ဤနောက်ဆုံးရဒေသတွင်းသတင်းတိုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း ဒူးသထူ(သထုံ) ခရိုင်၊ ဘားအံမြို့ နယ်တွင် ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် နေ့နှင့် မတ်လ ၁၉ ရက်နေ့အတွင်း တောင်ကလေးတပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၂) သည် ဘန့်ဘွေးကုန်း (နို့မကွီး) ကျေးရွာအုပ်စု၊ တဇ---နှင့်အခ---ကျေးရွာအတွင်းသို့ လက်နက်ကြီး များရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုတွင် ရွာသားတစ်ဦးထိမှန်ဒဏ်ရာရရှိပြီး စိုက်ပျိုးခြံလည်း ထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် နွားတစ်ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံရွာသားများသည် ၎င်းတို့၏ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ကြောက်ရွံ့ကြပြီး ရွာသားတစ်ဦးမှာ နီးစပ်ရာမြစ်ချောင်းနားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုမျှမက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် တဇ---ကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေယာဉ်တစ်စီးသည် ဟတ္တလိုက်ကျေးရွာအုပ်စုရှိ သဖ---ကျေးရွာအနီးတွင် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် ရာနှင့်ချီသော ရော်ဘာပင်များ၊ ကားနှစ်စီး၊ ဆိုလာပြားတစ်ချပ်၊ လူနေအိမ်များနှင့် ကျေးရွာဆေးခန်းတစ်လုံး ထိမှန်ပျက်စီးခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေ ယာဉ်များသည် ဇန---ကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ဆိုလာပြားတစ်ချပ်နှင့် ရာနှင့်ချီသောရော်ဘာပင်များ ထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များ ဖြင့်ပစ်ခတ်ခဲ့သည်ဟု ရွာသားများတင်ပြကြသည်။ ထိုနေ့တွင်လည်း မြန်မာစစ်တပ် ခမရ (၂၀၂) သည် ဇန---ကျေးရွာအနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး (၇) လုံးပစ်ခတ်၍ လူနေအိမ်နှင့်ရော်ဘာပင်များ ထိမှန်ပျက်စီးပြီး ခွေးတစ်ကောင်လည်း ထိမှန်သေဆုံးသည်။ ထိုသို့လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇန---ကျေးရွာမှ ရွာသားများအားလုံးသည် ထွက်ပြေးတိမ်း ရှောင်ရပြီး နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားမှာကို ကြောက်ရွံ့ထိတ်လန့်နေကြသည်။ [1]
မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခြင်းနှင့်တိစ္ဆာန်များဒဏ်ရာရရှိခြင်း
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ (၄း၁၆) မိနစ်၌ တောင်ကလေးတပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ် တပ် ခြေမြန်တပ်မ အမှတ် (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၂)သည် ဒူးသထူ(သထုံ) ခရိုင်၊ ဘားအံမြို့နယ်၊ ဘန့်ဘွေးကုန်း (နို့မကွီး) ကျေးရွာအုပ်စု၊ တဇ---ကျေးရွာသို့ လက်နက်ကြီး (၁၂၂) မမတစ်လုံးရမ်းသမ်း ပစ်ခတ်ခဲ့သည်။ ထိုလက်နက်ကြီးသည် တဇ---ကျေးရွာအနီးရှိ လယ်ယာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုလယ် ယာသည် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ အက---ကျေးရွာမှ အသက် (၈၈) နှစ်အရွယ် နော်သ---က ပိုင်ဆိုင်သောလယ် ယာဖြစ်သည်။ နော်သ---သည် အသက်ကြီးလာသည်နှင့်အမျှ လယ်ထဲတွင်အလုပ်မလုပ်နိုင်တော့သည့်အတွက်ကြောင့် သူမ၏တူဖြစ်သူ အသက် (၆၉) နှစ်အရွယ် စောန---သည် သူမအတွက် လယ်ယာလုပ်ကူပေးရသည်။ လယ်ထဲတွင် လက်နက်ကြီးကျရောက်သောအခါ စောန---သည် လယ်ထဲတွင် ကောက်ရိတ်သိမ်းနေသည့်အချိန်ဖြစ်သည်။ ထိုလယ် ယာအနီးတစ်ဝိုက်တွင် လက်နက်ကြီးအစများလွင့်စင်သွားခဲ့သည်။ စောန---ကို လက်နက်ကြီးစများမထိမှန်ခဲ့သော် လည်း သူ၏ကျောကုန်းကို မာကျောသောရွှံ့များဖြင့် ထိမှန်၍ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ထိုအချိန်တွင် သူ၏နွား တစ်ကောင်သည် လက်နက်ကြီးပေါက်ကွဲစဖြင့်ထိမှန်၍ ဒဏ်ရာရခဲ့သည်။
ထိုနေ့နောက်ပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် (SSPC) သည် သံလွင်မြစ်၏အခြားတစ် ဖက်ကမ်း၌ရှိသော တဇ--- ကျေးရွာကိုလည်း လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည်။ (KHRG ကွင်းဆင်းလုပ်သားအနေဖြင့် လုံခြုံရေးအခြေအနေကြောင့် ဤဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းပြုစုနိုင်ခြင်းမရှိခဲ့ပါ။)
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မနက် (၁၁)နာရီအချိန်တွင် တောင်ကလေးတပ်စခန်းတွင် အခြေစိုက်သော မြန်မာစစ် တပ် ခမရ (၂၀၂) သည် အက--- ကျေးရွာသို့ လက်နက်ကြီးတစ်လုံးရမ်းသမ်းပစ်ခတ်ခဲ့ပြန်သည်။ လက်နက်ကြီးသည် အက---ကျေးရွာနေ အသက် (၆၄)နှစ်အရွယ် စောတ---၏လယ်ယာထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှု တွင် ရွာသားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိခဲ့ပါ။ သို့သော်လည်း လယ်ယာသာ ပျက်စီးသွားခဲ့သည်။ ထိုနေ့ အတွင်း နေ့လယ် (၂း၃၀) မိနစ်တွင် အဆိုပါတပ်ရင်းသည် (ခမရ - ၂၀၂) လက်နက်ကြီးတစ်လုံးထပ်မံပစ်ခတ်ခဲ့ပြန် သည်။ ထိုလက်နက်ကြီးသည် အက--- ကျေးရွာပိုင် သစ်တောအနီးရှိ လယ်ယာအနောက်ဖက်ခြမ်းတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ စောတ--- သည် လက်နက်ကြီးကျသည့်နေရာအနီးတွင်ရှိနေသည့်အတွက်ကြောင့် နီးစပ်ရာမြစ်ချောင်းနားရှိ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ရွာအိုးအိမ်များထိခိုက်ပျက်စီးခြင်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့လယ် (၁၂း၁၂)မိနစ်တွင် မြန်မာစစ်တပ်ပိုင် ဂျက်လေယာဉ်တစ်စီးသည် ဘားအံ မြို့နယ်၊ ဟတ္တလိုက်ကျေးရွာအုပ်စု၊ သဖ--- ကျေးရွာအနီး စောဟ---၏နေအိမ်အနားရှိ ရော်ဘာခြံထဲတွင် ပေါင်နှစ်ရာဗုံး (၂)လုံးကြဲချတိုက်ခိုက်ခဲ့သည်။ လဆ---ကျေးရွာမှ ဆရာဝန်တစ်ဦးနှင့်သူ၏ဝန်ထမ်း (၃)ဦးတို့သည်လည်း စောဟ---၏ နေအိမ်တွင် လာရောက်နေထိုင်ကြသည်။ ရော်ဘာခြစ်၍ရသော ရော်ဘာပင်အများအပြားအကြားတွင် ဗုံးများကျရောက် ပေါက်ကွဲခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် စောဟ---၏နေအိမ်အပါအဝင် ရာနှင့်ချီသောရော်ဘာပင်များ၊ ဆရာဝန်အသုံး ပြုသောကားနှစ်စီး၊ လူနာတင်ကား တစ်စီးနှင့် (၄x၄) ပေ အကျယ်ရှိသော ဆိုလာပြားတစ်ချပ်ထိမှန် ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဗုံးအစအနများသည် သဖ---ကျေးရွာဆေးခန်း၏ခေါင်မိုး၊ မျက်နှာကျက်၊ ပြတင်းပေါက်နှင့်တံခါးများကို လွင့်စင်ထိမှန်၍ ပျက်စီးသွားခဲ့သည်။ ထိုဆေးခန်းသည် သဖ---ကျေးရွာထဲတွင်တည်ရှိပြီး ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန (KDHW) မှ စီမံခန့်ခွဲသော ဆေးခန်းဖြစ်သည်။ သဖ--- ကျေးရွာမှ အခြားရွာသား များပိုင်ဆိုင်သော နေအိမ်အချို့လည်း ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးမှုများရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် SSPC ဂျက်လေယာဉ်တစ်စီးသည် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဇန--- ကျေးရွာ အနီးတစ်နေရာတွင် (၁၀) ပိဿာခန့်ရှိသော လက်လုပ်ဗုံးသီး (၃)လုံးကိုပစ်ချကာ လေကြောင်းဖြင့် လာရောက်တိုက် ခိုက်ခဲ့သည်။ ပထမဗုံးတစ်လုံးသည် ဇန--- ကျေးရွာအနီး တောထဲတစ်နေရာတွင် ကျရောက်သော်လည်း မပေါက်ကွဲ ခဲ့ပါ။ ထိုနေရာသည် အခြားဗုံးသီး (၂)လုံးကျရောက်သည့်နေရာနှင့်သိပ်မနီးမဝေးအကွာတွင်ရှိသည်။ အခြားဗုံးသီး (၂)လုံး သည် ဇန--- ကျေးရွာရှိ စောဃ---ပိုင်ဆိုင်သောလယ်ယာနှင့် စောမ---ပိုင်ဆိုင်သောနာနတ်သီးခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် စောဇ---ပိုင်ဆိုင်သော ထိုင်းနိုင်ငံထုတ် (၄x၂) ပေအကျယ်ရှိသော ဆိုလာပြား တစ်ချပ်အား ဗုံးစထိမှန်၍ ပျက်စီးသွားခဲ့သည်။ အဆိုပါဆိုလာပြားသည် (၁၀,၀၀၀,၀၀၀) ကျပ်တန်ဖိုးရှိသည်။
ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့်စောဇ---၏ပြောပြချက်အရ ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂျက်လေယာဉ်သည် နောက်ထပ်တစ်ကြိမ်ပျံသန်းလာပြီး ဗုံးသီး (၃)လုံးပစ်ချတိုက်ခိုက်ခဲ့သည်။ ဗုံးသီးများအားလုံးသည် စောဇ---၊ စောမ---နှင့်နော်ယ---ပိုင်ဆိုင်သော ရော်ဘာခြံများအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ရော်ဘာခြံထဲတွင် ဗုံးများကျရောက် ပေါက်ကွဲသည့်အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ရာနှင့်ချီသောရော်ဘာပင်များ ထိမှန် ပျက်စီးသွားခဲ့သည်။ ထိုရော်ဘာပင်များသည် ခြစ်၍ရသောအပင်များဖြစ်သည်။
ဇန---ကျေးရွာမှ ရွာသားတစ်ချို့၏ပြောပြချက်များအရ SSPC ဂျက်လေယာဉ်သည် ဗုံးများပစ်ချပြီးနောက် မိနစ်အနည်း ငယ်အကြာတွင် တောင်ကလေးတပ်စခန်းတွင်အခြေစိုက်သော မြန်မာစစ်တပ် ခမရ (၂၀၂) သည် လက်နက်ကြီး (၁၂၂) မမ (၇)လုံးပစ်ခတ်ခဲ့ပြန်သည်။ ထိုလက်နက်ကြီးများသည် ဂျက်လေယာဉ်ပစ်ချလိုက်သော ဗုံးများကျရောက်သည့်နေ ရာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး (၃)လုံးသည် ဇန--- ကျေးရွာမှ စောဒ---ပိုင်ဆိုင်သော ရော်ဘာ ခြံထဲတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားလက်နက်ကြီး (၂) လုံး သည် သဖ--- ကျေးရွာရှိ ယပ--- တောင်စောင်းတွင် (သဖ-- ဂူ) ကျရောက်ပေါက်ကွဲခဲ့သည်။ ကျန်ရှိသောလက်နက်ကြီး (၂)လုံးသည် သဖ--- တောင်ခြေတွင်ရှိသော ဇန--- ကျေးရွာမှ စောက---၏နေအိမ်နောက်ဖေးရှိ ရော်ဘာခြံထဲတွင် ကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားခဲ့သည်။။ ထိုရော်ဘာ ခြံသည် ဇယ---ကျေးရွာမှ နော်လ---ပိုင်ဆိုင်သော ရော်ဘာခြံဖြစ်သည်။ ထိုရော်ဘာပင်များသည် ခြစ်၍ရသောအပင် များဖြစ်သည်။
စောဒ---၏ခြံဝန်းအနီးနှင့် ယပ--- တောင်စောင်းတွင် (သဖ--- ဂူ) လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ပျက် စီးမှုများမရှိကြောင်း သိရှိရသည်။ သို့သော်လည်း စောက---အိမ်နောက်ဖေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု တွင် သူ၏အိမ်နောက်နံရံကိုထိမှန်၍ အပေါက်နှစ်ပေါက်ဖြစ်သွားခဲ့သည်။ ထိုပေါက်ကွဲမှုတွင်လည်း ခွေးတစ်ကောင် ထိမှန်သေဆုံးသွားခဲ့သည်။ ထို့အပြင် လက်နက်ကြီးအစများသည် စောက---၏သားမက်ဖြစ်သူ စောဝ---၏အိမ်ရှေ့ကို ထိမှန်၍ အိမ်တွင်းပစ္စည်းများ အနည်းငယ်ပျက်စီးသွားခဲ့သည်။
ထို့အပြင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် နော်လ---ပိုင်ဆိုင်သော ရာနှင်ချီသည့်ရော်ဘာပင်များ ထိမှန်ပျက်စီးသွားခဲ့ သည်။ ထိုနေ့တွင် ဇန--- ကျေးရွာမှ ရွာသားများအားလုံးသည် ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဇန--- ကျေးရွာအနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသော ရွာသားတစ်ချို့လည်း ဘေးကင်းလုံခြုံသည့်နေရာများသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်။ ယခုလက်ရှိအချိန်တွင် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ) ဘန့်ဘွေးကုန်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများသည် တိုက်လေယာဉ်နှင့်လက်နက်ကြီးပစ်ခတ်မှုအန္တရာယ်ကို စိုးရိမ်ကြောက်ရွံ့ပြီး နေထိုင်နေရ ကြောင်း ဇန---ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရသည့်ရွာသားတစ်ဦးက မျှဝေပြောပြခဲ့သည်။ ထို့အပြင် ဒေသခံပြည်သူ များသည် ၎င်းတို့ဒေသအတွင်း မြန်မာစစ်တပ်မှ စစ်ကြောင်းထိုးစစ်ဆင်လာမှာကိုလည်း စိုးရိမ်ပူပန်နေရပါသည်။
Footnotes:
[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ မတ်လ၊ ဧပြီလနှင့်မေလအတွင်းတွင် တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့်သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေ အနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓါတ်ပုံနှင့်နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤနောက်ဆုံး ရဒေသတွင်းသတင်းတိုသည် မြေပြင်တွင်လက်ခံရရှိသော အစီရင်ခံစာ (၈) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအ မှတ်မှာ #26-32-D1 ၊ #26-67-D1 ၊ #26-95-D1 ၊ #26-130-D1 ၊ #26-32-M1/P1 ၊ #26-67-M1/P1 ၊ #26-95-M1/P1 နှင့် #26-130-M1/P1 တို့ဖြစ် သည်။
