Tue, 19 Dec 2023
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရ (၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့ မနက် (၉)နာရီတွင် မယ်ကလောရွာအုပ်စု၊ ဟ---ကျေးရွာတွင်နေထိုင်သော စောပ--- (၅၅နှစ်) နှင့် နော်ယ--- (၃၂နှစ်)တို့သည် ဝါးသွားခုတ်သည့်အချိန်တွင် မြေမြှုပ်မိုင်းများကို နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောပ---၏ညာဖက်ခြေ ထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး နော်ယ---၏ခြေထောက်နှစ်ဖက်စလုံးတွင်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် ၎င်းတို့နှစ် ဦး၏ခြေထောက်များကို ဖြတ်တောက်ခဲ့ရသည်။ ထိုရွာသားနှစ်ဦးသည် ဆေးရုံနှစ်လုံးတွင် ဆေးကုသမှုခံယူခဲ့သည်။ အဆိုပါမြေမြှုပ်မိုင်းထိမှန်သည့်ရွာသားနှစ်ဦးကို မည်သည့်အဖွဲ့အစည်းမှ ကူညီထောက်ပံ့မှုပေးခြင်းမရှိခဲ့ပေ။ သို့သော် လည်း ဟ---ရွာသားများသည် ထိုရွာသားနှစ်ဦးကို စားစရာနှင့်ဆေးဖိုးဝါးခအတွက် အကူအညီတစ်ချို့ပေးခဲ့ပါသည်။ စောပ---နှင့် နော်ယ---တို့သည် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့၏မိသားစုစားဝတ်နေရေးအတွက် ကူညီထောက်ပံ့ရန် အခက်အခဲစိန်ခေါ်မှုများနှင့်ကြုံတွေ့နေရပါသည်။ ဒေသအတွင်း မြေမြှုပ်မိုင်းတည်ရှိနေမှုကြောင့် ဟ---ကျေးရွာတွင် နေထိုင်ကြသောရွာသားများအတွက် အကြောက်တရားများဖြစ်ပေါ်စေပါသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့ မနက် (၉)နာရီ

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောပ---

နော်ယ---

အသက်

၅၅နှစ်

၃၂နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

အိမ်ထောင်သည်

အိမ်ထောင်သည်

အလုပ်အကိုင်

ခြံလုပ်ငန်း

အဝတ်လျှော်ပေးပြီး အသက်မွေးဝမ်းကျောင်းပြုသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စု၊ ဟ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း အမှတ် (၁၅)

ဒွယ်လိုးမြို့နယ်နှင့် လူသောမြို့နယ်

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် ရွာသားတစ်ဦးထံမှ ကြားသိရှိခဲ့ရသည်။ ထိုရွာသား သည် မြေမြှုပ်မိုင်းထိမှန်ခဲ့သည့်ရွာသားနှစ်ဦးနှင့်အတူ တစ်ရွာတည်းတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး ဆေးကုသမှုခံယူနေ သောရွာသားနှစ်ဦးကို ဆေးရုံသို့သွား၍ ကူညီအားပေးခဲ့သူလည်းဖြစ်သည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်အား မျှဝေပြောပြသူသည် (အင်တာဗျူးခံရသည့်ရွာသား) မြေမြှုပ်မိုင်းထိမှန်သည့် ရွာသား နှစ်ဦးကို ဆေးရုံသို့သွားတွေ့ဆုံ၍ ၎င်းတို့၏သက်သေခံချက်များကို ကိုယ်တိုင်ကြားသိရှိခဲ့ပြီးနောက် ဤအစီရင်ခံစာတွင် ရေးသားထားသည့်သတင်းအကြောင်းအရာများ တိကျမှန်ကန်အောင် ရှင်းလင်းပြောပြခဲ့သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ရက်နေ့ မနက်(၉)နာရီတွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဟ---ကျေးရွာမှ ရွာသားနှစ်ဦးသည် ၎င်းတို့၏လယ်ယာမြေကိုခြံစည်းရိုးခတ်ရန်အတွက် ဝါးသွားခုတ်ခဲ့သည်။ ထိုရွာသားနှစ်ဦး သည် အဖေနှင့်သမီးဖြစ်ကြသည်။ ဝါးခုတ်သည့်နေရာသို့ရောက်သောအခါ စောပ--- (၅၅နှစ်)သည် မြေမြှုပ်မိုင်းတစ်လုံး ကိုနင်းမိခဲ့ပြီး ၎င်း၏ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ (၎င်း၏ညာခြေထောက်ကို ဖြတ်တောက်ခဲ့ရသည်။) စောပ---၏သမီးဖြစ်သူ နော်ယ--- (၃၂နှစ်)သည် ဒဏ်ရာရရှိနေသည့်သူမ၏ဖခင်ကို သွားရောက်ကူညီမည့်အချိန်တွင် အခြားမြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပြန်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ခဲ့ရသည်။

 

ဟ---ရွာသားများသည် ပေါက်ကွဲမှုအသံကို ကြားခဲ့ရပြီးနောက် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ နောက် ဟ---ရွာသားများသည် အနီးအနားရှိအခြားရွာသားများနှင့် ထိုဒေသတွင်တာဝန်ကျသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒေသခံခေါင်းဆောင်များကို ဆက်သွယ်အကြောင်းကြားခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုအသံကို ကြားရပြီးနောက် ဒေသခံ KNU ခေါင်းဆောင်များနှင့် ဟ---ရွာမှအချို့ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ (ကျေးရွာအနီး) သွား၍ ဒဏ်ရာရရှိနေသည့်ရွာသားနှစ်ဦးကို ကျေးရွာသို့ပြန်ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဒဏ်ရာ ရရှိသည့်ရွာသားနှစ်ဦးကို ကားဖြင့်တင်ဆောင်၍ ဖာပွန်မြို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ စီမံခန့်ခွဲ သောဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ SAC ကျန်းမာရေးဝန်ထမ်းများသည် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလိုသည့်ဆန္ဒများမရှိကြောင်း ဒဏ်ရာရရှိသည့်ရွာသားတစ်ဦးမှ ပြောပြခဲ့သည်။ အကြောင်းမှာ ထိုရွာသားနှစ်ဦးသည် SAC ထောင်ထားသည့်မြေမြှုပ်မိုင်းကိုနင်းမိခဲ့ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန်အတွက် ဟ---ရွာသားများသည် အချင်းချင်းတိုင်ပင်ဆွေးနွေး ပြီး SAC ကျန်းမာရေးဝန်ထမ်းများအား ကြက်၊ စားစရာနှင့်အခြားလိုအပ်သည့်အရာများကိုပေးရန်သဘောတူညီခဲ့သည်။ (ထိုမှတဆင့် SAC ကျန်းမာရေးဝန်ထမ်းများသည် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးအား စားစရာနှင့်လိုအပ်သည့်အရာများ ရရှိရန် သေချာစောင့်ကြည့်ပေးရမည်ဖြစ်သည်။)

 

စောပ---နှင့်နော်ယ---နင်းမိခဲ့သည့်မြေမြှုပ်မိုင်းများသည် KNLA တပ်ရင်းအမှတ် (၁၅)မှ စစ်သားများ ထောင်ထားခဲ့သော မိုင်းများဖြစ်ကြောင်း ဟ---ရွာသားများက ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က KNLA သည် ဒေသ အတွင်း မြေမြှုပ်မိုင်းများထောင်ထားသည့်အကြောင်းကို တစ်ချို့ရွာသားများအား အသိပေးအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ KNLA စစ်သားများအနေဖြင့် ဒေသတစ်ဝိုက်တွင် မြေမြှုပ်မိုင်းများမထောင်ခင်ချိန် တစ်ပတ်အလိုတွင် အချို့ သောရွာသားများကို အသိပေးအကြောင်းကြားခဲ့သည်။ ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများ၏တည်နေရာသည် စောပ---နှင့်နော်ယ---တို့မှ မြေမြှုပ်မိုင်းနင်းမိခဲ့သည့်နေရာလည်းပါဝင်ပါသည်။ ထို့ပြင် ဒေသအတွင်းမြေမြှုပ်မိုင်းတည် ရှိမှုကိုသိရှိစေရန်အတွက် KNLA အနေဖြင့် နီးစပ်ရာကျေးရွာများမှ ရွာသားများကိုအသိပေးရန် ဒွယ်လိုးမြို့နယ်၊ မာထော ကျေးရွာအုပ်စုရှိ အ---ရွာသားများအား ခိုင်းစေခဲ့သည်။ မြေမြှုပ်မိုင်းအခင်းဖြစ်ပွားသည့်နေရာသည် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၁၉)နှင့် (၆၄၂)တပ်ရင်းများ အခြေစိုက်သည့်တပ်စခန်းနှင့်လည်း နီးစပ်သည်။ ဒဏ်ရာရရှိသည့် ရွာသားနှစ်ဦးအပါအဝင် ဟ---ရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို တစ်ခါမှ မတက်ဖူး ကြပါ။ (ထိုဒေသတွင် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများကို ဦးဆောင်ပို့ချပေးသော အဖွဲ့အစည်းသည် ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) ဖြစ်သည်။)

 

မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်စောပ---နှင့်နော်ယ---သည် မည်သည့်အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုမရရှိ ခဲ့ပေ။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထမြောက်အပတ်၌ ဖာပွန်မြို့ရှိ SAC စီမံခန့်ခွဲသည့်ဆေးရုံတွင် ဆေးကုသမှု တစ်ပတ်ခံယူပြီးနောက် စောပ---နှင့်နော်ယ---တို့ကို မြို့တစ်မြို့မှ (အမည်မသိရှိ)အခြားဆေးရုံသို့ ပို့ဆောင်ခဲ့ပြန်သည်။ (ဖာပွန်မြို့ရှိ)ဆေးရုံတွင် စောပ---နှင့်နော်ယ---တို့ကို လာရောက်တွေ့ဆုံပြီး မေးမြန်းကြသည့်ရွာသားများရှိနေသည့် အတွက် ၎င်းတို့နှစ်ဦးကို ဆက်သွယ်မေးမြန်းရန် အဆင်မပြေခဲ့ပါ။

 

(ဒေသခံရွာသားတစ်ဦးမှ ပြောပြချက်အရ) စောပ---နှင့်နော်ယ---တို့သည် ဆေးရုံမှဆင်းလာခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ အနေဖြင့် မည်သည့်ကူညီထောက်ပံ့မှုများ လက်ခံရရှိခြင်းမရှိခဲ့ပေ။  ၂၀၂၁ခုနှစ် စစ်တပ်အာဏာမသိမ်းမီအချိန်တွင် စောပ---သည် နေ့စားအလုပ်ဖြင့် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ရှာဖွေထောက်ပံ့ပေးသူဖြစ်ပြီး နော်ယ---သည် ဆေးရုံများနှင့်အခြားအိမ်များတွင် အဝတ်လိုက်လျှော်ပေး၍ အသက်မွေးဝမ်းကျောင်းပြုသူတစ်ဦးဖြစ်သည်။ ယခုအချိန် တွင် စောပ---နှင့်နော်ယ---တို့အနေဖြင့် ၎င်းတို့ခြေထောက်များကို ဖြတ်တောက်ခဲ့ရပြီး အလုပ်မလုပ်နိုင်တော့သည့် အတွက်ကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။

 

ဒေသတစ်ဝိုက်အတွင်း မြေမြှုပ်မိုင်းများတည်ရှိနေမှုကြောင့် ဟ---ကျေးရွာတွင် နေထိုင်ကြသည့်ရွာသားများသည် ၎င်း တို့လယ်ယာခြံထဲသို့ အလုပ်သွားလုပ်ကိုင်ရန်ပင် ကြောက်ရွံ့နေကြရသည်။ ဤကဲ့သို့ရွာသားနှစ်ဦးမှ မြေမြှုပ်မိုင်းများ အားနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သောကြောင့် ယခုအချိန်တွင် ရွာသားများကြား၌ အကြောက်တရားများ ပို၍တိုး လာခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဆေးရုံသို့သွား၍ မြေမြှုပ်မိုင်းထိမှန်သည့်ရွာသားနှစ်ဦးကို တွေ့ဆုံခဲ့သော ရွာသားတစ်ဦးသည် အဆိုပါရွာသားနှစ်ဦးထံမှ ခွင့်ပြုချက်ရယူခဲ့ပြီး ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန် ခွင့်ပြုချက်ပေးထားပါသည်။  ဆေးရုံ၌ဆေး ကုသမှုခံယူနေသည့်ရွာသားနှစ်ဦးကိုတွေ့ဆုံခဲ့သော ရွာသားတစ်ဦးကို KHRG သတင်းစုဆောင်းသူမှ အင်တာဗျူးခဲ့ပါ သည်။ 

Tue, 19 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်