Mon, 09 Aug 2021
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့

    

 

ယနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့သည် နယ်မြေနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သူများ ဖြစ်သော ဌာနေတိုင်းရင်းသားများကို ဂုဏ်ပြုရမည့်နေ့ဖြစ်သည်။ မြန်မာပြည်အနှံ့အပြားတွင် ထုံးတမ်းအစဉ်အ လာ၊ ယဉ်ကျေးမှုနှင့် ကျင့်ထုံးများ ကွဲပြားသော ဌာနေတိုင်းရင်းသားအစုအဖွဲ့များ စွာရှိနေပါသည်။ သို့သော်လည်း ထိုဌာနေတိုင်းရင်းသားများသည် ၎င်းတို့၏အခွင့်အရေးနှင့် ဖြစ်တည်မှုကို ခြိမ်းခြောက်နေသော အရာများနှင့် ရင် ဆိုင်ကြရပါသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ချင်း၊ ရိုဟင်ဂျာ၊ ရှမ်းနှင့် က ရင်ကဲ့သို့သော လူမျိုးစုများသည် ကြမ်းတမ်းသော အတွေ့အကြုံများကိုရင်ဆိုင်ကြရသည်။ တစ်ချိန်တည်းတွင် ဌာ နေတိုင်းရင်းသားများသည် ၎င်းတို့၏ယဉ်ကျေးမှုနှင့် ဘာသာစကားများ ပျက်စီးပျောက်ဆုံးခြင်း အန္တရာယ်များနှင့် ရင်ဆိုင်ကြရပြီး ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ဖြစ်ပွားသော မြေယာသိမ်းဆည်းမှုများ၊ အတင်းအဓ္ဓမ နေရပ်ရွေ့ ပြောင်းနေထိုင်ရမှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုးကျိုးသက်ရောက်မှုများကို ခံစားကြရသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့တို့မှ စစ် ကောင်စီ၏ သံလွင်မြစ်အတွင်းရှိ ဟတ်ကြီးရေကာတာပြန်လည်စတင်ရေးကြေညာချက်ကိုဆန့်ကျင့်သည့် အစီရင် ခံစာတစ်ခုကိုထုတ်ပြန်ခဲ့သည်။ ဟတ်ကြီးရေကာတာဆောက်လုပ်ခြင်းသည် ဂေဟစနစ်ကို ဆိုးဆိုးရွားရွား သက် ရောက်စေမည့်အပြင် သံလွင်မြစ်ကိုမှီတင်းနေထိုင်ရသော ထိုဒေသအတွင်းရှိ လူထုများ၏ စားဝတ်နေရေး၊ အသက် ရှင်နေထိုင်မှုနှင့် ယဉ်ကျေးမှုများကို ထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့မှ အကြိမ်ကြိမ် ထောက်ပြခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဟတ်ကြီးရေကာတာ ဆောက်လုပ်ခြင်းအပြင် မြန်မာပြည်အရှေ့တောင်ပိုင်း တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့်ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း ကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက မြန်မာပြည်တစ်ဝန်းလုံးတွင် စစ် ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပစ်ခတ်တိုက်ခိုက်မှုပိုမိုများပြားလာခဲ့သည်။ မြန်မာပြည်အ ရှေ့တောင်ပိုင်းတွင် လက်နက်ကြီးဖြင့် စစ်ကောင်စီ၏ရမ်းသန်းပစ်ခတ်မှုများ ၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသ ခံရွာသားများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သောင်းနှင့် ချီသော ရွာသားများ နေရပ်ရွေ့ပြောင်းရခြင်းများ ရှိခဲ့ပါသည်။ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံရွာသားများသည် အစားအစာ၊ ရေ၊ အမိုးအကာနှင့်ဆေးဝါးများကို အထူးလိုအပ်နေပါသည်။ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက် ကြီးပစ်ခတ်မှုများကိုကြောက်နေရသောကြောင့် နေအိမ်ပြန်မရဲသော ရွာသားများစွာရှိနေပါသည်။

တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်းကြောင့် ရင်ဆိုင်ရသော အခက်အခဲများ အပြင် ကိုဗစ် ၁၉ ကပ်ဘေးသည်လည်း ထိုအခက်အခဲများကို ပိုမိုဆိုးရွားစေပါသည်။ မြန်မာပြည် အရှေ့တောင်ပိုင်း ရှိ ကျေးလက်ဒေသများတွင် ကျန်းမာရေးလက်လှမ်းမီနိုင်မှု အလွန်အားနည်းသောကြောင့် ဒေသခံရွာသားများ သည် ကိုဗစ် ၁၉ သံသယ လူနာများကို ၎င်းတို့၏ အိမ်တွင်းတွင်သာ ကုသမှုပေးနေရသည်။ စစ်ကောင်စီသည် ပြည် သူများကို ရရာနည်းလမ်းဖြင့် ဆေးဝါးကုသခွင့်ပေးမည့်အစား ဇူလိုင်လအစောပိုင်းမှစ၍ ပုဂ္ဂလိကဆေးရုံဆေးခန်း နှင့် လူတစ်ဦးချင်းကို အောက်ဆီဂျင်ရောင်းချခွင့်ပိတ်ပင်လိုက်သည်။ တစ်ချိန်တည်းတွင် စစ်ကောင်စီမှ ကရင်အ မျိုးသား အစည်းအရုံး (KNU) ၏ ကိုဗစ် ကာကွယ်တားဆီးရေးလုပ်ဆောင်မှုများကို နှောက်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေပါသည်။ မကြာသေးခင်အချိန်တွင် စစ်ကောင်စီမှ ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ရန် KNU ၏ကိုဗစ် စစ်ဆေးရေးဂိတ်ကို ဖျက်ဆီးခဲ့ပြီး ဒေသတွင်းသွားလာရေးကန့်သတ်ချက်များကိုဆန့်ကျင်ခဲ့သည်။ စစ် ကောင်စီမှ ကိုဗစ် ကပ်ဘေးကို လက်နက်သဖွယ် အသုံးပြုနေသောကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေပါသည်။

စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် ၁၉ ကပ်ရောဂါများကြောင့် မြန်မာပြည်အတွင်းရှိ ဌာနေတိုင်းရင်းသားများသည် အ ကြပ်အတည်းများစွာ ရင်ဆိုင်နေရပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးရ ရှိ‌ရေးကို ကူညီထောက်ပံ့သည့်အပြင် ၎င်းတို့၏ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း အသိအမှတ်ပြုရန် KHRG မှ တိုက်တွန်း လိုပါသည်။

Mon, 09 Aug 2021

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်

Pages