Thu, 16 Dec 2021
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဒွယ်လိုးမြို့နယ်အတွင်း မြေမြှုပ် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦီးထိခိုက်ဒဏ်ရာရရှိ, ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၌ဖြစ် ပွားခဲ့ပါသည်။ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထော‌ကျေးရွာအုပ်စု၊ က--- ကျေးရွာတွင်နေထိုင်ကြသော ရွာသားများသည် တိုက်ပွဲများ၊ လက်နက်ရမ်းသန်းပစ်ခတ်မှုများနှင့် ဒေသတွင်းမြေမြှုပ်မိုင်းများတည်ရှိနေခြင်းတို့ကြောင့် နေရပ်ရွေ့ပြောင်းနေထိုင်ရသည်မှာ လအနည်းငယ်ကြာမြင့်နေပြီးဖြစ်ပါသည်။ အခြားသောကျေးရွာများ၌ နေစဉ်တွင် ငွေးကြေးအ ခက်အခဲများရင်ဆိုင်ကြရသဖြင့် အိမ်ထောင်စုအချို့သည် အန္တရာယ်ရှိသည်ဖြစ်သော်လည်း က---ကျေးရွာသို့ပြန်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၇း၀၀ နာရီတွင် က--- ကျေးရွာတွင်ပြန်လည်နေထိုင်သောရွာသားတစ်ဉီးသည် ၎င်း၏ကျေးရွာအနီးရှိချောင်းတွင်ထောင်ထားသော ပိုက်ကွန်ရှိငါးများကို သွားဖော်ယူနေစဉ်မြေမြှုပ်မိုင်းတစ်လုံးအား နင်းမိခဲ့ပါသည်။ ပေါက်ကွဲမှုကြောင့် ၎င်း၏ခြေထောက်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညာဖက်‌ခြေထောက်ကို ဖြတ်တောက်လိုက်ရပါသည်။ ‌မည်သည့် လက်နက်ကိုင်တပ်ဖွဲ့များမှ ဤမြေမြှုပ်မိုင်းအားထောင်ထားသည်ကို ‌မြေမြှုပ်မိုင်းထိမှန်သူနှင့် ၎င်း၏ဇနီးတို့မှ သေချာစွာမသိကြပါ။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ---

အသက်

၄၇

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ကျပန်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဝန်ထမ်းတစ်ဉီးမှ ‌မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးအားဖုန်းဖြင့်ဆက်သွယ်‌မေးမြန်းမှု ပြုလုပ်ခဲ့ပြီး ‌‌‌မြေမြှုပ်မိုင်းဖြစ်စဉ်ကို ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်ကို ပြောပြသူမှာ ‌မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးဖြစ်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ က---ကျေးရွာရှိရွာသားများသည် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့ကြားဆက်လက်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နေရပ်ရွေ့ပြောင်းနေရသည်မှာ လေးလကြာမြင့်နေပြီးဖြစ်ပါသည်။ ရွာသားအများစုသည် အခြားသောကျေးရွာများတွင်နေစဉ်အတော်အတွင်း အချို့ရွာသားများ (အိမ်ခြေလေး သို့မဟုတ် ငါးအိမ် ခန့်)သည် ငွေကြေးအခက်အခဲကြောင့် က--- ကျေးရွာသို့ပြန်လာခဲ့ကြပါသည်။

 

အသက် ၄၇ အရွယ်ရှိ စောဘ--- နှင့် မိသားစုသည် က--- ကျေးရွာသို့ပြန်လာသောသူများထဲတွင် အပါအဝင်ဖြစ်ပါသည်။“ကျွန်မတို့နေရပ်ရွေ့ပြောင်းတဲ့နေရာမှာ အခက်အခဲတွေနဲ့ကြုံရတယ်။ အခြားကျေးရွာမှာနေတဲ့အတော်အတွင်း ကျွန်မတို့မှာ ဝင်ငွေတစ်ပြားတစ်ချပ်မှမရှိဘူး။ အစစရာရာ ကျွန်မတို့ဝယ်စားရတယ်။ ဒါ့ကြောင်း အခြားရွာတစ်ရွာမှာ ကျွန်မတို့မနေချင်ဘူး။ ဒါကြောင့် ကျွန်မတို့ကျေးရွာမှာ ပြန်လာနေတယ်။” ဟု စောဘ--- ၏ ဇနီးဖြစ်သူ နော်ဂ--- မှပြောပြခဲ့ပါသည်။ ၎င်းတို့မှ က---ကျေးတွင် ပြန်လည်နေထိုင်ကြသော်လည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုနှင့် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ခရီးသွားလာရေးအကြပ်အတည်းရှိနေဆဲဖြစ်ပါသည်။ စောဘ--- သည် အခြားသူများကဲ့ သို့တစ်နေ့လုပ်တစ်နေ့စားသာမန်ရွာသား တစ်ဉီးဖြစ်ပါသည်။ စောဘ--- သည် က---ကျေးရွာတွင် ပြန်လည်နေထိုင်ပြီးနောက် အလုပ်အကိုင်မရှိပါ။ ထို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် (စားရန်နှင့်ရောင်းရန်) ညဖက်တွင်ချောင်းထဲ၌ ထောင်ထားသည့် ပိုက်ကွန်မိငါးများအား မနက်တိုင်းသွားရောက်ဖော်ယူပါသည်။

 

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၇း၀၀ အချိန်တွင် စောဘ--- သည် ၎င်းရွာ၏အနီးရှိယွန်းစလင်းမြစ်တွင်ထောင်ထားသည့်ပိုက်ကွန်တွင်မိသည့်ငါးများကို သွားယူစဉ် မြစ်ကမ်းဘေးတွင်ထောင်ထားသည့်‌ မြေမြှုပ်မိုင်း တစ်လုံးကိုနင်းမိခဲ့ပါသည်။ ပေါက်ကွဲသံ ကြားသည်နှင့်တစ်ပြိုင်နက် စောဘ--- ၏ယောက်ဖဖြစ်သူနှင့် အခြားသောရွာသားများအခင်းဖြစ်ပွားသည့်နေရာသို့သွားခဲ့ကြပြီး စောဘ--- သည်ထိခိုက်ဒဏ်ရာရရှိနေသည်ကို တွေ့ခဲ့ကြသည်။ ထို့နောက်စောဘ--- ၏ ယောက်ဖမှ ၎င်းအား ဖာပွန်မြို့ရှိ SAC စစ်တပ်ဆေးရုံသို့ချက်ချင်းပို့ဆောင်ခဲ့ပါသည်။

 

ခရီးသွားလာရေးတင်းကြပ်မှုများကြောင့် ၎င်းတို့သည် စောဘ---အား က---ကျေးရွာမှ ဖာပွန်မြို့ရှိဆေးရုံတွင်‌ ဆေးကုသမှုခံယူရန် လှေငှား၍ ပို့ဆောင်ခဲ့ကြသည်။ က--- ကျေးရွာမှ ဖာပွန်မြို့သို့ လှေဖြင့်သွားရာ၌ နှစ်နာရီခန့်ရှိပြီး လှေငှားခ၅၀၀၀၀ ကျပ်ပေးရပါသည်။ ‌‌မြေမြှုပ်မိုင်းထိမှန်သူ၏ ဇနီးဖြစ်သူ နော်ဂ--- သည် ခင်ပွန်းသည်အား ဖာပွန်မြို့ရှိSAC စစ်တပ်ဆေးရုံတွင် လိုက်ပါစောင့်ရှောက်ရန်အတွက်ခွင့်ပြုချက်မရခဲ့ပေ (အမျိုးသားလူနာအားအမျိုးသားမှစောင့်ရန်နှင့် အမျိုးသမီးလူနာအား အမျိုးသမီးမှစောင့်ရန် စည်းမျဉ်းစည်းကမ်းရှိသောကြောင့်ဖြစ်သည်)။ သို့အစား ယောက်ဖဖြစ်သူမှ၎င်းအား လိုက်ပါစောင့်ရှောက်ပေးခဲ့ပါသည်။

 

‌‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောဘ---သည် ‌ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်း၏ ညာဖက်ခြေထောက်ကိုဖြတ်တောက်ခဲ့ရပါသည်။ ဘားအံမြို့ရှိဆေးရုံတွင်စောဘ--- သည် ငါးရက်ကြာနေခဲ့ရပါသည်။ ထိုတွင်နေစဉ် ဆေးဝါးကုသမှုစရိတ်များစွာ ကုန်ကျခြင်းမရှိသော်လည်း ခရီးသွားလာရေးနှင့်အစားအစားစရိတ်သာကုန်ကျပါသည်။

 

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် စောဘ---အား ဖာပွန်ဆေးရုံမှ ဘားအံဆေးရုံသို့ ရှေ့ဆက်ဆေးဝါးကုသမှုခံယူရန်လွှဲပြောင်း ပေးခဲ့ပါသည်။ တိုက်ပွဲကြောင့်လမ်းပိတ်စို့၍ ၎င်းအားကုန်လမ်းဖြင့် ဖာပွန်မြို့မှ ကမမောင်းမြို့သို့မပို့ရန်မဖြစ်နိုင်သောကြောင့် လှေငှားပြီး ကမမောင်းမြို့သို့သွားခဲ့ပါသည်။ ထို့နောက် ကမမောင်းမြို့မှ ဘားအံမြို့ရှိဆေးရုံသို့၎င်းအား ကားဖြင့်ပို့ဆောင်ခဲ့ပါသည်။ ဘားအံဆေးရုံတွင် ရှိစဉ်ဆေးဝါးကုသမှု ၁၀၀၀၀ မှ ၁၅၀၀၀ ကျပ်ကုန်ကျပါသည်။ထို့ပြင် နောက်ထပ်ခွဲစိတ်ကုသရန်အတွက် ၁၀၀၀၀၀ ကျပ်ကုန်ကျပါသည် (ဖာပွန်မြို့တွင် ၎င်း၏ညာဖက်ခြေထောက်အားကောင်းမွန်စွာခွဲစိတ်ကုသမှုမရှိသဖြင့် ဘားအံဆေးရုံတွင် နောက်ထပ်ခွဲစိတ်ကုသမှုခံယူရပါသည်)။ စောဘ---သည်ဘားအံဆေးရုံတွင် ၁၈ ရက်ကြာနေခဲ့ပါသည်။

 

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့တွင် စောဘ--- သည်ဘားအံဆေးရုံမှ ဆင်းခဲ့ပါသည်။ ဆရာဝန်မှ စောဘ---အား ၁၅ရက်ကြာပြီးနောက် ဆေးရုံသို့သွားပြန်ပြရန်ပြောခဲ့ပါသည်။ ‌မြေမြှုပ်မိုင်းထိမှန်သူနှင့်မိသားစုတို့သည် လက်ရှိဘားအံမြို့တွင် နေထိုင်ကြပါသည်။

 

စောဘ---နှင့်မိသားစုတို့သည်  မြေမြှုပ်မိုင်းအန္တရယ်အသိပညာပေးသင်တန်းအား တစ်ကြိမ်မျှမတက်ဖူးကြပဲ လက်နက်ကိုင်တပ်ဖွဲ့များမှ ၎င်းတို့အား မည်သည့်နေရာများကို ရှောင်ကျဉ်ရမည်ကိုသာ အသိပေးပါသည်။ သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့များမှ မည်သည့်နေရာတွင် မြေမြှုပ်မိုင်းကို ထောင်ထားခြင်းနှင့်ပတ်သက်၍ ရွာသားများကို အတိအကျအသိပေးခြင်းမရှိပါ။ အခင်းဖြစ်ပွားချိန်ကတည်း၌ Red Cross Myanmar မှ စောဘ---အား ငွေကြေးထောက်ပံ့မှုအနည်းငယ်ပေးခဲ့ပါသည်။ သို့သော်လည်း ဆေးဝါးကုန်ကျမှုစရိတ်အတွက် လုံလောက်မှုမှရှိပါ။ နောက်ပိုင်းတွင် DanChurchAid (DCA) မှ ငွေကြေးထောက်ပံ့မှုအား ကျန်ရှိနေသေးသည့် ဆေးဝါးကုသမှုကုန်ကျစရိတ်နှင့် အခြားကုန် ကျစရိတ်များပေးရန် ထောက်ပံ့ပေးခဲ့ကြသည်။

 

စောဘ---နှင့်၎င်း၏ဇနီးတို့တွင် ကလေးသုံးဉီးရှိပြီး နော်ဂ---၏ မိခင်ကိုပါစောင့်‌ရှောက်ရပါသည်။ ဇနီးသည်မှ ခင်ပွန်းဖြစ် သူ ခံစားနေရသည်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်သည့်အပြင် မိသားစု၏ အနာဂတ်အတွက် စိုးရိမ်နေပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်းအချက်အလက်ပေးသူ နော်ဂ--- ၏မှ KHRG  အား အချက်အလက်များကိုအသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။

Thu, 16 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်