Thu, 07 Mar 2024
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - SAC စစ်သားများမှ နွားကျောင်း နေသောရွာသားတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှု (၂၀၂၃ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၌ မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ နေ့လယ် (၂း၃၀)မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာ အုပ်စု၊ အ---ကျေးရွာတွင်နေထိုင်သော အသက် (၅၁)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ န---ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည်။ န--- သည် ဝှေ့ရှမ်းကျေးရွာရှိ လယ်ကွင်းထဲတွင် နွားကျောင်းပြီးနောက် အိမ်သို့ပြန်လာသည့်အချိန်တွင် SAC စစ်သားများမှ ၎င်းအား ပစ်ခတ်ခဲ့ပြီး ထိမှန်၍ဒဏ်ရာရရှိခဲ့သည်။ ၎င်းဒဏ်ရာအား ပျောက်ကင်းရန် ဆေးရုံတွင် (၂၃) ရက်ကြာ ဆေးကုသမှုခံယူခဲ့သည်။ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များမှ SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်ပြီး နောက်တွင် SAC စစ်သားများအနေဖြင့် ရွာသားများ၏လက်ယာစိုက်ခင်းများထဲတွင် လက်နက်ကြီးများ ပစ်ခတ်လေ့ရှိ သည်။ ထို့ကြောင့် ရွာသားများသည် ၎င်းတို့၏လယ်ယာစိုက်ခင်းများတွင် သွားလာလုပ်ကိုင်ရန် ကြောက်ရွံ့မှုများရှိနေ သည်။ စားဝတ်နေရေးအတွက် လုံခြုံစွာလုပ်ကိုင်စိုက်ပျိုးနိုင်ရန်အတွက် ရွာသားများသည် ၎င်းတို့ဒေသတွင် SAC စစ်သားများအနေဖြင့် စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန် အလိုရှိကြောင်း တင်ပြခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC မှ ရွာသားတစ်ဦးအား ပစ်ခတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

န---

အသက်

၅၁ နှစ်

ကျား/မ

ကျား

လူမျိုး

ရှမ်း

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်မရှိ

အလုပ်အကိုင်

လယ်ယာ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

တပ်သား

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၁)

ဖာပွန်မြို့

ဗျူဟာမှူး

(နာမည်မသိရှိ)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ ညနေတွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် ဒေသခံခေါင်းဆောင်တစ်ဦး ထံမှ ကြေးနန်းစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ထိုကြေးနန်းစာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၄၁)မှ တပ်သားတစ်ဦးသည် အ---ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ န---ကို ဝှေ့ရှမ်း ကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့တွင် KHRG ကွင်းဆင်းလုပ်သားသည် န---၏အကိုဖြစ်သူ ဝ---အား သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအကြောင်းအရာများအား မျှဝေပြောပြသောသူသည် န---၏အကိုဖြစ်ပြီး သူကိုယ်တိုင် လည်း န---အား ဆေးရုံသို့ပို့ဆောင်ခဲ့သူဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ နေ့လယ် (၂း၃၀)မိနစ်ခန့်တွင် SAC စစ်သားများသည် မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ အ---ကျေးရွာတွင်နေထိုင်သော အသက် (၅၁)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ န---အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ န--- သည် ဝှေ့ရှမ်းကျေးရွာရှိ လယ်ကွင်းထဲတွင် နွားကျောင်းပြီးနောက် အိမ်သို့ပြန် လာသည့်အချိန်တွင် SAC စစ်သားများမှ ၎င်းအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ SAC ခမရ (၃၄၁) သည် ဝှေ့ရှမ်းကျေးရွာ ဘုန်းကြီးကျောင်းအရှေ့တွင် စခန်းချနေထိုင်ကြသည်။ အခြားသောတပ်ဖွဲ့တစ်ဖွဲ့သည်လည်း ကျေးရွာတွင်းရှိ ဆီဆိုင် တစ်ဆိုင်တွင် စခန်းချနေထိုင်ကြသည်။

 

ဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် န---သည် သူ၏သူငယ်ချင်းနှင့်အတူ လယ်ကွင်းသို့သွားခဲ့သည်။ လယ်ကွင်းသို့သွားသည့်လမ်းတွင် လုံခြုံရေးကင်းစောင့်နေသော SAC စစ်သားများရှိရာနေရာအား ဖြတ်ကျော်ခဲ့ရသည်။ န---၏သူငယ်ချင်းဖြစ်သူသည် SAC စစ်သားအချို့ကို သိကျွမ်းနေသည့်အတွက်ကြောင့် န---အနေဖြင့် လယ်ကွင်းသို့ သွားရာတွင် သူ၏သူငယ်ချင်းအား ခေါ်၍လိုက်ပါစေခြင်းဖြစ်သည်။ ကျေးရွာတွင်းရှိ ဆီဆိုင်တစ်ဆိုင်သို့ ရောက်သော အခါတွင် န---နှင့်သူ၏သူငယ်ချင်းသည် လယ်ကွင်းထဲတွင် ကျောင်းထားသည့်၎င်းတို့နွားများကို သွားပြန်ခေါ်ရန် အတွက် အခြားနေရာတွင်ရှိသော SAC စစ်သားများကို အကြောင်းကြားအသိပေးစေလိုကြောင်း ဆီဆိုင်တွင်ရှိသည့် SAC စစ်သားများကို မှာကြားခဲ့သည်။ ဆီဆိုင်တွင်ရှိသည့် SAC စစ်သားများကလည်း အခြားနေရာတွင်ရှိသည့် စစ်သားများကို အသိပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် န---သည် ၎င်း၏နွားများကို သွားပြန်ခေါ်ခဲ့သည်။ နွားများပြန်ခေါ်ပြီးနောက် ပြန်လာသည့်အချိန်တွင် (ကျေးရွာဘုန်းကြီးကျောင်းအရှေ့တွင် စခန်းချနေထိုင်သော) SAC စစ်သားများသည် န---နှင့်သူ၏သူငယ်ချင်းတို့အား K-3 သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ကျည်ဆံ သည် န---၏ဘယ်ဖက်ပုခုံးကိုထိုးဖောက်ခဲ့သည်။ န---သည် ဒဏ်ရာရရှိခဲ့ပြီးနောက် SAC ဆေးတပ်သားများက ၎င်း၏ဒဏ်ရာကိုပတ်တီးစည်းပေးခဲ့သည်။

 

SAC ဆေးတပ်သားများသည် န---၏ဒဏ်ရာအားပတ်တီးစည်းပေးပြီးနောက် ၎င်းအား ရွာသို့ပြန်ပို့ပေးခဲ့သည်။ ထို့ နောက်ဝ---၏သမီးဖြစ်သူ (န---၏တူမ) သည် န---အား ဆိုင်ကယ်ဖြင့် ဗျူဟာဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ဗျူဟာဆေးရုံ သည် SAC စီမံအုပ်ချုပ်သောဆေးရုံဖြစ်သည်။ န---သည် အိမ်ထောင်မရှိသောသူဖြစ်သည်။ ထို့ကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သူ၏အကိုနှင့်တူမများကသာ သူ့အား ကူညီစောင့်ရှောက်ပေးခဲ့သည်။ န---သည် ဆေးရုံတွင် ၂၃ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့တွင် ဆေးရုံမှဆင်းလာနိုင်ခဲ့သည်။ သို့သော်လည်း ၎င်း၏ဒဏ်ရာလုံးဝပျောက်ကင်းသွားရန်အတွက် ဆေးရုံသို့ တစ်ပတ်တစ်ခါ လာရောက်ပြသပေးရန် လိုအပ်ကြောင်း ဆရာဝန်မှ မှာကြားခဲ့သည်။

 

 

အစပိုင်းတွင် န---ကို ပစ်ခတ်ခဲ့သည့် SAC စစ်သားများသည် န---အား မပစ်ခတ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး ပစ်ခတ်ခဲ့သူမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားများဖြစ်သည်ဟု အပြစ်တင်ပုံချခဲ့သည်။ သို့သော်လည်း န---နှင့်အတူ လိုက်ပါလာသည့်သူ၏သူငယ်ချင်းဖြစ်သူသည် န---အား ပစ်ခတ်ခဲ့သူမှာ SAC စစ်သားများဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် SAC စစ်သားများသည် ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်ရန်အတွက် န---နှင့် သူ၏သူငယ်ချင်း တို့သည် ၎င်းတို့အား ဘာမှအကြောင်းမကြားခဲ့ကြောင်း (လယ်ကွင်းထဲသို့သွား၍ နွားများပြန်ခေါ်ယူသည့်ကိစ္စ) ၎င်းတို့ အထက်အရာရှိကို တင်ပြခဲ့သည်။ ထို့နောက် ဗျူဟာမှူးဖြစ်သူသည် န---အတွက် ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးခဲ့သည်။ ဗျူဟာမှူးမှ ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို တာဝန်ယူခဲ့သော်လည်း န---၏မိသားစုသည် ၎င်းအား ကြည့်ရှုစောင့်ရှောက်ရပြီး လိုအပ်သောစားစရာများလည်း ပို့ဆောင်ခဲ့ရသည်။

 

ဗျူဟာဆေးရုံတွင် (ကျား၊ မ ရေးရာအခြေခံ၍) ခွဲခြားသတ်မှတ်ထားသောနေရာများရှိသည်။ ဆိုလိုသည်မှာ အမျိုးသား များသည် အမျိုးသားလူနာများကိုသာ ကြည့်ရှုစောင့်ရှောက်ခွင့်ရှိပြီး အမျိုးသမီးများသည်လည်း အမျိုးသမီးလူနာများ ကိုသာ လာရောက်ကြည့်ရှုစောင့်ရှောက်ခွင့်ရှိသည်။ ထို့ကြောင့် ဆေးရုံတွင် န---၏အကိုဖြစ်သူသာ န----အား လာ ရောက်ကြည့်ရှုခွင့်ရခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ န---၏အကိုသည် KHRG အား ဤသို့ရှင်းပြခဲ့သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ဘာမှပြောစရာမရှိသလို ဘာမှလည်းလုပ်လို့မရဘူး။ ဖြစ်ပြီးသွားပြီးပဲ။ ဘာလုပ်လို့ရမှာလဲ။ ဒါပေမဲ့ ဒီကိစ္စဟာ ဖြစ်သင့်တယ်လို့မထင်ဘူး။ ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဘယ်လိုပြောရမလဲ။ ကျွန်တော် တို့က ဒီကိစ္စကိုလိုက်ပြောရင် ကျွန်တော်တို့လုံခြုံရေးနဲ့ အခြားရွာသားတွေရဲ့လုံခြုံရေးအတွက်ပါ စိုးရိမ်စရာရှိတယ်။ ဒီလိုမှမဟုတ်ရင်တော့ SAC စစ်သားတွေက ကျွန်တော်တို့ကို ဒုက္ခပေးလိမ့်မယ်။”

 

အ---ကျေးရွာနှင့် ဝှေ့ရှမ်းလမ်းပေါ်တွင် လုံခြုံရေးကင်းစောင့်ရသော SAC စစ်သားများသည် အမြဲတမ်းလိုလို တပ်ချိန်း ပြောင်းလဲမှုရှိသည်။ ထို့ကြောင့် ၎င်းတို့၏တပ်ရင်းမှူးကို သိရှိရန်ခက်ခဲပါသည်။ ယခုလိုအချိန်အခါတွင် SAC စစ်သား များသည် ၎င်းတို့၏အမည်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသည့်အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်လည်း လက်တွဲ၍အလုပ်လုပ်ခြင်းမရှိပေ။ အ---ကျေးရွာတွင်နေထိုင်ကြသော ရွာသားများသည် ၎င်းတို့လယ်ယာစိုက်ခင်းများ သို့သွား၍ လုပ်ကိုင်စိုက်ပျိုးရန် ကြောက်ရွံ့နေကြပြီး အလုပ်လုပ်ရာတွင်လည်း လုံခြုံမှုမရှိဟုခံစားရသည်။  အကြောင်း မှာ ယေဘုယျအားဖြင့် SAC စစ်သားများသည် ပစ်ခတ်တိုက်ခိုက်ခံရပါက ရွာသားများ၏လယ်ယာစိုက်ခင်းများထဲ သို့ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသောကြောင့်ဖြစ်သည်။ ဤအခြေအနေနှင့်ပတ်သက်၍ န---၏အကိုဖြစ်သူ ဝ---မှ ယခုလိုရှင်းပြခဲ့သည်။ “ရွာသားတွေက သူတို့ရဲ့လယ်ယာစိုက်ခင်းထဲမှာ ဒါမှမဟုတ် တောင်ယာစိုက်ခင်းထဲမှာ အေးအေး ဆေးဆေးသွားလုပ်ကိုင်စိုက်ပျိုးလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က SAC လက်နက်ကြီးပစ်ခတ်မှုကို ကြောက်ရွံ့နေကြတယ်လေ။ ကျွဲနွားတိရိစ္ဆာန်တွေကို သွားကျောင်းတာတောင် လုံခြုံမှုမရှိတော့ဘူး။ KNLA စနိုက်ပါတွေ က သူတို့ (SAC) ကို ချောင်းပစ်တိုက်ခိုက်ရင် သူတို့ (SAC) တွေက ကျေးရွာထဲကိုလက်နက်ကြီးတွေပြန်ပစ်ခတ်ခကြ တယ်။ ရွာသားတွေလည်း ထွက်ပြေးရတာပေါ့။ ရွာသားတွေမှာ စိုးရိမ်ရတာတွေ၊ ကြောက်နေရတာတွေ အများကြီးရှိ တယ်။” ထို့နောက် ဝ---မှ ဤသို့ဆက်လက်ပြောကြားခဲ့သည်။ “စစ်တပ်အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ရွာသား တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကိုင်စားသောက်လို့မရနိုင်တော့ဘူး။ ရွာသားအများစုက ကမမောင်းမြို့ကိုသွားပြီး စားစ ရာတွေနဲ့အခြားလိုအပ်တာတွေ ဝယ်ယူလေ့ရှိတယ်။ ဒါပေမဲ့ (လမ်းတွေပိတ်ထားတော့) အခုသွားလာလို့ မလွယ်တော့ ဘူး။ (စစ်တပ်က ရွာသားတွေကိုခရီးသွားလာရာတွင် ရေလမ်းကြောင်းကို နှစ်လမှတစ်ခါ အသုံးပြုခွင့်ပေးထားသည်။) အဲ့ဒါကြောင့် ရေကြောင်းမှာခရီးသွားလာဖို့အဆင်မပြေတော့ဘူးဆိုရင် ရွာသားတွေက ကုန်းလမ်းကိုအသုံးပြု ပြီးမြို့ထဲ မှာ စားစရာတွေနဲ့အခြားလိုအပ်တာတွေကို သွားဝယ်ယူရတယ်။ ကျွန်တော်တို့ရွာသားတွေက ခရီးသွားလာရာမှာ အရင်လိုလွတ်လွတ်လပ်လပ်မရှိတော့ဘူး။”

 

အ---ကျေးရွာတွင် အိမ်ထောင်စုပေါင်း (၁၂၀)ရှိသည်။ ရွာသားများသည် လယ်ယာ၊ တောင်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်း များကိုလုပ်ကိုင်ကြသည်။ အချို့ရွာသားများသည် နွားများကိုမွေးမြူ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ အချို့ရွာ သားများလည်း မြို့ထဲမှသွားဝယ်ယူသည့်ကုန်ပစ္စည်းများကို ပြန်ရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ SAC ၏ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာသားများသည် စားဝတ်နေရေးအတွက်အသက်ရှင်ရပ်တည်နိုင်ရန် အကြောက်တ ရားများနှင့် အလုပ်လုပ်နေရပါသည်။ SAC စစ်သားများအနေဖြင့် ကရင်ပြည်နယ်ရှိ ဒေသခံများသတ်မှတ်ထားသော နေရာများတွင် စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ရန်အလိုရှိကြောင်း ရွာသားများကတင်ပြခဲ့သည်။ သို့မှသာ ရွာသားများ သည်အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာခရီးသွားလာလုပ်ကိုင်နိုင်မည်ဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

န---နှင့်သူ၏အကိုဖြစ်သူ နှစ်ဦးစလုံးသည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Thu, 07 Mar 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအားဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်