Tue, 19 Dec 2023
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - နို့တကော (ကြာအင်းဆိပ် ကြီး)မြို့နယ်တွင် SAC မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး (၂၀၂၃ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး)မြို့ နယ်တွင် ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြထားသည်။ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက် နို့တကောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သည်။ SAC စစ်သားများသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်လေ့ရှိပြီး ရွာသားများ၏နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် SAC စစ်သားများသည် စ---ကျေးရွာအတွင်းသို့ လက်နက်ကြီး များ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတစ်လုံးမှာ ရွာသားတစ်ဦး၏တဲအိမ်ဘေးတွင် ကျရောက်ပေါက်ကွဲသွား၍ ရွာသားတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် SAC သည် ဒေသခံရွာသားတစ်ဦးကို PDF နှင့် KNLA တို့နှင့်ဆက်နွယ်ပတ် သက်မှုရှိသည်ဟုစွပ်စွဲ၍ ထိုရွာသားအား ခြိမ်းခြောက်ပြီး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ စ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဆ---

အသက်

၄၄နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

လူပျိုလူလွတ်

အလုပ်အကိုင်

ရာဘာခြံ

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

-

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ စ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃)

နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ သုံးတိုင်ကျေးရွာ

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာများနှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် နို့တကောကျေးရွာအုပ်စုရှိ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဒ---ထံမှ လက်ခံရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်ဒေသတွင် နေထိုင်ကြသည့် ရွာသား များထံမှလည်း သတင်းရယူခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူသည် ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဒ---အား တွေ့ဆုံမေးမြန်းခဲ့သည်။ ထို့ပြင် စ---ကျေးရွာတွင် နေထိုင်ကြသည့်ရွာသားများကိုလည်း မေးမြန်း၍သတင်းရယူခဲ့သည်။ စ---ကျေးရွာသည် လက်နက်ကြီးထိမှန်၍သေဆုံးသွားသည့်ရွာသား၏ကျေးရွာဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) တပ်ဖွဲ့များနှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် SAC သည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာ

အုပ်စုအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤဖြစ်စဉ်တွင် ဒေသခံပြည်သူ များ သေဆုံးခြင်းမရှိ၍ လူနေအိမ်များနှင့်ပိုင်ဆိုင်မှုပစ္စည်းများလည်း ထိခိုက်ပျက်စီးခြင်းမရှိခဲ့ပေ။

 

၂၀၂၃ခုနှစ်၊ အစောပိုင်းကာလတွင် (အချိန်အတိအကျမသိရှိရ) အခြားဖြစ်စဉ်တစ်ခုတွင်လည်း SAC သည် ဒူးပလာယာ ခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ စ---ကျေးရွာရှိလမ်းမပေါ်သို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး ဒေသခံ ရွာသားတစ်ဦးပိုင်ဆိုင်သည့်နွားတစ်ကောင် သေဆုံးခဲ့ရသည်။ လက်နက်ကြီးများပစ်ခတ်ပြီးနောက် SAC စစ်သားများ သည် စ---ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး နွားပိုင်ရှင်ဖြစ်သူ စောလ---အား ခြိမ်းခြောက်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ သည်။ SAC စစ်သားများအနေဖြင့် စောလ---ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ် (PDF)တို့နှင့် ဆက်နွယ်ပတ်သက်မှုရှိသည်ဟုစွပ်စွဲ၍ ၎င်းအား ခြိမ်းခြောက်ပြီးညှဉ်းပန်းနှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် SAC စစ်သားများသည် စောလ---၏ပိုင်ဆိုင်မှုပစ္စည်းအချို့ကိုလည်း ဖျက်ဆီးခဲ့သည်။

 

၂၀၂၃ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့ ညနေ (၆)နာရီအချိန်တွင် KNLA တပ်ရင်းအမှတ် (၁၇)၊ တပ်ခွဲအမှတ် (၂)နှင့် PDF တပ်ဖွဲ့ များသည် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နို့တကောကျေးရွာအုပ်စု၊ သုံးတိုင်ကျေးရွာအနီးတွင် အခြေချသော  SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၈၃) အား ဒရုန်းဖြင့်လက်နက်ကြီးများပစ်ချ၍ တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် SAC သည်  စ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။ တစ်ချို့ရွာ သားများသည် ကတုတ်ကျင်းများထဲတွင်ဝင်ပုန်းခဲ့ရသည်။ SAC သည် ည (၁၁)အထိ ကျေးရွာအတွင်းသို့ လက်နက်ကြီး များဆက်လက်ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့သည်။ လူနေအိမ်တစ်လုံးမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အခြားလူနေအိမ်နှစ်လုံးမှာ အနည်းငယ်ပျက်စီးခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍ စ---ကျေးရွာရှိ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဒ---မှ ဤသို့ရှင်းပြခဲ့သည်။ “၂၀၂၃ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ SAC စစ်သားတွေက ကျွန်တော်တို့ရွာကို (စ---ကျေးရွာ) လက်နက်ကြီးတွေပစ်ခတ်ခဲ့တယ်။ လက်နက် ကြီး (၄)လုံးက ရွာထဲကိုကျသွားတယ်။ လက်နက်ကြီးတစ်လုံးကတော့ ရွာသားတစ်ဦးရဲ့အိမ်ပေါ်ကိုကျတယ်။ ဒါပေမဲ့ ဘယ်သူမှထိခိုက်ဒဏ် ရာရတာတွေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပိုင်ရှင်ကအိမ်မှာမရှိဘူးလေ။ အိမ်ပိုင်ရှင်က သူ့အိမ်မှာရှိနေမယ်ဆိုရင် သူသေသွားနိုင်တယ်။ အခြားလက်နက်ကြီးတစ်လုံးကတော့ ရွာထဲမှာရှိတဲ့လမ်းပေါ်ကို ကျသွားတယ်။ လက်နက်ကြီးကျသွားတဲ့လမ်းဘေးနားမှာ လူနေအိမ်တွေရှိတယ်။ အဲဒါကြောင့် လက်နက်ကြီးအစအနေ တွေက အဲဒီအိမ်တွေကိုထိမှန်ပြီး ပျက်စီးသွားတယ်။ ဥပမာဆိုရင် မှန်တွေ၊ နံရံတွေနဲ့အိမ်ခေါင်မိုးတွေ ပျက်စီးသွားတာ ပေါ့။” 

 

 

နောက်တဖန် ၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့ ည (၈)နာရီခန့်တွင် SAC စစ်သားများသည် စ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြန်ပြီး အသက် (၄၄)နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဆ---အား ထိမှန်၍ သေဆုံးသွား ခဲ့သည်။ စောဆ---သည် ၎င်းအိမ်အပြင်ဘက်ရှိ ပုခက်ထဲတွင်လဲလျောင်းနေစဉ်အတွင်း ၎င်းအား လက်နက်ကြီးအစများ ထိမှန်ပြီး ဦးခေါင်းနှင့်လက်မှာဒဏ်ရာများ ဆိုးဆိုးရွားရွားရရှိခဲ့သည်။ ထိုအချိန်တွင် စောဆ---မှ ဒဏ်ရာများရရှိနေသည် ကို အခြားရွာသားများမသိရှိခဲ့ရပါ။ သို့သော်လည်း နောက်နေ့မနက်တွင် ရွာသားတစ်ဦးသည် စောဆ---၏အလောင်းကို တွေ့ရှိခဲ့သည်။ စောဆ---သည် လက်နက်ကြီးထိမှန်ပြီး ချက်ချင်းသေဆုံးသွားပုံရသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ စောဒ---မှ ဤသို့ရှင်းပြခဲ့သည်။ “၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့မှာ SAC တွေက လက်နက်ကြီးတွေပစ်ချတယ်။ လက်နက်ကြီးတွေက စ---ရွာနဲ့မ---ရွာကြားမှာ ကျသွားတယ်။ ဒီလက်နက်ကြီးပစ်ခတ်မှု မှာ ရွာသားတစ်ဦးကို လက်နက်ကြီးအစထိမှန်ပြီးတော့ သေဆုံးသွားခဲ့တယ်။ လက်နက်ကြီးအစတွေက သူ့ရဲ့ခေါင်းနဲ့ လက်တွေကိုထိတယ်။ အဲဒါကြောင့် သူလည်း ပွဲချင်းပြီးသေသွားတာပဲ။”

 

SAC မှ ဤကဲ့သို့လက်နက်ကြီးများပစ်ခတ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသည့်အတွက်ကြောင့် တစ်ချို့သောရွာသားများသည် ၎င်းတို့ရွာကိုစွန့်၍ အခြားနေရာသို့ (နေရာအတိအကျမဖော်ပြထားပါ) ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ သို့သော်လည်း ရွာသားများသည် လက်ရှိအခြေအနေကိုမှန်းဆ၍မရသည့်အတွက် ရွာသားအများစု သည် ၎င်းတို့ရွာတွင်သာ ဆက်လက်နေထိုင်ခဲ့ပြီး အခြေအနေဘယ်လိုဖြစ်လာမည်ကို စောင့်ကြည့်နေရဆဲဖြစ်သည်။ SAC မှ ခရီးသွားလာမှုအား ပိတ်ပင်ကန့်သတ်မှုကြောင့် အခြားနေရာသို့ရွှေ့ပြောင်းရန် ရွာသားများအတွက် အခက်အခဲ ဖြစ်စေပါသည်။ ထို့အပြင် ရွာသားများအနေဖြင့် အခြားနေရာသို့ပြောင်းရွှေ့မည်ဆိုပါက စားဝတ်နေရေးအတွက် ဆက်လက်လုပ်ကိုင်ရှာဖွေရန် စိန်ခေါ်မှုများရှိနေပါသည်။ (ဥပမာအားဖြင့် နေရာသစ်တစ်ခုတွင် အလုပ်အကိုင်သစ်များ ရှုာဖွေရန်အတွက် အခက်အခဲများရှိနေပါသည်။) ဤအခြေအနေကို စောဒ---မှ ယခုလိုရှင်းပြခဲ့သည်။ SAC ရဲ့စစ်ရေး လှုပ်ရှားမှုတွေက ရွာသားတွေအတွက် အကြောက်တရားနဲ့စိုးရိမ်ပူပန်မှုတွေဖြစ်စေတယ်။ ရွာသားတစ်ဦးသေဆုံးသွားတဲ့ ဖြစ်စဉ်တွေကြောင့် ရွာသားတွေက ကြောက်ရွံ့နေရပြီး အခက်အခဲများနဲ့ကြုံနေရတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ရွာသားတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုတွေဖြစ်စေတယ်။ လက်နက်ကြီးတွေ ဘယ်အချိန်ပစ်ချမလဲဆိုပြီး အမြဲတမ်းတွေးပူပြီးကြောက်နေရတယ်။ အကြောက်တရားတွေ တစ်ဖြည်းဖြည်းနဲ့များလာ တယ်။ ကျွန်တော်တို့ရွာသားတွေက ပြည်သူတွေဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်ပဲ သွားလာလုပ်ကိုင်ချင်တယ်။ နေထိုင်ချင်တယ်။ ကြောက်ရွံ့မှုတွေမရှိဘဲနဲ့ ကျွန်တော်တို့ရဲ့ဘဝကို ဖြတ်သန်းချင်တယ်။ ကျွန်တော်တို့ရဲ့ပြည်သူတွေ အတွက်ထည့်သွင်းစဉ်းစားပေးပြီး ပိုမိုကောင်းမွန်တဲ့အစီအစဉ်များလုပ်ဆောင်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းများနဲ့ နိုင်ငံတကာခေါင်းဆောင်တွေကို (တာဝန်ရှိသူများ) တိုက်တွန်းချင်ပါတယ်။” 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဒေသခံခေါင်းဆောင်တစ်ဦးမှ ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန်အတွက် ခွင့်ပြုချက်ပေးထားပါ သည်။

Tue, 19 Dec 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးပလာယာခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်