Fri, 19 Feb 2021
မြန်မာနိုင်ငံ၏ ကုလသမဂ္ဂလူ့အခွင့်အရေးကောက်စီ (UNHRC) အမြဲတမ်းကိုယ်စားလှယ်မှ အာဏာသိမ်း စစ်တပ်နှင့် မရပ်တည်ပဲ ပြည်သူများနှင့်အတူရပ်တည်ရန်

    

 

လူ့အခွင့်အရေးကောင်စီ (HRC) (၂၉) ကြိမ်မြောက်အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကုလသမ္မဂ အမြဲတမ်း ကိုယ်စားလှယ်ဦးမြင့်သူတင်ပြချက်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ပြင်းထန်စွာရှုတ်ချပါသည်။ ဦးမြင့်သူ မှ အာဏာသိမ်းစစ်တပ်နှင့် မရပ်တည်ပဲ မြန်မာပြည်သူများနှင့်အတူရပ်တည်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တောင်းဆိုပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်စစ်တပ်အာဏာသိမ်းမှုဖြစ်ခဲ့ပြီးသည့်နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ထိုအစည်းအဝေးကိုကျင်းပခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးကောင်စီ၏ တင်ပြချက်မှာရှင်းလင်းပြတ်သား ပါသည်။ စစ်အာဏာသိမ်းမှုသည် ဒီမိုကရေစီကိုခြိမ်းခြောက်မှုဖြစ်စေပြီး လူ့အခွင့်အရေးအပေါ် ဆိုးကျိုးသက် ရောက်မှုရှိစေသည်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် လူ့အခွင့်အရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများသည် ဖြစ်ပေါ်နေပြီဖြစ်သည်။ ဤအစည်းအဝေးကို တတ်ရောက်လာကြသော ကိုယ်စားလှယ်အားလုံးနီးပါးမှ အာဏာဖီ ဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) အပေါ် အကြမ်းဖက်နှိမ်နှင်းမှုများကို ရှုတ်ချခဲ့ကြသည်။ စစ်အာဏာ သိမ်းမှုအပေါ် လူ့အခွင့်အရေးကောင်စီ၏ရှုတ်ချမှုကိုအတည်ပြုသောအားဖြင့် ဆုံးဖြတ်ချက်အမှတ် A/HRC/S-29/L.1 ကိုထုတ်ပြန်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ထဲတွင် ဒီမိုကရေစီအစိုးရကို အာဏာ ပြန်လွှဲပေးရန်၊ စစ်တပ်မှဆန္ဒပြ သူများကိုအကြမ်းမဖက်ရန်နှင့်လူ့အခွင့်အရေးကိုလေးစားရန်တို့ပါဝင်သည်။

သို့သော်လည်း ဦးမြင့်သူမှလူ့အခွင့်အရေးကောင်စီ၏ရှေ့မှောက်တွင် စစ်တပ်၏လုပ်ရပ်များသည် လိုအပ်ချက်အရ ဖြစ်ကြောင်းနှင့် တရားဝင်ကြောင်းဆိုကာ ကာကွယ်ပြောဆိုပေးခဲ့သည်။ ဦးမြင့်သူမှ “ရွေးကောက်ပွဲအပြီး မဲမသမာ မှုများနှင့် နောက်ဆက်တွဲရှုပ်ထွေးမှုအခြေအနေများကြောင့် တပ်မတော်မှဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ၏ တာဝန်ကိုယူရခြင်းဖြစ် ကြောင်း” ဆိုခဲ့ပါသည်။

ထိုစွပ်စွဲချက်များသည် အခြေအမြစ်မရှိသည့်အပြင် နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာပြီး စစ်အစိုးရဖွဲ့စည်းရ လောက်သည့် အခြေအနေမဟုတ်ပါ။ မြန်မာနိုင်ငံသည် စစ်အာဏာရှင်အုပ်ချုပ်မှုကို ယခင်ကတည်းကကြုံတွေ့ခံ စားလာခဲ့ရပြီး ဒီမိုကရေးစီအသွင်သို့ ကူးပြောင်းရန် လတ်တလောတွင် အစပြုရုံမျှသာရှိသေးသည်။ အာဏာရှင်စ နစ်ကိုဖျက်သိမ်းခြင်းသည် ရှေ့သို့ဆက်လှမ်းနိုင်ရန်အတွက် တစ်ခုတည်းသောခြေလှမ်းဖြစ်ပါသည်။ ထို့ကြောင့်  မြန်မာနိုင်ငံ၏ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်မှ ပြောဆိုတင်ပြချက်များသည် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးသို့ရှေ့ဆက်ရန် မှန်ကန်သည့်အကြံပြုချက်မဟုတ်သည့်အပေါ် KHRG မှ အဆိုပါအကြံပြုချက်အား ပြင်းထန် စွာ ရှုပ်ချပါသည်။

 ဦးမြင့်သူမှ တပ်မတော်သည် “နိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းကို မနှောင့် နှေးစေချင်ပါ” ဟုဆိုခဲ့သည်။ ထိုပြော ကြားချက်ကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ အလွန်နောက်ကျနေပြီဟု ပြန်လည်တုန့်ပြန်လိုပါသည်။ စစ်အာဏာ သိမ်းခြင်းနှင့် ပြည်သူများအပေါ်အကြမ်းဖက်မှုများသည် နိုင်ငံ၏ဒီမိုကရေစီ အပြောင်းအလဲကို ရပ်ပစ်လိုက်ခြင်း ဖြစ်သည်။ စစ်တပ်၏လုပ်ဆောင်မှုသည် နှစ်ရှည်လများကြိုးစားလာခဲ့ရ‌သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းတို့၏ ရှေ့ဆက်တိုးတက်ပြောင်းလဲမှုများကို ခြိမ်းခြောက်နေသည်။

ဦးမြင့်သူမှ နိုင်ငံတကာအသိုက်အဝိုင်းတို့နှင့်လက်တွဲသွားရန်နှင့် နိုင်ငံတကာ လူ့အခွင့်အရေးစာချုပ်များကိုထိန်း သိမ်းစောင့်ရှောက်သွားမည်ဟု ကတိပြုခဲ့ပါသည်။ ဦးမြင့်သူမှဆက်လက်ပြီး “မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအ ခြေအနေများကိုပိုနားလည်ပေးရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်” တောင်းဆိုခဲ့သည်။ ဤတောင်းဆိုမှုသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အ ညီ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာမည့်အစား နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်အာဏာရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဦးမြင့်သူမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာလက်ထောက်ကော်မရှင်နာ Nada Al-Nashif မှ “မြန်မာပြည်သူများ၏ တရားမျှတမှု၊ ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီပူးပေါင်းပါဝင်ခွင့်၊ ပုဂ္ဂလိကလုံခြုံရေး နှင့်ငြိမ်းချမ်းသော၊ ရေရှဉ်တည်တံ့သော၊ လူတိုင်းပါဝင် ခွင့်ရှိသောဖွံ့ဖြိုးရေးရရှိရေးတို့အတွက် ကျွန်ုပ်တို့ထောက်ခံ အားပေးနေကြောင်း ပြောကြားလိုပါတယ်။” ဟုပြော ကြားကာ အထူးအစည်းအဝေးကို စတင်ခဲ့သည်။

ဦးမြင့်သူမှ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်တင်မြှောက်ထားသောအစိုးရနှင့်နိုင်ငံသားများကို မှန်ကန်စွာကိုယ် စားပြုရန် ကျွန်ုပ်တို့မှတောင်းဆိုပါသည်။ ဤကဲ့သို့ပြုလုပ်ရန်အတွက် တပ်မတော်၏လုပ်ဆောင်ချက်ကို ကာကွယ် ပြောဆိုပေးမည့်အစား စစ်အာဏာသိမ်းမှုကိုရှုတ်ချသော နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူရပ်တည်ပြီး အာဏာဖီ ဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) ကို ထောက်ခံအားပေးရန် လိုအပ်သည်။

ဆက်သွယ်ရန်

နော်ထူးထူး - +66 (0) 87-205-1856

စောနန္ဒဆူး - +66 (0) 811- 297- 564

Fri, 19 Feb 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages