Wed, 10 Mar 2021
စစ်ကောင်စီ၏သတင်းလွတ်လပ်ခွင့်အပေါ်တိုက်ခိုက်မှုအားရှုတ်ချခြင်း

    

 

စစ်တပ်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား တိုက်ခိုက်နေ သည့်အပေါ် ကရင်လူ့အခွင့် အရေးအဖွဲ့မှ ပြင်းထန်စွာ ရှုပ်ချပါသည်။ စစ်တပ်အာဏာသိမ်းပြီး တစ်ပတ်အတွင်း နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များသည် ဆက်လက်ဖြစ်ပွားနေ သည့်  လူထုဆန္ဒပြပွဲများ နှင့် အာဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) များအား အကြမ်းဖက်မှုများ ကို မှတ်တမ်းတင်နေကြ သော သတင်းသမားများအား စနစ်တကျပစ်မှတ်ထားတိုက်ခိုက်နေပါသည်။

လူထုလှုပ်ရှားမှုတွင် သတင်းသမားများကိုရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း ရဲတပ်ဖွဲ့နှင့် စစ်တပ် ထောက်ခံသူ များက အဆိုပါသတင်းသမားများအား ဖမ်းဆီးရိုက်နှက် တိုက်ခိုက်နေကြပါသည်။ သတင်းသမားများအနေဖြင့် အာ ဏာသိမ်းစစ်အစိုးရ၏ ပိုမိုဆိုးရွားလာသည့် တားဆီးဖြိုခွင်းခြင်းများကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ရာတွင် ရဲတပ်ဖွဲ့ဝင်များမှ တုန့်ပြန်လက်စားချေမှုများပြုလုပ်မည်ကို ကြောက်ရွံ့ကြကြောင်း တင်ပြ ကြပါသည်။ စစ်အစိုးရ၏ ရဲတပ်ဖွဲ့ဝင်များသည် သတင်းဌာန၊ သတင်းအဖွဲ့အစည်းများ၏ ရုံးများသို့ဝင်ရောက်စီးနင်း ပြီး အရေးကြီးသောသတင်းမှတ်တမ်းယူသည့် ပစ္စည်းကိရိယာများကို သိမ်းယူနေ ပါသည်။ သတင်းဌာနနှင့် သတင်း အဖွဲ့အစည်းအများအပြားသည် ၎င်းတို့၏ တရားဝင်လိုင်စင်များ အတင်းအဓမ္မ သိမ်းဆည်းခြင်းခံနေရပါသည်။

သတင်းလွတ်လပ်ခွင့်ကိုတိုက်ခိုက်ခြင်းကဲ့သို့သော ဆိုးရွားသောတိုက်ခိုက်မှုများသည် လူမှုအသိုက်အဝန်းတစ်ခု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုခွင့်အား တိုက်ရိုက်ချိုးဖောက်နေပါသည်။ အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ ဖုန်းနှင့် အင်တာနက်ဝန်‌ဆောင်မှုများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့မှု နှစ်ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ ပြီးဖြစ်ပါသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ညဘက်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပိတ်ပစ်ပြီးဆန္ဒ ပြသူများနှင့် နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြသည်။

လမ်းပေါ်တွင်ချိုးဖောက်နေသော အကြမ်းဖက်မှုများအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံသားများ၏ အင်တာနက်အသုံးပြုမှုကိုကြားဖြတ်စောင့်ကြပ်ခြင်း၊ အင်တာနက်စာမျက်နှာများပိတ်သိမ်းခြင်းများကို ပြုလုပ်နိုင် မည့် ပြင်းထန်သော ဆိုင်ဘာဥပဒေတစ်ခုကို အဆိုတင်သွင်းခဲ့သည်။ ဤဥပဒေကို ဆွေးနွေးသည့်အဆင့်တွင်သာ ရှိ သေးသော်လည်း ဤဥပဒေပါအချက်များကို တည်ဆဲဥပဒေများဖြစ်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွပ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ရေး ဥပဒေနှင့် အီလက်ထေရာနစ် ဆက်သွယ်‌ဆောင်ရွက်ရေး ဥပေဒထဲ တွင် ပြင်ဆင်ထည့်သွင်းခဲ့သည်။

လူအားလုံးလွပ်လပ်စွာနှင့် ဂုဏ်သိက္ခရှိစွာနေထိုင်နိုင်ရန်အတွက် နိုင်ငံသားများနှင့်သတင်းသမားများ၏ လွပ်လပ် စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်သည် အဓိကကျသောအရာတစ်ခုဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေ ညာစာတမ်းနှင့် အခြားသောအပြည်ပြည်ဆိုင်ရာသဘောတူညီချက်များတွင် လွပ်လပ်စွာသတင်းရရှိခွင့်နှင့် ဝေငှခွင့် တို့ကို အာမခံချက်ပေးထားသည်။ အာဏာသိမ်းစစ်တပ်မှ ဆန္ဒပြသူများအားအကြမ်းဖက်နေမှုများကို သတင်း ထောက်များမှတ်တမ်းရယူခြင်းမှ ပိတ်ပင်ခြင်းသည် ၎င်းတို့ထပ်မံကျူးလွန်မည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ၏အရိပ်အယောင်ကို ပြနေခြင်းဖြစ်ပါသည်။

စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာပြည်ကိုယခင်စစ်အုပ်ချုပ်မှုလက်အောက်ကကဲ့သို့ အ ‌မှောင်ခေတ်သို့ ပြန်လည်တွန်းပို့နေခြင်းဖြစ်သည်။ မြန်မာပြည်သူများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဆက် ဖြတ်ပစ်ပြီး မြန်မာပြည်သူများအပေါ်ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုသက်သေများကို နိုင်ငံတကာမှ မမြင်နိုင်အောင် ပိတ်ပင်ရန်ကြိုးစားနေခြင်းဖြစ်သည်။ သို့သော်လည်း ၄င်းတို့၏ ဤကဲ့သို၌သော ကြိုးပမ်းအား ထုတ်မှုသည် အောင်မြင်မည်မဟုတ်ပါ။ သိန်းနှင့်ချီသောမြန်မာပြည်သူများမှ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မည်သည့်အာဏာရှင်စနစ်နှင့် ဖိနှိပ်ချုပ်ချယ်မှုကိုမျှလက်ခံမည်မဟုတ် ကြောင်းကို နေ့စဉ်လမ်းပေါ် သို့ထွက်ပြီး ဆန္ဒထုတ်ဖော်ခြင်းများမှ‌ ဖော်ပြနေပါသည်။

အာဏာသိမ်းစစ်ကောင်စီမှ သတင်းလွပ်လပ်ခွင့်ပြန်ပေးရန်၊ လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဥပဒေဖြင့်ကန့် သတ်ထားခြင်းများအားလုံးကို ရုတ်သိမ်းရန်၊ ပြည်သူများနှင့် တိုင်းရင်းသားလူနည်းစုများ၏ တောင်းဆိုချက်များကို အသိအမှတ်ပြုအကောင်အထည်ဖော်ပေးရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့မှ တိုက်တွန်းအပ်ပါသည်။ နိုင်ငံတ ကာအသိုင်းအဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီအာဏာလက်လွတ်ရေးအတွက် တတ်နိုင်သည့် ဖိ အားပေးမှုများ လုပ်ဆောင်ရန်လိုအပ်ပါသည်။ နောက်ဆုံးအနေဖြင့် ကုလသမဂ္ဂ လုံခြုရေးကောင်စီမှ မြန်မာနိုင်ငံ တွင်ဖြစ်ပွားနေသော ငြိမ်းချမ်းရေးအပေါ်ခြိမ်းခြောက်မှုနှင့် လူသားချင်းစာနာမှုအကျပ်အတည်းကိုအလေးထားပြီး ကုလသမဂ္ဂ၏ တာဝန်ဝတ္တရား အပိုင်း (၇) နှင့်အညီ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြန်လည်ရရှိ အောင်လုပ်ဆောင်ရန် တောင်းဆိုအပ်ပါသည်။

 

ဆက်သွယ်ရန်

နော်ထူးထူး - +66 (0) 85-268-5519 
စောနန္ဒဆူး - +66 (0) 85-268-5519

Wed, 10 Mar 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages