Wed, 28 Feb 2024
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - နို့တကော (ကြာအင်းဆိပ် ကြီး) မြို့နယ်တွင် SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာ သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်း သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ရွာသားတစ်ဦး၏အိမ် အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦးဖြစ်သူ အသက် (၂၀) အရွယ်ရှိသော စောဘ---အား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့် စောဘ---သည် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ သုံးဆယ့်သုံးဆူကျေးရွာ အုပ်စုရှိ သုံးဆယ့်သုံးဆူဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည်။ ထိုဒေသအတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး စာသင်ကျောင်းလည်း ပိတ်ခဲ့ရ သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု) SAC မှ လက်နက်ကြီးပစ်ခတ်ရာ ရွာသားတစ်ဦးဒဏ် ရာရရှိ

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ အ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဘ---

အသက်

၂၀ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

အိမ်ထောင် ရှိ/မရှိ   

အိမ်ထောင်မရှိ

အလုပ်အကိုင်

စိုက်ပျိုးခြံ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

တပ်ရင်းမှူး

SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃)

သုံးတိုင်တပ်စခန်း

အောင်နိုင်လင်း

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၇)မှ နယ်မြေခံတပ်သား တစ်ဦးနှင့် ဒေသခံခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူတို့မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦးအား အသိပေးအ ကြောင်းကြားခဲ့သည်။ ထို့နောက် သတင်းအချက်အလက်များရယူရန်အတွက် KHRG ကွင်းဆင်းလုပ်သားသည် လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူရွာသားတစ်ဦး၏ဖခင်အား သွားရောက်တွေ့ဆုံပြီး အင်တာဗျူးခဲ့ပါသည်။ 

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ အင်တာဗျူးခဲ့သောရွာသားသည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရွာသားတစ်ဦး၏ဖခင်ဖြစ်သည်။ (အင်တာဗျူးခဲ့သည့်ရွာသားသည် လက်နက်ကြီးပစ်ခတ်နေစဉ်အချိန်၌ ရွာထဲတွင် ရှိနေခဲ့ပြီး အခင်းဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူဖြစ်သည်။) 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့၌ ဒူးပလာယာခရိုင်၊ ဆိပ်ကြီးမြို့တွင် ကော်သူးလေတပ်မတော် (KTLA) နှင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် သုံးတိုင်တပ်စခန်းတွင် အခြေစိုက်သော SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃) သည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကော ကျေးရွာအုပ်စု၊ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ခလရ (၂၈၃) ၏တပ်ရင်းမှူးသည် အောင်နိုင်လင်းဖြစ်သည်။ မနက် (၈)နာရီဝန်းကျင်တွင် SAC ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံးသည် ရွာသား တစ်ဦးဖြစ်သူ စောဘ---၏အိမ်အနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သူ၏ညာဖက်ဒူးခေါင်းအား လက်နက်ကြီးအစ အနထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ စောဘ---၏ဖခင်ဖြစ်သူ စောစ---မှ ဤသို့ရှင်းပြခဲ့သည်။ “လက်နက်ကြီးပစ်ခတ်တဲ့အချိန်မှာ အိမ်ထဲမှာ လူလေးယောက်ရှိတယ်။ ပြောရရင် ကျွန်တော့်သားနှစ်ယောက်ရယ်၊ ကျွန်တော့်ရဲ့ညီလေးတစ်ယောက်ရယ်၊ ပြီးတော့ ကျွန်တော်ရယ် အတူတူအိမ်ထဲမှာရှိနေခဲ့တယ်။ ကျွန်တော့်မှာ သားနှစ် ဦးရှိတယ်။ စောဘ---ကတော့ ကျွန်တော့်သားကြီးပေါ့။ သူ့ကို လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်။ သူ့ရဲ့ ညာဖက်ဒူးခေါင်းမှာ ဒဏ်ရာရခဲ့တယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ ကျွန်တော်ဘာလုပ်ရမလဲမသိဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ရွာထဲကိုပြေးပြီး ဒေသခံခေါင်းဆောင်ဟောင်းတစ်ဦးမှာ (အမည်မဖော်ပြပါ) အကူအညီသွားတောင်းခဲ့ တယ်။ သူလည်း နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ န---ကျေးရွာမှာရှိတဲ့ (ဒ---ဆေးခန်း) ဆေးခန်းကို ဆက် သွယ်ပြီး ကျွန်တော့်သားကို ဆေးခန်းသွားပို့ဖို့ ကားတစ်စီးစီစဉ်ပေးခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီဆေးခန်းက ကျွန်တော့် သားရရှိတဲ့ဒဏ်ရာကို မကုသပေးနိုင်ဘူး။ (ထိုဆေးခန်းသည် ပြင်းထန်သည့်ဒဏ်ရာကို ကုသပေးရန်အတွက် လိုအပ် သည့်ဆေးဝါးပစ္စည်းများမရှိခြင်းနှင့် ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ အားနည်းခြင်းကြောင့်ဖြစ်သည်။)” ထို့ကြောင့် ထိုဆေးခန်းရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကရုတူး (ကျုံဒိုး) မြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ဖ--- ကျေးရွာ ရှိဆေးခန်းကို ဆက်သွယ်ပေးခဲ့သည်။ (ကရင်ကျန်းမာရေးနှင့်လူမှုဖူလုံရေးဌာန - KDHW မှ ဖ---ဆေးခန်းကိုစီမံခန့်ခွဲ သည်။) အဆိုပါ ဖ---ဆေးခန်းသည်လည်း စောဘ---၏ဒဏ်ရာအား မကုသပေးနိုင်ခဲ့ပါ။ (အကြောင်းမှာ ပြင်းထန်သည့် ဒဏ်ရာကို ကုသပေးရန်အတွက် လိုအပ်သည့်ဆေးဝါးပစ္စည်းများမရှိခြင်းနှင့် ဆေးပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ အားနည်းခြင်းကြောင့်ဖြစ်သည်။) ထို့နောက် ဖ---ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် ကော်တရီမြို့နယ်၊  သုံးဆယ့်သုံးဆူ ကျေးရွာအုပ်စုရှိ သုံးဆယ့်သုံးဆူဆေးရုံအား ဆက်သွယ်ပေးခဲ့ပြီးနောက်တွင် စောဘ---၏ဖခင်က စောဘ---အား သုံးဆယ့်သုံးဆူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ စောဘ---အတွက် ဆေးကုသမှုကုန်ကျစရိတ်နှင့် သွားလာပို့ဆောင်ရန် ကုန်ကျငွေအားလုံးသည် (၁၀)သိန်းခန့်ရှိသည်။

 

ယခုအချိန်တွင် စောဘ---၏ဒဏ်ရာသည် အနည်းငယ်သက်သာလာပြီးဖြစ်သော်လည်း ၎င်းဒဏ်ရာအား ဆေးထည့်ပေး ရန်အတွက် ကရုတူးမြို့နယ်ရှိ ဖ---ဆေးခန်းသို့ တစ်ပတ်တစ်ခါ သွားပြရန်လိုအပ်ပါသည်။ လက်နက်ကြီးပစ်ခတ်ခြင်း ကြောင့် စောဘ---၏အိမ်နှင့် ထော်လာဂျီတစ်စီးလည်း အနည်းငယ်ပျက်စီးခဲ့သည်။

 

 ယခင်နှစ်များက (၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍) SAC စစ်သားများသည် ဤဒေသအတွင်းရှိ နေရာတော်တော်များများတွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လေ့ရှိခဲ့သည်။ SAC မှ အ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ (၃)ကြိမ် ပစ်ခတ်ခဲ့ပြီးဖြစ်သည်။ လက်နက်ကြီးပစ်ခတ်ခဲ့သည့် (၃)ကြိမ် အနက် (၂)ကြိမ်တွင် ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ ယခင်က လက်နက်ကြီးများပစ်ခတ်ခဲ့သည့် အချိန်တွင်လည်း တစ်ချို့ သောရွာသားများသည် ၎င်းတို့ရွာမှထွက်ပြေးပြီး အခြားနေရာသို့တိမ်းရှောင်ရမှုများရှိခဲ့သည်။ SAC မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သည့်အချိန်တွင် ပုံမှန်အားဖြင့် ရွာသားများသည် ၎င်းတို့ကျေးရွာအနီးတစ်ဝိုက်တွင် ခေတ္တယာယီ ထွက်ပြေးတိမ်းရှောင်လေ့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုများရပ်တန့်သည့်အချိန်တွင် အဆိုပါ ရွာသားများ သည် ၎င်းတို့ရွာသို့ပြန်လာနေထိုင်လေ့ရှိသည်။ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့၌) ဤတစ်ကြိမ်တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရွာသားများအရေအတွက်သည် ယခင်ကထက် ပို၍များ သည်။ ထိုသို့လုံခြုံမှုမရှိသည့်အတွက်ကြောင့် ကျေးရွာရှိ စာသင်ကျောင်းလည်း ပိတ်ခဲ့ရသည်။ (၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၁၇ရက်နေ့အထိ) စာသင်ကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ရွာသားများအနေဖြင့် ဒေသအခြေအနေ ကို စောင့်ကြည့်နေဆဲဖြစ်သည်။  

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာကို ရေးသားဖြန့်ဝေရန်အတွက် စောဘ---နှင့်သူ၏ဖခင်တို့မှ KHRG အား ခွင့်ပြုချက်ပေး ထားပါသည်။ 

Wed, 28 Feb 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်