Fri, 03 Feb 2023
ခလယ်လွီထူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူးမြို့နယ်တွင် SAC စစ်သားများမှ အမျိုးသမီးတစ်ဦးအား ပစ်သတ်ခဲ့ (၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း)မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နေ့ မနက်ပိုင်းတွင် တခေါပွာကျေးရွာအုပ်စု၊ တခေါပွာကျေးရွာ၊ ပနာကူကလယ်နေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် SAC စစ်သားများမှ အမျိုးသမီးရွာသူတစ်ဦးကို ပစ်သတ်ခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် အပစ်သတ်ခံရသည့်ရွာသူတစ်ဦး၏ ပိုက်ဆံနှင့်လက်ဝတ်ရတနာများကိုလည်း ယူဆောင်ခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာအနီးနားတွင်ရှိသော တဲအိမ်နှစ်လုံး ကိုလည်း မီးရှို့ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အမျိုးသမီးတစ်ဦးအား ပစ်သတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ တခေါပွာကျေးရွာ၊ ပနာကူက လယ်နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဒေးညား

အသက်

၄၈နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ  

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသူ

နေရပ် ရွာအမည်

တခေါပွာကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

SAC ခမရ (၅၉၉)နှင့်တပ်ရင်းအမှတ် မသိရှိရသည့် အခြား SAC တပ်ရင်းမှ ပူးပေါင်းတပ်ဖွဲ့များ

ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ မူး အထူးဒေသ၊ တုံးတော

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နှင့် ၂၃ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် အောက်တိုဘာလ ၂၂ရက်နေ့တွင် ပစ်ခတ်ခဲ့သည့်သေနတ်သံများကြားရပြီးနောက် အ---ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား ဖုန်းခေါ်ဆို၍ မေးမြန်းခဲ့သည်။ အောက်တိုဘာလ ၂၂ရက်နေ့၌ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ တခေါပွာကျေးရွာ၊ ပနာကူက လယ်နေရာတွင် KNLA နှင့် SAC တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် SAC စစ်သားများမှ တခေါပွာကျေးရွာသူ အမျိုးသမီးတစ်ဦးဖြစ်သူ နော်ဒေးညားအား ပစ်သတ်ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ KHRG သတင်းစုဆောင်းသူအား ပြောပြခဲ့သည်။ ဤသတင်းအအကြာင်းအရာကို ပိုမို၍ရရှိစေရန်အတွက် အောက်တိုဘာလ ၂၃ရက်နေ့တွင် KHRG သတင်းစုဆောင်းသူသည် နော်ဒေးညား၏တူလေးဖြစ်သူ စောဘ---အား အင်တာဗျူး လုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

(တခေါပွာရွာမှ) ရွာသားတော်တော်များများသည် နော်ဒေးညားအပစ်သတ်ခံခဲ့ရသည့်အခြေအနေကို မျက်မြင်ကိုယ် တွေ့ခဲ့ပြီး ဤသတင်းအချက်အလက်ကိုပေးသော နော်ဒေးညား၏တူလေးဖြစ်သူ စောဘ---အား ပြန် လည်ပြောပြခဲ့ ခြင်းဖြစ်သည်။ စောဘ---သည် တစ်ခြားရွာသားများနှင့်အတူ သူ၏အဒေါ်ဖြစ်သူ နော်ဒေးညား၏ရုပ်အလောင်းကို ရွာသို့ပြန်သယ်ဆောင်လာသည့်သူတစ်ဦးလည်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၂ရက်နေ့ နံနက် (၇)နာရီတွင် (တပ်ရင်းအမှတ်မသိရှိရသော) နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) တပ်ဖွဲ့သည် ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ မူး (မုန်း)မြို့နယ်၊ မူးအထူးဒေသ၊ တုံးတော ကျေးရွာ၏အရှေ့ဖက်ခြမ်းတွင်တည်ရှိသော တုံးတောတပ်စခန်းတွင် လာရောက်နေထိုင်လှုပ်ရှားခဲ့သည်။ ထိုတပ်စခန်း တွင် SAC ခြေမြန်တပ်ရင်းအမှတ် (၅၉၉)မှ အခြေစိုက်နေထိုင်သည်။ တုံးတောတပ်စခန်းမှ ၎င်းတို့ SAC ပူးပေါင်း တပ်ဖွဲ့များသည် အရှေ့ဖက်ခြမ်းရှိ ပနာကူကလယ်နေရာသို့ သွားရောက်လှုပ်ရှားခဲ့သည်။ ထိုနေရာသည် တုံးတော ကျေးရွာနှင့် မနီးမဝေးတွင်တည်ရှိသည်။ အဆိုပါ SAC တပ်ဖွဲ့များသည် တခေါ ပွာကျေးရွာ၊ ပနာကူကလယ်နေရာသို့ ဝင်လာသည့်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) စစ်သားများနှင့်ထိပ်တိုက်တွေ့ဆုံ၍ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ဤကဲ့သို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ထိုနေရာတွင် နေထိုင်ကြသော ရွာသားများ သည် ကြောက်လန့်၍ရုတ်တရက်ထွက်ပြေးခဲ့ရပြီး ဘာပစ္စည်းတစ်ခုမှ သယ်ဆောင်သွားနိုင်ခြင်းမရှိခဲ့ပေ။ တိုက်ပွဲဖြစ် ပွားသည့်အချိန်တွင် နော်ဒေးညားသည် ပနာကူကလယ်နေရာတွင်ရှိနေခဲ့သည်။ သို့သော် သူမသည် နေမကောင်းဖြစ် သည့်အတွက်ကြောင့် ဝေးဝေးမထွက်ပြေးနိုင်ခဲ့ပါ။ သူမ၏တဲအိမ်မှ သိပ်မဝေးသည့်နေရာတွင်သာ ထွက်ပြေးနိုင်ခဲ့ သည်။ ထိုအချိန်တွင် SAC စစ်သားများသည် သူမအား မြင်တွေ့ခဲ့ပြီး ပစ်သတ်ခဲ့သည်။ နော်ဒေးညား၏ ဘယ်နား ရွက်အနားတွင် သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး သူမ၏ဦးခေါင်းသို့ထိုးဖောက်ပြီး သူမ၏ညာနားရွက်မှ ပွင့်ထွက်ခဲ့သည်။ သူမ၏ညာနားရွက်တဖက်ကြေမွသွားခဲ့သည်။ သူမ၏လက်ဖဝါးတွင်လည်း ကျည်ဆံထိမှန်ခဲ့သည်။ (သို့သော် KHRG မှ ဘယ်လက်ဖဝါးလား ညာလက်ဖဝါးလား အတည်မပြုနိုင်ခဲ့ပါ။) SAC စစ်သားများသည် နော်ဒေးညားအား ပစ်သတ်ခဲ့ပြီးနောက် သူမ၏အိတ်ထဲတွင်ရှိသည့်ငွေကျပ်သုံးသိန်း၊ ရွှေဆွဲကြိုးတစ်ကုံးနှင့် ရွှေနားကပ်တစ်ရံ တွေ့ရှိခဲ့ ပြီး အားလုံးယူဆောင်သွားခဲ့သည်။ ထို့အပြင် SAC စစ်သားများသည် အခင်းဖြစ်ပွားရာနေရာအနီးရှိ တဲအိမ်နှစ်လုံးကို လည်း မီးရှို့၍ ပစ္စည်းများအားလုံးကို ဖျက်ဆီးခဲ့သည်။

 

နောက်တစ်နေ့တွင် နော်ဒေးညား၏ရုပ်အလောင်းကို (KNLA စစ်သားများမှ) တွေ့ရှိခဲ့ပြီး သူမကို တခေါပွာရွာသို့ ပြန်သယ်လာခဲ့သည်။ သူမ၏ရုပ်အလောင်းကို ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ တခေါပွာကျေးရွာအုပ်စု၊ တခေါပွာရွာရှိ သောကောဒေးနေရာတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

 

ဤကဲ့သို့ရွာသူတစ်ဦးအပစ်သတ်ခံရသည့်ဖြစ်စဉ်ကြောင့် ထိုဒေသအတွင်းရှိ ရွာသူရွာသားများသည် ၎င်းတို့၏ လုံခြုံ ရေးအတွက် စိုးရိမ်မှုများရှိလာပြီး အကြောက်တရားနှင့် အသက်ရှင်နေထိုင်နေရသည်။ ထို့ကြောင့် ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ခွာ၍ရှောင်ပုန်းနေရသည်။ ရွာသားများ ရွာမှပုန်းရှောင်နေရပြီး ၎င်းတို့လုပ်ငန်းများနှင့် ကျွဲနွား တိရိစ္ဆာန်များကိုထားခဲ့ရသည့်အတွက်ကြောင့် စားဝတ်နေရေးအခက်အများနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အပစ်သတ်ခံရသည့်ရွာသူတစ်ဦး၏တူလေးသည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ချီရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Fri, 03 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြ ထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်