မြေပြင်မှအစီရင်ခံစာများ
‘မြေပြင်မှရရှိသည့် အချက်အလက်များ’ သည် ဒေသတွင်းဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာရန်အတွက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒေသခံရွာသားများမှ မှတ်တမ်းပြုစုထားသည့် အချက်အလက်များဖြစ်ပြီး၊ ၎င်းတို့ကိုအစီရင်ခံစာများ (ဒေသတွင်း နောက်ဆုံးရအခြေအနေတင်ပြချက်များ၊ နောက်ဆုံးရဒေသ တွင်းသတင်းတိုများ၊ တွေ့ဆုံမေးမြန်း မှုများနှင့် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာများ) အဖြစ် စုစည်းမှတ်တမ်းပြုစုရေးသားထားသည်။ ဤအစီရင်ခံစာများသည် ခိုင်လုံသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအကြောင်းအရာများပါဝင်သည်။ ၎င်းတို့ကို ဘာသာပြန်ဆိုထား၍ ရှင်းလင်းပြတ်သားမှုနှင့် လုံခြုံရေးအတွက် သင့်လျော်သောတည်းဖြတ်မှုများပြုလုပ်ပြီးနောက် ထုတ်ဝေပါသည်။ ထိုအစီရင်ခံစာများသည် ‘ရွာသားများ၏အသံ’ ဖြစ်သည့်အားလျှော်စွာ KHRG မှ အချက်အလက်၏ မူရင်းအာဘော်နှင့် အနက်အဓိပ္ပာယ်ကို ထိန်းသိမ်းထားပါသည်။