Tue, 30 Mar 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြမ်းတပ်ဖွဲ့များမှ အရပ်သားများအားပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ ရှုတ်ချ

    

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြမ်းဖက်တပ်ဖွဲ့များမှ မတ်လ ၂၇ မှ ၂၉ ရက်နေ့အထိ မူ‌တြော်ခရိုင်အ တွင်းအရပ်သားများကို လေကြောင်းမှတိုက်ခိုက်ခဲ့၍ က‌လေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ပြည်သူလူထု အများအပြားကို ဒဏ်ရာရရှိစေခဲ့မှုအပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှလုံးဝရှုတ်ချပါသည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုများကြောင့် ယခုအချိန်တွင် ရွာသား(၂၀၀၀)ကျော်မှ အစားအစာနှင့်ခိုလှုံရာနေရာ အလုံအလောက် မရှိပဲ တောထဲတွင်ထွက်ပြေးတိမ်းရှောင်နေရပါသည်။ အရပ်သားနေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်း သည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေနှင့် ရာဇဝတ်ဥပဒေတို့ကိုချိုးဖောက်နေပြီး ထိုတိုက်ခိုက်မှုများကို အမိန့်ပေးခဲ့သူများနှင့်ကျူးလွန်ခဲ့သူများအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်  နိုင်ငံတကာအ သိုင်းအဝိုင်းမှ ဖိအားပေးနှိုးဆော်ရပါမည်။

မတ်လ ၂၇ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ်တွင် ဂျက်လေယဉ်များဖြင့် လူသောမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာသို့  လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများကိုစတင်ခဲ့ပြီး ဆက်လက်၍ ဒွယ်လိုးမြို့နယ်သို့ မတ်လ၂၉ ရက်နေ့ ညနေ ၂ နာရီ ၁၅ မိနစ်တွင် လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ပါသည်။ အရပ်သားသေဆုံးမှုများအပြင် ဒွယ်လိုးမြို့နယ်တွင်းရှိ အိမ်များနှင့် အမှတ် (၁)အထက်တန်းကြောင်းနှင့် လူသောမြို့နယ်၊  ကလိုဘောထာကျေးရွာ၊ စယ်သွယ်သော‌ ကျောင်းပျက်စီးသွားပါသည်။ ဤကဲ့သို့လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နှစ်များစွာအတွင်း အကြီးမားဆုံးသောတိုက်ခိုက်မှုများဖြစ်ပြီး ဒေသအတွင်းပိုမိုဆိုးရွားလာသော အကြမ်းဖက် တိုက်ခိုက်မှုများကိုထောက်ပြနေပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်ပေါ်နေ သောဆန္ဒပြမှုများအား အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးနေရသူများအပြင် လေကြောင်းတိုက်ခိုက် မှုများကြောင့် ဒုက္ခသည်များထောင်နှင့်ချီပြီး ထွက်ပြေးပုန်းရှောင်နေရ‌ပါသည်။ ထိုင်းမြန်မာနယ်စပ်တစ်လျှောက် တွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုအကျပ်အတည်း ဖြစ်ပေါ်နေသည်ကို ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် အခြားလူထုအခြေပြုအဖွဲ့အစည်းများမှ  နိုင်ငံတကာအသိုင်းအဝိုင်းအား သတိပေးလိုပါသည်။ အရပ်သားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြမ်းဖက်တပ်ဖွဲ့များမှတိုက်ခိုက်နေချိန်တွင် ခိုလှုံခွင့်တောင်းခံသူများကို ထိုင်းအစိုးရမှ မြန်မာပြည်ဘက်ခြမ်းသို့ပြန်လည်နှင်ထုတ်ခဲ့သည်။ ဒုက္ခသည်များကို ပြင်းထန်သော အန္တရာယ် များနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်ရာနေရာများသို့ အတင်းအဓမ္မပြန်ပို့ခြင်းအား နိုင်ငံအတကာလူအ ခွင့်အ‌ရေးဥပဒေမှ တားမြစ်ထားပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အရပ်သားများကို သတ်ဖြတ်နေမှုများနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ငြိမ်ကြည့်မနေသင့်ပါ။ အရပ်သားသေဆုံးမှု ထပ်မံမဖြစ်ပွားစေရန်နှင့် နိုင်ငံတကာဥပ ဒေများကိုချိုးဖောက်နေသူများအား တာဝန်ခံမှုရှိစေရန် KHRG မှအောက်ပါအချက်များကို အကောင်အထည်ဖော် ဆောင်ရန်မေတ္တာရပ်ခံအပ်ပါသည်။

၁. စစ်တပ်မှချက်ချင်းအာဏာစွန့်ပြီး ပြည်သူမှရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရတစ် ရပ်အား အာဏာလွှဲပြောင်းပေးရန်။

၂. ထိုင်းအစိုးရမှ ၎င်းတို့၏နိုင်ငံတကာတာဝန်ကိုယူပြီး ၎င်းတို့၏နယ်မြေအတွင်းခိုလှုံမှုနှင့် အကာအကွယ် ရှာဖွေနေသည့် မြန်မာပြည်သူအားလုံးကိုခိုလှုံခွင့်ပေးရန်။

. ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာပြည်ရှိအရပ်သားများအားကာကွယ်ရန်တာဝန်ကိုယူပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအပေါ် လက်နက်ရောင်းဝယ်ရေးနှင့် ပစ်မှတ်ထားပိတ်ဆို့မှုများပြုလုပ်ရန်။ လုံခြုံရေးကောင်စီမှ စစ်ကောင်စီကျူးလွန်ခဲ့သောရာဇဝတ်မှုများအပေါ် တရားစွဲဆိုနိုင်ရန်နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့လွှဲ ပြောင်းပေးရန်။

စစ်ကောင်စီ၏အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများကိုမြန်မာပြည်သူများရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာအသိုင်း အဝိုင်းမှ လုပ်ဆောင်ခဲ့သည့်အရာများကို သမိုင်းကအမှတ်ရနေမည်ဖြစ်သည်။ ကမ္ဘာမှဝိုင်းဝန်းလုပ်ဆောင်ကြရန် မြန်မာပြည်သူများ လိုအပ်နေသည်။

ဆက်သွယ်ရန်

နော်ထူးထူး - +66 (0) 872 051 856
စောနန္ဒဆူး -
+66 (0) 811 297 564

Tue, 30 Mar 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်