Thu, 09 Mar 2023
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘီးလင်းမြို့နယ်တွင် SAC မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ (၂၀၂၂ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဇွန်လအတွင်း ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) တပ်မ (၄၄)လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၄) သည် ပ---ရွာအတွင်း လက်နက်ကြီး ၆၀ မမဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ ခမရ (၄၀၄)သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲ့ပရီခီး ကျေးရွာအုပ်စု၊ ပ---ရွာအနီးရှိ ဇီးကုန်းတောတွင် ယာယီအခြေစိုက်သည်။ ဤသို့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သို့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရလောက်သည့်အထိ ဒဏ်ရာကြီး ကြီးမားမား မရရှိခဲ့ပေ။ ထိုရွာသားနှစ်ဦးမှာ စောအ---နှင့် နော်စ---တို့ဖြစ်ကြသည်။ အခင်းဖြစ်ပွားပြီးနောက်တွင် ဒဏ်ရာရရှိသည့်ရွာသားနှစ်ဦးကို မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု၊ လ---ကျေးရွာ တွင်ရှိသောဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်းတွင် ဆေးကုသမှုခံယူပြီးနောက် ဒဏ်ရာများ သက်သာလာ ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးရမ်သန်းပစ်ခတ်မှုကြောင့် ရွာသားများ ဒဏ်ရာရရှိခဲ့ခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူ (သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲ့ပရီခီးကျေးရွာအုပ်စု၊ ပ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

နော်စ---

အသက်

၂၀နှစ်

၁၇နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

မရှိ 

မရှိ 

အလုပ်အကိုင်

-

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲ့ပရီခီးကျေးရွာအုပ်စု၊ ပ---ကျေးရွာ

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲ့ပရီခီးကျေးရွာအုပ်စု၊ ပ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ)အမှတ် (၄၀၄)

မဲ့ပရီခီးတပ်စခန်း (ဇီးကုန်းတောတွင် ယာယီအခြေစိုက်)

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာများရရှိရန်အတွက် KHRG သတင်းစုဆောင်းသူတစ်ဦးသည် ဒေသခံကျေးရွာခေါင်း ဆောင်နှစ်ဦးအား အင်တာဗျူးလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအချက်အလက်များနှင့်ပတ်သတ်၍ KHRG အား ပြောပြခဲ့သော ရွာသားများသည် အခင်းဖြစ်ပွားခဲ့သည့် အခြေအနေကို မျက်မြင်ကိုယ်တွေ့ခဲ့ခြင်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့ ညနေ ၄း၁၀မိနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်မ (၄၄) လက် အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၄) သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မဲ့ပရီခီးကျေးရွာအုပ်စု၊ ပ---ရွာအတွင်း လက်နက်ကြီး ၆၀ မမ (၁)လုံး ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ခမရ (၄၀၄) သည် ပ---ရွာအနီးရှိ ဇီးကုန်းတောတွင် ယာယီအခြေစိုက်သည်။ သို့သော်လည်း ၎င်းတို့၏ခြေကုတ် တပ်စခန်းသည် မဲ့ပရီခီးတပ်စခန်းဖြစ်သည်။

 

ထိခိုက်ဒဏ်ရာရရှိခဲ့သောရွာသားနှစ်ဦးမှာ နော်စ---နှင့် စောအ---တို့ဖြစ်ကြသည်။ နော်စ---သည် အသက် ၁ရနှစ်သာ ရှိသည်။ ညနေ ၄း၁၀မိနစ်ဝန်းကျင်တွင် နော်စ---သည် ကျေးရွာအတွင်းရှိ အများအသုံးပြုသည့် ရေကန်တွင် ရေချိုး နေစဉ်အတွင်း လက်နက်ကြီးတစ်လုံးပေါက်ကွဲသွား၍ သူမ၏ဦးခေါင်းအနောက်ဖက်ခြမ်းတွင် လက်နက်ကြီးအပိုင်း အစများထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ စောအ---သည် အသက် ၂၀ရှိပြီးဖြစ်သည်။ စောအ---ကိုလည်း လက်နက်ကြီးအပိုင်းအစထိမှန်ပြီး ၎င်း၏ညာခြေထောက်အပေါ်ပိုင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ စောအ---နှင့်နော်စ---တို့နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့သည်။ သို့သော် အသက်အန္တရာယ်စိုးရိမ်ရလောက်သည့်အထိ ဒဏ်ရာများ မရ ရှိခဲ့ပေ။ (အခင်းဖြစ်ပွားပြီးနောက်တွင်) စောအ---နှင့်နော်စ---နှစ်ဦး  ဆေးကုသမှုခံယူရန်အတွက် ၎င်းတို့နှစ်ဦးကို ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်းသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မာလေးလယ်ကျေးရွာအုပ်စု၊ လ---ကျေးရွာတွင် တည်ရှိသည်။ နော်စ---သည် ဒဏ်ရာအနည်းငယ် သာရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူပြီး မကြာမှီတွင် သူမ၏ဒဏ်ရာများ ပျောက်ကင်းသွားခဲ့ပါသည်။ စောစ---သည် ထိုဆေးခန်းတွင် တစ်လကြာ ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာသက်သာလာခဲ့ပြီးဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန်အတွက် ဒေသခံကျေးရွာခေါင်းဆောင်နှစ်ဦးသည် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Thu, 09 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇူလှိုင်လ ၃၀ရက်နေ့တွင် ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါ သည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်