ဤအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ မြန်မာပြည်သူလူထု၏ လူအ ခွင့်အရေးများအား ဇွဲသတ္တိရှိရှိ ကာကွယ်စောင့်ရှောက်ပေးနေသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် တညီတညွတ်တည်း ရပ်တည်လျက်ရှိပြီး လူအခွင့်အရေး ကာကွယ်မြှင့်တင် ရေးအပေါ် မယိမ်းယိုင်သော ကြိုးပမ်းဆောင်ရွက်မှုများပြုမည်ဟု ကတိကဝတ်များအား ထပ်မံအတည်ပြုလိုပါ သည်။ တစ်ချိန်တည်းတွင် KHRG မှ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ၊ ချိုးဖောက်မှု များနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်များကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားလာသော လူ့အခွင့်အရေး အခြေအနေများ အား နိုင်ငံတကာမှ အာရုံစိုက်စေလိုပါသည်။ ယခုနှစ် လူ့အခွင့်အရေးနေ့၏ ဆောင်ပုဒ်မှာ " ကျွန်ုပ်တို့အနာဂတ် ကျွန်ုပ်တို့အခွင့်အရေး ချက်ချင်းရပ်တည်ကာကွယ်ပေး" ဖြစ်ပြီး KHRG မှ နိုင်ငံတကာအသိုင်းအဝိုင်းအား အရပ်သား များအပေါ် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား အဆုံးသတ်ရန်၊ လူ့အ ခွင့်အရေးနှင့် မြန်မာပြည်သူများ၏ အနာဂတ်အား ကာကွယ်ရန် တောင်းဆိုလိုပါသည်။

စစ်အာဏာရှင် အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် လူ့အခွင့်အရေးအခြေအနေသည် ပို၍ ဆိုးရွားလာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) သည် 'ဖြတ်လေးဖြတ်' ဗျူဟာအပါအ ဝင် ယခင်စစ်အစိုးရများလက်ထက်ကဲ့သို့ နည်းဗျူဟာများကို အသုံးပြုကာ နိုင်ငံအနှံ့တွင် အကြမ်းဖက်မှုများ ပျံ့နှံ့ စေခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာစစ်တပ်သည် အရပ်သားများအား လက်နက်ကိုင် တိုက်ခိုက်ခြင်း၊ တရားလက် လွတ် သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအ ကြပ် ပျောက်ဆုံးစေခြင်းများကျူးလွန်ခြင်းဖြင့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဥပ ဒေများအား ဆက်လက်ချိုးဖောက်နေခဲ့သည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် အဓမ္မအစဖျောက် ခံရသူအချို့သည် ပေါ်တာများ၊ လမ်းပြများ၊ လူသားဒိုင်းများနှင့် တစ်ခါတစ်ရံတွင် လူသားမိုင်းရှင်းလင်းသူများအဖြစ် စစ်ကောင်စီမှ အသုံးပြုကြသည်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဆိုးရွားသည့်အကြမ်းဖက်မှုများ ခံစားကြရပါသည်။ ရွာများအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုများတွင် လေကြောင်းတိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုများ ပါဝင်ပါသည်။ ထို့ ကြောင့် ကရင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDP) ဦးရေ ခန့်မှန်းခြေ တစ်သန်းကျော် ရှိပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းနှင့်အတူ စစ်ကောင်စီ၏ ပြင်းထန်သော ကန့်သတ်ချက်များကြောင့် ရွှေ့ပြောင်းသွားလာမှု၊ ကုန်သွယ်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဆိုး ရွားလာစေကာ စစ်ဆေးရေးဂိတ်များတွင် စားသောက်ကုန်များနှင့် ဆေးဝါးပစ္စည်းများအား ဖျက်ဆီးမှုများနှင့် သိမ်း ဆည်းမှု များလည်းရှိပါသည်။ အဆိုပါလုပ်ရပ်များအတွက် ကျူးလွန်သူများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရရှိနေ ပါသည်။

စစ်ကောင်စီအပေါ် ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပျက်ကွက်ခဲ့ ခြင်း သည် အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြစ်ဒဏ်ကင်လွတ်ခွင့် အပြည့်အ၀ဖြင့် ဆက်လက် ကျူးလွန်နေစေခဲ့ပါတယ်။ မြန်မာပြည်တွင် အရေးကြီးသော လူ့အခွင့်အရေးအခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများအား ဖြေရှင်းရန်အတွက် ကျူးလွန်မှုများ၏ မူလဇစ်မြစ်ကို အသိအမှတ် ပြုရန် အရေးကြီးပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူလူထု၏ အသံကို နားထောင်ရန်နှင့် စစ် ခေါင်းဆောင်များအား ရပ်ပစ်ရန်နှင့် ၎င်းတို့ ဆက်လက်ကျူးလွန်နေသည့် ကျယ်ပြန့်သော ကျူးလွန်မှုများအတွက် တာ၀န်ယူမှုရှိစေရန် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူရန် ပြင်ဆင်ထားခြင်းမရှိပါက ပြည်သူများ၏ ဒုက္ခများ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ဤအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် KHRG မှ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက် သူများနှင့် နိုင်ငံခြားအစိုးရများအား အောက်ပါအတိုင်း တိုက်တွန်းအပ်ပါသည်။

  • မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းများအကြောင်းကို အရေးတကြီး အသိပညာပေးကာ ဤဆိုးရွားသော အခြေအနေ များကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းရုံးလှုံ့ဆော်ပါ။
  • မြန်မာစစ်တပ်သည် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၏ မူလဇစ်မြစ်ဖြစ်ပြီး မြန်မာပြည်တွင် အစုလိုက်အပြုံလိုက်နေရပ်စွန့်ခွာရသည့် အ ကြောင်းရင်းဖြစ်ကြောင်း အသိအမှတ်ပြုပါ။
  • အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေစေရန် ကူညီပေးသည့် စစ်တပ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် စစ်ကောင်စီနှင့် မည်သည့်ပုံစံဖြင့်မ ဆို ပူးပေါင်းဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ပါ။
  • စစ်ခေါင်းဆောင်များအား တရားစွဲရန် လက်ရှိ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအား ပံ့ပိုးကူညီရန် နှင့် ကရင်ပြည်နယ်တွင် ယခင်ကချိုးဖောက်ခဲ့သော ကျူးလွန်မှုများအပါအဝင် လက်ရှိကျူးလွန်နေသော များပြားလှသော ရာဇ၀တ်မှုများအတွက် မြန်မာစစ်တပ်အား တာဝန်ခံမှု ရှိစေနိုင်မည့် နောက်ထပ်အခွင့်အ ရေးများကို ရှာဖွေပါ။
  • ပြည်တွင်း လူထုအခြေပြုအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CBOs/CSO) များနှင့် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများအား၎င်းတို့၏ ပြည်တွင်း လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင် ရေးအတွက် ထောက်ပံ့ပေးရန်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီပါ။
  • ဒေသတွင်း CSO/CBO များနှင့် တိုင်းရင်းသား ဝန်ဆောင်မှုပေးသူများအပေါ် အခြေခံသော အရေးပေါ်ကယ် ဆယ်ရေးနှင့် ဝန်ဆောင်မှုပေးသည့်နည်းလမ်းများကို ဦးစားပေးပြီး အားကောင်းအောင် လုပ်ဆောင်ပါ။
  • ပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမှ လွတ်မြောက်လာသူများအား လုံလောက်သည့် ပံ့ပိုးမှုပေး သည့်နည်းလမ်းများ ဖော်ဆောင်ရန်အတွက် ဒေသတွင်း CBO/CSO များနှင့် ပူးပေါင်းလုပ်ဆောင်ပါ။

 

 

ဆက်သွယ်ရန်

‌စောနန္ဒဆူး - hsue@khrg.org
နော်ဖောလား - nawpawlah@khrg.org

Tue, 10 Dec 2024

ဖးအါထီၣ်တၢ်ဂ့ၢ်ဘၣ်ထွဲတဖၣ်

Pages