Tue, 21 Sep 2021
ကရင်လူ့အခွင့်အ‌ရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ထုတ်ပြန်ချက်

    

 

ယနေ့ စက်တင်ဘာလ ၂၁ နေ့တွင် ကမ္ဘာတစ်ဝှမ်းလုံးမှ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကို ကျင်း ပကြပါသည်။  ဤနှစ်ပတ်လည်အထိမ်းအမှတ်ကို ၁၉၈၁ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက် တစ်ခုတွင် ထည့်သွင်းခဲ့ပါသည်။ ဤနေ့တွင် ငြိမ်းချမ်းရေးစိတ်ဓာတ်ဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပဋိပက္ခများကို အကြမ်းမဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းနိုင်သည့်ကမ္ဘာတစ်ခုကို တည်‌ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာအနှံ့အပြားတွင်ရှိနေကြသော လက်နက်ကိုင်များအား ၂၄ နာရီအတွင်း မည်သည့်ရန်မူမှုများကိုမှ မပြုလုပ်ကြ ရန် မျှော်လင့်ကြသည့်နေ့ဖြစ်သည်။

ဤနှစ်တွင်မူ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို မြန်မာပြည်၌ စစ်အာဏာသိမ်းမှု၏ ဆိုးကျိုးများနှင့်အတူ ကျော်ဖြတ်ရမည်ဖြစ်သည်။  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်ကာ  စစ်ကောင်စီမှ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ ဉပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အတင်အဓမ္မပျောက်ဆုံးစေခြင်း၊ ညှင်းဆဲခြင်း၊ လိင်နှင့် ကျား၊မ အခြေပြုအကြမ်းဖက်မှုကဲ့သို့သော ရာဇဝတ်မှုများနှင့် နိုင်ငံတကာဉပဒေချိုးဖောက်မှုများကို မြန်မာပြည် သူများအပေါ်တွင်ကျူးလွန်ခဲ့ပါသည်။ အခြေခံလူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အင်တာနက်လိုင်းအားကန့်သတ်ထားခြင်း ၊ ဉပဒေအားပြင်ဆင် ပြဌာန်းထား ခြင်းများဖြင့် စစ်ကောင်စီမှ ဆိုးဆိုးရွားရွား ပိတ်ပင်ထားပါသည်။ ဤအရာများအားလုံးသည် ပြည်သူများ၏ကျန်းမာ ရေးနှင့် စားဝတ်နေရေးကို ဆိုးကျိုးသက်ရောက်မှုများ စွာပေးသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တစ်ချိန်တည်းတွင် ဖြစ်ပေါ်နေသည်။

၂၀၂၁ ခုနှစ်၊ မတ်လ မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ထိတွေ့တိုက်ခိုက်မှု ပိုမိုများပြားလာခဲ့ပါသည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သားနှင့် လက်နက်ကိုင်များကိုခွဲခြားခြင်းမရှိပဲ လေကြောင်းနှင့် နှင့်သော်လည်းကောင်း မြေ ပြင်တိုက်ခိုက်မှုများနှင့်သော်လည်းကောင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်။ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးရမ်းသမ်းပတ်ခတ်မှုများသည် အရပ်သားများကို ထိခိုက်သေကြေစေပြီး ‌ဒေသခံရွာသားများ၏ အိမ်နှင့် အခြားအဆောက်အဦးများကို ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုတိုက်ခိုက်မှု များကြောင့် ထောင်ပေါင်းများစွာ သောဒေသခံရွာသားများသည် ၎င်းတို့၏အိုးအိမ်စည်းစိမ်နှင့် ဘိုးဘွားပိုင်မြေများပေါ်မှ ထွက်ပြေးတိမ်းရှောင်သွား ကြရပြီး ၎င်းတို့မှ အစားအစာရှားပါးမှု နှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပေါ်နေစဉ်အတွင်း ကျန်းမာ‌ရေးစောင့်ရှောက်မှု အလုံအလောက်မရှိမှုတို့နှင့် ရင်ဆိုင်နေကြရပါသည်။

စစ်‌ရေးလှုပ်ရှားမှုပိုမိုများပြားလာခြင်းနှင့် တိုက်ခိုက်မှုပိုမိုပြင်းထန်လာခြင်းတို့ကြောင့် မြန်မာပြည်အ‌ရှေ့တောင်ပိုင်း အတွင်း နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဉပဒေများကို ချိုးဖောက်မှုပိုများပြားလာ‌ စေခဲ့ပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့သည် စစ်ကောင်စစ်တပ်သားများမှ ရွာများကိုဖျက်ဆီးခြင်း၊ အမျိုးသမီးများ ကို လမ်းပြ သို့မဟုတ် လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ရွာသားများကို ထိခိုက်သေဆုံးမှုများ ဖြစ်စေသည့် လက်နက်ကိုင်များ၏မြေမြှုပ်မိုင်းအသုံးပြုမှုများ စသည့်မှတ်တမ်းများကို ရရှိခဲ့ပါသည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၏ ဆောင်ပုဒ်သည် “မျှတပြီး ရေရှည်တည်တံ့သော ကမ္ဘာတစ်ခု အ တွက်ပိုမိုကောင်းမွန်သည့် ပြန်လည်ထူထောင်ခြင်း” ဖြစ်သည်။   ဤဆောင်ပုဒ်သည် အထူးသဖြင့် မြန်မာပြည်အ တွင်း ဖိနှိပ်ခံရ‌သောတိုင်းရင်းသားများမှ မြန်မာပြည်အတွင်း လက်ရှိရင်ဆိုင်နေရသော အကြပ်အတည်းကို ဖြေရှင်း ရာတွင်သော်လည်းကောင်း မြန်မာပြည်၏အနာဂတ်ကို ဆုံးဖြတ်ရာတွင်လည်းကောင်း ပါဝင်ခွင့်ရရှိရန် အထူးလို အပ်ကြောင်း သတိပေးချက်တစ်ခုဖြစ်ပါသည်။  ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ကိုရယူနိုင်ရန်အတွက် လက် နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအားလုံးအတွက် တရားမျှတမှုနှင့်တာဝန်ယူမှုရှိရန် လိုအပ် ကြောင်း သတိပေးခြင်းလည်း ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ငြိမ်းချမ်းရေးနေ့တွင် စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များအား ဤနေ့တွင်ပါဝင်ဆင်နွဲ သောအားဖြင့် ၂၄ နာရီအပစ်ရပ်မှုပြုလုပ်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုက်တွန်းအပ်ပါသည်။ ဤငြိမ်းချမ်းရေး နေ့တွင် ပဋိပက္ခအတွင်း ကျဆုံးလေပြီးသော မရေမတွက်နိုင်သည့်အသက်ပေါင်းများစွာကို ပြန်လည်အောက်မေ့ပြီး ငြိမ်းချမ်း ရေးကိုတည်ဆောက်ရာတွင် အားလုံးမှပါဝင်နိုင်ရန်လိုအပ်ကြောင်း အမှတ်ရစေလိုပါသည်။

Tue, 21 Sep 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်