Thu, 15 Feb 2024
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံးပြီး လူနေ အိမ်များလည်း ထိခိုက်ပျက်စီး (၂၀၂၃ ခုနှစ်၊ သြဂုတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင် ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ဒေါ်ဖားခိုမြို့နယ်ရှိ သံတောင်ကြီးမြို့တွင်းသို့ လက်နက်ကြီး (၃)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးအား ထိမှန်ပျက်စီး သွားပြီး ရွာသား များအသုံးပြုသည့်လမ်းလည်း ပျက်စီးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ရက်နေ့တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၄) မှ SAC စစ်သားများသည် ဒေါ်ဖားခိုမြို့နယ်၊ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၀ မမ (၃)လုံး ရမ်းသမ်း ပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် အမျိုးသမီးဖြစ်သူ မဇ---အား လက်နက်ကြီးထိမှန်ပြီး ပြင်းပြင်းထန် ထန်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဆေးကုသမှုခံယူရန် သူမကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သို့သော်လည်း သူမ၏ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံတွင် သေဆုံးခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ရက်နှင့် ၂၆ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ သံတောင်ကြီးမြို့ရှိ ဘ--- ရပ်ကွက်နှင့် အထူးဒေသရှိ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်စ---

နော်ဒ---

စောန---

မဇ---

အသက်

မသိရှိရ

မသိရှိရ

မသိရှိရ

၄၈ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

မသိရှိရ

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်ရှိ

အိမ်ထောင်ရှိ

အိမ်ထောင်ရှိ

အိမ်ထောင်ရှိ

အလုပ်အကိုင်

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

မသိရှိရ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

သံတောင်ကြီးမြို့၊ ဘ--- ရပ်ကွက်

သံတောင်ကြီးမြို့၊ ဘ--- ရပ်ကွက်

သံတောင်ကြီးမြို့၊ ဘ--- ရပ်ကွက်

အထူးဒေသရှိ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

အမြောက်တပ် (တပ်ဖွဲ့နံပါတ် မသိရှိရ)

သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ လက်နက်ကြီးကုန်း

မသိရှိရ

မသိရှိရ

မသိရှိရ

ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၄)

ပဲခူးတိုင်း၊ ရေတာရှည်မြို့

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ဒေးလိုမူလာထဒေသမှ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲအရာရှိတစ်ဦးသည် လက်နက်ကြီးပစ်ခတ်မှု ပထမဖြစ်စဉ်နှင့်ပတ်သက်၍ KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား အကြောင်းကြားပြောပြ ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့တွင် KHRG ကွင်းဆင်းလုပ်သားသည် ထိုဖြစ်စဉ်အား မျက်မြင် တွေ့ခဲ့သည့်ဒေသခံရွာသားတစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အင်တာဗျူးပြုလုပ်ခဲ့သည်။ အဆိုပါရွာသား၏အိမ်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည်။ ထိုရွာသားသည် လက်နက်ကြီးပစ်ခတ်နေစဉ် အခင်းဖြစ်ပွားသည့် နေရာတွင်ရှိနေခဲ့သည်။ ထို့ကြောင့် သူသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိခဲ့ရခြင်းဖြစ်သည်။ လက်နက်ကြီးပစ်ခတ်မှု ဒုတိယဖြစ်စဉ်နှင့်ပတ်သက်၍ KHRG ကွင်းဆင်းလုပ်သားသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့ နယ်မှ ဒေသခံရွာသားတစ်ဦးအား ဖုန်းဖြင့်ခေါ်ဆို၍ သတင်းအကြောင်းအရာအား မေးမြန်းရယူခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာများသည် မှန်ကန်ပါသည်။ အကြောင်းမှာ လက်နက်ကြီးပစ်ခတ်မှု ပထမဖြစ်စဉ်နှင့်ပတ် သက်၍ KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် အိမ်ထိမှန်ပျက်စီး၍ နစ်နာခဲ့ရသည့်ရွာသားတစ်ဦးနှင့် အခြားရွာသား များထံမှ သတင်းအချက်အလက်များ ရယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် KHRG ကွင်းဆင်းလုပ်သားသည် ထိုအခင်းဖြစ် ပွားသည့် နေရာသို့သွား၍ လက်နက်ကြီးပစ်ခတ်မှုအကြောင်းကို လေ့လာစုံစမ်းခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှု ဒုတိယ ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးမှ KHRG ကွင်းဆင်းလုပ်သားအား သတင်းအကြောင်းအရာများ ပြောပြခဲ့ သည်။ ထိုရွာသားသည် လက်နက်ကြီးထိမှန်၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သောအမျိုးသမီးတစ်ဦးအား သူမမသေဆုံးခင် အချိန်တွင် မေးမြန်း၍ စကားပြောခဲ့ကြသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

လက်နက်ကြီးပစ်ခတ်မှု ပထမဖြစ်စဉ်

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ရက်နေ့ ည (၈း၃၀)မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်ရှိ သံတောင်ကြီးမြို့တွင်းသို့ လက်နက်ကြီး (၃)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ် လိုက်သည့်လက်နက်ကြီးတစ်လုံးသည် သံတောင်ကြီးမြို့၊ ဘ---ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ဤလက် နက်ကြီးပေါက်ကွဲမှုကြောင့် လူနေအိမ် (၃)လုံး ထိမှန်ပျက်စီးသွားပြီး ရွာသားများအသုံးပြုသည့်လမ်းလည်း ပျက်စီးခဲ့ သည်။ ထိုလမ်းသည် ပျက်စီးသွားသည့်အိမ် (၃)လုံးဘေးနားတွင် တည်ရှိသည်။ ထိမှန်ပျက်စီးသည့်အိမ် (၃)လုံး၏ ပိုင်ရှင် များသည် နော်စ---၊ နော်ဒ---နှင့် စောန---တို့ဖြစ်ကြသည်။ အခြားလက်နက်ကြီးနှစ်လုံးသည် သံတောင်ကြီးမြို့ အပြင် ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးပစ်ခတ်ခဲ့သည့် SAC တပ်ဖွဲ့သည် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့အမြောက်တပ်ကုန်းတွင် အခြေစိုက်သည်။ SAC မှ လက်နက်ကြီးပစ်ခတ်ရသည့်အကြောင်းရင်းမှာ ၎င်းတို့သည် သံတောင်ကြီးမြို့လမ်းမပေါ်တွင် မိုင်းပေါက်ကွဲသံတစ်ခုကို ကြားခဲ့ပြီးနောက် လက်နက်ကြီးများပြန်လည် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆ၍ရသည်။ ဘုရင့်နောင်တပ်မြို့မှ သံတောင်ကြီးမြို့၊ ဘ---ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် သွားလျှင် မိနစ် (၃၀) ခန့် ကြာသည်။

 

လက်နက်ကြီးထိမှန်၍ပျက်စီးသွားသည့်အိမ် (၁) လုံး၏ပိုင်ရှင်တစ်ဦးသည် SAC မှ လက်နက်ကြီးပစ်ခတ်ခဲ့ချိန်တွင် ၎င်းသည် သံတောင်ကြီးမြို့တွင် ရှိမနေခဲ့ပါ။ ၎င်းအိမ်ပိုင်ရှင်သည် ထိုအချိန်တွင် သံတောင်ကြီးမြို့အပြင်၌ ရှိနေခဲ့ခြင်း ကြောင့် ၎င်းအား လက်နက်ကြီးမထိမှန်ခဲ့ပါ။ လက်နက်ကြီးထိမှန်၍ပျက်စီးသွားသည့် အခြားအိမ် (၂) လုံး၏ပိုင်ရှင်များ သည် လက်နက်ကြီးပစ်ခတ်ချိန်တွင် ၎င်းတို့အိမ်အောက်၌ ရှိနေခဲ့သည်။ ထို့ကြောင့် ၎င်းတို့လည်း လက်နက်ကြီး မထိမှန်ခဲ့ပါ။

 

SAC တပ်ဖွဲ့သည် သံတောင်ကြီးမြို့အတွင်းသို့ (သြဂုတ်လနှင့် စက်တင်ဘာလအတွင်း) မကြာခဏ လက်နက်ကြီး များ ပစ်ခတ်လေ့ရှိသည်။ လက်နက်ကြီးပစ်ခတ်မှုသည် တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ပုံမှန်ဖြစ်ပွား လေ့ရှိသည်။ (သြဂုတ်လ ၂၂ရက်နေ့၌) SAC မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သံတောင်ကြီးမြို့၊ ဘ---ရပ်ကွက်တွင် နေထိုင်ကြသည့်ရွာသားများသည် မိမိလုံခြုံရေးအတွက် အလွန်စိုးရိမ်ကြောက်ရွံ့ခဲ့ရသည်။ သို့သော်လည်း ရွာသားများသည် (ဤသို့လက်နက်ကြီးပစ်ခတ်မှုကို တားဆီးရန်) ဘာမှ မလုပ်နိုင်ခဲ့ပါ။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် မည်သည့်ရွာသားမှ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းမရှိပါ။ ထို့အပြင် (ကျွဲ၊နွား) တိရိစ္ဆာန်များလည်း   သေဆုံး၊ ဒဏ်ရာ ရရှိခြင်းလည်း မရှိခဲ့ပေ။ ဘုရားကျောင်းနှင့် စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပါ။

 

လက်နက်ကြီးပစ်ခတ်မှု ဒုတိယဖြစ်စဉ်

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ရက်နေ့ ညနေ (၄) နာရီခန့်တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၀၄) မှ SAC စစ်သားများ သည် ဒေါ်ဖားခိုမြို့နယ်၊ အထူးဒေသရှိ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၀ မမ (၃)လုံး ရမ်းသမ်းပစ်ခတ် ခဲ့သည်။ ခမရ (၃၀၄) သည် ပဲခူးတိုင်း၊ ရေတာရှည်မြို့တွင် အခြေစိုက်သည်။ (ထိုတပ်ရင်းသည် ဒေါ်ဖားခိုမြို့နယ်တွင် မည်သည့်အတွက်ကြောင့်ရောက်ရှိနေသည်ကို ဒေသခံရွာသားများ မသိရှိကြပါ။) ပစ်ခတ်လိုက်သည့်လက်နက်ကြီး (၂) လုံးသည် အ---ကျေးရွာအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားတစ်လုံးမှာ ကျေးရွာအတွင်း ခြေကျင်ဖြင့် ခရီးသွားလာနေသော အမျိုးသမီးတစ်ဦးဖြစ်သူ မဇ--- ဘေးနားတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ မဇ---သည် အသက် (၄၈)နှစ်ရှိပြီးဖြစ်သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် လက်နက်ကြီးအပိုင်းစသည် သူမအား ထိမှန်ခဲ့ပြီး သူမ၏ဝမ်း ဗိုက်နှင့်ဦးခေါင်းအနောက်တွင် ဒဏ်ရာများပြင်းပြင်းထန်ထန်ရရှိခဲ့သည်။

 

အခင်းဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးမှူးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) ဆေးမှူးတို့သည် မဇ---၏ဒဏ်ရာများကို လာရောက်ကုသပေးခဲ့သည်။ ထို့နောက် (သြဂုတ်လ ၂၆ရက် နေ့အတွင်း) သူမအား တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ နောက်တစ်နေ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ရက်နေ့တွင် မဇ---သည် ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံတွင်သာ သေဆုံးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ရက်နေ့တွင် မဇ---၏ရုပ်အလောင်းကို အ---ကျေးရွာသို့ ပြန်ယူလာခဲ့ပြီး ကျေးရွာရှိသင်္ချိုင်းကုန်းတွင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။ မဇ---၏ အမျိုးသားသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးခဲ့ပြီးဖြစ်သည်။ မဇ---မှာ သားသမီး (၄)ဦးရှိသည်။ PDF နှင့် KNLA တို့မှ မဇ---၏မိသားစုအား ငွေကျပ် (၂)သိန်း ပေးလှူခဲ့သည်။ ငွေကျပ် (၂)သိန်းမှလွဲ၍ မဇ---၏မိသားစုသည် မည်သည့်အဖွဲ့အစည်းထံမှ ငွေကြေးထောက်ပံ့မှုများ မရရှိခဲ့ပေ။

 

SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ၏ကျွဲ၊နွားတိရိစ္ဆာန်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့စိုက် ပျိုးပင်များ ထိမှန်ပျက်စီးခဲ့သည်။ ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ SAC သည် အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်လေ့ရှိသည်။ ထို့ကြောင့် ရွာသားအများစုသည် လက်နက်ကြီးပစ်ခတ်သည့် အချိန်တိုင်း ခေတ္တယာယီတိမ်းရှောင်ခဲ့ရသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ဝေရန်အတွက် သံတောင်ကြီးမြို့မှ ရွာသားများနှင့် မဇ---၏မိသားစု ဝင်ကို စကားပြောခဲ့သော ရွာသားတစ်ဦးမှ KHRG အား ခွင့်ပြုချက်ပေးခဲ့ပါသည်။

Thu, 15 Feb 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်