Fri, 28 Jan 2022
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- မူးမြို့နယ်အတွင်း SAC စစ်သားများမှ အရပ်သားများအား အဓမ္မဖမ်းဆီး (၂၀၂၁ခုနှစ်၊ သြဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ အထူးဒေသ (ရေလှည်းကျေးရွာအုပ်စု)၊ လ--- ကျေးရွာ နှင့် က--- ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တစ်ခုကို ဖော်ြပထား ပါသည်။  ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့တွင် ကျောက်ကြီး (လယ်ဒို) မြို့၊ သံဘိုစစ်တပ်စခန်းရှိ ဗိုလ်ကြီး အောင်ရာလင်းဦးဆောင်သော  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ (SAC)၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၆၀) မှ ဖမ်းဝရမ်း သို့မဟုတ် ဖမ်းဆီးသည့် အကြောင်းအရင်းအားရှင်းပြခြင်းမရှိပဲ ဒေသခံရွာသား ငါးဦးအားဖမ်းဆီးခဲ့ ပါသည်။ ထိုဖမ်းဆီးခံရသည့်ရွာသားများကို ကျောက်ကြီးမြို့ရှိ ‌ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁) စစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး အချုပ်ခန်းထဲထည့်ခဲ့ပါသည်။ ထိုနေ့နောက်ပိုင်း ထိုရွာသားများလွတ်မြောက်ရန်  လယ်ဒို (ကျောက်ကြီး) မြို့နယ်အုပ်ချုပ်ရေးမှူးမှ အချုပ်ခန်းရှိသည့်နေရာသို့သွားရောက် သက်သေခံချက်ပေးပြီးသည့်နောက် ဖမ်းဆီးခံထားရသည့် ရွာသား (၅) ဦးသည် ပြန်လည်လွတ်‌မြောက်လာခဲ့ပါသည်။ SAC ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးလည်း  ထိုဖမ်းဆီးခံရသည့်ရွာသားများအား လွတ်ပေးရန် သွားရောက်တောင်းဆိုခဲ့သည်။  သို့သော်လည်း SAC မှ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA) နှင့် ၎င်းတို့၏ စစ်သင်တန်းစခန်းများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင်ပါဝင်သူများနှင့် ပတ်သက်၍ မေးမြန်းမှုပြုလုပ်ရန် အတွက် တစ်ညတာဖမ်းဆီးထားခဲ့ကြပါသည်။ ၎င်းအနေဖြင့် ယင်းကိစ္စများနှင့် ပတ်သက်၍ ဘာမျှမသိရှိသဖြင့် နောက်တစ်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ [1]

 

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

အဓမ္မဖမ်းဆီးခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ အထူးဒေသ (ရေလှည်းကျေး ရွာအုပ်စု)၊ က--- ကျေးရွာ နှင့် လ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်အ---

စောဟ---

စောစ---

စောဝ---

စောရ---

ဦးန---

အသက်

၄၁

-

-

-

-

-

ကျား/မ

ကျား

ကျား

ကျား

ကျား

ကျား

ကျား

လူမျိုး

ဗမာ

ကရင်

ကရင်

ကရင်

ကရင်

ဗမာ

မိသားစုရှိ/မရှိ   

ရှိ

-

-

-

-

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

နေရပ် ရွာအမည်

လ---

လ---

လ---

လ---

လ---

လ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

SAC စစ်သားများ

မသိ

ခြေလျင်တပ်ရင်း အမှတ် (၆၀)

ကျောက်ကြီးမြို့၊ သံဘိုစခန်း

ဗိုလ်ကြီးအောင်ရာလင်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

SAC စစ်သားများမှ ရွာသားများအားဖမ်းဆီးထားသည့်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ကြားသိပြီးသည့်နောက်ပိုင်း KHRG ၏ သတင်းမှတ်တမ်းပြုစုသူများမှ ဒေသခံရွာသားသုံးဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်ပျက်ခဲ့သည့် အသေးစိတ်အချက်အလက်များကို ပြုစုခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ၏ သတင်းမှတ်တမ်းပြုစုသူများမှ ကျူးလွန်ခံရသူတစ်ဦးနှင့် မျက်မြင်သက်သေ (ကျူးလွန်ခံရသူ၏ဇနီး) အပါ
အဝင် ဒေသခံရွာသားသုံးဦးကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၆၀) မှ ၇၀ ဦးခန့်ရှိသော စစ်သားများသည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ အထူး ဒေသ (ရေလှည်းကျေးရွာအုပ်စု)၊ လ--- ကျေးရွာ နှင့် က--- ကျေးရွာတို့တွင် စစ်ကားသုံးစီးနှင့်အတူဝင်ရောက်ခဲ့ပါသည်။ ဗိုလ်ကြီးအောင်ရာလင်းသည် ခြေလျင်တပ်ရင်း အမှတ် (၆၀) ကို ဦးစီးပြီး ဤတပ်ရင်းသည် ကျောက်ကြီးမြို့ (ဒေသခံရွာသားများမှ လယ်ဒိုဟုရည်ညွှန်းသည်)၊ သံဘိုစစ်တပ်စခန်းတွင် အခြေစိုက်ပါသည်။ SAC စစ်သား ၇၀ ဦးထဲမှ စစ်သား ၂၀ ဦးခန့်သည် က--- ကျေးရွာသို့ဝင်ရောက်ပြီး အခြားသောစစ်သား ၂၀ ဦးခန့်သည် လ--- ကျေးရွာ (ကရင်လူမျိုးများနေထိုင်သည့်အပိုင်း) နှင့် ကျန်သော စစ်သား ၃၀ ဦးခန့်သည် လ--- ကျေးရွာ (ဗမာလူမျိုးများနေထိုင်သည့်အပိုင်း) သို့ဝင်ရောက်ခဲ့ကြပါသည်။ SAC စစ်သားများသည် ၎င်းတို့၏ မှတ်စုစာအုပ်ထဲတွင် ရွာသား (၅) ဦး၏ အမည်စရင်းများရှိပြီး ထိုအိမ် (၅) အိမ်ကို ဝိုင်းထားကာ ဝင်ရောက်ခဲ့ကြပါသည်။ ထိုအိမ်ပိုင်ရှင်များသည် မောင်အ---၊ စောဟ---၊ စောစ---၊ စောဝ--- နှင့် စောရ--- ဖြစ်ကြပါသည်။ ထိုစစ်သားများသည် ရွာသားများ၏ အိမ်ထောင်စုစရင်းများကိုပြခိုင်းပြီး မိသားစုဝင်များ၏နာမည်များကိုခေါ်ကာ ထိုရွာသား (၅) ဦးကို ဖမ်းဝရမ်းမပါပဲ သို့မဟုတ် မည်သည့်အချက်အလက်မှမရှိပဲ (ဘာကြောင့်၎င်းတို့အားဖမ်းဆီးသည်) ၎င်းတို့နှင့်ခေါ်ဆောင်သွားခဲ့ပါသည်။

 

ကျူးလွန်ခံရသူ၏မိသားစုဝင်တစ်ဦးမှ SAC စစ်သားတစ်ဦးအား မည်သည့်နေရာသို့ခေါ်ဆောင်သွားခဲ့သည်ကိုမေးမြန်းခဲ့ရာတွင် အဆိုပါစစ်သားမှ “သူကိုနံ့သာကွင်း (စခန်း) ကို ခဏပြန်ခေါ်သွားပြီးမှ ပြန်လွတ်ပေးမယ်” ဟုပြန်ဖြေခဲ့သည်။ ထို့နောက် ကျူးလွန်ခံရသူ၏ မိသားစုဝင်များမှ “သူကခြေကျင်နဲ့ပဲပြန်လာရမှာလား” ဟုမေးခဲ့ပါသည်။ SAC စစ်သားမှ “မဟုတ်ပါဘူး၊ ဒီကားအဖြူနဲ့သူကိုပြန်လာပို့ပေးမှာ” ဟုတုန့်ပြန်ခဲ့ပါသည်။

 

နောက်ပိုင်းတွင် ထိုဖမ်းဆီးခံရသည့်ရွာသား (၅) ဦးကို နံ့သာကွင်း စစ်တပ်စခန်းသို့ပို့မည့်အစား ကျောက်ကြီးမြို့ရှိခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၅၁) သို့ပို့ဆောင်ခဲ့ကြောင်း သိရှိခဲ့ပါသည်။ ဖြစ်ပျက်မှု ဖြစ်ပွားပြီးသည့်နှင့် (SAC) ၏လ--- ကျေးရွာအုပ်ချုပ်ရေးမှူး ဦးန--- မှ ကျောက်ကြီးမြို့အချုပ်ခန်းထားသည့်စခန်းသို့ အဖမ်းခံထားရသည့် ရွာသား (၅) ဦးလွတ်မြောက်ရန်အတွက်ကူညီပေးရန် ချက်ချင်းလိုက်သွားခဲ့ပါသည်။ SAC စစ်သားများမှ ၎င်းအားအိမ်သို့ပြန်သွားရန်ပြောခဲ့သော်လည်း ပြန်သွားရန် ငြင်းဆိုခဲ့ပါသည်။

 

SAC စစ်သားများသည် ရွာသား (၅) ဦးကိုဖမ်းဆီးသည့်အချိန်အတော်အတွင်း နှင့် စစ်ဆေးမေးမြန်းမှုပြုလုပ်ချိန်တွင် မည်သည့် အကြောင်းအရာကိုမျှရှင်းပြခြင်းမရှိပါ။ သို့သော်လည်း ၎င်းတို့အား SAC စစ်သားများမှ ၎င်းတို့အား အချုပ်ခန်းထဲတွင် သော့ခတ်ပိတ်ထားခဲ့ကြပါသည်။ အချုပ်ခန်းထဲရှိနေချိန်အတောအတွင်း ဖမ်းဆီးထားခံရသည့် ရွာသားများအနေဖြင့် ရေနှင့် အစားအစာများကိုရရှိကြပါသည်။ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးမှ အချုပ်ခန်းရှိသည့်နေရာသို့သွားရောက်ပြီး ထောက်ခံချက် (သက်သေခံ) ချက်ပေးပြီးသည့်နောက် ဖမ်းဆီးခံထားရသည့် ရွာသား (၅) ဦးအားနေလယ်အချိန်တွင်ပြန်လည်လွတ်ပေးခဲ့ပါသည်။ (သို့သော်လည်း ၎င်းတို့ဖမ်းဆီးခံရသည်နှင့်ပတ်သက်၍ ရှင်းလင်းစွာမသိရှိရသေးပဲဖြစ်နေပါသည်။) ဖမ်းဆီးခံရသည့် ရွာသားတစ်ဦးဖြစ်သော စောဝ--- မှ “SAC စစ်သားတွေက ကျတော်တို့ကိုဘာကြောင့်ဖမ်းတယ်ဆိုတာ မပြောပြတော့ ကျတော်တို့ကိုဖမ်းရတဲ့အကြောင်းအရင်းက ဘာကြောင့် လဲဆိုတာ ကျတော်မသိဘူး။” SAC စစ်သားတွေက ရွာသား (၅) ယောက်ကို အဘယ်ကြောင့် ဖမ်းဆီးထားသည်ကို အခြားဒေသခံရွာသားတွေ တစ်ယောက်မှမသိကြပါ။ ထို့အပြင် ဖမ်းဆီးခံရသည့်ရွာသားများသည် လယ်ဒိုမြို့နယ်အုပ် ချုပ်ရေးမှူး၏ရွာမှ ၎င်းတို့နေထိုင်သည့်ကျေးရွာသို့ ပြန်လာရန်ကိုယ်ပိုင်စီစဥ်ကြရပါသည်။ 

 

မြန်မာအစိုးရအုပ်ချုပ်ရေးမှူး ဦးန--- (ဖမ်းဆီးထားခံရသည့်ရွာသားများအား ပြန်လည်လွတ်မြောက်ရန်တောင်း ဆိုပေးသူ) အားနောက်ထပ်စစ်ဆေးမှုပြုလုပ်ရန်အတွက် တစ်ညဖမ်းဆီးထားခဲ့ကြပါသည်။ ၎င်းအနေဖြင့် ကရင်အမျိုး သားအစည်းအရုံး (KNU)နှင့် အဆက်အသွယ်ရှိကြောင်းနှင့် ၎င်း၏အိမ်တွင် KNU အစည်းအဝေးပြုလုပ်ကြောင်း သံသယရှိသဖြင့် SAC စစ်သားများမှ၎င်းအား မေးခွန်းမေးမြန်းခဲ့ပါသည်။ SAC စစ်သားများမှ ၎င်းအား ဤကဲ့သို့ သောမေးခွန်းများမေးမြန်းခဲ့ပါသည်။ “ခင်ဗျားရဲ့အိမ်မှာ KNU အစည်းအဝေးလုပ်ဖို့ဖိတ်ထားတာလား။ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ စစ်လေ့ကျင့်ရေးလုပ်တဲ့နေရာကဘယ်မှာလဲ။ CDM တွေဘယ်မှာနေလဲဆိုတာခင်ဗျားသိလား။” ၎င်းအနေဖြင့် ဤမေးခွန်းများနှင့်ပတ်သက်၍ ဘာမျှမသိသောကြောင့် SAC စစ်သားများကို သူ့အနေဖြင့်ဘာမှ မသိကြောင်း ပြောခဲ့ပါသည်။ နောက်ရက်တွင် ၎င်းမှ ပြန်လည်လွတ်‌မြောက်လာခဲ့ပါသည်။

 

ထိုကဲ့သို့သော အဓမ္မဖမ်းဆီးခြင်းကြောင့် ‌ဒေသခံရွာသားများသည် ၎င်းတို့၏လုံခြုံရေးနှင့် ၎င်းတို့၏ကျေးရွာသို့ SAC စစ်သားများလာရောက်ကာ ရွာသားများအား ဖမ်းဆီးမည်ကိုစိုးရိမ်နေကြပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မေးခွန်းဖြေကြားသူများမှ KHRG အားသတင်းအချက်အလက်များကို အသုံးပြုရန်ခွင့်ပြုချက်ပေးထားပါသည်။

Fri, 28 Jan 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံထားပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်း ပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်