Thu, 16 Mar 2023
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ့ဖာခို့မြို့နယ်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး (၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း တောအူး (တောင်ငူ)ခရိုင်၊ ဒေါ့ဖာခို့ (သံတောင် ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့ မနက် ၁၁း၅၀မိနစ်ဝန်းကျင်တွင် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ အ---ကျေးရွာအနီးရှိ အများပြည်သူသွားလာသည့်လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ထိုမြေမြှုပ်မိုင်းကို နိုင်ငံတော်မံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ထောင်ထားခဲ့သည်။ ထိုအမျိုးသမီးသည် အ---ကျေးရွာအနီးနားရှိ တစ်နေရာတွင် ထင်းချောင်းများခုတ်ယူပြီး ရွာသို့ပြန်လာသည့်အချိန်တွင် မြေမြှုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် သူမသည် ထိုနေရာတွင် သေဆုံးခဲ့သည်။  ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ ထိုဒေသတွင် SAC တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်းအထူးဒေသအေးချမ်းရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း တပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း SAC စစ်သားများသည် ထိုမြေမြှုပ်မိုင်းကိုထောင်ထားခဲ့ခြင်းဖြစ်သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ဒေါ်ဘ---

အသက်

၆၈နှစ်

ကျား/မ

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ  

အလုပ်အကိုင်

အိမ်ရှင်မ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

SAC စကခ အမှတ် (၆) လက်အောက်ခံ ခမရ အမှတ် (၆၀၅)

နေပြည်တော်

ဗိုလ်ကြီး---(သတင်းပေးသူ၏လုံခြုံရေးအတွက် ၎င်း၏နာမည်ကို မဖော်ပြပါ)

မသိ

မသိ

SAC စကခ အမှတ် (၆) လက်အောက်ခံ ခမရ အမှတ် (၆၀၅

နေပြည်တော်

ဗိုလ်မှူး--- (သတင်းပေးသူ၏လုံခြုံရေးအတွက် ၎င်း၏နာမည်ကို မဖော်ပြပါ)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအချက်အလက်များကို ရယူရန်အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် KHRG သတင်းစု ဆောင်းသူတစ်ဦးသည် အခင်းဖြစ်ပွားသည့်နေရာသို့သွား၍ သေဆုံးသူအမျိုးသမီး၏သားဖြစ်သူကို အင်တာဗျူး လုပ်ခဲ့ပါ သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာအား ပြောပြသူသည် သေဆုံးသူအမျိုးသမီး၏သားအရင်းဖြစ်ပြီး ၎င်း၏မိခင်အလောင်း ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်သယ်ယူပြီး မြေမြှုပ်သင်္ဂြိုလ်ခဲ့ရသည့်အထိ ပါဝင်လုပ်ဆောင်ခဲ့သောကြောင့် ဤသတင်းသည် မှန်ကန်ကြောင်း ဆိုနိုင်ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့ မနက် ၁၁း၅၀မိနစ်ဝန်းကျင်တွင် ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ အ---ရွာတွင် နေထိုင်သည့်အမျိုးသမီးဖြစ်သူ ဒေါ်ဘ---သည် သံမိုးတောင်လမ်းမတွင် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ သူမသည် အ---ရွာအနီးတစ်နေရာတွင် မီးဖိုချောင်အတွက် အသုံးပြုရန် ထင်းချောင်းများ ခုတ်ယူပြီး ရွာသို့ပြန် အလာတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ဘယ်ဖက်ခြေထောက် (ဒူး ခေါင်းအထိ) ပြတ်ထွက်သွားခဲ့ပြီး သူမ၏ညာဖက်ခြေသလုံးတွင် အသားများပဲ့ကုန်၍ သူမ၏ဘယ်ဖက်လက်နှင့် မျက်နှာတွင်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ထိုအချိန်တွင် အခြားရွာသားများသည် မြေမြှုပ်မိုင်းပေါက်ကွဲမှု အသံကို ကြားခဲ့ရ သော်လည်း အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းသွားရောက်ကြည့်ရှုရန် ကြောက်ရွံ့နေခဲ့သည်။ (အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ တားမြစ်ထား သောနေရာဖြစ်သည်။ အခြားရွာသားများသည် ဒေါ်ဘ---အား ကူညီရန်အတွက် အခင်းဖြစ်ပွားနေရာသို့ မရောက် လာခင်အချိန်တွင် ဒေါ်ဘ---သေဆုံးသွားခဲ့ပြီးဖြစ်သည်။)

 

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့) ညနေပိုင်း ၃း၃၀မိနစ်ခန့်တွင် SAC စစ်သားများမှ (ဥယျာဉ်ခြံထဲတွင်ရှိ နေသော) သေဆုံးသူအမျိုးသမီး၏သားဖြစ်သူ စောစ---အား ဖုန်းဆက်ခေါ်၍ ရွာသားတစ်ဦးမိုင်းထိပြီးဟု အကြောင်းကြားခဲ့ သည်။ ထို့နောက် စောစ---သည် သူ၏သူငယ်ချင်းသုံးဦးနှင့်အတူ ဥယျာဉ်ခြံထဲမှ ထွက်လာပြီး ရွာသို့ပြန်လာခဲ့သည်။ စောစ---နှင့် သူ၏သူငယ်ချင်းသုံးဦးတို့သည် (ရွာတွင်တည်ရှိသည့်) SAC တပ်စခန်းတွင် ရောက်ရှိသောအခါ SAC စစ်သားများမှ ၎င်းတို့အား အခင်းဖြစ်ပွားသည့်နေရာသို့ ချက်ချင်းမသွားခိုင်းဘဲ စောင့် နေခိုင်းခဲ့သည်။ (SAC မှ ၎င်းတို့အား ချက်ချင်းမသွားခိုင်းရသည့်အကြောင်းမှာ SAC စစ်သားများသည် အခင်းဖြစ် ပွားသည့်နေရာသို့ အရင်သွားရောက်လေ့လာပြီး သေဆုံးသူအမျိုးသမီး၏အလောင်းကို ရှာဖွေပေးမည်ဟု ရွာသား များက ထင်မြင်ယူဆခဲ့သည်။) SAC စစ်သားများသည် ထိုအခင်းဖြစ်ပွားသည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး နောက် သေဆုံးသူအမျိုးသမီး၏ အလောင်းကို သွားရောက်ကောက်ယူရန် စောစ---နှင့်သူ၏သူငယ်ချင်းသုံးဦးကို စေခိုင်းခဲ့သည်။ ထို့နောက် ရွာသားများသည် သွားရောက်ကြည့်ရှုရာတွင် မိုင်းထိ၍ သေဆုံးသွားသည့်အမျိုးသမီး သည် ဒေါ်ဘ---ဖြစ်နေကြောင်း သိရှိခဲ့သည်။ ထို့အပြင် ဒေါ်ဘ---ရုပ်အလောင်းသည် မိုင်းထိသည့်နေရာတွင်ရှိ မနေဘဲ အခြားနေရာတွင်ရှိနေကြောင်း တွေ့ရှိ ခဲ့ရသည်။

 

SAC စစ်သားများသည် ဒေါ်ဘ---ရုပ်အလောင်းကို အခြားနေရာသို့ ရွှေ့ပြောင်းထားပြီး ပြင်ဆင်ခဲ့ကြောင်း စောစ---နှင့် သူ၏သူငယ်ချင်းသုံးဦးတို့မှ ယုံကြည်ကြသည်။ (ရွာအနီးရှိ) အများပြည်သူသွားလာသည့် လမ်းပေါ်တွင် မိုင်းထောင် ခဲ့ခြင်းကြောင့် ယခုလိုအဖြစ်မျိုး ဖြစ်သွားခဲ့သည်ဟု စောစ---မှ SAC စစ်သားများအား အပြစ်တင်ပြော ဆိုခဲ့သည်။ SAC စစ်သားများလည်း စောစ---အား ဘာမျှပြန်လည်ပြောဆိုခြင်းမရှိခဲ့ပေ။ စောစ---၏မိခင်သည် မိုင်းထိမှန်ခဲ့သော်လည်း အသက်ချက်ချင်းမသေဆုံးသေးဘဲ SAC စစ်သားများမှ ၎င်းအား အချိန်မှီဖုန်းဆက်၍ အကြောင်းမကြားခဲ့ခြင့်ကြောင့် ၎င်း၏အမေသေဆုံးသွားရသည်ဟု စောစ---မှ ထင်မြင်ယူဆခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့သွားရောက်ချိန်တွင် ဒေါ်ဘ---၏ခန္ဓာကိုယ်သည် ပူနွေးနေသေးကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် SAC စစ်သားများမှ ရွာသားများအား စောစီးစွာအချိန်မှီအကြောင်း ကြားခဲ့လျှင် ဒေါ်ဘ---ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ရွာသားများ ယုံကြည်ကြသည်။

 

(ထိုဒေသတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် စစ်ကွပ်ကွဲအခြေစိုက် (စကခ)အမှတ် (၆) လက်အောက်ခံ ခမရ အမှတ် (၆၀၅) မှ SAC စစ်သားများသည် ထိုမြေမြှုပ်မိုင်းအား ထောင်ထားခဲ့ကြောင်း ရွာသားများသည် နောက်ပိုင်းမှ သိရှိခဲ့ရသည်။)  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၌ အ---ရွာတွင်အခြေစိုက် သည့် SAC တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်းအထူးဒေသအေးချမ်းရေးအဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အ---ရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သုံးနာရီခန့်ကြာမြင့်ခဲ့သည်။ ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတွင်ရှိသော လေတပ်ဖွဲ့သည် အ---ကျေးရွာတွင် လာရောက်ဗုံးကြဲခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးမှုများရှိခဲ့ သည်။ (ရွာသားဘယ် နှစ်ဦးသေဆုံးခဲ့ပြီး ဘယ်နှစ်ဦးဒဏ်ရာရရှိခဲ့သည်ကို KHRG မှ မသိရှိခဲ့ရပေ။) (တိုက်ပွဲဖြစ်ပွား ပြီးနောက်တွင်) ဒေသခံရွာသားများသည် (အခြားနေရာများသို့) ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၎င်းတို့ဈေးဆိုင်တွင် လည်း ပိတ်ခဲ့ရသည်။ (တိုက်ပွဲဖြစ်ပွားပြီးနောက် SAC ရွာသားများသည် ၎င်းတို့တပ်စခန်းကို ပြန်လည်ပြုပြင်မွမ်းမံ ခဲ့ပြီး ရွာသားများ၏မြေယာများနှင့် ၎င်းတို့တပ်စခန်းနှင့်ဝေးသောနေရာများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ သည်။ တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်၊ သုံးရက်အကြာတွင် SAC စစ်သားများသည် သံမိုးတောင်လမ်းပေါ်တွင် ခရီးသွား လာမှုမပြုရန် ရွာသားများအား အသိပေးအကြောင်းကြားခဲ့သည်။ ထိုလမ်းပေါ်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ ကြောင်း SAC စစ်သားများမှ ရွာသားများအား အကြောင်းကြားခဲ့သည်။) (ဒေသခံရွာသားများသည် ထိုလမ်းပေါ် တွင် ခရီးသွားလာခြင်းမပြုခဲ့ပေ။ သို့သော်လည်း စောစ---၏မိခင်သည် အသက်ကြီးနေပြီးဖြစ်သောကြောင့် SAC စစ်သားများ၏သတိပေးတားမြစ် ချက်များကို မေ့လျော့နေခဲ့ပုံရသည်ဟု စောစ---မှ ထင်မြင်ယူဆခဲ့သည်။)

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့ သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန် သေဆုံးသူအမျိုးသမီး၏သားဖြစ်သူသည် KHRG အားခွင့်ပြု ချက်ပေးထားပါသည်။ 

Thu, 16 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်