Wed, 21 Dec 2022
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် SAC မှ ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့ပြီး အိမ် (၁၂) လုံးကို မီးရှို့ဖျက်ဆီးခဲ့ (၂၀၂၂ခုနှစ်၊ ဇူလှိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လအတွင်း ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့သောအကြောင်းအရာများကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့များမှ လယ်မူးပါကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ဝင်ရောက် လာပြီး ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။ ထို့အပြင် ကျေးရွာအိမ် (၁၂)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဤကဲ့သို့ လုပ်ရပ်များကြောင့် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လကုန်အထိ ရွာသားများသည် ၎င်းကျေးရွာသို့ ပြန်လာရန် စိုးရိမ်ကြောက်ရွံ့မှုများရှိနေလျှက်ရှိသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ရွာသားအား ပစ်သတ်မှုနှင့် အိမ်မီးရှို့မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်၊ လယ်မူးပါကျေးရွာ အုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောမာနေထူး

မောင်နေလင်းထွန်း

အသက်

၂၄နှစ်

၁၈နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ 

မရှိ 

အလုပ်အကိုင်

ခြံလုပ်ငန်း

ယာလုပ်ငန်းနှင့် ကားဒရိုင်ဘာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

-

-

နေရပ် ရွာအမည်

အ---ကျေးရွာ

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

SAC စစ်ကွပ်ကဲအခြေစိုက်အမှတ် (၃)၊ (၈)နှင့် (၁၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ (ဗဟိုအခြေစိုက်စခန်း)

မသိရှိရ

မသိရှိရ

မသိရှိရ

SAC ခြေလျှင်တပ်ရင်းအမှတ် (၆၀)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဗဟိုဌာနချုပ်

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၃ရက်နေ့တွင် အ---ကျေးရွာသားတစ်ဦးသည် KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ်၍ သတင်းအကြောင်းအရာများ ပြောပြပြီးနောက် KHRG သတင်းမှတ်တမ်းပြုစုသူသည် ဤမှုခင်း ဖော်ပြသည့်မှတ်တမ်းလွှာကို ရေးသားပြုစုခဲ့သည်။ ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၄ရက်နေ့ မနက်ပိုင်းတွင် KHRG သတင်း မှတ်တမ်းပြုစုသူသည် ရွာသားများပုန်းရှောင်နေသည့်နေရာသို့သွားခဲ့ပြီး ဇူလှိုင်လ ၅ရက်၊ ၆ရက်နေ့တွင် အ--- ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ စောဘ---နှင့် အ---ရွာသား နော်စ---တို့အား အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အ---ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ စောဘ---နှင့် အ---ရွာသားဖြစ်သူ နော်စ---တို့နှစ်ဦးစလုံးသည် ဤမှုခင်း ဖြစ်ပွားပုံကို မျက်မြင်ကိုယ်တွေ့သူများဖြစ်ကြပြီး KHRG သတင်းမှတ်တမ်းပြုစုသူအား သတင်းအချက်အလက်များ ပေးခဲ့ခြင်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၂ရက်နေ့ ၃း၃၀ မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၃)၊ (၈)နှင့် (၁၅)နှင့် ခြေလျှင်တပ်ရင်း (ခလရ) အမှတ် (၆၀)တို့မှ တပ်ဖွဲ့များသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အ---ကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်းသို့ မည်သူမှသတိမထားသည့်အချိန်တွင် အလောတကြီး ဝင်ရောက်လာခဲ့ပြီး ရွာသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။ ထိုရွာသားနှစ်ဦးသည် အသက် (၂၄)နှစ်အရွယ်ရှိ စောမာနေထူးနှင့် အသက် (၁၈)အရွယ်ရှိ မောင်နေလင်းထွန်းဖြစ်ကြသည်။ SAC စစ်သားများမှ ၎င်းရွာသားနှစ်ဦးကို ပစ်သတ်ပြီးနောက် အိမ် (၁၂)လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုကဲ့သို့လုပ်ရပ်များကြောင့် လယ်မူးပါကျေးရွာရှိ ရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့ကျေးရွာသို့ ပြန်လာရန် ကြောက်ရွံ့နေခဲ့သည်။ ရွာသားများသည် ကျေးရွာသို့ ပြန်လာ၍ ၎င်းတို့ (ကြက်၊ ဝက်) တိရိစ္ဆာန်များကို ပြန်လာကြည့်ရန်အတွက် စိတ်ဆန္ဒရှိကြသော်လည်း မပြန်ရဲခဲ့ပေ။ အကြောင်းမှာ ရွာသားများသည် SAC စစ်သားများသည် ကျေးရွာတွင် မြေမြှုပ်မိုင်းများ ထောင်ထား မည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လကုန်အထိ အ---ရွာသားများအားလုံးသည် ၎င်းတို့ပုန်း ရှောင်ရသည့်နေရာတွင် ရှိနေဆဲပင်ဖြစ်သည်။ SAC စစ်သားများ၏လုပ်ရပ်များကြောင့် ကျေးရွာသို့ ပြန်လာရန် ကြောက်ရွံ့နေကြသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အင်တာဗျူးခံရသူရွာသားများသည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန် KHRG အား ခွင့်ပြုချက် ပေးထားပါသည်။

Wed, 21 Dec 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်