Wed, 21 Dec 2022
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဘားအံမြို့နယ်တွင် SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားနှစ်ဦးဒဏ်ရာရရှိခဲ့၍ တစ်ဦးမှာ သေဆုံး (၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒူးသထူခရိုင် (သထုံ)ခရိုင်၊ ဘားအံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် စစ်ကွပ်ကဲအခြေစိုက် (စကခ)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ဒ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင်နေထိုင်သည့်အမျိုးသမီးတစ်ဦးနှင့် အသက်(၇)နှစ်သာရှိသော သူမ၏မြေးတစ်ဦး မှာ ဒဏ်ရာရရှိခဲ့သည်။ ၎င်းရွာသားနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပြီးနောက် (၉)ရက်မြောက်နေ့တွင် အဖွားဖြစ်သူသည် သေဆုံးခဲ့သည်။ သို့သော် မြေးလေးဖြစ်သူမှာ ပြန်လည်ကောင်းမွန်လာပြီး အသက်ရှင်ကျန်ရစ်ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် ရွာသားများဒဏ်ရာရရှိမှုနှင့် သေဆုံးမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၈ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူ (သထုံ)ခရိုင်၊ ဘားအံမြို့နယ်၊ ဒ---ကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်ဘ---

စောစ---

အသက်

၈၈နှစ်

၇နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

ရှိ 

မရှိ

အလုပ်အကိုင်

မှီခို

ကျောင်းသား

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

ရွာသား

နေရပ် ရွာအမည်

အ---ကျေးရွာ

အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈)မှ အမြောက်တပ်

ဒူးသထူခရိုင်၊သထူး(သထုံ)မြို့နယ်၊ မောလေးကျေးရွာအုပ်စု၊ပိန်းနှဲ တောကျေးရွာ၊ပိန်းနှဲတောတပ်စခန်း

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့သည့်တစ်နေ့တွင် ဒ---ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ စောဖ---သည် ဆေးရုံသို့ သွား၍ ဒဏ်ရာရရှိခဲ့သည့်ရွာသားများနှင့် ၎င်းတို့မိသားစုဝင်များကို အခင်းဖြစ်ပွားပုံနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုမှတဆင့် KHRG သတင်းမှတ်တမ်းပြုစုသူတစ်ဦးသည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းဆီမှ ဓာတ်ပုံများနှင့်တကွ သတင်းအချက်အလက်များ ရယူခဲ့သည်။ ထို့နောက် KHRG သတင်းမှတ်တမ်းပြုစု သူသည် သတင်းအကြောင်းအရာများအား တိတိကျကျရရှိရန်အတွက် ၎င်းတို့မိသားစုဝင်တစ်ဦးဖြစ်သူ (ဒဏ်ရာရရှိခဲ့ သည့် ခုနှစ်နှစ်သားအရွယ်ယောင်္ကျားလေးတစ်ဦး၏ဖခင်ကို) မေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG သတင်းမှတ်တမ်းပြုစုသူသည် ဒ--- ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှပေးသော သတင်းအချက်အလက်များကို ပို၍တိကျမှန်ကန်စေရန်အတွက် ဒဏ်ရာရရှိခဲ့သည့်စောစ---၏ဖခင်ဖြစ်သူ စောခ---နှင့် နော်ဘ---၏သမတ်ဖြစ်သူ တို့အား မေးမြန်း၍ သတင်းရယူခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့ ညနေပိုင်း (၇)နာရီ၊ ၁၀မိနစ်တွင် (ဒူးသထူခရိုင်၊ သထူးမြို့နယ်၊ မောလေးကျေးရွာ အုပ်စု၊ ပိန်းနှဲတောကျေးရွာရှိ) ပိန်းနှဲတောတပ်စခန်းတွင် အခြေစိုက်သော စကခ အမှတ် (၈)မှ SAC စစ်သားများသည် ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ ဒ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် လက်နက်ကြီးတစ်လုံး ရမ်းသန်းပစ်ခတ်ခဲ့သည်။ ဘ---ကျေးရွာတွင်နေထိုင်သည့် အသက် (၈၈)နှစ်အရွယ်အမျိုးသမီးဖြစ်သူ နော်ဘ---နှင့် အသက် (၇)နှစ်ရှိသော သူမ၏မြေးလေးဖြစ်သူ စောစ---တို့ကို (၎င်းတို့အိမ်ဘေးတွင် လက်နက်ကြီးကျ၍ပေါက်ကွဲခဲ့ခြင်းကြောင့်) လက်နက် ကြီးအပိုင်းအစများ ထိမှန်ခဲ့သည်။ (၎င်းတို့နှစ်ဦးစလုံးသည် လက်နက်ကြီးပစ်ခတ်မှုမဖြစ်ပွားခင်တွင် ၎င်းတို့အိမ် အောက်တွင်ရှိသော ဗုံးခိုကျင်းထဲသို့သွားရောက်ပုန်းခိုရန် အချိန်မရခဲ့ပေ။) အဖွားဖြစ်သူမှာ သူမ၏ဝမ်းဗိုက်အောက်ရှိ နေရာကို လက်နက်ကြီးအပိုင်းအစထိမှန်ခဲ့ပြီး မြေးဖြစ်သူမှာ ၎င်း၏ယာဖက်ညှပ်ရိုးတွင် ဒဏ်ရာရရှိခဲ့သည်။ အစပိုင်း တွင် ကျေးရွာကျန်းမာရေးလုပ်သားများမှ ဒဏ်ရာရရှိခဲ့သည့်အဖွားနှင့်မြေးလေးတို့နှစ်ဦးကို ၎င်းတို့အိမ်တွင်သာ (၎င်းတို့ဒဏ်ရာများကို ဆေးကြော၍ ထုံဆေးထိုးပေးခဲ့ပြီး) ဆေးကုသမှုပေးခဲ့သည်။ ထို့နောက် ၎င်းတို့ကို ဘားအံမြို့ နယ်၊ ဟိုက်တရဲ (ဟိုက်တာလိတ်)ကျေးရွာအုပ်စု၊ ပွာဝေါ်ကျေးရွာတွင်းရှိ ပွာဝေါ်ဆေးရုံသို့ (ပလန်းတောင်တိုက်နိုင် ဆေးရုံ) ပို့ဆောင်ခဲ့သည်။

 

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့ မိုးသောက်သည့်အချိန်တွင် ဒဏ်ရာရရှိခဲ့သည့်ရွာသားများသည် အ---ရွာသားတစ်ဦး ၏ကားတစ်စီးကို ငှားယူ၍ ကားပိုင်ရှင်ကိုယ်တိုင်ကားမောင်းပေး၍ ၎င်းတို့ကို ကုတင် ၁၆လုံးရှိ ပွာဝေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ (အ---ရွာမှ ပွာဝေါ်ဆေးရုံသို့ ကားဖြင့် တစ်နာရီခန့် မောင်းရသည်။) နော်ဘ---သည် ပွာဝေါ်ဆေးရုံ တွင် တစ်ပတ်ကျော်ကြာ (တစ်ပတ်နှင့်နှစ်ရက်)  ဆေးကုသမှုခံယူခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ၏ဒဏ် ရာသည်အလွန်ပြင်းထန်သည့်အတွက်ကြောင့် သူမသေဆုံးခဲ့ရသည်။ စောစ---သည် ဆေးရုံတွင် သုံးရက်ကြာ ဆေးကု သမှုခံယူခဲ့သည်။ သူ၏ညှပ်ရိုးတွင်စိုက်ဝင်နေသည့်လက်နက်ကြီးအပိုင်းအစကို ဖယ်ရှားပြီးနောက် အပြည့်အဝပြန် လည်ကောင်းမွန်လာခဲ့သည်။ ဤဖြစ်စဉ်တွင် လက်နက်ကြီးပစ်ခတ်ခဲ့သည့် SAC စစ်သားများသည် ပြစ်မှုကျူးလွန်သူ များဖြစ်ကြသော်လည်း ဒဏ်ရာရရှိခဲ့သည့်ရွာသားများကို မည်သည့်ထောက်ပံ့မှုနစ်နာကြေးများ ပေးဆောင်ခြင်းမရှိခဲ့ ပေ။ (ဒဏ်ရာရရှိခဲ့သည့်အဖွားနှင့်မြေးလေးတို့၏မိသားစုဝင်များသည် ၎င်းတို့စားဝတ်နေရေးအတွက် လယ်ယာလုပ် ငန်းကိုသာ မှီခိုနေကြရပြီး ဆေးကုသမှု ကုန်ကျစရိတ်များအားလုံးကို ၎င်းတို့ဘာသာ ပေးဆောင်ရသည်။) ဒဏ်ရာရရှိခဲ့ သည့်ရွာသားများအတွက် ဆေးကုသမှုကုန်ကျစရိတ်မှာ ၄၇၀၀၀၀ ကျပ်ရှိပြီး ဆေးရုံသို့သွားရသည့်လမ်းစရိတ်မှာ ၃၀၀၀၀ ကျပ်ကုန်ကျခဲ့သည်။ (၂၀၂၂ခုနှစ်၊ သြဂုတ်လအထိတွင် ၎င်းတို့မိသားစုဝင်များမှ ဆေးကုသမှုကုန်ကျစရိတ် အားလုံးကို အပြည့်အဝပေးနိုင်ခဲ့သည်။)

 

ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ အ---ကျေးရွာအုပ်စုတွင် SAC မှ အမြဲတမ်းလိုလို လက်နက်ကြီးများရမ်းသန်းပစ် ခတ်ခြင်းကြောင့် တစ်ချို့သောဒေသခံရွာသားများသည် ၎င်းတို့အိမ်အောက်တွင် ဗုံးခိုကျင်းများတူး၍ ဆောက်လုပ်ခဲ့ သည်။ (KHRG သတင်းမှတ်တမ်းပြုသူ၏တင်ပြချက်အရ အ---ကျေးရွာတွင် ဤတစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နောက်ထပ်လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားမှုမရှိသေးပေ။) 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒဏ်ရာရရှိခဲ့သည့်ရွာသားများ၏မိသားစုဝင်တစ်ဦးမှ ၎င်းတင်ပြခဲ့သည့်သတင်းအကြောင်းအရာများကို ဖြန့်ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Wed, 21 Dec 2022

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဇွန်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက် ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထား သောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်