Mon, 08 Mar 2021
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

    

 

ယနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်အမျိုးသမီးများနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ ခက်ခဲကြပ်တည်း သည့်ကာလတွင် ဆက်လက်၍လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော အမျိုးသမီးအားလုံးတို့ အား ဂုဏ်ပြုအပ်ပါသည်။ ၎င်းတို့၏ ယခင်နှင့် ယခုအချိန်ခါထိ မျှဝေ‌ပေးမှု၊ ပေးဆပ်မှု နှင့် အောင်မြင်မှုများအတွက် ကျွန်ုပ်တို့မှ ကျေးဇူးတင်အလေးအမြတ်ထားကြောင်း ထပ်မံဖော်ပြလိုပါသည်။ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက် နက်ကိုင်ပဋိပက္ခဖြစ်ပွားလာခဲ့သည်မှာ အနှစ် ရဝ ကျော်ရှိနေပြီဖြစ်ပြီး အထူးသဖြင့်အမျိုးသမီးများသည် လက်နက် ကိုင်အဖွဲ့များမှကျူးလွန်သော လူအခွင့်အရေးချိုးဖောက်ကျူးလွန်မှုများနှင့် အခြားသောကျူးလွန်မှုများ အား ရင်ဆိုင်ကြုံတွေ့ကြရသည်။ လူမှုယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာကန့်သတ်ချက်များအပြင် ဆက်လက်ဖြစ် ပွားနေသောပဋိပက္ခများကြောင့် ကျား၊မအခြေပြုခွဲခြားဆက်ဆံခြင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိသော မြန် မာနိုင်ငံတွင်နေထိုင်ခြင်းသည် အမျိုးသမီးများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးများသည် ထိုကဲ့သို့ သောကန့်သတ်မှုများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ စွမ်းဆောင်ရည်များကို ခေတ်အဆက် ဆက် တွင် စဉ်ဆက်မပြတ် မြင်တွေ့နိုင်ပါသည်။

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်သည် “စိန်ခေါ်ရန်ရွေးချယ်ခြင်း” ဖြစ်ပြီး ပြောင်း လဲမှုများဖြစ်ပေါ်လာရန် ကျွန်ုပ်တို့ကိုယ်၌တွင် တာဝန်ရှိခြင်းကိုဆိုလိုပါသည်။ ကျွန်ုပ်တို့အားလုံးသည် ကျား၊မ ဆိုင် ရာဘက်လိုက်ခြင်းနှင့် တန်းတူညီမျှမှုမရှိခြင်းများကို စိန်ခေါ်ရန်ရွေးချယ်မည်ဆိုပါက အမျိုးသမီးများ၏ စွမ်းဆောင် ရည်နှင့် ၎င်းတို့၏နေ့စဉ်ဘဝအခြေအနေများကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်နိုင်မည်ဖြစ်ပြီး တရားမျှတမှုရှိ ၍ လူတိုင်းမှတန်းတူညီမျှသော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ကျား၊မဆိုင်အခြေပြုခွဲခြားဆက်ဆံခြင်းနှင့် တန်းတူညီမျှမှုမရှိ ခြင်းတို့အပြင် ပြည်သူအားလုံးအတွက် ဒီမိုကရေစီနှင့် ငြိမ်းရေးတို့အပေါ် ခြိမ်းခြောက်နေသော စစ်အာဏာသိမ်းမှု ကိုလည်းရင်ဆိုင်နေရပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းခဲ့ပြီးကတည်းက အမျိုးသမီးများသည် အဏာဖီဆန်ရေးအကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) တွင် တက်တက်ကြွကြွပါဝင် လှုပ်ရှား ကြသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါသည်။ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တွန်းလှန်ရာတွင် ဖမ်းဆီးချုပ်နှောင်ခံရ ခြင်းနှင့် သတ်ဖြတ်ခံရခြင်းအန္တရာယ်များရှိသော်လည်း ထိုအရာများကိုအန်တုကာ အမျိုးသမီများသည် ရှေ့တန်း တွင် ဦးဆောင်ပါဝင်ကြပါသည်။ ရဲရင့်သောအမျိုးသမီးများ (အထူးသဖြင့်အမျိုးသမီးငယ်များ) သည် စစ်တပ်အုပ် ချုပ်မှုကိုဆန့်ကျင်တွန်းလှန်ရာတွင် ၎င်းတို့အသက်ကိုပေးဆပ်ခဲ့ကြရပြီးလည်းဖြစ်ပါသည်။ အာဏာသိမ်းစစ်တပ် နှင့် ရဲတို့၏ ဖြိုခွင်းသတ်ဖြတ်မှုများကြောင့် သေကြေပျက်စီးမှုများ နေ့စဉ်နှင့်အမျှ မြင့်တက်နေသော်လည်း အမျိုး သမီးများသည် ဆက်လက်၍ လမ်းပေါ်သို့နေ့စဉ်ထွက်ကာ ဆန္ဒပြနေကြဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏ ရဲရင့်မှု နှင့်ပေးဆက်မှုတို့အတွက် အလွန်တန်ဖိုးထားလေးစားမိပါသည်။ ကျွန်ုပ်တို့အားလုံးမှ အမျိုးသမီးများ၏ စွမ်း ဆောင်ရည်နှင့် ပေးဆပ်မှုများကို ယနေ့နိုင်ငံရေးအကြပ်အတည်းကြုံတွေ့နေရချိန်တွင်သာမက ၎င်းတို့၏ နေ့စဉ် နှင့်အမျှ ပေးဆပ်နေမှုများကိုလည်း အသိအမှတ်ပြုရန်အရေးကြီးလှပါသည်။

အမျိုးသားများနှင့်အမျိုးသမီးများသည် မတရားသောအုပ်ချုပ်မှုနှင့် စစ်တပ်အာဏာသိမ်းမှုတစ်ရပ်ကို လမ်းပေါ်သို့ ထွက်ကာ ဆန့်ကျင်ဆန္ဒပြနေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့မှ ကျားမဆိုင်ရာဘက်လိုက်မှုနှင့် တရားမျှတမှုမရှိခြင်းကို ဆန့်ကျင်တွန်းလှန်ရာ၌လည်း ဤကဲ့သို့သောစည်းလုံးညီညွတ်မှုကို ဆက်လက်ဆုပ်ကိုင်ထားကြပါရန် အားလုံးကို တိုက်တွန်းလိုပါသည်။ ကျား၊မ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တွန်းလှန်ရာတွင် အမျိုးသမီးများ၏တာဝန်သာ မဖြစ် သင့်ပါ။ ယနေ့သည် မိမိ၏နိုင်ငံ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာနှင့် မိသားစုများအတွက် အသက်ကိုစတေးခဲ့ကြရသော အမျိုးသမီးများနှင့် ဆက်လက်ပြီးပေးဆပ်နေသော အမျိုးသမီးများ၏ကြံကြံခံမှုနှင့် အောင်မြင်မှုများအား ဂုဏ်ပြု သော နေ့တစ်နေ့ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည် အသစ်တဖန်စတင်ရန်နေ့တစ်နေ့ဖြစ်ပြီး မတရားမှု၊ အကြမ်း ဖက်မှုနှင့် အမျိုးသမီးများ၏နေ့စဉ်အအသက်တာတွင် ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံမှုတို့အား အပြီးသတ်ရပ် တန့်ရန် နေ့တစ်နေ့လည်းဖြစ်ပါသည်။

#စိန်ခေါ်ရန်ရွေးချယ်ခြင်း

Mon, 08 Mar 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages