Thu, 22 Jul 2021
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်း ဒွယ်လိုးမြို့နယ်တွင်မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခြင်း

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်း မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အကြောင်းအရာကိုဖော်ပြထားပါသည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့နှင့် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၂ရက် နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ---ကျေးရွာတွင်နေထိုင်ကြသော ရွာသားနှစ်ဦးသည် ‌မြေမြှုပ်မိုင်းတက်နင်း မိပြီး ဒဏ်ရာ ရရှိသွားခဲ့ပါသည်။ ထိခိုက်ဒဏ်ရာရရှိသည့်အမျိုးသားသည် ဘားအံပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူ ခဲ့ပြီး အဆိုပါအမျိုးသမီးသည် မော်လမြိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူခဲ့ပါသည်။ [1]

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့

၂၀၂၁ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်မြို့၊ အ---ကျေးရွာ

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်မြို့၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အသက်

စောဝ---

နန်းဂ---

ကျား/မ

ကျား

မ---

လူမျိုး

ကရင်

ရှမ်း

မိသားစုရှိ/မရှိ   

ရှိ

ရှိ

အလုပ်အကိုင်

နေ့စား

လယ်လုပ်ငန်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အနောက် ဖက်ကမ်းကျေးရွာအုပ်စု၊ အ---ကျေးရွာ

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အနောက် ဖက်ကမ်းကျေးရွာအုပ်စု၊ အ---ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူတို့၏ ဆွေမျိုးသားချင်းများထံမှ ဤသတင်းအချက်အလက်များကိုရရှိခဲ့သည်။ စော၀---နှင့်ပတ်သက်သည့်အချက်အလက်များကို ၎င်း၏ဇနီးဖြစ်သူထံမှရရှိခဲ့ပါသည်။ နန်းဂ---နှင့် ပတ်သက်သည့်အချက် အလက်များကို ၎င်း၏ညီမဖြစ်သူထံမှရရှိခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်အားလုံးတို့အား မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိသူတို့၏ မိသားစုဝင်များထံမှရရှိခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

ပထမဖြစ်ရပ်

၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ နံနက် ရး၁၅ မိနစ်ခန့်၌ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အနောက်ဖက်ကမ်းကျေးရွာအုပ်စု၊ အ---‌ကျေးရွာတွင်နေထိုင်သည့် အသက်၃၂နှစ်အရွယ်ရှိရွာသားတစ်ဦးသည် ၎င်း၏ခြံထဲသို့သွားပြီး အိမ်သို့ပြန်လာစဉ်မြေမြှုပ်မိုင်းတက်နင်းမိခဲ့သည်။ (ဇနီးသည်နှင့်အတူစိုက်ခင်းရှိအသီးအနှံများကို သွားရောက်ကြည့်ခဲ့ကြပြီး တောထဲ တွင် မျှစ်ချိုးခဲ့ကြသည်။) ၎င်းတို့သည် မိမိတို့၏ရွာနှင့် တောထဲသို့သွားရန် ၃၀ မိနစ်ကြာ လမ်းလျှောက်ကြရသည်။ ၎င်းတို့တွင် သမီးနှစ်‌ယောက်ရှိသည်။ (သမီးနှစ်ယောက်သည် အိမ်တွင်ရှိနေခဲ့ကြသည်။) မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ် ပွားသည့်အချိန်တွင် စော၀---၏ ဇနီးမှာ သူနှင့်အတူ (တောထဲရှိတစ်နေရာတည်း) ရှိမနေခဲ့ပါ။ သို့သော်၊ ပေါက်ကွဲသံ ကိုကြားပြီးသည့်နောက်ပိုင်း ခင်ပွန်းရှိသူထံသို့ အပြေးလှမ်းလာခဲ့သည်။ ထို့နောက် ရွာထဲသို့ပြန်ကာ အကူအညီ တောင်းခဲ့သည်။

 

အခင်းဖြစ်ပွားပြီးသည့်နောက် ၎င်းအား ဖာပွန်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ နံနက် ၈း၀၀ ခန့်တွင် ဖာပွန်စစ်ဆေးရုံသို့ရောက်ရှိခဲ့သည်။ ဖာပွန်စစ်ဆေးရုံသို့ရောက်ရှိချိန်တွင် ဆေးရုံတွင်ရှိသောမီးစက်သည်ပျက်သွားသဖြင့် ထိုတွင်ရှိ သောဆရာဝန်များမှ ခွဲစိတ်မှုပြုလုပ်၍မရခဲ့ပေ။ ထို့‌ကြောင့် ဖာပွန်စစ်ဆေးရုံရှိဆရာဝန်များမှ၎င်းအား ဘားအံပြည်သူ့ ဆေးရုံသို့လွှဲပြောင်းပေးခဲ့ပါသည်။ သို့သော် ဘားအံဆေးရုံသို့ ဆက်လက်ဆေးကုသမှုခံယူရန်မတိုင်မီ ဖာပွန်စစ်ဆေး ရုံတွင် ၂ နာရီခန့်ကြာနေခဲ့ရသည်။  

 

လတ်တလောတွင် ‌‌‌ဒေသခံအာဏာပိုင်များမှ ‌မြေမြှုပ်မိုင်းတည်ရှိနေခြင်းကြောင့် တားမြစ်ထားသည့်နေရာများတွင် သွားလာခြင်းမပြုကြရန် ရွာသားများအား အသိပေးခဲ့သည်။ စောဝ---၏ညီမဖြစ်သူမှ အကိုဖြစ်သူမှာ နေ့စားအလုပ် လုပ်၍ မိသားစုကိုပြုစုစောင့်ရှောက်ရသဖြင့် တောထဲသွား(စီးပွားရေးကြပ်တည်းချိန်တွင် ဝင်ငွေရရှိရန်အတွက် တောထဲသို့အစားအစာရှာဖွေ) ရန်လိုအပ်ခဲ့‌ကြောင်းရှင်းပြခဲ့သည်။ ၎င်းမှ တောထဲရှိလမ်းတွင်မြေမြှုပ်မိုင်းအား တက် နင်းမိခဲ့သည်။ သို့သော် လမ်းမိုင်းအန္တရာယ်ပြထားသည့်အမှတ်အသားမရှိပါ။ ၎င်းနှင့်မိသားစုများမှ ထိုနေရာတွင် ‌မြေမြှုပ်မိုင်းအား မည်သူကထောင်ထားသည်ကို မသိကြပါ။ သို့‌သော်  ၂၀၂၁ခုနှစ်အတွင်းတွင်သာ ‌မြေမြှုပ်မိုင်းအား ထောင်ထားခြင်းဖြစ်‌ကြောင်းယုံကြည်ကြသည်။ ၎င်းတက်နင်းခဲ့သည် ‌မြေမြှုပ်မိုင်းသည် လက်လုပ်မိုင်းဖြစ်ပါသည်။

 

‌‌မြေမြှုပ်မိုင်းထိမှန်သူ၏ညီမဖြစ်မှ ၎င်း၏အကိုသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းအား တစ်ခါမှ တက်ရောက်ခဲ့ဖူးခြင်းမရှိ‌ကြောင်း‌ပြောခဲ့သည်။ ရွာသားများသည် ‌မြေမြှုပ်မိုင်းအန္တရာယ်အချက်အလက်များ ပါရှိသည့် လက်ကမ်းစာစောင်ကိုသာရရှိခဲ့ခြင်းကြောင့် အနီးအနားရှိတောထဲသို့သွားရာတွင်အန္တရာယ်ရှိကြောင်း သတိမမူမိခဲ့ ကြပါ။ ‌ကျေးရွာနှင့်အနီးအနားတစ်ဝိုက်တွင် ‌မြေမြှုပ်မိုင်းတည်ရှိနေသည်နှင့်ပတ်သက်၍ အသိပေးခြင်းခံရကြသော် လည်း ထို‌‌မြေမြှုပ်မိုင်းများအား ကြုံရာထောင်ထားခြင်းကြောင့် မည်သည့်နေရာအား ရှောင်ကြဥ်သွားလာခြင်းပြုလုပ် ရန် အခက်တွေ့နေကြသည်။

 

မြေမြှုပ်မိုင်းထိမှန်ရရှိသည့်ဒဏ်ရာကြောင့် ဘားအံဆေးရုံရှိ ဆရာဝန်များမှ ၎င်း၏ ညာဖက်ခြေထောက်အားဖြတ် တောက်ခဲ့ရသည်။ ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ဘယ်ဖက်ခြေထောက်မှာလည်းကျိုးသွားခဲ့ပြီး ‌မြေမြှုပ်မိုင်း အစအနမှာလည်းသူ၏ ငယ်ပါ (‌ဂွေးဥ) အားထိမှန်ခဲ့သည်။ ဇွန်လ ၂၀ရက်နေ့ကတည်း၌ ဘားအံပြည်သူ့ဆေးရုံ တွင်ဆေးကုသမှုခံယူခဲ့ပြီး စုစုပေါင်း ၁၆ ရက်ကြာနေခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လှိုင်လ ၇ရက်နေ့တွင် ဆေးရုံမှပြန် ဆင်းလာခဲ့သည်။

 

ဆေးရုံတွင် ဆေးဝါးကုသမှုခံယူသည့် စရိတ်သည် ၁၀၀,၀၀၀ ကျပ်ကျော်ကုန်ကျခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှတစ်ဆင့် DanChurchAid (DCA) မှပေးသော ငွေကြေးထောက်ပံ့မှု ၅၀၀,၀၀၀ ကျပ်ကို ဆေးဝါးကုသမှု ကုန်ကျစရိတ်အတွက် လက်ခံရရှိခဲ့သည်။ ကြက်‌‌ခြေနီအဖွဲ့ (Red Cross) ထံမှလည်း အကူအညီကိုလက်ခံရရှိခဲ့သည်။ ၎င်း၏ ဇနီးဖြစ်သူ နော်တ---မှာ ခင်ပွန်းဖြစ်သူ၏ လက်ရှိကျန်းမာရေးအခြေအနေကိုအလွန်စိုးရိမ်နေပါသည်။ ခင်ပွန်းဖြစ်သူ ၏ခြေထောက်တစ်ဖက်အားဖြတ်တောက်လိုက်ရသဖြင့် မိသားစု၏အသက်မွေးဝမ်းကျောင်းအတွက် သက်ရောက်မှုရှိမည်ကိုလည်းစိုးရိမ်နေပါသည်။ ဖာပွန်မြို့တွင် အလုပ်အကိုင်အခွင့်အရေးရှားပါးခြင်းနှင့် ယခု ကိုဗစ်-၁၉ ရောဂါ အ‌‌ခြေအနေသည် ပိုမိုဆိုးရွားလာသဖြင့်  မြေမြှုပ်မိုင်းထိမှန်သူ၏မိခင်မှ မိသားစုကိုထောက်ပံ့မှုပေးနေ ရသည်။

 

ထိုနေရာတွင် ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ‌ဒေသခံရွာသားများထိခိုက်မှုများရှိခဲ့ကြောင်း စော၀---၏ညီမဖြစ်သူ ထံမှ သိရသည်။ ၂၀၁၅ ခုနှစ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ရပ် ဖြစ်ပွားခဲ့ပါသည်။ တပ်မတော်မှ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုပြီးသည့်နောက် ‌မြေမြှုပ်မိုင်းများကိုစတင်ရှင်းလင်းခဲ့ကြပြီး နောက်ပိုင်းတွင် ဆက်မလုပ်တော့ပေ။ ‌မြေမြှုပ်မိုင်းထိမှန်သူ၏ညီမဖြစ်သူမှ ‌မြေမြှုပ်မိုင်းတည်ရှိနေခြင်းကြောင့် စိုးရိမ်မှုရှိနေသည်။ ၎င်းမှ “‌မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျွန်မအကိုဒဏ်ရာရခဲ့တယ်။ ဒီအခြေအနေလိုမျိုး အခြား သူတွေကိုမကြုံစေချင်ဘူး။ သူတို့ကို သတိထားစေချင်တယ်။ သူတို့ကို တားမြစ်ထားတဲ့နေရာတွေကို မသွားစေ ချင်ဘူး။ ကျွန်မဝမ်းနည်းလိုက်တာ။ ကျွန်မအကို ဒီလိုမျိုးဖြစ်မယ်လို့တစ်ခါမှ မတွေးဖူးဘူး။” ထို့နောက်  “တကယ်လို့ ကျွန်မအကိုနဲ့သူ့ဇနီး နှစ်ယောက်လုံး‌ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆုံးသွားခဲ့မယ်ဆိုရင် သူတို့သားသမီးတွေရဲ့ အနာဂတ်ကို မတွေးဝံ့ဘူး။ ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပြန်အလှန်မတိုက်ခင်မှာ ကလေးတွေအား လုံးရဲ့အနာဂတ်အတွက် ထည့်သွင်းစဥ်းစားစေချင်တယ်” ဟုဆက်လက်‌ပြောခဲ့သည်။

 

ဒုတိယဖြစ်ရပ်

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့ ညနေ ၁း၃၀ မိနစ်ခန့်၌ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်မြို့၊ အနောက်ဖက်ကမ်းကျေးရွာအုပ်စု၊ အ--ကျေးရွာရှိ အသက် ၅၅နှစ်အရွယ်ရှိ နန်းဂ---သည်‌ ရွာ၏အပြင်ဖက်တွင် မှိုလိုက်လံရှာဖွေနေစဥ် ‌‌မြေမြှုပ်မိုင်းတစ်လုံး အားတက်နင်းမိခဲ့သည်။ အခင်းဖြစ်ပွားပြီးသည့်နောက် ရွာသားများမှ ၎င်းအား ဖာပွန်ဆေးရုံသို့ချက်ချင်းပို့‌ဆောင်ခဲ့ပြီး ထိုတွင်နှစ်ရက်ကြာနေခဲ့သည်။ နောက်ပိုင်း ဖာပွန်ဆေးရုံမှ ရှေ့ဆက်ဆေးဝါးကုသမှုခံယူရန် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ (မော်လမြိုင်တွင်သူမ၏ဆွေမျိုးများနေထိုင်ကြသည်) လွှဲပြောင်းပေးခဲ့ သည်။ မော်လမြိုင်ပြည်သူ့ဆေးရုံရှိဆရာဝန်များမှ သူမ၏ညာဖက်ခြေထောက်ဒူးဆစ်အောက်ပိုင်းအား ဖြတ်တောက် ပေးခဲ့ရသည်။

 

သူမ၏ ဆေးဝါးကုသမှုစရိတ်၊ အစားအ‌သောက်နှင့်ခရီးသွားလာမှုကုန်ကျစရိတ်သည် ၁၀၀,၀၀၀ ကျပ်ကျော်ကုန်ကျခဲ့ သည်။ သူမသည် ညီကိုမောင်နှမများနှင့် ဆွေမျိုးများထံမှ ငွေကြေးအထောက်အပံ့ကိုရရှိခဲ့သည်။ KHRG ထံမှ တစ်ဆင့် DanChurchAid (DCA) မှပေးသော ငွေကြေးထောက်ပံ့မှု ၅၀၀,၀၀၀ ကျပ်ကိုလည်း ဆေးဝါးကုသမှုကုန်ကျစရိတ် အတွက် လက်ခံရရှိခဲ့သည်။ ‌မြေမြှုပ်မိုင်းထိမှန်သူသည် မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးလေးဦးရှိပါသည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် ၎င်းသည်မော်လမြိုင်ပြည်သူ့ဆေးရုံမှ ပြန်ဆင်းလာခဲ့ပါသည်။ သို့သော် ဆေးရုံရှိဆရာဝန်များမှ သူမအား ဆေးရုံသို့တစ်လတစ်ကြိမ်ပြန်သွားရန်ပြောခဲ့သည်။

 

ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အခင်းဖြစ်ပွားမှုမတိုင်မီ ကျေးရွာ၏အပြင်ဖက်တွင်‌ မြေမြှုပ်မိုင်းများ တည်ရှိနေခြင်းကြောင့် သွားလာခြင်းမပြုလုပ်ကြရန် ရွာသားများအားသတိပေးခဲ့ကြောင်း  နန်း‌ဂ---၏ ညီမဖြစ်သူမှ ပြောခဲ့ပြသည်။ ၎င်းတို့နေထိုင်သည့်ကျေးရွာအပြင်ဖက်တွင် မြေမြှုပ်မိုင်းတည်ရှိကြောင်းပြသထားသည့် အမှတ်အ သားများမရှိပါ။ ထို့ကြောင့် ရွာ၏အနီးအနားတွင်‌ မြေမြှုပ်မိုင်းထောင်ထားခြင်းမရှိဟုထင်ပြီး ကျေးရွာအပြင်ဖက် ထွက်ကာ မှိုသွားရောက်ရှာ‌ဖွေခဲ့သည်။ ရွာသားများမှ ‌မြေမြှုပ်မိုင်းအားမည်သူမှထောင်ထားသည်ကို မသိကြပါ။ ‌မြေမြှုပ်မိုင်းထိမှန်သူအနေဖြင့် ‌မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းအား သူမ၏ကျေးရွာတွင်  တစ်ကြိမ်မျှ တက်ရောက်ဖူးခဲ့ ခြင်းမရှိချေ။

 

ယခင်၌ ကျေးရွာ၏အနီးအနားတစ်ဝိုက်တွင် ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုရှိခဲ့သည်။ (မေးခွန်းဖြေဆိုသူအနေဖြင့် နေ့စွဲအတိ အကျကို မသိပါ။) အ---ကျေးရွာတွင်နေထိုင်ကြသောရွာသားများသည် အသက်မွေးကျောင်းအတွက် အစားအစာ များသွားရောက်ရှာဖွေသည့်နေရာများတွင် ‌‌မြေမြှုပ်မိုင်းထောင်ထားခြင်းအား မနှစ်သက်ကြပါ။ သို့သော် မြန်မာပြည် အရှေ့တောင်ပိုင်းတွင်ရှိ ရွာသားများ၏ကျေးရွာနှင့်နီးသည့် စိုက်ခင်းများတွင် ‌မြေမြှုပ်မိုင်းတည်ရှိနေခြင်းသည် ရွာသားများ၏ အသက်ရှင်နေထိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းအခက်အခဲများကို ခြိမ်းခြောက်မှုဖြစ်စေပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးလုံး၏ မိသားစုမှ ဤအချက်အလက်များအားအသုံးပြုရန်ခွင့်ပြုချက်ပေးထားပါသည်။

Thu, 22 Jul 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ ဇွန်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်