Thu, 16 Sep 2021
မူတြော်ခရိုင်မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဆယ်နှစ်သားအရွယ် ယောင်္ကျားလေးတစ်ဦးမှ ဆွဲမိုင်းကိုနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိ (၂၀၂၁ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ ဇွန်လ၌ မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွား ခဲ့သည်အကြောင်းအရာကို ဖော်ပြထားပါသည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ၊ ၂၉ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင်နေထိုင်သည့် ဆယ်နှစ်သားအရွယ် ယောင်္ကျားလေးတစ်ဦးမှာ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ တ---ရွာနှင့်က---ရွာကြားတွင်ထောင်ထားသည့် ဆွဲမိုင်းတစ်လုံးကို နင်းမိခဲ့ သည်။ ဆွဲမိုင်းပေါက်ကွဲမှုကြောင့် သူ၏မျက်နှာ၊ မေးစေ့၊ လည်တိုင်၊ ခြေထောက်နှင့်ဝမ်းဗိုက်တွင် ထိခိုက် ဒဏ်ရာရ ရှိခဲ့သည်။ သို့သော် သူ၏ဒဏ်ရာများသည် ခွဲစိတ်ကုသမှုလိုအပ်သည့်အထိ စိုးရိမ်ဖွယ်ရာမရှိပေ။ သူ၏ဖခင်သည်ကွယ် လွန်သွားပြီးနောက်ပိုင်းတွင် မိခင်ဖြစ်သူသာ သူမ၏ကလေးဆယ်ဦးကို ကြည့်ရှုစောင့်ရှောက်ခဲ့ရသည့်အတွက် ၎င်းမိ သားစုသည် အခက်အခဲများနှင့်ကြုံတွေ့ရပြီး ထောက်ပံ့ကူညီမှုများ လိုအပ်နေပါသည်။[1] 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ ဇွန်လ၊ ၂၉ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ တ---ရွာနှင့်က---ရွာကြား

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဝ---

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

မရှိ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

မရှိ

နေရပ်ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

အသက်

၁၀ နှစ်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာများကို စောဝ---အကိုဖြစ်သူမှ တင်ပြပေးပို့ခဲ့သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများကို စောဝ---အကိုဖြစ်သူကိုယ်တိုင် ပြောပြမျှဝေခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ ဇွန်လ၊ ၂၉ရက် နေ့လည် ၂း၃၀မိနစ်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဟ---ကျေးရွာတွင်နေထိုင်သည့် ဆယ်နှစ်သားအရွယ် စောဝ---သည် တ---ရွာမှ အိမ်သို့ပြန်လာသည့်အချိန်တွင် ဆွဲမိုင်း တစ်လုံးနင်းမိခဲ့သည်။ စောဝ---မှ စာအုပ်များနှင့်အဝတ်အစားများထည့်ထားသည့်သေတ္တာတစ်လုံးကို တ---ရွာတွင် သွားရောက်ယူခဲ့ခြင်းဖြစ်သည်။ အခင်းမဖြစ်ပွားမှီအချိန်ကာလတွင် ဒေသအတွင်း မြေမြှုပ်မိုင်းများရှိသည်ဟု ဒေသခံ အာဏာပိုင်များမှ ရွာသားများအား အကြောင်းကြားထားပါသည်။ ရွာသားများအား အကြောင်းကြားထားသည်မှာ ၎င်း တို့သည် လမ်းပေါ်တွင်သာ ခရီးသွားလာရမည်ဖြစ်သည်။ သို့သော် လမ်းအနီးတစ်ဝိုက်နားတွင် သွားလာ၍ မရပေ။ ထို့နေ့တွင် စောဝ---နှင့်သူ၏အကိုတို့သည် တ---ရွာတွင် (စာအုပ်များနှင့်အဝတ်အစားများထည့်ထားသည့်) သေတ္တာ တစ်လုံးကို သွားရောက်ယူခဲ့သည်။ ၎င်းတို့အိမ်သို့ပြန်လာသည့်အချိန်တွင် တ---ရွာတွင် အင်္ကျီတစ်ထည်မေ့ကျန်ခဲ့ ကြောင်း သတိရခဲ့သည်။ ထို့နောက် ၎င်းတို့သေတ္တာကို တစ်စုံတစ်ဦးက ခိုးယူသွားမည်စိုးရိမ်သဖြင့် ထိုသေတ္တာအား လမ်းဘေးရှိချုံပုတ်တစ်ခုတွင် ဝှက်ထားခဲ့ပြီး မေ့ကျန်ခဲ့သည့် အင်္ကျီတစ်ထည်ပြန်ယူရန်အတွက် တ---ရွာသို့ပြန်သွား ခဲ့သည်။

 

ဖွက်ထားခဲ့သည့်၎င်းသေတ္တာအား ပြန်လာယူသည့်အချိန်တွင် စောဝ---၏အကိုမှ ထိုသေတ္တာကို သွားယူပေးရန် စောဝ---အား တောင်းဆိုခဲ့သည်။ စောဝ---သွားယူခဲ့ရာတွင် ဆွဲမိုင်းတစ်လုံးကို နင်းမိခဲ့သည်။ အခင်းဖြစ်ပွားသည့်နေရာက မာထောကျေးရွာအုပ်စု၊ တ---ရွာနှင့် က---ရွာကြားတွင်ဖြစ်သည်။ ၎င်းဆွဲမိုင်းပေါက်ကွဲမှုကြောင့် စောဝ---၏မျက်နှာ၊ မေးစေ့၊ လည်တိုင်၊ ခြေထောက်နှင့်ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့သော် သူ၏ဒဏ်ရာများသည် ခွဲစိတ်ကုသ မှုလိုအပ်သည့်အထိ စိုးရိမ်ဖွယ်ရာမရှိပေ။ အခင်းဖြစ်ပွားပြီးနောက်တွင် ဆေးကုသမှုခံယူရန်အတွက် စောဝ---အား ဖာပွန်မြို့တွင်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ဗျူဟာတပ်ရင်းအမှတ် (၃၄၀) ဆေးရုံသို့ပို့ဆောင်ခဲ့ သည်။ ကျန်းမာရေးဝန်ထမ်းများသည် စောဝ---၏ခန္ဓာကိုယ်တွင်ထိမှန်နေသည့် မိုင်းအပိုင်းအစများအားလုံးကိုဖယ်ရှား နိုင်ခဲ့သည်။ ၎င်းသည် ဆေရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်သည်။

 

စောဝ---၏အကိုမှ ပြောပြချက်အရ ၂၀၂၁ခုနှစ်၊ မေလကတည်းက ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ ထိုမြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်က ရွာသားများအတွက် မြေမြှုပ်မိုင်းအန္တရာယ်အသိ ပညာပေးသင်တန်း (MRA) များ ပို့ချခဲ့သော်လည်း မြေမြှုပ်မိုင်းနင်းခဲ့မိသူ၏မိသားစုဝင်များသည် ထိုအသိပညာပေး သင်တန်းကို တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ၎င်းတို့သည် မြေမြှုပ်မိုင်းအသိပညာပေးသည့် အကြောင်းအရာများပါဝင် သော စာစောင်များကိုသာ လက်ခံရရှိခဲ့သည်။ ယခင်က မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဟ---ကျေးရွာတွင် မည်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပေ။ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် ထိုမြေမြှုပ်မိုင်းပေါက်ကွဲခြင်း သည် ပထမဆုံးသောအကြိမ်ဖြစ်သည်။ ဒေသခံအာဏာပိုင်များသည် မြေမြှုပ်မိုင်းရှိသည့်နေရာများတွင် သွားလာခြင်း များ မပြုလုပ်ရန်အတွက် ရွာသားများအား သတိပေးအကြောင်းကြားခဲ့ခြင်းရှိခဲ့ပါသည်။ သို့သော်လည်း မြေမြှုပ်မိုင်း များကို လမ်းဘေးတွင်သော်လည်းကောင်း၊ ဒေသအနီးတစ်ဝိုက်အတွင်းတွင်သော်လည်းကောင်း ထောင်ထားခဲ့ပါသည်။ ဤကဲ့သို့မြေမြှုပ်မိုင်းထောင်ထားခြင်းများသည် ဒေသခံရွာသားများအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ထို့အပြင် ကျေးရွာဒေသအနီးတစ်ဝိုက်တွင် ထောင်ထားသည့်မြေမြှုပ်မိုင်းများကို ညွှန်ပြသည့်လက္ခဏာများလည်း မရှိပါ။

 

ဤအစီရင်ခံစာကို ရေးသားနေစဉ်အတွင်း စောဝ---သည် ဆေးရုံတွင် ဆေးခံသမှုခံယူနေဆဲဖြစ်သည်။ မည်သည့်ဒေသခံအဖွဲ့အစည်းမှ ၎င်းအား ထောက်ပံ့ခြင်းမရှိခြင်းကြောင့် KHRG ၏အကူအညီဖြင့် Dan ChurchAid (DCA) အဖွဲ့အစည်းမှ ဆေးကုသမှုကုန်ကျစရိတ်အတွက် စောဝ---၏မိသားစုဝင်များကို ငွေ ၅၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါသည်။

 

စောဝ---၏မိသားစုတို့သည် ၎င်းတို့စားဝတ်နေရေးအတွက် လယ်ယာလုပ်ငန်းကိုသာ မှီခိုအားထားရသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ၍ မိုးရေကြီးခြင်းများကြောင့် လယ်ယာလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲ ဖြစ်စေခဲ့ပါသည်။ တစ်ချို့ရွာသားများသည် ၎င်းတို့၏တောင်ယာများထဲတွင် ဆက်လက်လုပ်ကိုင်နေခြင်း များရှိပါသည်။ သို့သော် မြေမြှုပ်မိုင်းများကိုလည်း ကြောက်နေရပါသည်။ စောဝ---၏ဖခင်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် မိခင်ဖြစ်သူမှာလည်း သူမ၏မိသားစုစားဝတ်နေရေး အတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့ရပါသည်။ သူမ၏ကလေးဆယ်ဦးကို သူမကိုယ်တိုင် ကျွေးမွေးပြုစု နေရပါသည်။ စောဝ---သည် ကျောင်းပညာရေးတွင် ဒုတိယတန်းသာ တက်ရောက်ခဲ့ရပါသည်။ အဘယ် ကြောင့်ဆိုသော် သူမ၏မိခင်သည် မိသားစုလိုအပ်ချက်များကို တစ်ဦးတည်းတာဝန်ယူရုန်းကန်နေရသည့် အတွက် သူမ၏ကလေးများအားလုံးကို ကျောင်းထားနိုင်ခြင်းမရှိခဲ့ပေ။

 

KHRG မှ ၂၀၂၁ခုနှစ်၊ ဇူလှိုင်လ၊ ၂၉ရက်နေ့တွင် လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ၊ ၂၇ရက်နေ့တွင် စောဝ---သည် ဆေးရုံမှ ဆင်းလာနိုင်ပြီးဖြစ်သည်။ သူ၏ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားခြင်းမရှိခဲ့ပေ။ ဆေးရုံမှ ၎င်းအတွက် ဆေးဝါးများ ပေးခဲ့ပါသည်။ သို့သော်လည်း နောက်တစ် ကြိမ်စစ်ဆေးရန်အတွက် ဆေးရုံသို့ပြန်လာစရာ မလိုအပ်ပေ။ စောဝ---၏ဆေးကုသမှု ကုန်ကျစရိတ်အားလုံး သည် စုစုပေါင်းကျပ် ၄၀၀,၀၀၀ ကျော် ကုန်ကျခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို ထုတ်ဝေရေးသားရန်အတွက် စောဝ---၏အကိုဖြစ်သူကိုယ်တိုင် KHRG အား ခွင့်ပြုချက်ပေးခဲ့သည်။

Thu, 16 Sep 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ ဇွန်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော် ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်