Fri, 17 Feb 2023
ခလယ်လွီထူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC စစ်သားများမှ ရွာသားတစ်ဦးကို မတရားသတ်ဖြတ်ခဲ့ခြင်း (၂၀၂၂ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင် SAC စစ်သားများသည် ရွာသားတစ်ဦး၏ယာတဲအနီးတစ်နေရာတွင် ၎င်းအား မတရားသတ်ဖြတ်ခဲ့သည်။ ထိုဒေသ တွင် KNLA နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ဤလူသတ်မှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။ ဤဖြစ်စဉ် ကြောင့် ရွာသားများအချို့သည် ၎င်းတို့၏ကျွဲနွားတိရိစ္ဆာန်များနှင့် လယ်ယာလုပ်ငန်းများကို သွားရောက်ကြည့်ရှုရန် ကြောက်ရွံ့ ခဲ့ကြသည်။ တစ်ချို့လည်း အခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ [1]

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လူသတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ တခေါပွာကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောရော်ဘင်ထူး

အသက်

၆၀နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

တခေါပွာကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၀)၊ (၅၉၉) နှင့် ပြည်သူ့စစ်အဖွဲ့

မူးမြို့နယ်၊ တခေါပွာကျေးရွာ အုပ်စု၊ အောင်လောင်စီတပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သတ်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် စောရော်ဘင်ထူး၏ဇနီးဖြစ်သူ နော်ဝ---ကို အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

တခေါပွာရွာသားတစ်ဦးဖြစ်သူ စောလ---သည် ဤလူသတ်မှုဖြစ်စဉ်ကို အဝေးတစ်နေရာမှ မျက်မြင်ကိုယ်တွေ့ ခဲ့သူတစ်ဦးဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့ ညနေ ၅း၃၀မိနစ်ဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၉)၊ (၅၉၀)နှင့် ပြည်သူ့စစ်အဖွဲ့တို့မှ စစ်သား (၈)ဦးခန့်သည် ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ (တခေါပွာကျေးရွာအနီးရှိ) အ---နေရာတွင်ရှိသော (တခေါပွာရွာသားတစ်ဦး ဖြစ်သည့်) စောရော်ဘင်ထူး၏ယာတဲအိမ်သို့ သွားရောက်ခဲ့သည်။ ထိုအချိန်တွင် စောရော်ဘင်ထူးသည် ၎င်း၏ ကြောင်ကို အစာကျွေးနေပါသည်။ အဆိုပါ SAC စစ်သားများသည် မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ အောင် လောင်စီတပ်စခန်းတွင် အခြေစိုက်သည်။

 

အခြားရွာသားတစ်ဦးဖြစ်သူ စောလ---သည် အဝေးတစ်နေရာမှ ထိုအခြေအနေကို မြင်တွေ့ခဲ့သည်။ SAC စစ်သားများသည် စောရော်ဘင်ထူး၏တဲအိမ်တွင် ရောက်လာပြီး ၎င်းအားအော်ငေါ့၍ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ကို စောလ---မှ မြင်တွေ့ခဲ့သည်။ (သို့သော်လည်း စောရော်ဘင်ထူး၏မည်သည့်နေရာတွင် သေနတ်ထိမှန်ခဲ့သည်ကို မတွေ့ခဲ့ရပါ။) စောလ---မှ စောရောက်ဘင်ထူးမှာ ထွက်ပြေးရန်ကြိုးစားခဲ့ကြောင်း မြင်တွေ့ခဲ့သည်။ သို့သော်လည်း စောလ---သည် အလွန်ကြောက်ရွံ့သွားပြီး ၎င်းတဲအိမ်မှ ထွက်ပြေးခဲ့သည်။

 

စောလ---သည် ထွက်ပြေးပြီးနေက် တခေါပွာကျေးရွာအုပ်စု၊ ဆောကော်ဒေးနေရာသို့ရောက်ရှိခဲ့သည်။ ထိုနေရာသည် အခင်းဖြစ်ပွားသည့်နေရာနှင့်ဝေးပြီး (ခြေလျင်ဖြင့် နာရီဝက်ခန့်လမ်းလျှောက်ရသည်။)  စောလ---သည် ဆောကော် ဒေးသို့ရောက်ရှိသောအခါ စောရော်ဘင်ထူး၏သားသမီးများနှင့် အခြားရွာသားများကို ဖုန်းဆက်၍ သူမြင်တွေ့ခဲ့သည့် အရာများကို ပြောပြခဲ့သည်။ ရွာသားများနှင့် စောရော်ဘင်ထူး၏မိသားစုဝင်များသည် စော်ရော်ဘင်ထူးမှ ရွာသို့ ရောက်လာမလားဆို၍ သိချင်သောအားဖြင့် ည(၉)နာရီအထိ အခြေအနေကို စောင့်နေခဲ့သည်။ သို့သော်လည်း စောရော်ဘင်ထူး မရောက်လာခဲ့ပေ။ ထို့ကြောင့် ရွာသားများနှင့် စောရော်ဘင်ထူး၏မိသားစုဝင်များသည် ၎င်းအား လိုက်ရှာခဲ့သည်။ ည(၁၀)နာရီဝန်းကျင်တွင် ရွာသားများနှင့် စောရော်ဘင်ထူး၏မိသားစုဝင်များသည် ၎င်းအား တဲအိမ်အနားတွင် တွေ့ရှိ၍ သေဆုံးနေသည်ကို မြင်တွေ့ခဲ့သည်။ စောရော်ဘင်ထူး၏ကျောမှာ သေနတ်ကျည်ဆံ ထိမှန်ပြီး ကျည်ဆံက ၎င်း၏လည်ပင်းသို့ဖြတ်၍ဖေါက်ထွက်ခဲ့သည်ကို မြင်တွေ့ခဲ့သည်။ စောရော်ဘင်ထူး၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ရန်အတွက် ၎င်းအား မူးမြို့နယ်၊ သဝေါတကူကျေးရွာအုပ်စု၊ ရေကကျေးရွာသို့ ပြန်သယ်ဆောင်လာခဲ့သည်။ ၎င်း၏ရုပ်အလောင်းကို တခေါပွာကျေးရွာသို့ မပြန်သယ်လာခဲ့ပေ။ အကြောင်းမှာ တခေါပွာကျေးရွာသားများသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လမှစ၍ ထိုရွာမှ ထွက်ပြေးနေရှောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (၂၀၂၂ခုနှစ်၊ ဇူလှိုင်လတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။)

 

အခင်းမဖြစ်ပွားခင် လွန်ခဲ့သည့်နှစ်လခန့်တွင် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့တွင် KNLA စစ်သားများသည် မူးမြို့နယ်၊ တခေါပွာကျေးရွာတွင်ရှိသည့် SAC အောင်လောင်စီတပ်စခန်းကို တိုက်ခိုက်ရန်အတွက် စောရော်ဘင်ထူး၏တဲအိမ် အနီးတစ်ဝိုက်တွင် သွားနေ၍ အခြေအနေကိုစောင့်ကြည့်လေ့လာခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် တခေါပွာရွာ သားများအားလုံးသည် ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဤကဲ့သို့ KNLA စစ်သားများမှ စောရော်ဘင်ထူး၏ တဲအိမ်အနီးတစ်ဝိုက်တွင်နေ၍ SAC တပ်စခန်းအား တိုက်ခိုက်ခဲ့သောကြောင့် SAC စစ်သားများသည် ထိုနေရာသို့ ရောက်လာပြီး စောရော်ဘင်ထူးအား ပစ်သတ်ခဲ့ကြောင်း ဒေသခံရွာသားများက ယူဆကြသည်။ (အဘယ်ကြောင့်ဆို သော် စောရော်ဘင်ထူးသည် KNLA စစ်သားများကို သတင်းပေးသည်ဟု SAC စစ်သားများမှ ထင်မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။)

 

စောရော်ဘင်ထူးအသတ်ခံရပြီးနောက်တွင် ရွာသားများသည် ၎င်းတို့လုပ်ကိုင်စိုက်ပျိုးသည့်နေရာများတွင် ၎င်းတို့ပိုင် ဆိုင်သောကျွဲနွားတိရစ္ဆာန်များနှင့် လယ်ယာလုပ်ငန်းများကို သွားရောက်ကြည့်ရှုရန် ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် သခင်မရှိတော့သည့်ကျွဲနှင့်နွားများသည် ရွာသားများ၏လယ်ယာများထဲသို့ သွား၍ စပါးပင်များပျက်စီးသွားခဲ့သည်။ SAC စစ်သားများ၏ဖိနှပ်မှုများအောက်တွင် ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အခြားနေရာများတွင် (တောထဲတွင်လည်း) သွား၍ ပုန်းရှောင်ခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အသတ်ခံရသူ စောရော်ဘင်ထူး၏ဇနီးအပါအဝင် ၎င်းမိသားစုဝင်များသည် ဤသတင်းအကြောင်းအရာကို ရေးသား ဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ 

Fri, 17 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ် ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်