Mon, 20 Nov 2023
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC မှ ရွာသားများအား ပစ်သတ်ခြင်း၊ အရပ်သားအိုးအိမ်ပိုင်ဆိုင်မှုများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း (၂၀၂၃ခုနှစ်၊ ဇူလှိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး)မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၇ရက်နေ့၌ ဒေါ်ဖားခိုမြို့နယ်၊ တဆီးသဲမီလာ (ဆယ့်သုံးမိုင်) မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ရင်းမှူးဟိန်းစံထွန်းဦးဆောင်သော ခြေ မြန်တပ်ရင်း (ခမရ)အမှတ် (၆၀၃)သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် SAC စစ်သားများသည် တဆီးသဲမီလာမြို့တွင်နေထိုင်သော အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။ အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် SAC သည် ထိုမြို့ရှိ လူနေအိမ် ()လုံး နှင့် ဒေသခံရွာသားများ ပိုင်ဆိုင်သည့်ဆိုင်ကယ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် SAC သည် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ SAC အနေဖြင့် သေဆုံးသူရွာသားနှစ်ဦးနှင့် ၎င်းတို့မိသားစုဝင်များကို လျော်ကြေးငွေပေး ဆောင်ခြင်းမရှိသည့်အပြင် ဝန်ချတောင်းပန်ခြင်းလည်းမရှိခဲ့ပေ။ [1]

 

 

အပိုင်း - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC မှ ရွာသားများအား သတ်ဖြတ်ခြင်း၊ အရပ်သားအိုးအိမ်ပိုင်ဆိုင်မှုများအား မီးရှို့ ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၇ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ တဆီးသဲမီလာ (ဆယ့်သုံးမိုင်) မြို့

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ) ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောယ---

---

အသက်

မသိရှိရ

မသိရှိရ

ကျား/

ကျား

ကျား

လူမျိုး

ကရင်

ဗမာ

မိသားစုရှိ/မရှိ   

အိမ်ထောင်ရှိ

အိမ်ထောင်မရှိ

အလုပ်အကိုင်

မသိရှိရ

မသိရှိရ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ တဆီးသဲမီလာမြို့

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ တဆီးသဲမီလာမြို့

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်  

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ    

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၆၀၃)

တဆီးသဲမီလာမြို့

တပ်ရင်းမှူးဟိန်းစံထွန်း

 

အဆင့် - သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

() ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ KHRG မှပို့ချခဲ့သော ကျေးလက်စွမ်းရည်သင်တန်းကို တက်ရောက် ခဲ့ဖူးသည့် တောအူးခရိုင်မှ ရွာသားတစ်ဦးသည် KHRG ဝန်ထမ်းတစ်ဦးကို အသိပေး၍ အကြောင်းကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၁၁ ရက်နေ့တွင် အဆိုပါရွာသားတစ်ဦးသည် အခင်းဖြစ်ပွားချိန်တွင် မျက်မြင်ကြုံတွေ့ခဲ့သောသူ၏ သူငယ်ချင်း တစ်ဦး၏ဆက်သွယ်ရန်ဖုန်းနံပါတ်ကို KHRG အား ပေးပို့ခဲ့သည်။ ထို့နောက် KHRG ဝန်ထမ်းတစ်ဦးသည် အခင်းဖြစ်ပွားမှုကို မျက်မြင်ကြုံတွေ့ခဲ့သော ထိုရွာသားတစ်ဦးအား ဖုန်းဖြင့်ဆက်သွယ်၍ အင်တာဗျူးခဲ့သည်။ ဤရွာ သားသည် အခင်းဖြစ်ပွားမှုနှင့်ပတ်သက်သော သတင်းအချက်အလက်များအသေးစိတ်ကို ပြောပြနိုင်ခဲ့သည်။ အကြောင်းရင်းမှာ ၎င်းသည် အခင်းဖြစ်ပွားချိန်တွင် တဆီးသဲမီလာမြို့ရှိတစ်နေရာတွင်ပုန်း၍ SAC မှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်မြင်ကိုယ်တွေ့ခဲ့ခြင်းဖြစ်ပြီး ၎င်း၏သူငယ်ချင်းဖြစ်သူကို အသေးစိတ်ပြောပြ နိုင်ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၁၃ ရက်နေ့တွင်လည်း KHRG မှ ပို့ချခဲ့သော ကျေးလက်စွမ်းရည်သင်တန်းကို တက်ရောက်ခဲ့ဖူးသည့် ထိုရွာသားတစ်ဦးသည် အသတ်ခံရသည့်ရွာသားတစ်ဦး၏မိသားစုဝင်တစ်ဦး၏ဖုန်းနံပါတ်ကို KHRG အား ပေးပို့ခဲ့သည်။ ထို့နောက် KHRG ဝန်ထမ်းတစ်ဦးသည် အသတ်ခံရသည့်ရွာသားတစ်ဦး၏ မိသားစုဝင် တစ်ဦး ဖြစ်သူနော်အ---ကို ဖုန်းဖြင့်ဆက်သွယ်၍ အင်တာဗျူးပြုလုပ်ခဲ့သည်။ နော်အ---သည် အသတ်ခံရသည့်ရွာသား စောယ---၏ဇနီးဖြစ်သည်။

() ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

အသတ်ခံရသည့်ရွာသားတစ်ဦး၏မိသားစုဝင်တစ်ဦးနှင့် အခင်းဖြစ်ပွားချိန်တွင် မျက်မြင်ကြုံတွေ့ခဲ့သော ရွာသားတစ် ဦးတို့မှ ဤသတင်းအချက်အလက်များကို ပြောပြခဲ့ခြင်းဖြစ်သည်။ 

 

အဆင့် - အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၇ရက်နေ့ မွန်းလွဲ ()နာရီခန့်တွင် တောအူး (တောင်ငူ)ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်၊ တဆီးသဲမီလာ (ဆယ့်သုံးမိုင်) မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ရင်းမှူး ဟိန်းစံထွန်းဦးဆောင် သော ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၆၀၃)သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စစ်သားများကို ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲသည် (၁၅)မိနစ်ခန့်ကြာမြင့်ခဲ့သည်။ SAC စစ်သားများသည် တဆီးသဲ မီလာမြို့တွင် အခြေစိုက်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည်လည်း တဆီးသဲမီလာမြို့တွင် အခြေစိုက် သည်။ ထိုမြို့တွင် SAC နှင့် PDF တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိသည်။ ၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက်တွင် SAC စစ်သားများသည် တဆီးသဲမီလာမြို့မှ အရပ်သားပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့သည်။ အဆိုပါအရပ်သားနှစ်ဦးမှာ စောယ---နှင့်ဇ---ဖြစ်သည်။ စောယ---သည် ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ---သည် ဗမာလူမျိုးတစ်ဦးဖြစ်သည်။ အသတ်ခံရသည့်အရပ်သားနှစ်ဦးသည် မည်သည့်လက်နက်ကိုင်အဖွဲ့များနှင့် ပါဝင်ပတ်သက်မှုများမရှိကြပါ။

 

စောယ--- ဇနီးနှင့်သားသမီး ()ဦးရှိသည်။ ထိုသားသမီး ()ဦးမှာ သား ()ဦးနှင့် သမီး ()ဦးဖြစ်ကြသည်။ စောယ---၏အကြီးဆုံးသမီးသည် အသက် (၁၄)နှစ်ရှိပြီး အငယ်ဆုံးသားသည် အသက်တစ်လသာ ရှိသေးသည်။ စောယ---၏ဇနီး သည် နော်အ---ဖြစ်ပြီး အသက် (၃၃)နှစ်ရှိပြီးဖြစ်သည်။ ---သည် လူပျိုလူလွတ်တစ်ဦးဖြစ်သည်။ နော်အ---မှ KHRG အား ဤသို့ပြောပြခဲ့သည်။ သူ (သူမ၏အမျိုးသား) ကျွန်မကိုပြောခဲ့တာက ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၈ ရက်နေ့မှာ ကျွန်မတို့ရဲ့သားမွေးနေ့ကို ကျင်းပချင်တယ်တဲ့။ ဒါပေမဲ့ ဇူလှိုင်လ ၇ ရက်နေ့မှာပဲ သူအသတ်ခံရတယ်။ စောယ---အသတ်မခံရမီ SAC စစ်သားများအနေဖြင့် ၎င်းအား သူမတို့၏အိမ်တွင် ရက်ရက်စက်စက်ရိုက်နှက်ခဲ့ကြောင်း နော်အ---မှ တင်ပြခဲ့သည်။ ထို့နောက် SAC စစ်သားများသည် စောယ---၏ခေါင်းကို သေနတ်ကျည်ဆံတစ်ချက်ဖြင့် ပစ်သတ်ခဲ့ သည်။ စောယ---အား ပစ်သတ်ခဲ့ပြီးနောက် SAC စစ်သားများသည် ၎င်း၏အိမ်နှင့် ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီး ခဲ့သည်။ ---သည် ဈေးသွားဝယ်ပြီး အိမ်သို့အပြန်တွင် SAC မှ ၎င်းအား သတ်ပစ်ခဲ့သည်။

 

SAC မှ အဆိုပါအရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် တဆီးသဲမီလာမြို့မှ စောယ---နှင့် အခြားဒေသခံရွာသားများ ပိုင်ဆိုင်သော အိမ်()လုံးနှင့် ဆိုင်ကယ် ()စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးခံရသည့်အိမ် ()လုံးအနက် () လုံးသည် ရပ်ကွက် ()တွင်တည်ရှိပြီး အခြား()လုံးမှာ ရပ်ကွက် ()တွင်တည်ရှိသည်။ ထို့နောက် SAC စစ်သားများ သည် ၎င်းတို့တပ်စခန်းသို့ ပြန်သွားခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ ၇ရက်နေ့ ညနေ သုံးနာရီခွဲဝန်းကျင်တွင် SAC စစ်သား များသည် တဆီးသဲမီလာမြို့အတွင်းသို့ လက်နက်ကြီး ()လုံး သို့မဟုတ် ()လုံး ပစ်ခတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၇ ရက်နေ့ ညနေပိုင်းတွင် အခြားရွာသားများသည် SAC စစ်သားများပစ်သတ်ခဲ့သော ရွာသားနှစ်ဦး ၏အလောင်းများကို သွားကောက်ယူခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ၈ ရက်နေ့တွင် အသတ်ခံရသည့်ရွာသားနှစ်ဦးကို မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ သည်။

 

တဆီးသဲမီလာမြို့မှဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ SAC စစ်သားများအနေဖြင့် အရပ်သားများအား ပစ်သတ် ပြီး ပြည်သူအိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးရသည့်အကြောင်းရင်းမှာ အနာဂတ်တွင် PDF တပ်ဖွဲ့ထဲမဝင်စေရန် အတွက် ပြည်သူများအား ကြောက်ရွံ့အောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ SAC စစ်သားများမှ ပစ်သတ်ခဲ့သည့်ရွာသား နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည့်ပြည်သူ့အိုးအိမ်ပိုင်ဆိုင်မှုများအတွက် တပ်ရင်းမှူးဟိန်းစံထွန်းအနေဖြင့် သေဆုံးသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို လျော်ကြေးငွေများပေးဆောင်ခြင်းမရှိခဲ့ပါ။ SAC သည် အရပ်သားပြည်သူများအပေါ် ကျူး လွန်ခဲ့သည့်ပြစ်မှုများအတွက် ဝန်ချတောင်းပန်ခြင်း မည်သည့်အခါမှ မရှိခဲ့ပါ။ KHRG အင်တာဗျူးခဲ့သည့် တဆီးသဲမီ လာမြို့မှ ရွာသားတစ်ဦး၏ပြောပြချက်အရ ၎င်း၏မြို့တွင် SAC မှ ရွာသားများအား သတ်ပစ်ခဲ့သည့်ဖြစ်စဉ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော်လည်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလှိုင်လအတွင်း SAC သည် တဆီးသဲမီလာ မြို့ရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်မှာ ()ကြိမ်ရှိပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလှိုင်လအတွင်း SAC အနေဖြင့် တဆီးသဲမီလာမြို့တွင် မီးရှို့ဖျက်ဆီးခဲ့သည့်အိမ်စုစုပေါင်းမှာ အနည်းဆုံး (၂၃)လုံးရှိပြီးဖြစ်သည်ဟု    KHRG အင်တာဗျူးခဲ့သည့် ရွာ သားတစ်ဦးမှ ခန့်မှန်းတွက်ဆခဲ့သည်။

 

နော်အ---နှင့်အခြားရွာသားအများအပြားသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တဆီးသဲမီလာမြို့မှ ထွက်ပြေးတိမ်း ရှောင်နေရပြီးဖြစ်သည်။ ထိုသို့တိမ်းရှောင်ရသော်လည်း ၎င်းတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကို ပြန်လာကြည့်လေ့ရှိသည်။ စောယ---၏မိသားစုဝင်များသည် ၎င်းတို့အိမ်သို့ အကြာကြီးပြန်လာနေထိုင်နိုင်ခြင်းမရှိခဲ့ပါ။ အကြောင်းရင်းမှာ ၎င်းတို့ ၏ လုံခြုံရေးအတွက်နှင့် တဆီးသဲမီလာမြို့တွင် တည်ငြိမ်မှုမရှိသည့်အခြေအနေတို့ကြောင့် အိမ်သို့အကြာကြီး ပြန်လာ နေ ထိုင်၍မရသောကြောင့်ဖြစ်သည်။ စောယ---သည် ၎င်း၏မိသားစုမပါဘဲ မြို့သို့ ခဏတာပြန်လာသည့်အချိန်တွင် SAC မှ ၎င်းအား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ နော်အ---သည် မြို့တွင်ရှိသည့် သူမ၏အိမ်သို့ပြန်လာပြီး အခြေအနေကို စောင့်ကြည့်ချင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ သူမအနေဖြင့် KHRG အား ယခုလိုပြောပြခဲ့သည်။ ကျွန်မအိမ်ကိုပြန် လာချင်တယ်။ ဒါပေမဲ့ ကျွန်မကလေးတွေက ကျွန်မကို အိမ်မပြန်စေချင်ဘူး။ ကျွန်မကလေးတွေက ကျွန်မကိုငိုယို တောင်းပန်ပြီး ဒီလိုပြောတယ်။အမေ…(SAC) စစ်သားတွေကို အရမ်းကြောက်တယ်။ ကျေးဇူးပြု၍ အိမ်မပြန်ပါနဲ့။’ … အခုတော့ ကျွန်မမှာ အိမ်ပြန်လာချင်ပေမဲ့နေစရာအိမ်မရှိတော့ဘူး။ သူမ၏အမျိုးသားသည် အသတ်ခံရသည့်အတွက် ကြောင့် သူမအနေဖြင့် မိသားစုစားဝတ်နေရေးနှင့် သားသမီး()ဦးကို ကျွေးမွေးစောင့်ရှောက်ရန်အတွက် အခက်အခဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဤအခြေအနေနှင့်ပတ်သက်၍ သူမက ယခုလို ဆက်လက်ပြောပြခဲ့သည်။ ကျွန်မတို့ရဲ့စားဝတ်နေရေးအတွက် သူ့ကိုဘဲ မှီခိုအားကိုးနေရတယ်။ ကျွန်မရဲ့သားသမီးတွေကို ကျွန်မတစ်ယောက် ထဲအနေနဲ့ပဲ ပြုစုပျိုးထောင်ရမယ်ဆိုရင် အရမ်းခက်ခဲတယ်လေ။ကျွန်မသားသမီးရဲ့စားဝတ်နေရေးအတွက် ဘယ်လို ရုန်းကန်ပြီးထောက်ပံ့ရမလဲ ကျွန်မအရမ်းစိတ်ပူတယ်။ကျွန်မရဲ့ယောကျ်ား အခုထိ မမေ့နိုင်သေးဘူး။ သူမပါဘဲ ဒီသားသမီးတွေကို ကျွန်မတစ်ယောက်ထဲ ဘယ်လိုလုပ်ကျွေးမွေးစောင့်ရှောက်ရမလဲ။အခုအချိန်မှာ ကျွန်မအတွက် လုံခြုံမှုမရှိဘူးလို့ခံစားရတယ်။ ပြီးတော့ ကျွန်မဟာ SAC စစ်သားသတ်ပစ်ခဲ့တဲ့ လူတစ်ယောက်ရဲ့ဇနီးဆိုပြီး လူတွေက ကျွန်မကို သံသယဝင်ပြီးအထင်မှားမှာကို အရမ်းစိုးရိမ်တယ်။ ယခုအချိန်တွင် မည်သည့်အဖွဲ့အစည်းမှ နော်အ---နှင့် သူမ၏သားသမီးများကို ကူညီထောက်ပံ့မှုပေးခြင်း မရှိသေးပါ။ သူမအနေဖြင့် သူမ၏သားသမီးများကို ကျောင်းထား နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှု အမှန်တကယ်လိုအပ်နေပါသည်။

 

နော်အ---သည်သူမ၏ခံစားချက်များနှင့် အမြင်သဘောထားကိုလည်း KHRG အား ဤသို့မျှဝေပြောပြခဲ့သည်။ကျွန်မ တို့ဟာ ရွာသားတွေဖြစ်တဲ့အတွက်ကြောင့် ဘယ်တော့မှ တရားမျှတမှုကိုမရကြဘူး။ ကျွန်မအနေနဲ့ သူတို့ကို (SAC စစ်သားများ) တရားမစွဲချင်ဘူး။ ဒါပေမဲ့သူတို့ကို ကျွန်မနောက်ထပ်မမြင်ချင်တော့ဘူး။ တကယ်လို့များ မြန်မာစစ်တပ် တွေမရှိတော့ရင် ကျွန်မတို့နိုင်ငံငြိမ်းချမ်းပြီ။သူတို့ကို (SAC စစ်သားများ) ကျွန်မ အရမ်းဒေါသထွက်တယ်။ ဒါပေမဲ့ ကျွန်မဘာတတ်နိုင်မှာလဲ။ ကျွန်မရဲ့မိသားစုဝင်တွေ အချိန်မရွေး အသတ်ခံရနိုင်တယ်လေ။

 

အဆင့် - ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

SAC မှ ပစ်သတ်ခဲ့သည့်ရွာသားတစ်ဦး၏ဇနီးဖြစ်သူ နော်အ---နှင့် တဆီးသဲမီလာမြို့မှ ဒေသခံရွာသားတစ်ဦးသည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Mon, 20 Nov 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ဝန်ထမ်းတစ်ဦးမှ ရယူခဲ့သောအကြောင်းအရာ၌ အခြေခံပြု ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်