Wed, 24 Mar 2021
ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုနှင့် ထိခိုက်နစ်နာသူအတွက် ဂုဏ်သိက္ခာနှင့်အညီ အပြည်ပြည်ဆိုင်ရာအမှန်တရားရရှိရေးနေ့

     

 

ကမ္ဘာတစ်ဝှမ်းလုံးမှ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ထိခိုက်နစ်နာသူအတွက် ဂုဏ်သိက္ခာနှင့်အညီအ ပြည်ပြည်ဆိုင်ရာ အမှန်တရားရရှိရေးနေ့ကို ဂုဏ်ပြုကျင်းပသကဲ့သို့ KHRG မှ မြန်မာနိုင်ငံတွင် အတိတ်မှကျူးလွန် ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထားရှိသောပြစ်ဒဏ်ကင်းလွှတ်ခွင့်နှင့် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းများအား တိကျခိုင်မာသည့် အရေးယူမှုများပြုလုပ်ရန် တောင်းဆိုလိုက် ပါသည်။

KHRG ၏ မှတ်တမ်းပြုစုချက်များအရ ၂၀၁၂ ခုနှစ် ပဏာမအပစ်ခတ်ရပ်စဲရေးမတိုင်မီ မြန်မာပြည်အရှေ့တောင်ပိုင်း တွင်ရှိသော ကျေးလက်ဒေသအများအပြားမှ ရွာသားများသည် ဗမာစစ်တပ်၏ စနစ်တကျပစ်မှတ်ထား တိုက်ခိုက်မှု ခံခဲ့ရပါသည်။ စစ်တပ်မှ ကရင်ရွာသားများအားသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အတင်းအဓမ္မစေခိုင်းခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျယ် ပြန့်စွာ ကျူးလွန်ခဲ့ကြပါသည်။ ယနေ့အချိန်ထိ အဆိုပါကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ရှိနေဆဲဖြစ်ပါသည်။ မြန်မာအစိုးရအနေဖြင့် တရားမျှတမှုရရှိရန်အတွက် ပြစ်မှုကျူးလွန်ခဲ့သောတရားခံများအား တာဝန်ခံမှုရှိစေရေးအ တွက် လုပ်ဆောင်စေသည့် ဆန္ဒစိုးစဉ်းမျှ မပြပေ။ ထို့အပြင် စစ်တပ်နှင့်ယခင်အာဏာသိမ်းစစ်အစိုးရမှလည်း ဥပဒေ အရအရေးယူဆောင်ရွက်မှုများကို ဟန့်တားထားလျှက်ရှိနေသည်။ အောင်ဆန်းစုကြည်၏အနိုင်ရပါတီမှ အဏာရရှိ ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများခံစားခဲ့ရသည့် ပြည်သူများ၏တရားမျှတမှုရရှိရေးအား မေ့ပစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ကင်းလွှတ်ခွင့်လွှတ်ပေးခဲ့ပါသည်။ အတိတ်တွင်ဖြစ်ပျက်ခဲ့သည့် အမှန်တကယ် ကျူးလွန်မှုများအား လျစ်လျူရှုခိုင်းပြီး အဆိုပါပြစ်မှုများအား အသိမှတ်မပြုသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးနည်းလမ်းကို ရွေးချယ်ကျင့်သုံးခဲ့ပါသည်။

ဤကဲ့သို့ ပြစ်မှုကျူးလွန်သူများအားခွင့်လွတ်ပေးခြင်း ဆက်လက်တည်ရှိနေမှုသည် ပြစ်မှုကျူးလွန်ခံရကြသူများ အတွက် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာစေပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုခံခဲ့ရကြသူများစွာတို့သည် နာတာ ရှည် ကျန်းမာရေးဆိုင်ရာပြဿနာများ၊ စိတ်ဓာတ်ကျဆင်းမှုများအပါအဝင် ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှုများနှင့် ဆက် လက်ရုန်းကန်နေကြရဆဲဖြစ်သည်။ များစွာသောသူတို့သည် စစ်တပ်၏အလွန်ဆိုးရွားလှသည့် အကြမ်းဖက်ကျူး လွန်မှုခံရခြင်းကြောင့် မိသားစုဝင်များဆုံးရှုံရခြင်း သို့မဟုတ် မြေယာနှင့်ပိုင်ဆိုင်မှုများဆုံးရှုံသွားပြီးနောက် ရေရှည် တည်တံ့သည့် အသက်မွေးဝမ်းကျောင်းကို ပြန်လည်ထူထောင်နိုင်ခြင်းမရှိကြပါ။ ကျူးလွန်ခဲ့သောအကြမ်းဖက်မှုကို အသိအမှတ်မပြုခြင်းနှင့် သင့်တော်လျှောက်ပတ်သည့် လျော်ကြေးပေးခြင်းနှင့် ထောက်ပံ့ခြင်းများမရရှိကြသော ကြောင့် ကျူးလွန်ခံရသူများသည်ဆက်လက်၍ ရုန်းကန်နေကြရပါသည်။ ဝမ်းနည်းဖွယ်ရာမှာ မြန်မာနိုင်ငံတွင်းရှိ လတ်တလောဖြစ်စဉ်များတွင် တရားမျှတမှုနှင့် လျော်ကြေးပေးမှုများအား မည်သည့်နေရာတွင်မှမတွေ့ရှိရကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းပြီးနောက် အလွန်ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူလူထုများအပေါ် ကျူးလွန်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီး ရက်သတ္တ ပတ်များအတွင်း စစ်တပ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ကာ ငြိမ်းချမ်းစွာဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာနှိမ်နှင်းခြင်းဖြင့် အာဏာသိမ်းစစ်တပ်မှလူ့အခွင့်အရေးအတွက် အလေးထားမှုမည်မျှနည်း ပါးကြောင်း ထပ်မံပြသလိုက်ပါသည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် လုံခြုံရေးတပ်များမှ ပြည်သူလူထု ၂၆၁ ဦးအား သတ်ဖြတ်ခဲ့ကြသည်။ အာဏာပိုင်များမှ အင်တာနက်သုံးစွဲမှုအားပိတ်ပင်ခြင်း၊ ဆန္ဒပြသူများအား နှိမ်နင်းခြင်းနှင့် ကွယ်လွန်သွားသူများ၏ ရုပ်ကလပ်များနှင့် ဆက်စပ်သည့်သက်သေခံပစ္စည်းများကိုဖျောက်ဖျက်ရန် ကြိုးပမ်းအား ထုတ်ခဲ့ကြသည်။ အာဏာသိမ်းစစ်တပ်၏လုပ်ရပ်များသည် ဖြစ်ပျက်နေသည့် ဖြစ်ရပ်များအား ဖုံးကွယ်ထားရန် မည် မျှကြိုးစားအားထုတ်မည်ကိုမြင်နိုင်ပြီး ဖြစ်ပွားနေသည့်အမှန်တရားကို နိုင်ငံတကာအသိုင်းအဝိုင်းများမှ မသိရှိစေလို ကြောင်းမှာ ရှင်းလင်းနေပါသည်။ ရဲရင့်သော ဒေသတွင်းရှ်ိ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားကြသူများ နှင့် ပြည်သူလူထုများမှ အသက်စွန့်ကာ အာဏာသိမ်းစစ်တပ်၏လက်အောက်ခံရဲတပ်ဖွဲ့နှင့် စစ်သားများ ကျူးလွန်နေ သောချိုးဖောက်မှုများအား စွန့်စားပြီးမှတ်တမ်းတင်ခြင်းများကြောင့် ချိုးဖောက်မှုများအား ဖုံးကွယ်ရန် အားထုတ်မှု မှာ မအောင်မြင်ခဲ့ကြပါ။

မြန်မာပြည်တွင် လူ့အခွင့်အရေးရရှိရေးအတွက်စွမ်းဆောင်ခဲ့သူများနှင့် အသက်ပေးခဲ့ကြသည့် သူရဲကောင်းများ အား ကရင်လူ့အခွင့်အရေးအဖွဲ့မှ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည် များကိုသုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် စစ်တပ်မှ အာဏာအများစုကို လက်၀ါးကြီးအုပ်ထားသ၍ ပြည်တွင်း ယန္တယားများသည် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုကိုရယူပေးနိုင်မည်မဟုတ်ပါ။ မြန်မာ ပြည်၏အနာဂတ်ကို စစ်တပ်မှပြန်ပေးဆွဲထားသည့်အချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းမှ စစ်ခေါင်းဆောင်များ ယခင်နှင့် လက်ရှိကျုးလွန်လျက်ရှိသောရာဇ၀တ်မှုများအား တာဝန်ခံမှုရှိစေရန်အတွက် မားမားမတ်မတ်ရပ်တည် ပေးရန် လိုအပ်သည်။ စစ်တပ်၏ကျူးလွန်မှုများကို ခံစားခဲ့ရသူများအတွက် ဤနည်းအားဖြင့်သာအမှန်တရားကို ဖော်ဆောင် ပေးနိုင်မည်ဖြစ်သည်။

Wed, 24 Mar 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်