Tue, 04 Apr 2023
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကလေးတစ်ဦးသေဆုံး (၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့ ည (၈)နာရီခန့် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖောဖီးဒဲကျေးရွာ အုပ်စု၊ ဟ---ကျေးရွာတွင်းသို့ လက်နက်ကြီးများရမ်းသန်းပစ်ခတ်ခဲ့၍ လက်နက်ကြီးတစ်လုံးသည် (၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ထိမှန်၍ ထိုနေရာတွင် သေဆုံးခဲ့သည်။ လက်နက်ကြီးတစ်လုံးသည် ထိုမိန်းကလေးငယ်၏ အဘိုးအိမ်တွင်ကျပြီးပေါက်ကွဲသွား၍ သူမအား ထိမှန်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးပစ်ခတ်ပြီးနောက်တွင် တစ်ချို့ ရွာသားများသည် လက်နက်ကြီးပစ်ခတ်မှုများထပ်ဖြစ်ပွားလာမည်ကိုကြောက်၍ ၎င်းတို့၏လယ်ယာခင်းသို့သော် လည်းကောင်း အခြားမြို့သို့သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် မိန်းကလေးတစ်ဦးအား ထိမှန်၍သေဆုံးခဲ့ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့နယ်၊ ဖောဖီးဒဲကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မတ---

အသက်

၇နှစ်

ကျား/မ

လူမျိုး

ဗမာ

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

မှီခို

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖောဖီးဒဲကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၅၉၀)

မူးမြို့နယ်၊ ဖောဖီးဒဲကျေးရွာအုပ်စု၊ ရေအိုးစင်တပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအား ထိမှန်ခဲ့သည့်ဖြစ်စဉ်ကို တွေ့မြင်ခဲ့သည့်ရွာသားတစ်ဦးမှ KHRG သတင်းစုဆောင်းသူတစ်ဦးအား ပြောပြခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများနှင့်ပတ်သတ်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် ထိုဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့် ရွာသားတစ်ဦးထံမှ လက်ခံရရှိခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်နေ့တွင် (ခလယ်လွီထူခရိုင်) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်ရင်း အမှတ် (၈) သည် ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ ဖောဖီးဒဲကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင် အခြေစိုက်သည့် SAC စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (ဒီဇင်ဘာလ ၂၆ရက်နေ့) ည (၈)နာရီခန့်တွင် ဟ---ရွာမှ SAC စစ်သား များနှင့် ရေအိုးစင်တပ်စခန်းတွင်အခြေစိုက်သည့် ခမရ (၅၉၀)တို့သည် ဟ---ကျေးရွာတွင်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကျေးရွာရှိ မူကြိုကျောင်းတစ်လုံးပျက်စီးခဲ့သည်။ တစ်ချို့သောလက်နက်ကြီးများသည် စောမ--- (ရွာသား)၏အိမ်အနားနှင့် မြစ်ချောင်းကမ်းဘေးတွင်လည်း ကျရောက်ပြီး ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးတစ်လုံး သည် ဦးအ---၏ (အခြားရွာသားတစ်ဦး) အိမ်ပေါ်သို့ကျရောက်ပြီးပေါက်ကွဲသွား၍ သူ၏မြေးလေးဖြစ်သူ အသက် (၇)နှစ်အရွယ် မတ---အား ထိမှန်ခဲ့သည်။ မတ---၏လည်ပင်းတွင် လက်နက်ကြီးအပိုင်းအစထိမှန်၍ ချက်ချင်း သေဆုံးခဲ့သည်။ မတ---သည် သူမ၏အဘိုးဖြစ်သူနှင့် အတူတူနေထိုင်ရသည်။ အကြောင်းရင်းမှာ သူမ၏မိဘသည် အခြားနေရာတွင် သွား၍အလုပ်လုပ်နေရခြင်းကြောင့်ဖြစ်သည်။ 

 

(အထက်တွင်ဖော်ပြထားသည့်အတိုင်း ပစ်ခတ်တိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကြောင့်) ဒေသခံ ရွာသားများသည် အလွန်ကြောက်ရွံ့ကြ၍ ၎င်းတို့၏နေအိမ်တွင်သာ ပုန်းအောင်းနေခဲ့သည်။ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက်တွင် တစ်ချို့ရွာသားများသည် မြို့သို့သွား၍ ပုန်းရှောင်ခဲ့သည်။ အချို့ရွာသားများလည်း ၎င်းတို့၏ လယ်ခင်းတောထဲသို့သော်လည်းကောင်း၊ တောထဲသို့သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အချို့ရွာသား များမှာမူ လုံခြုံရေးအတွက် ၎င်းတို့၏နေအိမ်အောက်တွင် ဗုံးခိုကျင်းများတူးထားကြပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်းပေးပို့သောရွာသားတစ်ဦးနှင့် မတ---၏မိသားစုဝင်သည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့် ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Tue, 04 Apr 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်