Tue, 23 Apr 2024
တောအူးခရိုင် နောက်ဆုံးရဒေသတွင်းသတင်းတို - ထောတထူမြို့နယ်တွင် SAC တပ်ဖွဲ့များမှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ လူ နေအိမ်များမီးရှို့ခြင်းနှင့် PDF တပ်သားများမှ ရွာသားများအား လမ်းပြအဖြစ်လုပ် ပေးရန် အတင်းခိုင်းစေခြင်း (၂၀၂၃ခုနှစ်၊

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့နှင့် ၁၇ရက်နေ့တွင် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉) အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) တပ်ဖွဲ့များသည် ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်ပြီး လေကြောင်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်သား (၃)ဦးသည် ရွာသားများကို လမ်းပြအဖြစ်လုပ်ပေးရန် အတင်းခိုင်းစေခဲ့ သည်။ ရွာသားများမှ လမ်းပြအဖြစ်မလုပ်နိုင်ကြောင်း ငြင်းဆိုသည့်အခါ PDF တပ်သားများက ရွာသားများအား ရိုက်နက် ခဲ့သည်။ ထို့နောက် PDF တပ်သားများသည် စ---ကျေးရွာအနားရှိ SAC တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ SAC စစ်သားများလည်း ပြန်လည်တုန့်ပြန်သည့်အနေဖြင့် စ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ သည်။ ထို့ အပြင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း SAC စစ်သားများသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေး ရွာနှင့် အခြားရွာများတွင် လက်နက်ကြီးများပစ်ခတ်မှုပို၍လုပ်ဆောင်လာပြီး လူနေအိမ်များကိုလည်း မီးရှို့ဖျက် ဆီးခဲ့ သည်။ ဤကဲ့သို့အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အရပ်သားအိုးအိမ်ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အနည်းဆုံး ရွာသားများ၏နေအိမ် (၅)လုံးပျက်စီးခဲ့သည်။ SAC စစ်သားများမှ အနည်းဆုံး လူနေအိမ် (၁၀)လုံးကို မီးရှို့ခဲ့သည်။ [1]

 

 

SAC မှ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ခြင်း

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၃၉)နှင့် (တပ်ရင်းအမှတ်မသိရသော) အခြားတပ်ရင်းတို့သည် တောအူးခရိုင်၊ ထောတထူမြို့နယ်၊ ဒေးလိုမူနူကျေးရွာ အုပ်စုရှိ ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ခလရ (၃၉) သည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ (၄)မိုင် ကျေးရွာရှိ တပ်စခန်းတွင် အခြေစိုက်သည်။ ထိုတပ်ရင်းအမှတ်မသိရသော SAC တပ်ရင်းတစ်ရင်းသည် (၇)မိုင်ကျေးရွာ ရှိ တပ်စခန်းတွင် အခြေစိုက်သည်။ (၄)မိုင်တပ်စခန်းနှင့် (၇)မိုင်တပ်စခန်းသည် တည်နေရာအားဖြင့် နီးကပ်ကြသည်။ အဆိုပါ SAC တပ်ဖွဲ့များမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ အ---ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲသွားသည့်လက်နက်ကြီးအပိုင်းအစသည် ရွာသားတစ်ဦး၏နွားနှစ်ကောင်ကို ထိ မှန်၍ သေဆုံးခဲ့သည်။ နွားပိုင်ရှင်၏အမည်မှာ ဘ---ဖြစ်သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့ မနက် (၈)နာရီခန့်တွင် SAC သည် ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ထိုနေ့နောက်ပိုင်း ည (၇)နာရီဝန်းကျင်တွင် SAC သည် ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း နောက်တစ်ဖန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေကြေ ပျက်စီးမှု များမရှိခဲ့ပါ။   

PDF တပ်သားများမှ ရွာသားများအား အကြမ်းဖက်ခြင်းနှင့် SAC မှ လက်နက်ကြီးပစ်ခတ်ခြင်း

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂) တပ်ရင်း အမှတ်(၅)၏အမိန့်အောက်တွင်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်သား (၃)ဦးသည် အရက် မူး၍ ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာသို့ရောက်ရှိလာပြီး စ---ရွာသား (၆)ဦးအား လမ်းပြအဖြစ် (၄)မိုင်ကျေးရွာရှိ SAC အကျဉ်းထောင်ဦးစီးဌာနသို့ လိုက်ပို့ပေးရန် စေခိုင်းခဲ့သည်။ ထို PDF တပ်သား (၃)ဦးသည် တောအူးခရိုင်၊ ဒေါဖားခို မြို့နယ်၊ သံတောင်မြို့မှ PDF များဖြစ်ကြသည်။ ထိုရွာသား(၆)ဦးသည် PDF တပ်သားများအား မလိုက်ပို့ရဲပါဟု ငြင်းဆိုခဲ့သည်။ ထို့နောက် PDF တပ်သားတစ်ဦးသည် ၎င်းတို့အား မလိုက်ပို့ရကောင်းလားဆိုပြီး ထိုရွာသား (၆)ဦးကို တုတ်ဖြင့်ရိုက်နက်ခဲ့သည်။ ထို့နောက် ရွာသားများသည် ကြောက်ရွံ့ပြီး PDF တပ်သား (၃)ဦးအား လိုက်ပို့ခဲ့ကြသည်။  ၎င်းတို့သည် စ---ကျေးရွာရှိ ဘုရားကျောင်းနားသို့ ‌ရောက်သောအခါ PDF တပ်သားများသည် “မင်းတို့မလိုက်ပို့ရဲရင် မင်းတို့ပြန်တော့” ဟု ထိုရွာသားများအား ပြောကြားခဲ့သည်။ ရွာသား(၆)ဦးသည်လည်း စ---ကျေးရွာရှိ ၎င်းတို့အိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် PDF တပ်သားများသည် ခရီးဆက်သွားခဲ့သည်။

PDF တပ်သားများသည် စ---ကျေးရွာတွင်နေထိုင်သည့် စောန---၏အိမ်‌ရှေ့ရောက်သောအခါ (၄)မိုင်ကျေးရွာရှိ  ခလရ (၃၉) အခြေစိုက်သည့် တပ်စခန်းသို့ M79 သေနတ်ဖြင့် (၃) ချက်လှမ်းပစ်ပြီး ထွက်ပြေးသွားခဲ့သည်။ ခလရ(၃၉)မှ SAC တပ်သားများသည် M79 လက်နက်သံကြား၍ ဒေးလိုမူနူကျေးရွာအုပ်စုရှိ စ---ကျေးရွာထဲသို့ လက်နက်ကြီးများ အချက် ပေါင်းများစွာ လှမ်းပြီးပစ်ခတ်ခဲ့သည်။ ဤကဲ့သို့လက်နက်ကြီးများ အချက်ပေါင်းများစွာ လှမ်းပစ်ခတ်သည့်အတွက် ကြောင့် စ---ကျေးရွာမှ ရွာသားများအားလုံးသည် ကြောက်ရွံ့ ကြပြီး အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန်အတွက် နီးစပ်ရာသာသနာအဆောက်အအုံများ၊ နီးစပ်ရာဆွေမျိုးသားချင်းအိမ်များ၊ နီးစပ်ရာမိမိလယ်ထဲများ၊ နီးစပ်ရာဥယျာဉ်ခြံ ထဲများ၊ နီးစပ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအထိ အဆိုပါစစ်ပြေးရှောင် ရွာသားများသည် ၎င်းတို့ရွာသို့မပြန်လာရဲကြသေးပေ။ တစ်ချို့ရွာသားများသည် စားစရာများနှင့် လိုအပ်သည့် ပစ္စည်း များကို ပြန်လည်ရယူရန်အတွက် အသက်အန္တရာယ်ကြားထဲက ၎င်းတို့ရွာသို့ ခေတ္တယာယီပြန်လာခဲ့ကြသည်။

ဒေးလိုမူနူကျေးရွာအုပ်စုအတွင်း SAC မှ လူနေအိမ်များအား မီးရှို့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ခလရ (၃၉) အပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ဒေးလိုမူနူကျေးရွာ အုပ်စု၊ စ---ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လူနေအိမ်များကို မီးရှို့ခဲ့သည်။ မီးရှို့ခံရသည့်အိမ်များ၏ပိုင်ရှင်များမှာ စောဖ---၊ စောင---၊ စောဆ---၊ စောဃ---၊ နော်ဇ---၊ စောက---၊ နော်လ---နှင့် ဏ---တို့ ဖြစ်ကြသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့မနက်တွင် ခလရ (၃၉) အပါအဝင် SAC ပူးပေါင်းတပ်ဖွဲ့များသည် စ---ကျေးရွာထဲသို့  နောက်တစ်ခါပြန်ဝင်လာ၍ ရွာထဲတွင် ပုန်းခိုကျင်းများတူးကာ ယာယီအခြေချတပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ စ---ကျေးရွာထဲတွင် ရက် (၂၀)ကြာ နေထိုင်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့တွင် SAC ပူးပေါင်းတပ်ဖွဲ့များသည် ထိုရွာမှ ထွက်ခွာလာပြီး ၎င်းတို့တပ်စခန်းသို့ ပြန်သွားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ (၆)နာရီခန့်တွင် ခလရ (၃၉) တပ်စခန်းမှ SAC စစ်သားများသည် စ---ကျေးရွာတွင်းသို့ နောက် ထပ်တစ်ခေါက် ဝင်ရောက်လာပြီး ရွာသားတစ်ဦး၏နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအိမ်ပိုင်ရှင်သည် စောဝ---ဖြစ်သည်။ SAC စစ်သားများသည် လူနေအိမ်တစ်လုံးကို မီးရှို့ပြီးနောက် ၎င်းတို့တပ်စခန်းသို့ ပြန်သွားခဲ့သည်။   

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်နေ့တွင် (၄)မိုင်တပ်စခန်းရှိ ခလရ (၃၉)နှင့် (၇)မိုင်တပ်စခန်းရှိ SAC တပ်ရင်းတစ်ရင်း တို့သည် စ---ကျေးရွာနှင့် အခြားရွာပတ်ဝန်းကျင်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သော တစ်ချို့လက် နက်ကြီးများသည် စ---ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး ရွာသားများ၏နေအိမ်များအား ထိမှန်၍ပျက်စီးခဲ့သည်။ လက်နက်ကြီးထိမှန်ပျက်စီးသွားသည့်အိမ်များ၏ပိုင်ရှင်များသည် စောပ---၊ စောဌ---၊ စောရ---နှင့် စောဆ---ဖြစ်ကြ သည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့တွင် (၇)မိုင်တပ်စခန်းမှ SAC စစ်သားများသည် ‌ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာ များထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ညနေ (၃)နာရီတွင် လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ပြီး ‌စ---ကျေးရွာတွင် နေထိုင်သည့် စောဘ---၏နေအိမ်နှင့်မလှမ်းမကမ်းတွင် ကျရောက်ပေါက်ကွဲပြီး သစ်ပင်တစ်ပင်အား ထိမှန်ပြီးပျက်စီး ခဲ့သည်။ ညနေ (၃း၀၂)မိနစ်တွင် နောက်ထပ်လက်နက်ကြီးတစ်လုံးပစ်ခတ်၍ စောဘ---၏အိမ်နားကပ်ရပ်တွင်ရှိသည့် ဝက်တဲတိုင်လေးကို ထိမှန်ပေါက်ကွဲပြီး ပေါက်ကွဲလက်နက်ကြီးအစသည် တပင်တိုင်ဝါးရုံနှစ်ရုံကိုထိမှန်ပြီး လက်နက် ကြီးအပိုင်းအစသည် စောဘ---၏နေအိမ်မီးဖိုချောင်ခေါင်မိုးသွပ်ပြားကိုလည်း ထိမှန်ခဲ့သည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့နှင့် ဒီဇင်ဘာလ ၄ရက်နေ့ကြားတွင် ရဲတိုက်ခိုက်ရေးဌာန အမှတ် (၁၁)၊ (၄)မိုင်တပ် စခန်းရှိ ခလရ (၃၉)၊  (၇)မိုင်တပ်စခန်းနှင့် (၁၃)မိုင်မြို့ရှိ တပ်စခန်းတို့မှ SAC စစ်သားများသည် ဒေးလိုမူနူကျေးရွာ အုပ်စုရှိ ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်ခံရသည့်ရွာများမှာ ဥ---၊ ဠ---၊ ယ---၊ ထ---၊ ဗ---၊ ဒ---၊ အအ---၊ အဘ---၊ အစ---၊ အဒ---နှင့် စ---ကျေးရွာများဖြစ်ကြသည်။ SAC စစ်သားများသည် အားလုံးစုစုပေါင်းလက်နက်ကြီး (၃၂)လုံး ပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေကြေပျက်စီး သွားသည့်အကြောင်းအရာကို KHRG မှ မသိရှိခဲ့ရပါ။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့ ည (၇း၀၄)မိနစ်နှင့် ည (၉း၂၇)မိနစ်ကြားတွင် (၇)မိုင်တပ်စခန်းမှ SAC စစ်သား များသည် ဒေးလိုမူနူကျေးရွာအုပ်စုရှိ ကျေးရွာများတွင်းသို့ လက်နက်ကြီးများ (၁၃)လုံးပစ်ခတ်ခဲ့သည်။ လက်နက်ကြီး များသည် ထ---၊ အအ---၊ အဘ---၊ အန---၊ အဒ---၊ စ---နှင့်အခြားရွာများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ သို့သော် လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို KHRG မှ မသိရှိခဲ့ရပါ။   

Tue, 23 Apr 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်