Wed, 15 Dec 2021
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဘူးသိုမြို့နယ်အတွင်း မြေမြှုပ်မိုင်း တစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦီးထိခိုက်ဒဏ်ရာရရှိ, ၂၀၂၁ခုနှစ်၊ သြ ဂုတ်လ

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၌ဖြစ်ပွားခဲ့ပါသည်။ ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀း၀၀ အချိန်၌ ခေါပူကျေးရွာအုပ်စုရှိ ရွာသားတစ်ဉီးသည် အ---ကျေးရွာအနီးရှိ ထိုသွါထာချေင်းဘေးတွင် မြေမြှုပ်မိုင်းတစ်လုံးအားနင်းမိခဲ့သည်။ ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ညာဖက်ခြေထောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဖ--- ဆေးရုံတွင် ဆေးဝါးဆိုင်ရာပစ္စည်း လုံလောက်မှုမရှိသဖြင့် ‌ဆေးရုံတက်ရန်အတွက် ၎င်းအား ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ရွာသားကို ‌မြေမြှုပ်မိုင်းထောက်ထားခြင်းနှင့် ပတ်သက်၍ အသိပေးခြင်းမရှိသဖြင့် ဟ---ကျေးရွာရှိရွာသားများသည် ‌‌မြေမြှုပ်မိုင်းပေါက်ကွဲ‌မည်ကို ကြောက်ရွံ့ကြရပါ သည်။[1]

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးရှိ ထိုသွါထာချောင်း

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောစ---

အသက်

၃၇

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ရွာသားတစ်ဉီးမှ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သတင်းမှတ်တမ်းပြစုသူအား ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့်ပတ်သက် ၍ အကြောင်းကြားခဲ့ပါသည်။ ထို့နောက် သတင်းမှတ်တမ်းပြုစုသူမှ မြေမြှုပ်မိုင်းထိမှန်ဒဏ်ရရှိသူ၏ ဖခင်နှင့်သူငယ်ချင်းအချို့အားတွေ့ဆုံမေးမြန်ခဲ့ပြီး ၎င်းတို့မှ အခင်းဖြစ်ပွားမှု သတင်းအချက်အလက်အားပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG မှ တွေ့ဆုံမေးမြန်းမှုပြုလုပ်သော ‌မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူ၏ သူငယ်ချင်းများသည် ၎င်းအား အခင်းဖြစ်ပွားသည့်နေရာမှ ကူညီပိုဆောင်ပေးခဲ့ကြသူများဖြစ်သည်။ သတင်းအချက်အလက်ကို ပြောပြသောအခြားသူတစ်ဉီးမှာ‌မြေမြှုပ်မိုင်း‌ပေါက်ကွဲမှုနှင့်ပတ်သက်၍ သိရှိထားသော ‌မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူ၏ ဖခင်ဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့ နံနက် ၁၀း၀၀ အချိန်၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ‌ခေါပူကျေးရွာအုပ်စု၊ ဟ---ကျေးရွာရှိ အသက် ၃၇ အရွယ်ရှိ ရွာသားတစ်ဉီးဖြစ်သည့် စောစ--- သည် မြေမြှုပ်မိုင်းတစ်လုံးအားနင်းမိခဲ့သည်။ ထိုမြေမြှုပ်မိုင်းကို စစ်ကောင်စီ (SAC) စစ်သားများမှ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ရွာသားများယုံကြည်ကြသည်။ (အခင်းမဖြစ်ပွားမီ ထိုနေ့မနက်တွင် ဟ----ကျေးရွာအနီးရှိ အ---ကျေးရွာတွင်နေထိုင်ကြသော ရွာသားများမှ စစ်ကောင်စီ စစ်သားများ ကင်းလှည့်နေကြသည်ကိုတွေ့ရှိသောကြောင့် စစ်ကောင်စီ စစ်သားများ မြေမြှုပ်မိုင်းထောင်ထားခဲ့ခြင်းဖြစ်မည်ဟု ယုံကြည်ကြပါသည်။) စောစ--- သည် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ အ--- ကျေးရွာအနီး (၁၅မိနစ်ခန့်သွားရပါသည်။) ရှိထိုသွါထာချောင်းတွင်မြေမြှုပ်မိုင်းနင်းမိပြီး ညာဖက်‌‌ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့မနက်တွင် စောစ---နှင့် ၎င်း၏သူငယ်ချင်းအချို့သည် ခေါပူကျေးရွာအုပ်စု၊ မ---ကျေးရွာ (ဟ--အနီးရှိအခြားကျေး ရွာတစ်ရွာ) တွင်အစည်း‌အဝေးသွားရောက်တက်ခဲ့ကြသည်။ အစည်းအဝေးပြီးသည့်နောက် စောစ---နှင့်သူငယ်ချင်းများသည်အခြားရွာသား ၁၅ဉီးတို့နှင့်အတူ အစည်းအဝေးမှပစ္စည်းအား (မ---ကျေးရွာမှ) အ---ကျေးရွာသို့ ကူညီပို့ဆောင်ခဲ့ ကြသည်။ စောစ---သည် ဟ---ကျေးရွာသို့ပြန်စဉ် ထိုသွါထာချောင်းဘေးတွင် မြေမြှုပ်မိုင်းအား နင်းမိခဲ့ပါသည်။သူငယ်ချင်းများနှင့်နေထိုင်ရာကျေးရွာသို့ အတူပြန်ခဲ့သော်လည်း ၎င်းတစ်ဉီးတည်းသာ ထိခိုက်ဒဏ်ရာရရှိသွားပါသည်။အခင်းဖြစ်ပွားသည်နှင့်တပြိုင်နက် စောစ--- ၏ သူငယ်ချင်းများမှ ၎င်းအား အ---ကျေးရွာသို့ပို့ဆောင်ခဲ့ကြသည်။ ထို့နောက် ၎င်းအား ဖ--- ဆေးရုံ (အနီးအနားရှိ ဖ---ကျေးရွာ) သို့ပို့ဆောင်ခဲ့ပြီး ၂၀၂၁ခုနှစ်၊ သြဂုတ်လ နံနက် ၃း၀၀ အချိန်တွင်ရောက်ရှိခဲ့သည်။ ဖ--- ဆေးရုံတွင် ဆေးဝါးပစ္စည်းများလုံလောက်မှုမရှိသဖြင့် ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာအုပ်စု၊ ဒ---ကျေးရွာရှိ ခိုနီခိုနေရာသို့ပို့ဆောင်ခဲ့သည်။ (၎င်းအနေဖြင့် ထိုနေရာမှ သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံသို့ သွားနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။)

 

၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၅ရက်နေ့ မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ရှိ ဆေးရုံတွင် ဆေးဝါးကုသမှု ရှေ့ဆက်ခံ ယူရန် စောစ---ကိုထိုင်းအာဏာပိုင်များမှ မြစ်၏တစ်ဖက်ကမ်းဖြတ်ခွင့်ပြုခဲ့သည်။ သို့သော် ၎င်းနှင့်အတူ မည်သူ့ကိုမျှထိုင်းနိုင်ငံသို့ အဖော်လိုက်ပေးရန် ခွင့်ပြုချက်မပေးခဲ့ပါ။ မဲဟောင်ဆောင်ဆေးရုံရှိ ဆရာဝန်မှ ၎င်း၏ညာဖက်‌ခြေထောက်အားဖြတ်တောက်ခဲ့သည်။ ဆေးရုံတွင် ထိုင်းမှကရင်ဘာသာစကားသို့ ဘာသာပြန်ပေးခြင်းအပါအဝင် ဆေးဝါးကုသမှုခံယူရန် ဆောင်ရွက်ခြင်းတို့အား ထိုင်းနိုင်ငံရှိ ကရင်ပရဟိတအဖွဲ့အစည်းမှ လိုက်ပါကူညီပေးခဲ့ကြသည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ၎င်းသည်ဆေးရုံမှဆင်းခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ၎င်း၏ဒဏ်ရာအတွက် ထိုင်းနိုင်တွင်ပြန်လည်ပြသခဲ့ပါသည်။

 

စောစ--- နှင့်၎င်း၏ဇနီးတွင် သားသမီး သုံးဉီးရှိပါသည်။ ၎င်း၏ဒဏ်ရာရရှိမှုကြောင့် မိသားစုအား (လယ်သမားတစ်ဉီး နေဖြင့်) အသက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲကိုဖြစ်စေပါသည်။ ၎င်းမှ ကူညီထောက်ပံ့မှုအချို့အား သူငယ်ချင်းနှင့်ဆွေမျိုးများထံမှ ရရှိခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ ကရင်ပရဟိတအဖွဲ့အစည်းမှပေးသော ကူညီထောက်ပံမှုမှလွဲ၍အခြားမည်သည့်အဖွဲ့အစည်းထံမှ ထောက်ပံမှုမရရှိခဲ့ပါ။ ရွာသားများအနေဖြင့် ‌မြေမြှုပ်မိုင်းထောက်ထားခြင်းနှင့်ပတ် သက်၍ အသိပေးခံရခြင်းမရှိသဖြင့် ကြောက်ရွံ့စွာနေထိုင်နေကြရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်းအချက်အလက်ပေးသူများမှ KHRG  အား အချက်အလက်များကိုအသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။

Wed, 15 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ သြဂုတ်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်