းဆင်းလေ့လာရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက် ရှိသည့်ဝန်ထမ်းများနှင့် ဒေသခံတို့၏လူ့အခွင့်အရေးတောင်းဆိုမှုတို့ကို ပိုမိုအားကောင်းလာစေရန် ရွာသားများ နှင့်အတူတကွ လုပ်ဆောင်နေကြသူများအတွက် တိုက်ရိုက်အသုံးပြုပါသည်။ တိုက်ရိုက်လှူဒါန်းမှုပြုရန် ကျေးဇူး ပြု၍ ကျွန်ုပ်တို့၏ လှူဒါန်းရန်စာမျက်နှာသို့ ဝင်ရောက်ပါ။ KHRG မှထုတ်လုပ်သော ထုတ်ကုန်များအား ဝယ်ယူ အားပေးရန် ကျွန်ုပ်တို့၏ ထုတ်လုပ်များစာမျက်နှာသို့ ဝင်ရောက်နိုင်ပါသည်။