Wed, 28 Jun 2023
ဒူးပလာယာခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကော်တရီမြို့နယ်တွင် ခြိမ်းခြောက်မှု၊ အဓမ္မစေခိုင်းမှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လုယက်မှု (၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော် ပြထားသည်။ ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ထောဝါးလောကျေးရွာအုပ်စုတွင်းရှိ နေထိုင်ကြသည့်ရွာသားများထံမှ ဆန်စပါးများ ကောက်ခံရန်အတွက် ကျေးရွာ ခေါင်းဆောင်အား အဓမ္မစေခိုင်းခဲ့သည်။ အကယ်၍ ရွာသားများအနေဖြင့် ဆန်မပေးပါက ကျေးရွာအတွင်းသို့ လက်နက် ကြီးများ ပစ်ခတ်မည်ဟု SAC စစ်သားများမှ ကျေးရွာခေါင်းဆောင်အား ခြိမ်းခြောက်ခဲ့သည်။ ထိုအတွက်ကြောင့် ၂၀၂၃ခုနှစ်၊ မေလ ၁၇ရက်နေ့တွင် ဒေသခံရွာသားများသည် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၈) အခြေစိုက် သည့်တပ်စခန်းသို့ ဆန်အိတ် (၅၀) ပို့ဆောင်ခဲ့သည်။ ရွာသားများမှ SAC စစ်သားများအတွက် ဆန်အိတ်များ ပို့ဆောင်ခဲ့ သော်လည်း SAC စစ်သားများသည် ကော်တရီမြို့နယ်၊ ထောဝါးလောကျေးရွာအုပ်စု၊ မ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများသည် ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ ရွာသားများတိမ်းရှောင်ပြီးနောက်တွင် SAC စစ်သားများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အချို့ရွာသားများ၏ပိုင်ဆိုင်မှုပစ္စည်းများကို လုယက်ခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

ခြိမ်းခြောက်မှု၊ အဓမ္မစေခိုင်းမှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လုယက်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထောဝါးလောကျေးရွာအုပ်စု၊ မ---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဟ---

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထော ဝါးလောကျေးရွာအုပ်စု၊ မ---၊ က---၊ တ---၊ ပ---၊ လ---နှင့် ဝ---ကျေးရွာများမှ ရွာသူရွာ သားများ

အသက်

၆၇နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

ခြံလုပ်ငန်းစိုက်ပျိုးရေး

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ကျေးရွာခေါင်းဆောင် (လုံခြုံရေးအတွက် ရာထူးအစစ်အမှန်ကို မဖော်ပြနိုင်ပါ)

နေရပ် ရွာအမည်

ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ထောဝါးလော ကျေးရွာအုပ်စု၊ မ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်            

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၈)

ဖိုးချစ်မူးတပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူတစ်ဦးသည် ကျေးရွာခေါင်းဆောင်တစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာနှင့်ပတ်သက်၍ KHRG သတင်းစုဆောင်းသူအား ပြောပြခဲ့သော ကျေးရွာခေါင်းဆောင်သည် ထိုအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ကော်တရီမြို့နယ်၊ ထောဝါးလောကျေးရွာအုပ်စုရှိ ဖိုးချစ်မူးကျေးရွာတွင် အခြေစိုက် သည့် SAC ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၈) မှ စစ်သားများသည် ၎င်းတို့အတွက် ဆန်များ ကောက်ခံရန် (ကျေးရွာခေါင်းဆောင်တစ်ဦးဖြစ်သည့်) စောဟ---ကို အမိန့်ပေးစေခိုင်းခဲ့သည်။ ထို့နောက် စောဟ---သည် ဒူးပလာ ယာခရိုင်၊ ကော်တရီမြို့နယ်၊ ထောဝါးလောကျေးရွာအုပ်စုရှိ ရွာသားများထံမှ ဆန်များ ကောက်ခံရန်စီစဉ်ခဲ့သည်။ အကယ်၍ ရွာသားများအနေဖြင့် ဆန်မပေးပါက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မည်ဟု SAC စစ်သားများက စောဟ---အား ခြိမ်းခြောက်ပြောဆိုခဲ့သည်။

 

၂၀၂၃ခုနှစ်၊ မေလ ၁၇ရက်နေ့ မနက်ပိုင်းတွင် ထောဝါးလောကျေးရွာအုပ်စုရှိ ရွာသားများသည် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၅၅၈)အခြေစိုက်သည့်တပ်စခန်းသို့ ဆန်အိတ် (၅၀)အိတ် ပို့ဆောင်ခဲ့သည်။ ကျေးရွာ (၅)ရွာမှ ရွာသားများသည် SAC စစ်သားများအတွက် ဆန်အိတ်များ ပေးခဲ့သည်။ တစ်ရွာလျှင် ဆန်အိတ် (၁၀)အိတ် စုပေါင်း၍ပေးခဲ့ခြင်းဖြစ်သည်။ ထိုရွာ (၅)ရွာမှာ မ---၊ က---၊ တ---၊ ပ---နှင့်လ---ရွာများ ဖြစ်ကြသည်။ ထောဝါးလောကျေးရွာအုပ်စုရှိ ရွာသားများသည် ဆန်အိတ်များကို ထော်လာဂျီသုံးစီးပေါ်တင်၍ SAC တပ်စခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ SAC တပ်စခန်းသို့ ထော်လာဂျီဖြင့်ဆန်အိတ်များ ပို့ဆောင်ရာတွင် မိနစ် (၂၀) ကြာမြင့်ခဲ့သည်။ SAC စစ်သားများသည် ၎င်းတို့အနေဖြင့် ဆန်အိတ်များတွက် ပိုက်ဆံပေးမည်ဟု ရွာသားများအား ပြောကြားခဲ့သည်။ သို့သော်လည်း ရွာသားများအား ပိုက်ဆံ မပေးခဲ့ပေ။  

 

၂၀၂၃ခုနှစ်၊ မတ်လ ၁၇ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရွာသားများ တပ်စခန်းသို့ ဆန်အိတ်များ ပို့ဆောင်ပြီးနောက် ခလရ (၅၅၈)မှ SAC စစ်သားများသည် ကော်တရီမြို့နယ်၊ ထောဝါးလောကျေးရွာအုပ်စု၊ မ---ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ ကျေးရွာအတွင်းသို့ လက်နက်ကြီးများကျပြီးပေါက်ကွဲသွား၍ ရွာသားတစ်ဦး၏ နေအိမ်တစ်လုံးပျက်စီးခဲ့သည်။ ကျေးရွာအတွင်းသို့ကျခဲ့သော တစ်ချို့သောလက်နက်ကြီးများသည် မပေါက်ကွဲဘဲ ရှိနေသည်။

 

လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ကြောက်ရွံ့နေခဲ့ကြသည်။ တစ်ချို့ရွာသားများသည် ဝ---ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ (ဝ---ကျေးရွာသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် တည်ရှိသည်။) တစ်ချို့ရွာသားများ လည်း ကျေးရွာနှင့်ဝေးသော (တောင်ကုန်းပေါ်ရှိ) ၎င်းတို့တောင်ယာစိုက်ပျိုးခြံထဲသို့သော်လည်းကောင်း၊ ယာခင်းတဲ အိမ်သို့သော်လည်းကောင်း တိမ်းရှောင်ခဲ့ရသည်။ ရွာသားများထွက်ပြေးတိမ်းရှောင်ပြီးနောက်တွင် SAC စစ်သားများ သည် မ---ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားများနေအိမ်များတွင် မွှေနှောက်ခဲ့ပြီး တစ်ချို့ SAC စစ်သားများ သည် ရွာသားများ၏အဝတ်အစားများ၊ ဆန်၊ ဆီ၊ ဆားနှင့် အချိုမှုန့်များကို လုယက်ခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤဖြစ်စဉ်ကိုပြောပြခဲ့သည့်ကျေးရွာခေါင်းဆောင်သည် ဤသတင်းအချက်အလက်များအား ရေးသားဖြန့်ဝေရန် ခွင့်ပြု ချက်ပေးထားပါသည်။

Wed, 28 Jun 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ခုနှစ်၊ မတ်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင် ကြားပေးထားသော ဒူးပလာယာခရိုင်ရှိဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်