Tue, 19 Oct 2021
မူတြော်ခရိုင် မှုခင်းဖော်ပြသည့် မှတ်တမ်းလွှာ- ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် ဒွယ်လိုးမြို့နယ်တွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဉီး ဒဏ်ရာရရှိခဲ့

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလတွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် မာထောကျေးရွာအုပ်စုရှိ ရွာသားတစ်ဉီးသည် ‌‌‌ကျေးရွာရှိဘုန်းကြီးအတွက် ဆေးဝယ်ရန်သွားနေစဉ် လမ်း၌မြေမြှုပ်မိုင်းနင်းမိခဲ့ပါသည်။ မြေမြှုပ်မိုင်းထိမှန် ပေါက်ကွဲမှုကြောင့် ၎င်း၏ ရင်ဘက်နှင့် ညာဖက်ခြေထောက်မှာ ဒဏ်ရာရရှိသွားပြီး ဘယ်ဖက်‌ခြေ‌ထောက်ကို ဖြတ် တောက်ခဲ့ရသည်။ ‌‌မြေမြှုပ်မိုင်းဖြင့် ထိခိုက်ဒဏ်ရာရရှိသွားသည့်နောက် ၎င်း၏မိသားစုမှ ရှေ့ဆက်ကုသမှုခံယူရန်ဘားအံဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

‌မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

နာမည်

စော က---

အသက်

၃၀

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

-

ကိုးကွယ်သည့် ဘာသာ

-

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ အ--- ကျေးရွာ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

မေးခွန်းဖြေကြားသူအချို့မှ ဤ‌မြေမြှုပ်မိုင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ဖုန်းမှတစ်ဆင့် ‌ပြောပြခဲ့သည်။ အချက်အလက်ပေးသူများထဲတွင် မျက်မြင်ကိုယ်တွေ့သူများ၊ မြေမြှုပ်မိုင်းထိမှန်သူ၏ မိခင်၊ မြေမြှုပ်မိုင်းထိမှန်သူအား လိုက်လံပို့ဆောင်ကူညီပေးသည့် KHRG ၏သတင်းမှတ်တမ်းပြုစုသူဟောင်းတစ်ဉီးထံမှ ရရှိခဲ့ပါသည်။

 

သတင်းအချက်အလက်အား ပထမဉီးစွာ‌ပြောပြသူမှာ မျက်မြင်သက်သေတစ်ဉီးဖြစ်ပြီး အ--- ကျေးရွာမှ ဝ--- ‌ကျေးရွာ အထိ ကူညီပို့ဆောင်ပေးသူဖြစ်သည်။

 

သတင်းအချက်အလက်အား ဒုတိယပြောပြသူမှာ ထိုနေ့မနက်ပိုင်းတွင် အ--- ကျေးရွာမှ မြစ်သို့သွားသည့်လမ်းအား အသုံးပြုသူဖြစ်သည်။ ထိုလမ်းသည်‌ စော က--- မှ ‌မြေမြှုပ်မိုင်းနင်းမိသောလမ်းဖြစ်သည်။ ၎င်းမှ ထိုမနက်တွင်ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်အားလုံးအား ပြန်လည်ပြောပြခဲ့သည်။

 

သတင်းအချက်အလက်အား တတိယ ပြောပြသူမှာ မြေမြှုပ်မိုင်းထိမှန်သူ၏ မိခင်ဖြစ်ပါသည်။

 

သတင်းအချက်အလက်အား စတုတ္ထပြောပြသူမှာ ပထမဉီးစွာသတင်းပေးသူနှင့်ဆွေမျိုးတော်ဆက်ပြီး အဖြစ်အပျက်၏ ဓာတ်ပုံအား KHRG အားပေးပို့သူဖြစ်ပါသည်။

 

သတင်းအချက်အလက်အား ပဉ္စမပြောပြသူမှာ မြေမြှုပ်မိုင်းထိမှန်သူအား ဂ--- ကျေးရွာနှင့် ဖာပွန်မြို့ကြားရှိ SAC  နည်းဗျုဟာဆေးရုံသို့ပိုဆောင်စဉ်တွေ့ခဲ့သည့် KHRG ၏သတင်းမှတ်တမ်းပြုစုသူဟောင်းတစ်ဉီးဖြစ်သည်။  ၎င်းမှ အဖြစ် အပျက်၏ ဓာတ်ပုံအား KHRG ထံသို့ ပေးပို့သူဖြစ်ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်အား ပထမဉီးစွာ‌ပြောပြသူမှာ မျက်မြင်သက်သေတစ်ဉီးဖြစ်ပါသည်။ အခြားအချက်အလက်အားပြောပြသူလေးဉီးမှာ ‌မြေမြှုပ်မိုင်းထိမှန်သူ၏မိသားစုဝင် သို့မဟုတ် မြေမြှုပ်မိုင်းထိမှန်မှုနှင့် အကျွမ်းဝင်သူများဖြစ်ကြ သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ အ--- ကျေးရွာ၌ အသက် ၃၀ နှစ်အရွယ်ရှိ စောက--- သည် မြေမြှုပ်မိုင်း နင်းမိကာ ‌ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ (၎င်းမှ ရင်ဘက်နှင့် ခြေထောက်နှစ်ဖက်လုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။) စော က---သည် အ---ကျေးရွာ၏ နေထွက်ရာအရပ်ဖက်ရှိ ကတ်သလစ်ဘုရားရှိခိုး‌‌ကျောင်းရှေ့တွင်‌‌ထောင်ထားသည့် မြေမြှုပ်မိုင်အားနင်းမိခဲ့သည်။ ထိုလမ်းသည် ကတ္တရာလမ်းမှ ဖုန်လမ်းဖြစ်သွားပြီး ကျေးရွာမှ မြစ်သို့သွားသည့် လမ်းဖြစ်သည်။ ‌မြေမြှုပ်မိုင်းဖြင့်ထိမှန်ပြီးသည့်နောက်တွင် SAC စစ်သားများမှ စော က--- အား ၎င်း၏အိမ်သို့ပြန်ခေါ်သွားခဲ့ပြီး ဒဏ်ရာရရှိသွားသည့် ရင်ဘက်နှင့် ညာဖက်ခြေထောက်အား ကုသပေးခဲ့ပြီး ဘယ်ဖက်‌ခြေထောက်ကို ဖြတ်တောက်ပေးခဲ့ပါသည်။ အ---ကျေးရွာနှင့် ဂ--- ကျေးရွာရှိ ရွာသားများမှ ၎င်းအား ဂ---ကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆေးကျောင်းသားထံသို့ ဆေးကုသမှုခံယူရန်ပို့ခဲ့သည်။ ထို့နောက် ကမာမို့ (ကမမောင်း) မြို့သို့သွားရန် အတွက် ဝ---ကျေးရွာတွင် လှေစီးရန် ၎င်းအားပို့ဆောင်ခဲ့သည်။ ၎င်း၏ မိသားစုဝင်များမှ ဘားအံမြို့တွင် ဆေးကုသမှုခံယူစေချင် ခဲ့သည် (ကမမို့သည် ဘားအံမြို့သို့သွားသည့်လမ်းတွင်တည်ရှိပါသည်)။ သို့သော်၊ ၎င်းမှလှေစီးရန် နောက်ကျသွားသဖြင့် ဖာပွန်မြို့ရှိ   SAC  နည်းဗျူဟာဌာနချုပ်ဆေးရုံတွင် တစ်ညပို့ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ တွင် ၎င်းအား လှေဖြင့် ကမာမို့သို့ပို့ဆောင်ခဲ့သည်။ ၎င်းမှ ဘားအံမြို့အနီးရှိ တောင်ကလေး SAC ဆေးရုံတွင် ဆေးကု သမှုခံယူခဲ့ပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ တွင်ဆေးရုံမှဆင်းခဲ့သည်။

 

မြေမြှုပ်မိုင်း ‌ပေါက်ကွဲသည်နှင့်တစ်ပြိုင်နက် ကျေးရွာတွင်အခြေစိုက်သည့် SAC စစ်သားများသည် ပေါက်ကွဲမှုဖြစ်ပွား သည့်နေရာသို့ချက်ချင်းသွားရောက်ခဲ့ပြီး ‌ပေါက်ကွဲသွားသည့် မြေမြှုပ်မိုင်းအပိုင်းအစများကို ပြန်ယူလာခဲ့သည်။ ၎င်းတို့မှ ထို့မြေမြှုပ်မိုင်း အပိုင်းအစများကို ကျေးရွာလူကြီးထံသို့ပြခဲ့ပြီး ၎င်းတို့၏ မြေမြှုပ်မိုင်းမဟုတ်ကြောင်း ပြောခဲ့ပါသည်။ SAC အနေဖြင့် လတ်တလောပေါက်ကွဲသည့် မြေမြှုပ်မိုင်းနှင့်် ပတ်သက်၍ ဂရုစိုက်မှုမရှိကြောင်း အ--- ကျေးရွာလူကြီးမှ ပြောပြခဲ့သည် (ထို့ကြောင့် ၎င်းတို့မှ ဤမြေမြှုပ်မိုင်းပေါက်ကွဲမှုတွင် ဂရုတစိုက်ရှိခြင်းသည် ရွာသားများအတွက် ထူးခြားမှုဖြစ်စေသည်)။ ထို့မြေမြှုပ်မိုင်းအပိုင်းအစများကို SAC မှ ၎င်းတို့၏ မြေမြှုပ်မိုင်းမဟုတ်ကြောင်း ကျေးရွာလူကြီး ထံပြောခဲ့ခြင်းနှင့်ပတ်သက်၍ ရွာသားများသံသယရှိခဲ့သည် (အဘယ်ကြောင့်ဆိုသော် SAC စစ်သားများအနေဖြင့် ဤကဲ့ သို့ မြေမြှုပ်မိုင်းပေါက်ကွဲမှုအား ပုံမှန်အားဖြင့်လုပ်လေ့မရှိပါ)။ မြေမြှုပ်မိုင်းပေါက်ကွဲမှုမတိုင်မီ SAC စစ်သားများမှ ရွာ သားများအား ကျေးရွာအပြင်ဖက်သို့ထွက်ပါက လမ်းကိုသာအသုံးပြုပြီး လမ်း၏ဘေးဖက်သို့မသွားရန် ပြောပါသည်။ သို့ဖြစ်သောကြောင့် ရွာသားများအနေဖြင့် မြေမြှုပ်မိုင်းအား SAC စစ်သားများမှ ထောင်ထားခြင်းဖြစ်သည်ဟု သံသယ ဝင်ကြသည်။ ထို့ပြင်၊ ရွာသားများ၏ပြောပြချက်အရ KNLA စစ်သားများသည် ယွန်းစလင်းမြစ်သို့သွားသည့်လမ်းတွင် အမြဲလိုလိုမြေမြှုပ်မိုင်းလေ့မရှိပဲ မြေမြှပ်မိုင်း‌ပေါက်ကွဲမှုမဖြစ်ပွားခင်အချိန်အထိ နေ့တိုင်းရွာသားများအား သွားလာခွင့်ပြု ထားပါသည်။ (ဉပမာ- KNLA အနေဖြင့် ထိုလမ်းအား ရွာသားများအသုံးမပြုရန် သတိပေးခြင်းမရှိပါ။) KNLA စစ်သားများမှ မြေမြှုပ်မိုင်း‌ ထောင်ထားပါက ၎င်းတို့အားသတိပေးပြီး ရှောင်ရမည့်နေရာများကိုလည်း အသိပေးကြောင်း ရွာသားများပြောပြကြသည်။  သို့သော်လည်း၊ အ--- ကျေးရွာလူကြီးမှ ‌မြေမြှုပ်မိုင်းအား မည်သည့်လက်နက်ကိုင်အဖွဲ့မှ ထောင်ခဲ့သည်ကို မဖော်ထုတ်နိုင်ကြောင်းပြောပါသည်။ KHRG အနေဖြင့် စော က--- နင်းမိသောမြေမြှုပ်မိုင်းသည် လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မည်သည့်သက်သေအထောက်အထားကို လက်ခံရရှိခဲ့ခြင်းမှရှိပါ။  

 

စော က--- သည် ဘုန်းကြီးအတွက် ကမာမို့သို့ ဆေးသွားဝယ်ရန် ယွန်းစလင်းမြစ်ကမ်းသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ၎င်းသည် ဘုန်းကြီးကျောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် အမြဲကူညီပေးလေ့ရှိသည်။ မြေမြှုပ်မိုင်း‌ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ထိုနေ့မနက်တွင် ထိုလမ်းအားသွားလာသော အ--- ရွာသားတစ်ဉီးမှ အခြား အ---ကျေးရွာသားများလည်း ထိုလမ်းအားအသုံးပြုကာယွန်းစလင်းမြစ်ကမ်းသို့သွားကြသည်။ သို့သော် မည်သူမျှ မြေမြှုပ်မိုင်းအား မနင်းမိခဲ့ကြပါ။

 

စော က--- သည် မောင်နှမသုံးဉီးရှိပါသည်။ ၎င်းသည် မောင်နှမထဲတွင် အထွေးဆုံးဖြစ်သည်။ ၂၀၂၁ခုနှစ်၊ စက်တင် ဘာလ ၂၅ရက်နေ့ ဆေးရုံမှဆင်းပြီးသည့်နောက်ပိုင်း ဝ---  ကျေးရွာတွင်သွားနေခဲ့သည်။ ၎င်းအနေဖြင့် ဆေးရုံတက် ရောက်စဉ်တွင် DCA ထံမှ ငွေကြေးအထောက်အပံ့အား လက်ခံရရှိခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

သတင်းပေးသူများမှ ပေးထားသည်သတင်းအချက်အလက်များအားအသုံးပြုရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။  

 

Tue, 19 Oct 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူ‌တြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထား ခြင်း ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်