Fri, 10 Dec 2021
၂၀၂၁ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အပေါ် KHRG ၏သဘောထားထုတ်ပြန်ချက်

    

 

ယနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် ကမ္ဘာတဝှမ်းလုံးရှိ ပြည်သူလူထုများမှ ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း(UDHR)ကို အတည်ပြုလက်ခံကျင့်သုံးခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပမည့်နေ့ တစ်နေ့ဖြစ်ပါသည်။ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ယခုနှစ်တွင်ကျ ရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့သည် မြန်မာပြည်သူပြည်သားများအတွက် အလွန်တရာ နာကျင်ဝမ်းနည်း ဖွယ်ကောင်းသောအချိန်ဖြစ်ပါသည်။ အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူပြည်သားများ အပေါ် ကျူးလွန်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများသည် မြန်မာစစ်တပ်မှ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် ကာလကြာရှည်စွာ ဖိနှိပ်ချုပ်ချယ်လာခဲ့ခြင်းအား အဆုံးသတ်ရန် ပျက်ကွက်ခြင်းတို့ကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာသော ရလဒ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၏ဆောင်ပုဒ်မှာ လူသားအားလုံး တန်းတူညီမျှမှုရှိရေးသည် မြန်မာပြည်အခြေအနေနှင့် ကိုက်ညီမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤဆောင်ပုဒ်သည် တန်းတူညီမျှခြင်း၏ သဘောတရားကို လျစ်လျူရှုပါက အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက်များကို သတိပေးနေကဲ့သို့ဖြစ်သည်။ လူ့အခွင့်အရေးမူတွင် "တန်းတူညီမျှခြင်း" ကို UDHR ၏ အပိုဒ် (၁)တွင် တွေ့ရှိရပြီး "လူသားတိုင်းသည် မွေးဖွားလာစဉ်ကတည်းက လွတ်လပ်မှု၊ တူညီသောလူ့ဂုဏ်သိက္ခာနှင့် တန်းတူ အခွင့်အရေးများရှိသည်" ဟု ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မတရားအာဏာသိမ်းယူရန် ကြိုး စားခဲ့သည့် စစ်ကောင်စီကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုများက ဆန့်ကျင်ဆန္ဒပြခဲ့သည်။ စစ်အာဏာရှင်စနစ်သည် တန်းတူညီမျှရေးမူကို ပျက်ပြားစေရန်၊ ခွဲခြားဆက်ဆံသည့် စိတ်ဓာတ်နှင့်အလေ့အထများကို ကျင့်သုံးကာ တိုင်းပြည်၏ တရားဥပဒေပြု‌ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဘောင်များတွင် မြှုပ်နှံထားသည့် အစိုးရ တစ်ရပ်ဖြစ်သည်။

ပြည်သူလူထုများ၏ လူ့အခွင့်အရေးကို လေးစားတန်းဖိုးထားခြင်းမရှိဘဲ အာဏာကိုအသုံးပြု၍ အရပ်သားများ အပေါ် ခွဲခြားဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်စနစ်ကို မြန်မာနိုင်ငံရှိ အသက်အရွယ်မရွေး၊ တိုင်းရင်းသားပေါင်း စုံနှင့် ဘာသာပေါင်းစုံတို့မှ ဆန့်ကျင်၍ ငြိမ်းချမ်းစွာ အတူတကွဆန္ဒပြခဲ့သည်။

အာဏာဖီဆန်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှု(CDM)တွင် ပါဝင်လာကြသော အစိုးရဝန်ထမ်းများနှင့်လုံခြုံရေး တပ်ဖွဲ့ဝင် အရာရှိများသည် အာဏာသိမ်းစစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ၎င်းတို့ ၏ဘဝများကို ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်ခဲ့ကြသည်။ ထို့နည်းအတူ လူငယ်များသည်လည်း ၎င်းတို့၏ အခွင့်အရေးအတွက် ရှေ့တန်းထွက်၍ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံးသည် နိုင်ငံတကာလူ့အခွင့်အ‌ရေးကြေငြာစာတမ်း(UDHR)တွင် ပြဌာန်းထားသော အခွင့်အရေးများအား တစ်နေ့တစ်ချိန် တွင် အပြည့်အဝခံစားပိုင်ခွင့်ရှိလာနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် အတွေ့အကြုံရှိသည့် သက်ကြီးပိုင်းပြည်သူများမှ လည်း စစ်အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်နေသောအနေဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော ထိုလူငယ် များကို နောက်ကွယ်မှ  များစွာပံ့ပိုးပေးကြသည်။ အာဏာရှင်စနစ်ကိုတော်လှန်ရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည် သူလူထုများသည် မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများအပါ အဝင် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ အဓမ္မအစဖျောက်ခံရခြင်း စသည့်ဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။    

ကာလကြာရှည်စွာ စစ်တပ်၏ လူ့အခွင့်အရေးကျူးလွန်မှုများကို ရင်ဆိုင်ကြုံတွေ့ရသည့် ကျေးလက်‌‌‌ဒေသတွင်ရှိ သော တိုင်းရင်းသားလူနည်းစုများသည်လည်း ယခုအချိန်တွင် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းပြု‌ရေး၊ ဘဝရှင် သန်ရေး၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးစသည်တို့အတွက် စိန်ခေါ်မှုများ ထပ်မံကြုံတွေ့ခံစားကြရပါသည်။ စစ်အာဏာ သိမ်းပြီးကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ များအကြား လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပါသည်။ မတ်လအစောပိုင်းတွင် စစ်ကောင်စီမှ မြန်မာ ပြည်ရှေ့တောင်ပိုင်းတွင်ရှိသော ပြည်သူလူထုများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ် ခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားကျေးရွာ အများအပြားပျက်စီးခဲ့ပြီး အသက် ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရသည်။ ထို့နည်းအတူ စစ်ဘေးဒဏ်ကြောင့် ထောင်ပေါင်းများစွာသော ကျေးလက်နေ ပြည်သူများသည် ၎င်းတို့၏စည်းစိမ်းများကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအချိန်တွင် မြန်ပြည် အရှေ့တောင်ပိုင်း၌ စစ်ကောင်စီ၏ဆိုးရွားသောစစ်မက်ပြုခြင်းကို ဆက်လက်ကြုံတွေ့ရလျှက်ရှိသည်။ ထို့ကြောင့် ကျေးလက်ဒေသရှိ ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသည်အထိ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း စသည့်ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့နေ့စဥ်ဘဝအ တွက် လွတ်လပ်စွာသွားလာလုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ ထို့အပြင် အတိတ်မှစစ်အာဏာရှင်များကျူးလွန်လေ့ ရှိသော လူ့အခွင့်အ‌ရေးချိုးဖောက်မှုပုံစံများဖြစ်သည့် အတင်းအဓ္ဓမပေါ်တာဆွဲခြင်းနှင့် ရွာသားများအား လူသား ဒိုင်းအဖြစ် အသုံးပြုခြင်းများသည်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဤချိုး ဖောက်မှုများ အားရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကျေးလက်ဒေသရှိ ပြည်သူလူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လှုပ်ရှားမှုနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို တက်ကြွစွာကူညီပံ့ပိုးပေးလျှက်ရှိ သည်။ ဒေသခံရွာသားများသည် CDM ပြုလုပ်သူများ၊ လွတ်တော်အမတ်များ၊ ဆန္ဒပြသူများ၊ လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများ၊ စစ်ဘက်ပြောင်းလာသူများအား ၎င်းတို့၏  ဒေသတွင်ခိုလှုံခွင့်နှင့် အကာအကွယ်များ ပေးလျှက်ရှိနေပါသည်။ ထို့အပြင် ဒေသခံရွာသားများသည် စစ်တပ်လုံခြုံရေးတင်းကျပ်စွာချထားမှုများ ကြုံတွေ့ ရသည့်တိုင်အောင် ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပူးပေါင်းပါဝင်လျှက်ရှိသည်။

လွန်ခဲ့သည့် (၁၀) လတာကာလအတွင်း  ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အမှတ်ရသော အနေဖြင့် လူသားအားလုံး လူ့ဂုဏ်သိက္ခာနှင့်အညီ တန်းတူညီမျှသည့်အခွင့်အရေးရှိကြောင်းကို လက်ခံကျင့်သုံးသော မြန်မာ နိုင်ငံသစ်တစ်ခုတည်ထောင်ရန်အတွက် တိုက်ပွဲဝင်နေသူများအားလုံးကို ကရင်လူ့အခွင့်အရေးအဖွဲ့မှ ဂုဏ်ပြု လိုက်ပါသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာပြည်သူလူထုအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပေးရန် ကရင်လူ့အခွင့်အရေးဖွဲ့မှ တိုက်တွန်းလိုက်ပါသည်။ လူ့အခွင့်အရေးနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထား မှုဥပဒေကို ချိုးဖောက်နေသော အာဏာသိမ်းစစ်ကောင်စီကို ပံ့ပေးပေးမှုမှ ရှောင်ကျဥ်ရပါမည်။ နိုင်ငံတကာအ သိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီအား ကူညီပံ့ပိုးပေးခြင်းအားဖြင့် ၎င်းတို့အား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ် စေ တရားဝင်မှုပေးရာရောက်ပြီး မြန်မာနိုင်ငံ၏အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်ပါသည်။ ထို့ကြောင့် ဤသို့ လုပ်ဆောင်ခြင်းတို့အား နိုင်ငံတကာအသိုင်းအဝိုင်းမှ ရှောင်ကျဥ်ပေးရမည်ဖြစ်ပါသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီအား စစ်လက်နက်ရောင်းချပေးခြင်းအပြင် ၎င်းတို့နှင့်ဆက်စပ်သော စီးပွား ရေးအားလုံးကို ဖြတ်တောက်ပေးရန်လည်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ လေးနက်စွာတောင်းဆိုလိုက်ပါသည်။ နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် လူသားအားလုံးအတွက် တန်းတူညီမျှမှုရှိပြီး လူ့အခွင့်အရေးကို လေးစား၊ လိုက်နာကာကွယ်ဖြည့်ဆည်းသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်ရန်အတွက် အာဏာသိမ်းစစ် ကောင်စီအား ခုခံဆန့်ကျင်ပြီး တိုက်ပွဲဝင်နေသောကြောင့် လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရသော အသက်ပေးဆပ်ခဲ့ရ သော သူများအားလုံးကို ကျွန်ုပ်တို့မှ ဂါဝရပြုလိုက်ပါသည်။

Fri, 10 Dec 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်