Tue, 14 Dec 2021
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ပေါ် (‌ပေါင်) မြို့နယ်အတွင်း SAC စစ်သားများမှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ခင်ပွန်းသည်အားပစ် သတ် (၂၀၂၁ခုနှစ်၊ စက်တင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ဒူးသထူ (သထုံ) ခရိုင်၊ ပေါ(ပေါင်) (မော်စကိုဟုလည်းသိကြသည်) မြို့နယ်၊ အ---ကျေးရွာအုပ်စု၊ အ---ကျေးရွာတွင် ဖြစ်ပွားခဲ့ပါသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ရင်းများမှ အ--- ကျေးရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ စခန်းကိုသိမ်းပိုက်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ SAC စစ်သား ၂၀၀ ခန့်မှာ ယာယီစခန်းများဆောက်လုပ်ခဲ့ ကြပြီး အ--- ကျေးရွာအတွင်း ညမထွက်ရအမိန့်ကို ချမှတ်ထားခဲ့သည်။ ရွာသားများသည် အပြင်ထွက်၍ အမဲလိုက် ရန်၊ ငါးရှာရန် သို့မဟုတ် ၎င်းတို့၏ အိမ်မွေးတိရိစ္ဆာန်များကိုထိန်း‌‌ကျောင်းရန်နှင့် လယ်ယာများကိုစောင့်‌ရှောက်ရန် သွား၍မရသဖြင့် အသက်မွေးဝမ်းကျောင်းစိန်ခေါ်မှုများကို စတင်ကြုံတွေ့လာကြပါသည်။ သို့သော်လည်း ရွာသား များသည် ၎င်းတို့၏ မိသားစုများကို ကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် ရွာပြင်သို့ ညဖက်ငါးဖမ်းရှာထွက်ခဲ့ကြပါ သည်။  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ညနေဖက်တွင် ထိုဇနီးမောင်နှံတို့မှ ၎င်းတို့၏အိမ်မှထွက်ခွါစဥ် ကျေးရွာတွင်း ကင်းလှည့်နေသော SAC စစ်သားများနှင့်ထိပ်တိုက်တွေ့ကာ စစ်သားများမှ ၎င်းတို့နှစ်ဦးလုံးအား ည (၁၀း၄၀) မိနစ်တွင် ပစ်ခဲ့ပါသည်။ နောက်နေ့ မနက် (၄း၀၀) နာရီ ညမထွက်ရအမိန့်ရောက်သည့်အချိန်အထိ အခြား သောရွာသားများမှ ၎င်းတို့အားသွားရောက်ကူညီရန်မ၀ံ့ရဲကြပါ။ ရွာသားနှစ်ဦးအပစ်ခံရသည့်အချိန်တွင် ၎င်းတို့၏ (၄) နှစ် အရွယ်ရှိသမီးလေးမှာ ထိုတွင်ရှိနေခဲ့ပါသည်။ ယခု အဖွားဖြစ်သူမှ ၎င်းတို့၏ သမီးလေးအား စောင့်ရှောက်နေရပါ သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ပစ်ခတ်မှုဖြစ်ပွားပြီးသည့်နောက်SAC စစ်သားများ ကျေးရွာထဲသို့ ဝင်လာခဲ့ပြီး ပစ်ခတ်ခံရသူ၏ မိခင်အား‌ ငွေ (၃၀၀,၀၀၀) ကျပ်အား ပေးခြင်းအားဖြင့် သတ်ဖြတ်ခံရသည့်ဖြစ်ရပ်အား ထုတ်ဖော်ပြောပြခြင်းမပြုနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။[1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ပစ်ခတ်ခံရခြင်း

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူခရိုင်၊ ‌ပေါမြို့နယ်၊ အ--- ကျေးရွာအုပ်စု၊ အ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

နော်င---

စောပ---

အသက်

၂၇

၂၈

ကျား/မ

ကျား

လူမျိုး

ကရင်

ကရင်

မိသားစုရှိ/မရှိ   

အိမ်ထောင်သည်

အိမ်ထောင်သည်

ကိုးကွယ်သည့် ဘာသာ

မသိရှိရ

မသိရှိရ

နေရပ် ရွာအမည်

အ---

အ---

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

SAC စစ်သားများ

မသိရှိရ

မသိရှိရ

‌အ--- ကျေးရွာတွင်ယာယီအခြေချ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG အနေဖြင့် SAC စစ်သားများမှ ရွာသားနှစ်ဦးအားပစ်ခတ်ခဲ့သည်ကို ကရင်သတင်းစဥ်ဌာန(KIC)၏ ဝဘ်ဆိုဒ်မှတစ်ဆင့်သိရှိခဲ့ပါသည်။ ထို့နောက် KHRG၏ သတင်းမှတ်တမ်းပြုစုသူများမှ ဒေသခံရွာသားနှစ်ဦးနှင့် မေးမြန်းမှုပြုလုပ်ခဲ့ပြီး ဤမှုခင်းဖြစ်ပွားမှုနှင့်ပတ်သက်သည့် အချက်အလက်များကိုစုစည်းခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ မှုခင်းဖြစ်ပွားမှုနှင့် အကျွမ်းတဝင်ရှိသော အ--- ရွာသားနှစ်ဦးနှင့် စကားစ
မြည်ပြောဆိုခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ (SAC) တပ်ရင်းများ (အမှတ်မသိရပါ) မှ အ--- ကျေးရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ ၎င်းတို့မှ သြဂုတ်လအစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒူးသထူခရိုင်ရှိ ဒေသခံ KNLA ခေါင်းဆောင်နှစ်ဦး ဖျားနာမှုကြောင့်ကွယ်လွန်သွားခဲ့သောကြောင့်ဖြစ်ပါသည်။ (ခေါင်းဆောင်တစ်ဦးမှာ COVID-19 ရောဂါကြောင့်ကွယ်လွန်သွားသည်ဟု အတည်ပြုခဲ့ပြီး ကျန်ခေါင်းဆောင်တစ်ဦးမှာ မည့်သည့်အကြောင်းကြောင့် ကွယ်လွန်သွားခဲ့ကြောင်းမသိရပါ။) သို့ဖြစ်သောကြောင့် အ--- စခန်းအတွင်းရှိ ဒေသခံ KNLA အုပ်ချုပ်‌ရေးစီမံခန့်ခွဲ မှုအား ပျက်တောက်မှုဖြစ်စေခဲ့ပါသည်။ (၎င်းတို့၏ ခေါင်းဆောင်ကွယ်လွန်သွားသဖြင့် ဝမ်းနည်းကြေကွဲကြပါသည်။)

 

SAC စစ်သားများမှ KNLA စခန်းကိုသိမ်းပိုက်ပြီးသည့်နောက်ပိုင်း လက်ရှိ၎င်းတို့သိမ်းပိုက်ခဲ့သည့်နယ်မြေအား ကာကွယ်ရန်အတွက် SAC စစ်သား (၂၀၀) ခန့်မှ အ--- ကျေးရွာအနီးတွင် အသေးစားယာယီစခန်းများအား ဆောက်လုပ်ခဲ့ကြပါသည်။ SAC စစ်သားများမှ ညနေ (၆း၀၀) နာရီမှ မနက် (၄း၀၀) အထိ ညမထွက်ရအမိန့်ကို လူမှုအသိုက်အဝိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။  ထိုကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းကြောင့် ရွာသားများအနေဖြင့် ငါးရှာခြင်း၊ အမဲလိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များစောင့်ရှောက်ခြင်းနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအား ထောက်ပံ့ရန်အတွက် ညနေဖက်နှင့်ညဖက်တွင် လယ်ယာတွင် နောက်ကျသည့်အထိ အလုပ်လုပ်ရန် အတားအဆီး ဖြစ်စေပါသည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် တပတ်အကြာတွင် ရွာသားများအနေဖြင့် လုံလောက်သည့် အစားအစာ အထူးသဖြင့်၎င်းတို့၏ မိသားစုများအတွက် ငါများရှာထွက်ရန် အခက်အခဲများကိုကြုံတွေ့ကြရပါသည်။ သို့ဖြစ်သောကြောင့် အချို့သောရွာသားများသည် ငါးရှာထွက်ရန်အတွက် ညမထွက်ရအချိန်အတောအတွင်း ၎င်းတို့၏ ရွာမှ ခိုးထွက်ခဲ့ကြပါသည်။

 

စက်တင်ဘာလ ၄ရက်နေ့ ညနေဖက်အချိန်တွင် အ--- ကျေးရွာရှိမိသားစုတစ်စုမှ ၎င်းတို့အိမ်အနီးအနားရှိစမ်းချောင်းတွင်ငါးရှာထွက်ရန် ထွက်လာခဲ့ကြသည်။ ဒေသခံရွာသားတစ်ဦးဖြစ်သူ နော်တ--- မှ “တပ်ကနေ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတယ်။ စားဖို့အတွက်အစားအစာရှာရမှာဖြစ်လို့ သူတို့မိသားစုက အစားအစာသွားရှာကြတယ်။ ဒါပေမဲ့ သူတို့က အိမ်နားမှာရှိတဲ့စမ်းချောင်းမှာ သွားရှာကြရုံပဲလေ။” စောပ--- မှငါးရှာထွက်ခဲ့ပြီး ငါးလကိုယ်ဝန်ဆောင် ထားသည့် နော်င--- နှင့် အသက် (၄) နှစ်အရွယ်ရှိသမီးတို့သည် ၎င်းတို့ကျေးရွာအနီးတွင် အခြေစိုက်ပြီး ကင်းလှည့် သည့် SAC စစ်သားများကြောင့် ခင်ပွန်းသည်မရှိပဲ အိမ်၌နေရန်လုံခြုံမှုမရှိပါ။ ထို့ကြောင့် နော်င--- သည် သမီးဖြစ် သူနှင့်အတူ ၎င်းတို့၏အိမ်နှင့်မျက်နှာချင်းဆိုင်ရှိ အခြားသောရွာသားတစ်ဦးအိမ်မှ ခင်ပွန်းဖြစ်သူငါးရှာနေသည်ကို စောင့်နေခဲ့ကြပါသည်။ သို့သော် ထို့မိသားစုသည် ၎င်းတို့အိမ်သို့ပြန်လာချိန်တွင် ကင်းလှည့်နေသော SAC စစ်သားများ နှင့်ကြုံခဲ့ကြသည်။ SAC စစ်သားများမှ ၎င်းတို့အား “ဘာကြောင့်ဓာတ်မီးထွန်းတာလဲ” ဟုမေးမြန်းခဲ့သည်။ ပြီးသည့် နောက် ည (၁၀း၄၆) မိနစ်တွင် ၎င်းတို့အားသေနတ်ဖြင့်ပစ်ခဲ့သည်။ ထိုသို့အပစ်ခံရသည့်အချိန်တွင် စောပ--- မှ သမီးဖြစ်သူအား ၎င်း၏လက်ပေါ်တွင်ချီထားပါသည်။

 

နော်င--- သည် (၁၂) ချက်နီးပါခန့်သေ‌နတ်ဖြင့် ပစ်သတ်ခံခဲ့ရပါသည်။ သူမသည် ဝမ်းဗိုက်တွင် (၁) ချက်၊ ဦးခေါင်းတွင် (၂) ချက်၊ ပေါင်တွင် (၈) ချက် သို့မဟုတ် (၉) ချက် ဆုတ်ပျက်သွားသည့်အထိ ကျည်ဆံဖြင့်အပစ်ခံခဲ့ရပါသည်။ SAC စစ်သားများသည် စောပ--- ၏ဦးခေါင်းအားကျည်ဆံဖြင့်ပစ်ခဲ့ပြီး သူ၏ဦးခေါင်းညာဖက်နားတွင်စိုက်နေခဲ့ပါသည်။ အခြားသောကျည်ဆံမှာ ၎င်း၏ဦးခေါင်းထဲစိုက်ဝင်သွားခဲ့ပါသည်။ အခြားသောရွာသားများမှ သေနတ်ပစ်သံကြား ကြသော်လည်း ညမထွက်ရအချိန်နှင့် SAC စစ်သားများကင်းလှည့်နေချိန်ဖြစ်သောကြောင့် ထိုဇနီးမောင်နှံအား ချက်ချင်းသွားရောက်ကူညီရန်အတွက် အလွန်အန္တရယ်ရှိနေခဲ့ပါသည်။ နော်တ--- မှ “သူတို့ရဲ့သမီးလေးအဲ့ဒီမှာရှိ နေခဲ့ တယ်။ အကြာကြီးငိုနေခဲ့ပြီး မောသွားတော့ အိပ်ပျော်သွားတယ်။ နောက်နေ့မနက် (၄) နာရီရောက်တော့ ကျေးရွာမှာ ရှိတဲ့သူတွေ သူကို သွားခေါ်မှ နိုးလာတယ်။”

 

နော်င--- ကိုရွာသားများမှ သွားရောက်ကူညီပြီး ခဏအကြာတွင် သေဆုံးသွားခဲ့ပါသည်။ ရွာသားများရောက်ရှိသွား သည့်အချိန်တွင် စောပ--- သည် အသက်ရှိနေသေးပြီး သတိလစ်နေပါသည်။ စက်တင်ဘာလ ၅ ရက်နေ့ (၉း၀၀) နာရီခန့်တွင် စစ်သားအပြည့်တင်ဆောင်လာသည့် SAC စစ်ကားသုံးစီးသည့် ရွာထဲရှိ ကျူးလွန်ခံရသူ၏ အိမ်ထဲသို့ ဝင်ရောက်ခဲ့ပါသည်။ SAC စစ်သားများမှ နော်င--- မိခင်နှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့အားပစ်ခဲ့သည့်အကြောင်းအရင်းမှာ ညဖက် (၆း၀၀) ညမထွက်ရအမိန့်ကို လိုက်နာခြင်းမရှိသောကြောင့် ဖြစ်သည်ဟုပြောခဲ့သည်။ စစ်သားများသည် ၎င်းတို့ဖက်မှ ပြစ်မှုမရှိကြောင်းနှင့် တောင်းပန်ခဲ့ခြင်းလည်းမရှိပါ။ ၎င်းတို့မှ ပြစ်မှုကျူးလွန်ခံရသူ၏ မိခင်အား ဤသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် သတင်း‌ပေါက်ကြားခြင်းမရှိရန်တွက်  ငွေသား (၅၀၀,၀၀၀) ကျပ်ပေးခဲ့ ပါသည် (မိခင်ဖြစ်သူအား ၅၀၀, ၀၀၀ ကျပ်ပေးမည်ဟုဆိုသော်လည်း ၃၀၀,၀၀၀ ကျပ်သာပေးခဲ့ပါသည်)။ အ--- ကျေးရွာရှိ နော်က--- မှ “လူတစ်ဦးရဲ့အသက်ကို ငွေ ၅၀၀,၀၀၀ ကျပ်နဲ့လဲလိုမရဘူး။ စဥ်းစားကြည့်လေ၊ သူ့တို့ရဲ့သား မယားတွေအသတ်ခံရမယ်ဆိုရင် ငွေ ၅၀၀,၀၀၀ ကျပ် လျော်ကြေးပေးတာကို သူတို့ဖက်ကနေ လက်ခံမှာလား။ လူနှစ် ယောက်နဲ့အတူ မမွေးသေးတဲ့ကလေးပါသေသွားတယ်။ လူသုံး‌ယောက်ရဲ့အသက်ကို ငွေ ၅၀၀,၀၀၀ ကျပ်နဲ့ကျမတို့ မလဲနိုင်ဘူး။ ဘယ်သူမဆို မိသားစုဝင်တွေအသတ်ခံရမယ်ဆိုရင် တကယ်ပဲခါးသီးစွာခံစားကြရမှာပဲ။ အရပ်သားတွေ အနေနဲ့ အပြစ်မရှိတဲ့သူတွေဖြစ်လို့ သူ‌တို့အနေနဲ့အရပ်သားတွေကို အဲ့လိုပုံစံမျိုးမဆက်ဆံသင့်ဘူး။”

 

စက်တင်ဘာလ ၅ရက်နေ့ နေလယ်အချိန်တွင် SAC စစ်သားများမှ အရေးပေါ်လူနာတင်ယာဥ်တစ်စီးကိုခေါ်ခဲ့ပြီး သေဆုံးသွားသည့်အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းအား မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။ ဤအမှုအားပေါက် ကြားခြင်းမှရှိစေရန်အတွက် SAC စစ်သားများသည် ဆေးရုံတွင်သွားရောက်စောင့်ရှောက်ရန် ဆွေမျိုးနှစ်ဦးထဲကို သာခွင့်ပြုခဲ့ပြီး ၎င်းတို့အားစောင့်ကြည့်ခဲ့ကြပါသည်။ ‌ဆေးရုံရှိ ကျန်းမာရေးဝန်များမှ နော်င--- ၏ မမွေးသော‌ ကလေးမှာသေဆုံးသွားပြီးဖြစ်ကြောင်းကို တွေ့ရှိခဲ့ရပါသည်။ သူမ၏ ရုပ်အလောင်းအား မော်လမြိုင်တွင် မီးသဂြိုလ် ခဲ့ပါသည်။ မော်လမြိုင် ဆေးရုံရှိ ဆေးဖက်ဆိုင်ရာဝန်ထမ်းများမှ စောပ--- ကို ကုသပေးနိုင်ခြင်းမရှိသဖြင့် ၎င်းအား ရန်ကုန်ဆေးရုံသို့လွှဲပြောင်းခဲ့ပါသည်။ စောပ---နှင့်ပတ်သက်သောနောက်ဆက်တွဲ သတင်းအားဆက်သွယ်နိုင်ခြင်း မရှိသဖြင့် အ--- ကျေးရွာရှိရွာသားများမှ စောပ--- ၏ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံတွင် သေဆုံးသွားပြီးဟူ၍ ယုံကြည်ခဲ့ကြသည်။

 

ယခု ၎င်းတို့၏ (၄) နှစ်အရွယ်ရှိသည့်သမီးဖြစ်သူမှာ သူမ၏အဖွားနှင့်အတူနေထိုင်နေပြီး စိတ်ပိုင်းဆိုင်ရာဝန်ဆောင် မှုလိုအပ်နေပါသည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ကူညီပေးမှု သို့မဟုတ် လျော်ကြေး (ကလေးကိုပြုစု ပျိုးထောင်ရန်အတွက်) အားမရရှိပါ။ အဖွားဖြစ်သူမှ သူမအား ခက်ခဲမှုနှင့်လုံခြုံမှုမရှိသည့် အခြေအနေ‌အောက်တွင် တစ်ဦးတည်းသာ ပြုစုပျိုးထောင်ပေးနေရပါသည်။ ရွာသားတစ်ဦးဖြစ်သူ နော်က--- မှ “မိဘတွေသေဆုံးသွားတဲ့ အဲ့ဒီ  (၄) နှစ်အရွယ်ကလေးမလေးက လူမှုရေးအရလက်ခံအသိအမှတ်ပြုမှု (နားလည်ပေးမှုနှင့် အထူးထည့်သွင်းစဥ်းစား ပေးမှု) ကို ရသင့်တယ်။ အကူအညီရမယ်ဆိုရင်တော့ သူမအတွက် ပိုပြီးအဆင်ပြေလိမ့်မယ်။ (...) အဲ့ဒီကလေးက ရှေ့ဆက်ပညာ ရေးဆည်းပူးရအုံးမယ်။ (...) အနာဂတ်မှာ သူမလိုအပ်တဲ့အခွင့်အရေးနဲ့အကာအကွယ်ကို ရရှိမှုအောက် မှာနေရမယ်ဆိုရင် ကောင်းမွန်တဲ့အသက်တာနဲ့နေထိုင်နိုင်မှာဖြစ်တယ်။”

 

လူမှုအသိုက်အဝန်းအတွင်း SAC ၏ပစ်ခတ်မှုနှင့် စစ်ရေးလှုပ်ရှာမှုများကြောင့် အထူးသဖြင့် ကလေးနှင့် အမျိုးသမီး များသည် မလုံခြုံမှုနှင့် ကျေးရွာအပြင်ဖက်သွားရန်အတွက် မလုံခြုံကြောင်းခံစားကြရပါသည်။ လူမှုအသိုက်အဝိုင်း တွင်း SAC စစ်သားများ ရှိမနေပါက ၎င်းတို့ဘ၀၏လုံခြုံမှုပို၍ရှိမည်ဖြစ်သောကြောင့် ရွာသားများအနေဖြင့် SAC စစ်သားများ ၎င်းတို့ကျေးရွာမှ ထွက်ခွါပေးရန်အတွက် ဆန္ဒရှိကြသည်။ နော်တ--- မှ “ကျမတို့တွေ ငြိမ်းချမ်းစွာ ပဲနေချင်တယ်။ ဒါပေမဲ့ သူတို့ (SAC) က ကျမတို့ရွာသားတွေကို အနိုင်ကျင့်တော့ အရမ်းဝမ်းနည်းတာပဲ။ ကျမတို့တွေ ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ပါဘူး (ရွာသားများအနေဖြင့် SAC စစ်သားများ၏ လုပ်ရပ်များ ကြောင့် ၎င်းတို့အနေဖြင့်ဘာမျှလုပ်ဆောင်နိုင်စွမ်းမရှိဖြစ်စေသည်။) ကျမတို့ကို ကြိုက်သလို သူတို့က ဆက်ဆံတယ်။ ဒါပေမဲ့ အခုတော့ ကျမတို့တွေ ကြောက်နေရတယ်။ သူတို့ကိုကြောက်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး။ အခုတော့ ကျမတို့ဘယ်မှ မသွားနိုင်ဘူး။ ကျမတို့ ငြိမ်းချမ်းစွာနဲ့ပဲနေချင်တာပေါ့။ (...) ဒီစစ်သားတွေကို ကျမတို့ရွာထဲမှ ရှိမနေ စေချင်တော့ဘူး။ ကျမ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ နေချင်တယ်။ ဒါပေမဲ့ အခုတော့ ဘယ်သူကမှ ဘယ်မှသွားလို့ မရဘူး။ လူတွေကိုပိုပြီးသတ်မှာကို ကျမတို့ကြောက်တယ်။ အခုသူတို့က အဲ့ဒီလင်မယားကို ဥပမာအနေနဲ့သတ်တော့ ကျမတို့ တွေ ပိုပြီးကြောက်ရ‌တော့တာပေါ့။”

 

ဤဖြစ်ပွားခဲ့သည့်မှုခင်းနှင့်ပတ်သက်၍ ရဲ သို့မဟုတ် တရားရုံးသို့တင်ပြခြင်းလည်းမရှိပေ။ သို့ဖြစ်သောကြောင့် ကျူးလွန်ခံရသူ၏ မိသားစုများသည် ၎င်းတို့၏ (နော်င--- နှင့် စောပ---) သမီးအတွက် တရားမျှတမှုမရရှိကြပါ။ အာဏာသိမ်းစစ်တပ်၏လက်အောက်တွင် တရားမျှတမှုရရှိရန်အတွက် တာဝန်ယူမှုတာဝန်ခံမှုမရှိသဖြင့် ကျူးလွန်ခံ ရသူ၏ မိသားစုများနှင့် အခြားရွာသားများသည် SAC အာဏာပိုင်များကိုကြောက်ရွံ့နေကြရပါသည်။ ရွာသားတစ်ဦး ဖြစ်သူ နော်က--- မှ SACစစ်သားများ၏ ပစ်သတ်ခြင်းခံရသည့် ဇနီးမောင်နှံအတွက် တရားမျှတမှုရရှိ တောင်းဆိုပါ သည်။ သူမက “SAC စစ်သားတွေရဲ့သတ်ဖြတ်တာကို ခွင့်မလွတ်ပေးနိုင်ဘူး။ သူတို့ကို တရားဥပဒေနဲ့ညီတဲ့ ပြစ်ဒဏ် ပေးတာကို ကျမတို့လိုချင်တယ်။ အသတ်ခံလိုက်ရတဲ့သူတွေက အသက် (၂၀) ကျော်လောက်ပဲရှိသေးတယ်။ သူတို့တွေက အသက်ရှင်နေရမှာလေ။ အနာဂတ်မှာသူဌေးဖြစ်လာမှာလို့ ကျမ‌တို့မပြောနိုင်ဘူးလေ။ ‌နော်င--- ရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ကလေးက နိုင်ငံ့ခေါင်း‌ဆောင်ဖြစ် လာနိုင်မယ်ဆိုတာ ကျမတို့မသိဘူးလေ။ ကလေးက မိခင်ဝမ်း ဗိုက်ထဲမှာတင် ဆုံးသွားတယ်၊ တရားမျှတမှုလည်းမရဘူး။ သူတို့တွေက ကရင်လူမျိုးကိုပဲ ပစ်မှတ်ထားပုံဖြစ်တာ ကြောင့် ဒါက တိုင်းရင်းသားတွေရဲ့ ပြဿနာနဲ့လည်း ဆက်စပ်နေတယ်။ (...) လူတစ်ဦးရဲ့ ဘဝအတွက် ငွေ ၅၀၀,၀၀၀ ကျပ်နဲ့ ကျမတို့မလဲနိုင်ဘူး။ ပြစ်မှုကျူးလွန်သူတွေက အရပ်သားတရားရုံးနဲ့ စစ်ခုံရုံးနှစ်ခုလုံးမှာ တရားရင်ဆိုင် သင့်တယ်။ သူတို့တွေက ဒီကိစ္စကိုပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်တယ်။ နောက်ပြီး တရားဥပ‌ဒေနဲ့အညီ ‌ဆောင်ရွက် သင့်တယ်။”

 

သူမမှ ထပ်မံပြောခဲ့သည်မှာ SAC စစ်အသားတွေက အရပ်သားတွေအပေါ်လက်နက်သုံးပြီးကျူးလွန်တယ်။ တကယ်လို့လူတိုင်းမှာသာ လက်နက်ကိုယ်စီရှိမယ်ဆိုရင်တော့ ဒီအမုန်းပွားမှုတွေက ဘယ်တော့မှ အဆုံးသတ် တော့မှာမဟုတ်ဘူး။ အရပ်သားတွေမှာ အပြစ်မရှိလို့ သူတို့တွေအနေနဲ့ အရပ်သားတွေကိုအန္တရာယ်မပေးသင့်ဘူး။ အရပ်သားတစ်ယောက်ကအမှားလုပ်မယ်ဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ပြစ်မှုအတိုင်း အပြစ်ပေးစီရင်သင့်တယ်။ ဒါပေမဲ့ အခု‌တော့ SAC စစ်သားတွေက အရပ်သားတွေကိုဖမ်းပြီး ပစ်သတ်တယ်။ တိုင်းပြည်ရဲ့အခြေ‌အနေက ပိုဆိုးလာ မယ်ဆိုရင်တော့ ကျမတို့လည်းပါဝင်တိုက်ခိုက်မှာပဲ။”

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒေသခံရွာသားများမှ KHRG အား ဤသတင်းအချက်အလက်များကိုအသုံးပြုရန် ခွင့်ပြုချက်ပေးထားပါသည်။

Tue, 14 Dec 2021

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော တောအူးခရိုင် ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား  ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်