Fri, 03 Jul 2026
ခလယ်လွီထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လယ်ဒိုမြို့နယ်တွင် မြန်မာ စစ်တပ်မှ မြေပြင်စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ် မှုတို့ကိုလုပ်ဆောင်၍ ကလေး(၁၅)ဦးအပါအဝင် အနည်းဆုံး ရွာသား (၃၁) ဦးထိ မှန်သေဆုံးခြင်း၊ အခြားရွာသားများ ဒဏ်ရာရရှိခြင်း၊ ရပ်ရွာအိုးအိမ်များ ထိခိုက် ပျက်စီးခြင်းနှင့်နေရပ်စွန့်ခွာရခြင်းများဖြစ်ပွား (၂၀၂၆ ခုနှစ်၊ မတ်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၆ ခုနှစ်၊ မတ်အတွင်း ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မနက် (၅)နာရီဝန်းကျင်တွင် မြန်မာစစ်တပ်သည် ထီးပူလူကျေးရွာအုပ်စုရှိ အအ---ကျေးရွာနှင့် အဘ--- ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရွာသားများသည် မြန်မာစစ်တပ်မှ ရွာထဲဝင်ရောက်လာ သည်ကိုသိရှိရပြီးနောက် မြန်မာစစ်တပ်လက်အောက်မှလွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တစ်ချို့ရွာသား များသည် ဘုန်းကြီးကျောင်းသို့ထွက်ပြေးပုန်းရှောင်ခဲ့သည်။ မြန်မာစစ်တပ်သည် ရွာထဲဝင်ရောက်လာပြီးနောက် မြန်မာစစ်တပ်လေယာဉ်သည် ကျေးရွာဘုန်းကြီးကျောင်းပေါ်တွင် ဗုံးကြဲတိုက်ခိုက်၍ ကျေးရွာကိုလည်း လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုတွင် ရွာသားများ (၂၆)ဦးထိမှန်သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ရွာသားအများအပြားထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် မြန်မာစစ်တပ်သည် အဘ---ကျေးရွာ နှင့်အအ---ကျေးရွာတို့မှ ရွာသားများအယောက် (၄၀၀) ကျော်ကိုဖမ်းဆီး၍ ထွက်ပြေးရန်ကြိုးစားခဲ့ သော ရွာသား (၅) ဦး ကို ပစ်သတ်ခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ်သည် ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူ၍ ရွာထဲတွင် မြေမြှုပ်မိုင်းများထောင်ထားကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုမျှမကပဲ ဖမ်းဆီးထားသောရွာသားများကို ၎င်းတို့အတွက်အလုပ်လုပ်ပေးရန် အဓမ္မခိုင်းစေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့်ရွာသားများအား လုံးလွတ်မြောက်လာခဲ့သည်။ သို့သော်လည်း ရွာသားများသည် အခြားကျေးရွာများနှင့်မြို့များသို့ ရွှေ့ပြောင်းပုန်းရှောင်ခဲ့ရသည်။ ဤသို့ဖြစ်စဉ်များကြောင့် ထီးပူလူကျေးရွာအုပ်စုရှိ ရွာသားများအားလုံးနီးပါးသည် မိမိကျေးရွာကိုစွန့်ခွာ၍ နီးစပ်ရာကျေးရွာများနှင့်မြို့များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နေရပ်စွန့်ခွာရသည့်ရွာသားများသည် စားဝတ်နေရေး နှင့်နေရာထိုင်ခင်းအခက်အခဲများနှင့်ကြုံတွေ့နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးခြင်း) မြန်မာစစ်တပ်သည် ကျေးရွာ (၂) ရွာထဲကိုဝင်ရောက်လာပြီး လက် နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ရွာသားများအားပစ်သတ်ခြင်း၊ ရွာထဲတွင် မြေမြှုပ်မိုင်းထောင်ခြင်း၊ လူနေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် ရွာသား များပိုင်ဆိုင်မှုပစ္စည်းများကိုသိမ်းယူခြင်းစသည်တို့အား လုပ်ဆောင်ခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ထီးပူလူ ကျေးရွာအုပ်စုရှိ အအ---ကျေးရွာနှင့် အဘ--- ကျေးရွာ

သေဆုံးသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်    

အသက်

ကျား/မ

လူမျိုး

အိမ်ထောင် ရှိ/မရှိ   

အလုပ်အကိုင်

ကိုးကွယ်သည့် ဘာသာ

ရာထူး

ရပ်ရွာ

မအ---

၄၅ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့ နယ်၊ ထီးပူလူကျေးရွာအုပ်စုရှိ အအ--- ကျေးရွာ

မဘ---

၄၈ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဆ---

၄၀ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဒ---

၄၀ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဃ---

၅၀ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဂ---

၄၃ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မောင်ဟ---

၁၅ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဧ---

၁၂ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ---ကျေးရွာ

မောင်သ---

၁၄ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ---ကျေးရွာ

မောင်က---

၁၄ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မလ---

၁၃ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မမ---

၅၃ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မန---

၄၃ နှစ်

 

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မဝ---

၉ နှစ်

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မပ---

၆ နှစ်

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မောင်ခ---

၇ နှစ်

ကျား

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မရ---

၈ နှစ်

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မစ---

၉ နှစ်

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မတ---

၁၀ နှစ်

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မောင်ဖ---

၃ နှစ်

ကျား

ဗမာ

-

မသိရှိရ

-

မသိရှိရ

အအ--- ကျေးရွာ

မထ---

၆၀ နှစ်

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

ဦးည---

၅၅ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

ယ---

၁၆ နှစ်

မသိရှိရ

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မောင်ဇ---

၁၂ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

မောင်ဇအ---

၁၃ နှစ်

ကျား

ဗမာ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အအ--- ကျေးရွာ

ဇဘ---

၄၀ ကျော်

ကျား

မသိရှိရ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့ နယ်၊ ထီးပူလူကျေးရွာအုပ်စုရှိ အဘ--- ကျေးရွာ

စောဇဆ---

၄၅ နှစ်

ကျား

ကရင်

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အဘ--- ကျေးရွာ

စောဇဒ---

၅၃ နှစ်

ကျား

ကရင်

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အဘ--- ကျေးရွာ

စောဇဃ---

၃၅ နှစ်

ကျား

ကရင်

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

အဘ--- ကျေးရွာ

ဦးဇဂ---

၄၆ နှစ်

ကျား

မသိရှိရ

မသိရှိရ

မသိရှိရ

ဗုဒ္ဓဘာသာ

မသိရှိရ

ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့ နယ်၊ ထီးပူလူကျေးရွာအုပ်စုရှိ အဆ--- ကျေးရွာ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ

မသိရှိရ\

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

(မြန်မာစစ်တပ်)ခမရ(ခြေမြန်တပ်ရင်း) အမှတ်(၂၆၄)၊ ခမရ(၃၄၉)၊ ခလရ (ခြေ လျင်တပ်ရင်း) အမှတ်(၂၀)နှင့် အထူး တပ်ဖွဲ့(ခမရ -၂၆၄၏ကွန်မန်ဒိုတပ်ဖွဲ့)

ခလယ်လွီထူခရိုင်၊ ဆောထီး (ရွှေကျင်)မြို့နယ်ရှိ ရွှေကျင် မြို့နှင့်ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရှိ ပိန်းဇလုပ်မြို့

မသိရှိရ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

မသိရှိရ

မြန်မာ့တပ်မတော် (လေတပ်)

မသိရှိရ

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

အခင်းဖြစ်ပွားပြီးသုံးရက်အကြာတွင် ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ဤဖြစ်စဉ်ကို သွားရောက်မှတ်တမ်း ပြုစုခဲ့သည်။ ဒေသခံအာဏာပိုင်များသည် ကျွန်တော့်ကို (KHRG ကွင်းဆင်းလုပ်သား) ဆက်သွယ်၍ ဤဖြစ်စဉ်ကို အသိပေးပြောပြခဲ့သည်။ ထို့နောက် ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) KHRG ကို သိရှိသည့်ဒေသခံအရေး ပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်၍ အခြေအနေကို မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းပြီးနောက်တွင် ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ရွာသားများစစ်ဘေးရှောင်သည့်နေရာသို့သွား၍ ထိခိုက်နစ်နာသူများအား အင်တာဗျူးခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) အခင်းဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည့် အအ--- ကျေးရွာမှ စောဇဟ--- အား အင်တာဗျူးခဲ့သည်။ စောဇဟ---၏သားဖြစ်သူ မောင်ဇအ--- (၁၃ နှစ်) သည် အခင်းဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည်။ စောဇဟ---သည် အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျွန်တော့်အား (KHRG ကွင်းဆင်းလုပ်သား) ရှင်းပြခဲ့သည်။ ကျွန်တော် သည် (KHRG ကွင်းဆင်းလုပ်သား) အအ---ကျေးရွာမှ ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇဧ---ကိုလည်း အင်တာ ဗျူးခဲ့သည်။ (လုံခြုံရေးအခြေအနေကြောင့် ဦးဇဧ---၏ရာထူးအသေးစိတ်ကို ဖော်ပြ၍မရပါ။) ဦးဇဧ---သည် မျက်မြင် သက်သေတစ်ဦးဖြစ်ပြီး သေဆုံးသူအလောင်း (၂၈) လောင်းကို မြှုပ်နှံပေးခဲ့သူဖြစ်သည်။ ထို့အပြင် ကျွန်တော်သည် (KHRG ကွင်းဆင်းလုပ်သား) ထီးပူလူကျေးရွာအုပ်စုမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဇသ--- အား အင်တာဗျူးခဲ့သည်။ (လုံခြုံရေးအရ စောဇသ---၏ရာထူးအသေးစိတ်ကို ဖော်ပြ၍မရပါ။) စောဇသ---သည် အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့ မနက် (၅)နာရီဝန်းကျင်တွင် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၆၄)၊ ခမရ (၃၄၉)၊ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၀)နှင့် ခမရ (၂၆၄)၏အထူးကွန်မန်ဒိုတပ်ဖွဲ့မှ မြန်မာစစ်သားများ (၃၀၀) ခန့်သည် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ ထီးပူလူကျေးရွာအုပ်စုရှိ အဘ--- ကျေးရွာနှင့် အအ--- ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အဘ---ကျေးရွာနှင့်အအ---ကျေးရွာတို့သည် တစ်ရွာနှင့်တစ်ရွာအလွန် နီးကပ်ပြီး စမ်းချောင်းလေးတစ်ချောင်းသာ ခြားနားသည်။ မြန်မာစစ်တပ်သည် ရွာထဲမဝင်လာမီ မနက် (၄)နာရီဝန်းကျင် တွင် ၎င်းတို့သည် နီးစပ်ရာကျေးရွာများနှင့်အနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေပြီးဖြစ်သည်။

 

အအ---ကျေးရွာတွင် သေနတ်ပစ်ဖောက်သံကြားရသည့်အချိန်တွင် ရွာသားများအနေဖြင့် မြန်မာစစ်တပ်ရွာထဲကိုဝင် ရောက်လာပြီးဖြစ်ကြောင်း နားလည်သိရှိသွားသည်။ ထို့ကြောင့် ရွာသားများအားလုံးသည် ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ရန်ကြိုးစားခဲ့ကြသည်။ တစ်ချို့ရွာသားများသည် မြန်မာစစ်တပ်လက်အောက်မှ ထွက်ပြေး ထွတ်မြောက်ခဲ့သော် လည်း အခြားရွာသားများမှာမူ ဖမ်းဆီးခံခဲ့ရသည်။ အအ---ကျေးရွာမှ ရွာသားများ (၃၀၀) ကျော် ဖမ်းဆီးခံခဲ့ရသည်။ ဤအကြောင်းနှင့်ပတ်သက်၍ အအ--- ကျေးရွာမှ ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇဧ---က ယခုလိုပြောပြသည်။ “မနက် (၅)နာရီခွဲ၊ (၆) နာရီလောက်မှာ ကျွန်တော်မျက်နှာထသစ်တဲ့အ ချိန်မှာ ကျွန်တော့်မိန်းမရဲ့အဒေါ်က ကျွန်တော့် ကိုလှမ်းပြောတယ်။ ‘သား…အလုပ်သမားတွေကိုသယ်ဆောင် လာတဲ့ဦးဇက---ရဲ့ကားလေ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) က ရပ်ခိုင်းတယ်တဲ့။’ ‘သူတို့က ကားကို ဘာဖြစ်လို့ရပ်ခိုင်းတာလဲ။ PDF တွေက ကားကို ဘာကြောင့် ရပ်ခိုင်းရတာလဲ။’ ဟု ကျွန်တော်ပြန်မေးလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်သွားတိုက်နေရင်း တစ်ချက်သွားကြည့်လိုက် တယ်။ ကျွန်တော်သိရှိသွားတာက သူတို့က PDF တွေမဟုတ်ဘူး။ သူတို့ယူနီဖောင်းက မြန်မာစစ်တပ်ကပဲ။ အဲဒါကြောင့် ကျွန်တော်မျက်နှာကမန်းက တန်းသစ်ပြီးတာနဲ့ ဖုန်းကိုခါးမှာထားပြီး ဆိုင်ကယ်ယူပြီးထွက်လာခဲ့တယ်။ ကျွန်တော်အိမ် ကနေထွက်လာပြီး လမ်းမှာ မြန်မာစစ်တပ်နဲပက်ပင်တိုးတာပဲ။ သူတို့ထဲက တစ်ယောက်ဒီလိုပြောတယ်။ ‘အရှေ့ကို မောင်းလာခဲ့။ ထွက်ပြေးဖို့မကြိုးစားနဲ့။ ငါပစ်သတ်လိုက်မယ်။’ အရှေ့ဖက်ကိုရောက်တဲ့အချိန်မှာ စစ်သားတစ်ဦးက ကျွန်တော့်ကို ရပ်ခိုင်းလိုက်ပြီး ဒီလိုပြောတယ်။ ‘ဆိုင်ကယ်ကိုထားခဲ့လိုက်။’ အဲဒါကြောင့် ကျွန်တော်လည်း ဆိုင်ကယ်ကို ထားခဲ့လိုက်တယ်။ အဲဒီစစ်သားက ပြန်ပြောတယ်။ ‘သွား’။ သူက သေနတ်တစ်လက်နဲ့ ကျွန်တော့်နောက်မှာနေပြီး လိုက်လာတယ်။ အဲဒီကို (မြန်မာစစ်တပ်က ရွာသားများအား ဖမ်းဆီးထားသည့်နေရာ) ကျွန်တော်ရောက်တော့ အမျိုး သမီးတွေအားလုံးကိုထိုင်ခိုင်းတာတွေ့တယ်။ အမျိုးသားအားလုံးကတော့ သူတို့လက်တွေ ခေါင်းပေါ်တင်ပြီး မှောက် လျက်လှဲနေခိုင်းတာတွေ့တယ်။ သူတို့က ကျွန်တော့်ဖုန်းကို ခြင်းတစ်လုံးထဲမှာထည့်ခိုင်းပြီး မှောက်လျက်လဲနေခိုင်း တယ်။” ဖမ်းဆီးခံရသည့်ရွာသားများသည် မြန်မာစစ်တပ်နှင့်အတူ ရွာထဲတွင် ကျန်ရစ်ခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ် က ထွက်ပြေးရန်ကြိုးစားပါက ထွက်ပြေးသူ၏မိသားစုဝင်အားလုံးကို သတ်ပစ်မည်ဟု ရွာသားများအား ခြိမ်းခြောက်ခဲ့ သည်။

 

တစ်ချို့ရွာသားများသည် အအ--- ကျေးရွာဘုန်းကြီးကျောင်းသို့ ထွက်ပြေးပုန်းရှောင်ခဲ့သည်။ တစ်စုံတစ်ခုဖြစ် လာပြီးဆို လျှင် အအ--- ရွာသားများသည် ဘုန်းကြီးကျောင်းသို့ထွက်ပြေးပုန်းရှောင်လေ့ရှိသည်။ တိုက်ပွဲဖြစ်ပွားခဲ့မည်ပင်လျှင် ဘုန်းကြီးကျောင်းအား ပစ်ခတ်တိုက်ခိုက်မည်မဟုတ်ဟု ရွာသားများက ထင်မြင်ကြသည့်အတွက် ဘုန်းကြီးကျောင်းတွင် ဝင်ရောက်ပုန်းရှောင်ကြခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ဘုန်းကြီးကျောင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ဤဖြစ်စဉ်ကို ဦးဇဧ---က ယခုလိုပြောသည်။ “(ကျွန်တော် မှောက်လျက်လှဲနေတဲ့အချိန်မှာ) မြန်မာစစ်သားတွေ စကားပြောစက်ထဲမှာ ပြောနေတာကြားလိုက်တယ်။ ‘အပြာရောင်အဆောက်အဦးကို ပစ်လိုက်။ ဘုန်းကြီးကျောင်းကိုပစ်လိုက်။’” ရွာသားများ၏ပြောပြချက်များအရ မြန်မာစစ်တပ်အနေဖြင့် ဘုန်းကြီးကျောင်းတွင် PDF စစ်သားများရှိနေသည်ဟုထင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘုန်းကြီးကျောင်းတွင် ရွာသား များသာ ရှိနေခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ရွာသားများ (၂၆) ဦးထိမှန်သေဆုံးခဲ့ပြီး အခြားရွာသားအများ အပြားလည်း ဒဏ်ရာရရှိခဲ့သည်။ (KHRG အနေဖြင့် ရွာသားများဘယ်နှစ်ဦးဒဏ်ရာရရှိခဲ့သည်ကို အတိအကျအတည် ပြု၍မရနိုင်ခဲ့ပါ။) ထို့အပြင် မြန်မာစစ်တပ်က ရွာသား (၂)ဦးလည်း သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။ ထို့ကြောင့် အအ--- ကျေးရွာတွင် စုစုပေါင်းရွာသား (၂၈) ဦးသေဆုံးခဲ့သည်။ ထိုမျှမကပဲ ခမရ (၂၆၄) တပ်စခန်းတွင်ရှိသော မြန်မာစစ်သား များသည် လက်နက် ကြီးများပစ်ခတ်၍ ရွာသားအချို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့သည်။

 

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ကျေးရွာခေါင်းဆောင် ဦးဇဧ---နှင့်အဖမ်းခံရသည့်တစ်ချို့ရွာသားများသည် အအ--- ကျေးရွာတွင်သေဆုံးသွားသည့်ရွာသားများ၏အလောင်းများကို အအ---သင်္ချိုင်းကုန်းတွင် မြှုပ်နှံပေးခဲ့သည်။ ဤအ ကြောင်းကို ဦးဇဧ--- က ယခုလိုပြောပြသည်။ “(ကျွန်တော်က မြန်မာစစ်တပ်က အရာရှိတစ်ဦးကို မေးခဲ့တယ်။) ကျွန် တော်ဒီအလောင်းတွေကိုသယ်ယူသွားမယ်နော်, အဘ။ (သူကပြန်ဖြေတယ်။) ‘လုပ်လိုက်ကွာ၊ လုပ်လိုက်။’ သူတို့ဆီက နေခွင့်တောင်းပြီးနောက်မှာ ကားနှစ်စီးနဲ့သွားပြီး ဘုန်းကြီးကျောင်းထဲမှာ စုစုပေါင်းအလောင်း (၂၆)လောင်းကို လိုက် ကောက်ခဲ့တယ်။ (…) ပထမအကြိမ်လိုက်ကောက်တဲ့အချိန်မှာ အလောင်းတွေကို သင်္ချိုင်းကုန်းမှာ သယ်ယူသွားပြီး အဲဒီမှာထားတယ်။ ပြီးတော့ ကားကိုပြန်လှည့်လာတယ်။ ကားတစ်စီးက ဘုန်းကြီးကျောင်းမှာရှိတဲ့အလောင်းအားလုံးကို သယ်သွားခဲ့ရတယ်။ အခြားကားတစ်စီးနဲ့ ကျွန်တော်တို့တွေ ရွာထဲမှာလိုက်ပတ်မောင်းပြီး တစ်ခြားအလောင်းတွေကို လိုက်ရှာကြည့်တယ်။ လမ်းမပေါ်မှာ အလောင်းတွေကို ထပ်တွေ့တယ်။ ဒါပေမဲ့ သူတို့က (မြန်မာစစ်တပ်) လမ်းပေါ်မှာ အလောင်းလိုက်ရှာတာကို သူတို့ခွင့်မပြုဘူး။ အဲဒါကြောင့် ကျေးရွာအနီးတစ်ဝိုက်မှာ အလောင်းတွေကိုလိုက်ရှာပြီး ကောက်ယူလာတယ်။ (…) အလောင်းနှစ်လောင်းထပ်တွေ့ရတယ်။ (ထိုအလောင်းနှစ်လောင်းသည် စောဇဃ---နှင့်ဦးဇဂ---တို့အလောင်းဖြစ်ပြီး မြန်မာ စစ်တပ်က ၎င်းတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်သည်။)”

 

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ည (၁၁) နာရီခန့်တွင် အအ---ကျေးရွာတွင်ရှိသည့်မြန်မာစစ်တပ်နှင့် PDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ (KNLA သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ် သည်။) ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့ မနက် (၁) နာရီ၊ (၂)နာရီဝန်းကျင်တွင် အအ--- ကျေးရွာတွင် အဖမ်းခံရ သည့်ရွာသားများသည် စတင်ထွက်ပြေးပြီး မြန်မာစစ်တပ်လက်အောက်မှ လွတ်မြောက်လာခဲ့သည်။ မြန်မာစစ်တပ် သည် အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုမီ အအ--- ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများအားလုံးကို သိမ်းယူခဲ့သည်။

 

အဘ--- ကျေးရွာတွင် အိမ်ခြေပေါင်း (၂၄၀)ရှိပြီး ရွာသားများ (၁၃၀၀) ဦးခန့်ရှိသည်။ မြန်မာစစ်တပ်သည် အဘ---ကျေးရွာတွင်းသို့ ဝင်ရောက်လာသည့်အချိန်တွင် ရွာသားများအားလုံးသည် ကြောက်ရွံ့ကြပြီး ထွက်ပြေးခဲ့ကြသည်။ ရွာသားများသည် နီးစပ်ရာမြို့များနှင့်ကျေးရွာများသို့ ထွက်ပြေးကြသည်။ တစ်ချို့ရွာသားများသည် အအ--- ကျေးရွာသို့ ထွက်ပြေးကြသည်။ တစ်ချို့ရွာသားများသည် မြန်မာစစ်တပ်လက်အောက်မှ လွတ်မြောက်ခဲ့ကြသည်။ သို့သော်လည်း မြန်မာစစ်တပ်က အဘ--- ရွာသားများ (၁၅၀) ကျော်ကို ဖမ်းဆီးရမိခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ထီးပူလူ ကျေးရွာအုပ်စု၏ခေါင်းဆောင်တစ်ဦးဖြစ်သူ စောဇသ---က ဤသို့ပြော ပြသည်။ “အဲဒီနေ့မှာ ကျွန်တော်လည်း ထွက် ပြေးခဲ့တယ်။ ပြည်သူတွေက (အဘ--- ရွာသားများ) အအ--- ကျေးရွာဆီကို ထွက်ပြေးကြတယ်။ ကျွန်တော့်အိမ်က လမ်းမကြီးဘေးနားမှာရှိတယ်။ အဲဒါကြောင့် ကျွန်တော်က လမ်းမပေါ်ကိုသွားပြီး သူတို့ကိုဒီလိုပြောပြတယ်။ ‘အဲဒီဖက်ကို မပြေးနဲ့။ တောင်ကုန်းဆီကို သွားပြေးကြပါ။ အခြားရွာကိုသွားပြေးကြပါ။ အအ--- ရွာကို မပြေးနဲ့။ အအ--- ရွာက မြန်မာစစ်တပ်က ဝိုင်းထားလိုက်ပြီး။ မင်းတို့သွားလို့မဖြစ်ဘူး။’ အဲဒီလိုပြောပြနေတဲ့အချိန်မှာ မြန်မာစစ်တပ်က ကျွန်တော့်အိမ်အနီးမှာရှိတဲ့စာသင် ကျောင်းထဲကို ရောက်ရှိလာပြီးလေ။ အဲဒါကြောင့် ကျွန်တော်လည်း ထွက်ပြေးခဲ့ ရတယ်။”

 

ရွာသားများသည် ထွက်ပြေးရန်ကြိုးစားနေသည့်အချိန်တွင် မြန်မာစစ်တပ်က ၎င်းတို့အား လိုက်လံပစ်ခတ်ခဲ့ပြီး ရွာသား (၅)ဦးထိမှန်သေဆုံး၍ (၈)ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ အဘ--- ကျေးရွာထဲတွင် ရွာသား (၃)ဦးအပစ်သတ်ခံခဲ့ရသည်။ ၎င်းတို့၏နာမည်မှာ စောဇဆ---၊ စောဇဒ---နှင့်ဇဘ---တို့ဖြစ်ကြသည်။ အအ---ကျေးရွာထဲတွင် ရွာသား (၂)ဦးပစ်သတ် ခံခဲ့ရသည်။ ၎င်းတို့၏နာမည်မှာ စောဇဃ---နှင့်ဦးဇဂ---တို့ဖြစ်သည်။ ဤအကြောင်းကို စောဇသ---က ယခုလိုဆက် ပြောပြသည်။ “မြန်မာစစ်တပ်က သူတို့ကို ခေါ်တယ်။ ဒါပေမဲ့ သူတို့ကထွက်ပြေးဖို့ကြိုးစားတယ်။ အဲဒါကြောင့် မြန်မာ စစ်သားတွေက သူတို့ကိုအသေပစ်သတ်ခဲ့တာ။” မြန်မာစစ်တပ်သည် ဒဏ်ရာရရှိသည့်ရွာသားအချို့ကို (ပဲခူးတိုင်းဒေ သရှိ) အဒ---မြို့နှင့် (ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရှိ) အဃ---မြို့သို့ ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသည့် ရွာသားများသည် မြန်မာစစ်တပ်နှင့်အတူ ကျေးရွာထဲတွင်ကျန်ရစ်ခဲ့သည်။ အဘ---ရွာသားများသည် ဖမ်းဆီခံရခြင်းမှ လွတ်မြောက်ရန်အတွက် မြန်မာစစ်တပ်အား ၎င်းတို့ပိုင်ဆိုင်မှုပစ္စည်းများကို ပေးခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့်အဘ--- ရွာသားများအားလုံးလွတ်မြောက်လာခဲ့သည်။ သို့သော်လည်း ၂၀၂၆ ခုနှစ်၊ ဇွန်လ အတွင်းတွင် မြန်မာစစ်တပ်သည် အဘ--- ကျေးရွာထဲတွင် သွားလာလှုပ်ရှားနေလျက်ရှိသေးသည်။

 

မြန်မာစစ်တပ်သည် ကျေးရွာထဲတွင် PDF စစ်သားများရှိနေသည်ဟုထင်၍ ရွာထဲတွင် ဝင်ရောက်လာခဲ့ကြောင်း ရွာသား များက ယူဆကြသည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ကျေးရွာထဲတွင် ဝင်ရောက်လာသည့်အချိန်တွင် ရွာသား များကို ပစ်သတ်ကြသည်။ ထို့အပြင် ၎င်းတို့မှ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုကို ပြုလုပ်၍ ရွာသား အများ အပြားသေဆုံးရခြင်းရှိသလို ဒဏ်ရာရရှိခြင်းလည်းရှိခဲ့သည်။ ကျန်ရှိနေသော ဒဏ်ရာရရှိသည့်ရွာသားများကို အခြားရွာသားများက ၎င်းတို့အား အဂ--- ဆေးခန်း၊ အဟ--- ဆေးခန်း၊ အဧ--- ဆေးခန်းနှင့် အသ--- ဆေးခန်းများသို့ ပို့ဆောင်ပေးခဲ့သည်။ အဂ--- ဆေးခန်းသည် လယ်ဒိုမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စုတွင် တည်ရှိသည်။ အဟ--- ဆေး ခန်းသည် လယ်ဒိုမြို့နယ်၊ လောမူသောကျေးရွာအုပ်စုတွင် တည်ရှိသည်။ အဧ---ဆေးခန်းသည် ဆောထိ (ရွှေကျင်) မြို့ နယ်၊ လယ်ဝါးကျေးရွာအုပ်စုတွင် တည်ရှိသည်။ အသ---ဆေးခန်းသည် လယ်ဒိုမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စုတွင် တည်ရှိသည်။ ဤဆေးခန်းများအားလုံးသည် KDHW (ကရင်ကျန်းမာရေးနှင့်လူမှုဖူလှုံရေးဌာန) မှ စီမံအုပ်ချုပ်သော ဆေးခန်းများဖြစ်ကြသည်။ ဒဏ်ရာရရှိသည့်ရွာသားအချို့ကိုလည်း မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ရယ်မူ ပလောကျေးရွာအုပ်စုရှိ အမ--- နေရာတွင်ရှိသော အက--- ဆေးခန်းသို့ပို့ဆောင်ပေးခဲ့သည်။ အက--- ဆေးခန်းကို အဧ--- ဆေးခန်းဟု လည်း ခေါ်ဝေါ်ကြသည်။ ဤဆေးခန်းကို Earth Mission အဖွဲ့က စီမံခန့်ခွဲပြီး Stronghold Rescue & Relief အဖွဲ့က လူနာတင်ယဉ်များဖြင့် ကူညီပို့ဆောင်ပေးကြသည်။ ဒဏ်ရာရရှိသည့်ရွာသားများအနေဖြင့် ဆေးကုသမှု ကုန်ကျစရိတ်အား ပေးဆောင်စရာမလိုပါ။

 

မြန်မာစစ်တပ်သည် အအ--- ကျေးရွာနှင့်အဘ--- ကျေးရွာထဲတွင် မြေမြှုပ်မိုင်းများထောင်ထားခဲ့ပြီး ရွာသားများ၏ ပိုင်ဆိုင်မှုပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။ ထို့အပြင် ၎င်းတို့သိမ်းယူထားသောပစ္စည်းများကို သယ်ယူ ပို့ဆောင် ပေးရန် ရွာသားများအားခိုင်းစေခဲ့ပြီး ရွာသားများ၏တိရိစ္ဆာန်များကိုလည်း ပစ်သတ်စားသောက်ခဲ့သည်။ ထိုမျှမကပဲ မြန်မာစစ်တပ်သည် အဘ---ကျေးရွာရှိ လူနေအိမ် (၅)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဤသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ပြီးနောက်တွင် ထီးပူလူကျေးရွာအုပ်စုရှိ ရွာသားများအားလုံးနီးပါးသည် လယ်ဒိုမြို့နယ်အတွင်းရှိ အဃ---မြို့၊ ကျွန်းကြီးကျေးရွာအုပ်စုရှိ အဂ---ရွာ၊ ကညင်ကျွန်းကျေးရွာအုပ်စုရှိ အန---ရွာနှင့် ငါးဖယ်အင်းကျေးရွာအုပ်စုရှိ အသ---ရွာအစရှိသော နီးစပ်ရာမြို့နှင့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်၍ ၎င်းတို့ဆွေမျိုးသားချင်းများအိမ်တွင် နေထိုင်ခို လှုံကြသည်။ ထွက်ပြေးတိမ်းရှောင်သည့်ရွာသားများအ ကြားတွင် အဘ---နှင့်အအ--- ကျေးရွာများမှ ရွာသားများသည် မည်သည့်ပစ္စည်းမှ ယူဆောင်သွားနိုင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ၎င်းတို့သည် (ထီးပူလူကျေးရွာအုပ်စုရှိ) အဝ--- ကျေးရွာ၊ အဆ--- ကျေးရွာနှင့်အပ--- ကျေးရွာတို့မှ ထွက်ပြေးလာကြသည့်ရွာသားများထက် ပို၍ဒုက္ခများနှင့်ကြုံတွေ့နေရသည်။ (အခြားရွာသားများသည် ထွက်ပြေးတိမ်းရှောင်ခြင်းမပြုမီ လိုအပ်သည့်ပစ္စည်းများကို အချိန်မှီပြင်ဆင်ထုပ်ပိုးခွင့်ရှိခဲ့ ခြင်းဖြစ်သည်။) အဂ--- ကျေးရွာတွင်ရှိသည့် စစ်ဘေးရှောင်ရွာသားများသည် ဒေသခံကယ်ဆယ်ရေးအဖွဲ့၊ ခလယ်လွီထူ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် PDF တို့ထံမှပေးသော ငွေကြေးထောက်ပံ့မှုကို လက်ခံရရှိခဲ့သည်။ တစ်ချို့သောစစ်ဘေးရှောင် ရွာသားများသည် ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) နှင့် Free Burma Rangers (FBR) အဖွဲ့များထံမှပေးသော ကူညီထောက်ပံ့မှုကိုလက်ခံရရှိကြသည်။ သို့သော်လည်း ထိုကူညီထောက်ပံ့မှုများသည် ရွာသားများ၏စားဝတ်နေရေးအတွက် လုံလောက်မှုမရှိပါ။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အသတ်ခံရသည့်ရွာသား၏ဖခင်ဖြစ်သူ စောဇဟ---၊ အအ--- ကျေးရွာခေါင်းဆောင် ဦးဇဧ---နှင့်ထီးပူလူကျေးရွာအုပ်စု ခေါင်းဆောင် ဦးဇသ--- တို့သည် ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက် ပေးထားပါသည်။

Fri, 03 Jul 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော ခလယ်လွီထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၆) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #26-90-I1၊ #26-90-A1-I1၊ #26-90-A2-I1 ၊ #26-90-A3-I1 ၊ #26-90-A4-I1 နှင့် #26-90-M1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်