ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် မြန်မာစစ်တပ်မှစစ်သားများသည် ကြာအင်းဆိပ်ကြီးမြို့သို့ ခရီးသွားလာနေသော ရွာသား (၄) ဦးအား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရိုက်နှက်ခဲ့သည်။ ထိုရွာသား (၄) ဦးထဲတွင် အသက် (၁၆) နှစ်အရွယ်ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦးလည်းပါသည်။ မြန်မာစစ်သားများသည် ထိုရွာသား(၄)ဦး၏မျက်နှာကို သုံးချက်ထက်မနည်းထိုး ကြိတ်သည့်အပြင် ၎င်းတို့ကိုလည်း အချက် (၃၀) ကျော်ရိုက်နှက်ခဲ့သည်။ ထိုနေ့တွင် ဖမ်းဆီးခံရသော ရွာသား (၄)ဦးနှင့် အတူ ခရီးသွားလာသောအမျိုးသမီးနှစ်ဦးသည် နယ်ခြားစောင့်တပ် (BGF) အရာရှိတစ်ဦးအား ထိုဖမ်းဆီးမှုအကြောင်းကို အသိပေးအကြောင်းကြား၍ BGF အရာရှိသည် မြန်မာစစ်တပ်အား အကျိုးအကြောင်းပြောပြ၍ ရွာသားများအား ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးရိုက်နှက်ခံရသောရွာသားတစ်ဦးဖြစ်သူ စောအ---သည် ပြင်းထန်သည့်ဒဏ်ရာကို ခံစားရ ပြီး အိမ်ပြန်ရောက်သည့်အချိန်တွင် ညဖက်မှာ ကောင်းစွာအိပ်မပျော်နိုင်ခဲ့ပေ။ [1]
အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ
|
အခင်းဖြစ်ပွားမှုအမျိုးအစား |
SAC (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) သည် ရွာသားလေးဦးကို စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရိုက်နှက်မှု (SAC သည် မြန်မာစစ်တပ်လည်းဖြစ်သည်။) |
|
အခင်းဖြစ်ပွားသည့်နေ့ရက် |
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ |
|
အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ) |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကော (ကြာအင်းဆိပ်ကြီး)မြို့ |
|
စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
စောအ--- |
စောဘ--- |
စောဆ--- |
စောဒ--- |
|
အသက် |
၂၂ နှစ် |
၁၈ နှစ် |
၁၆ နှစ် |
၁၉ နှစ် |
|
ကျား/မ |
ကျား |
ကျား |
ကျား |
ကျား |
|
လူမျိုး |
ကရင် |
ကရင် |
ကရင် |
ကရင် |
|
အိမ်ထောင် ရှိ/မရှိ |
မရှိ |
မရှိ |
မရှိ |
မရှိ |
|
အလုပ်အကိုင် |
လယ်ယာ |
လယ်ယာ |
လယ်ယာ |
လယ်ယာ |
|
ကိုးကွယ်သည့် ဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
ဗုဒ္ဓဘာသာ |
|
ရာထူးအဆင့် |
ရွာသား |
ရွာသား |
ရွာသား |
ရွာသား |
|
နေရပ် ရွာအမည် |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ လေးဝါးခအုပ်စု၊ အအ--- ကျေးရွာ |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ လေးဝါးခအုပ်စု၊ အအ--- ကျေးရွာ |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ လေးဝါးခအုပ်စု၊ အအ--- ကျေးရွာ |
ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ လေးဝါးခအုပ်စု၊ အအ--- ကျေးရွာ |
|
ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ |
||||
|
အမည် |
ရာထူး |
စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ |
အခြေစိုက်သည့်နေရာ ဒေသ |
အထက်အရာရှိ အမည် |
|
မသိရှိရ |
မသိရှိရ |
ခြေလျင်တပ်ရင်း (ခလရ)အမှတ် (၂၈၃)၊ (၃၂)၊ ဆိပ် ကြီးမြို့ရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေးအရာရှိများ |
ဆိပ်ကြီးမြို့ |
မသိရှိရ |
အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း
|
(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။ |
|
ထိုးကြိတ်ရိုက်နှက်ခံရသော လူငယ် (၄)ဦးကို သိကျွမ်းသော ရွာသားတစ်ဦးသည် KHRG ကွင်းဆင်းလုပ်သားအား ဆက် သွယ်၍ ဤသတင်းဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ |
|
(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။ |
|
ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ထိုးကြိတ်ရိုက်နှက်ခံရသော ရွာသားတစ်ဦးဖြစ်သူ စောအ--- အား အင် တာဗျူးခဲ့ပြီး ၎င်းရရှိသည့်ဒဏ်ရာများကို ဓာတ်ပုံမှတ်တမ်းယူခဲ့သည်။ ထို့ကြောင့် ဤသတင်းမှန်ကန်ပါသည်။ |
အဆင့် ၃- အခင်းဖြစ်ပွားပုံ
|
အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။ |
|
ဒူးပလာယာခရိုင်ရှိ ဆိပ်ကြီး (ကြာအင်းဆိပ်ကြီး) မြို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ထိန်းချုပ်မှု အောက်တွင် ရှိသည်။ မြို့အနီးပတ်ဝန်းကျင်နှင့်ရပ်ဝေးဒေသတွင်နေထိုင်ကြသောရွာသားများသည် ဆိပ်ကြီးမြို့ကို ဖြတ်၍ ခရီးသွားလာလေ့ရှိသည်။ ရပ်ဝေးဒေသမှရွာသားအချို့သည် မြို့ကိုရှောင်ကွေ့၍ ခရီးသွားလာရမည့်အခြား လမ်းများကိုမသိသောကြောင့် ၎င်းတို့သည် မြို့ကိုဖြတ်၍သွားလာခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ SAC စစ်သားများနှင့် ဆိပ်ကြီးမြို့ရှိရဲတပ်ဖွဲ့တို့သည် မြို့အဝင်လမ်းမကြီးတွင်ရှိသော စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်း မှုများဆောင်ရွက်နေကြသည်။ ဤစစ်ဆေးရေးဂိတ်သည် ဆိပ်ကြီးမြို့၊ ကျွန်းကုန်းနေရာတွင်တည်ရှိပြီး မြန်မာစစ် တပ်ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးမေးမြန်းကြလေ့ရှိသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မနက် (၁၀) နာရီဝန်းကျင်တွင် ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့ နယ်၊ လေးဝါးခကျေးရွာအုပ်စု၊ အအ---ကျေးရွာတွင်နေထိုင်သော စောအ---၊ စောဘ---၊ စော ဆ---၊ စောဒ---တို့နှင့်၎င်း တို့အမျိုးသမီးသူငယ်ချင်းနှစ်ဦးတို့သည် ဆိပ်ကြီးမြို့ကိုဖြတ်၍ အခြားကျေးရွာသို့ခရီးသွားလာခဲ့ကြသည်။ ၎င်းတို့သည် အဆိုပါစစ်ဆေးရေးဂိတ်သို့ရောက်ရှိသောအခါတွင် SAC စစ်သားများက ၎င်းတို့အားရပ်ခိုင်း၍ စစ်ဆေးမေး မြန်းကြသည်။ သို့သော်လည်း အမျိုးသမီးနှစ်ဦးကိုမစစ်ဆေးပဲဖြတ်သန်းခွင့်ပြုခဲ့သည်။ SAC စစ်သားများသည် အဆိုပါလူငယ်များအား မြန်မာဘာသာစကားဖြင့်မေးမြန်းခဲ့သော်လည်း ၎င်းတို့က ကရင်ဘာသာစကားဖြင့်သာ ပြန်ပြောခဲ့ကြသည်။ ထို့ကြောင့် ထိုလူငယ်များသည် SAC စစ်သားများက မည်သည့်အရာများကိုမေးမြန်းခဲ့သည်ကို နားမလည်ပဲရှိနေသည်။ မြန်မာစစ်တပ်သည် စောအ--- ၏ဖုန်းကို စစ်ဆေးသည့်အခါတွင် ဘောင်းဘီကျားကွက် ဝတ်ဆင်ထားသော သူ၏သူငယ်ချင်းဓာတ်ပုံကို တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ SAC စစ်သားများသည် ထိုလူငယ်လေးဦး၏ မျက်နှာကို သုံးချက်ထက်မနည်းထိုးကြိတ်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို လက်ထိပ်ခတ်၍ လက်မြှောက်ဒူးထောက်ခိုင်း စေခဲ့သည်။ ထိုအခါတွင် ၎င်းတို့တစ်ဦးချင်းစီကို တုတ်ဖြင့် အချက် (၃၀) ထက်မနည်းရိုက်နှက်ခဲ့သည်။
ထိုလူငယ်များ၏သူငယ်ချင်းအမျိုးသမီးနှစ်ဦးသည် SAC စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမေးမြန်းခြင်းမခံရသည့်အတွက် ၎င်းတို့သည် နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စုရှိ အဘ---ကျေးရွာသို့သွား၍ ရွာတွင်နေထိုင်သည့်၎င်းတို့သူ ငယ်ချင်းတစ်ဦးအား လူငယ်လေးဦးဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို ပြောပြခဲ့သည်။ ထို့နောက် ၎င်းတို့၏သူငယ်ချင်းဖြစ်သူက အဘ---ကျေးရွာတွင်ရှိသည့် နယ်ခြားစောင့်တပ် (BGF) စစ်ဆေးရေးဂိတ်မှ အရာရှိတစ်ဦးအား သွားရောက်တွေ့ဆုံ၍ အကူအညီတောင်းခဲ့သည်။ သို့ဖြစ်၍ BGF စစ်ဆေးရေးဂိတ်မှ အရာရှိတစ်ဦးသည် SAC အား ဆက်သွယ်၍ ထိုဖမ်းဆီးခံ ရသည့်လူငယ်များသည် ရန်သူများ (လက်နက်ကိုင်တပ်ဖွဲ့ဝင်များ) မဟုတ်ပဲ အရပ်သားပြည်သူများသာဖြစ်ကြောင်း အကျိုးအကြောင်းရှင်းပြခဲ့သည်။ ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် SAC စစ်သားများ သည် ထိုလူငယ်များအားလွှတ်ပေးခဲ့သည်။ လူငယ်များပြန်လွှတ်ပေးပြီးနောက်တွင် ၎င်းတို့သည် ခရီးဆက်မသွားနိုင် တော့ပဲ ၎င်းတို့ရွာသို့ပြန်လာခဲ့သည်။ (ရိုက်နှက်ခံရသည့်လူငယ်များသည် ဆေးကုသမှုရရှိရန် ဆေးရုံ၊ ဆေးခန်းသို့ မသွားခဲ့ပေ။)
၂၀၂၆ ခုနှစ်၊ မတ်လတွင် KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည် စောအ---နှင့်တွေ့ဆုံ၍ ထိုဖြစ်စဉ်အကြောင်းကို အင် တာဗျူးခဲ့သည်။ စောအ---အနေဖြင့် အခင်းဖြစ်ပွားပြီး အိမ်သို့ပြန်လာပြီးနောက်တွင် ရိုက်နှက်ခံရသည့်ဒဏ်ရာကြောင့် မိမိခန္ဓာကိုယ်ကို အလွယ်တကူမလှုပ်ရှားနိုင်ခြင်း၊ ညဖက်တွင်ကောင်းစွာအိပ်မပျော်နိုင်ခြင်းတို့ကို ခံစားခဲ့ရကြောင်း ပြောပြခဲ့သည်။ စောအ---သည် ဒဏ်ရာသက်သာစေရန်အတွက် ဆေးဝါးများသုံးဆောင်ခဲ့ရသည်။ ဤဖြစ်စဉ်ကို စော အ---က ယခုလိုထပ်မံရှင်းပြသည်။ “သူတို့က ကျွန်တော့်ကိုရိုက်တဲ့အချိန်မှာ အသက်ရှုလို့မရပဲ ခေါင်းမူးလာတယ်။ ဒီဒဏ်ရာတွေကို ကျွန်တော်ခံစားနိုင်ဘူး။ တကယ်လို့ သူတို့က ကျွန်တော့်ကို အသေပစ်သတ်ခဲ့ရင် ပိုကောင်းမှာပဲလို့ တွေးမိတယ်။ မနေ့ညကဆို ကောင်းကောင်းအိပ်လို့မရဘူး။ နောက်ကျောကိုအကြာကြီးလှဲထားလို့မရဘူး။ အဲဒါကြောင့် တခါတလေမှာ မှောက်ခုံလှဲပြီးအိပ်နေရတယ်။”
စောအ---၏ဒဏ်ရာသည် ပို၍ဆိုးလာခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းတွင် KHRG ကွင်းဆင်းလုပ်သားသည် စောအ---အား ၎င်းဒဏ်ရာအခြေအနေကို ထပ်မံမေးမြန်းသည့်အချိန်မှာ သူ့အနေဖြင့် ဒဏ်ရာသည် ယခင်ထက် ပို၍ဆိုး ရွားလာကြောင်း တင်ပြခဲ့သည်။ |
အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း
|
ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။ |
|
ဤသတင်းအချက်အလက်များကို အသုံးပြုခွင့်ရရှိသည်။ (ရိုက်နှက်ခံရသူ စောအ---သည် ဤသတင်းကို ရေးသားဖြန့် ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားသည်။) |
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသောအချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၂) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-94-I1 နှင့် #26-94-A1-I1 တို့ဖြစ်သည်။
