Wed, 24 Jan 2024
ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ကျိုက်ထိုမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် (၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံး (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ဒူးသထူ (သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်မြေမြှုပ်မိုင်းပေါက်ကွဲမှုအကြောင်းကို ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့တွင် အသက် (၁၃)နှစ်အရွယ်ရှိသော ယောင်္ကျားလေးတစ်ဦးဖြစ်သူ မောင်ဟ---သည် ခရွဲကျေးရွာအုပ်စု၊ န---ကျေးရွာအနီးနားတွင် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိ၍ ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့သည်။ ထိုမြေမြှုပ်မိုင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၇) လက်အောက်ခံ ပျူစောထီးလက်နက်ကိုင်တပ်ဖွဲ့မှ ထောင်ထား ခဲ့သည်။ မောင်ဟ---သည် ကျေးရွာအနီးနားရှိ စားကျက်မြေတွင် နွားသွားကျောင်းနေသည့်အချိန်၌ မြေမြှုင်းမိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။ မောင်ဟ---သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့သည်။ ထိုနေ့တွင် ဒေသခံရွာသားများသည် မြေမြှုပ်မိုင်းပေါက်ကွဲသံကိုကြားခဲ့သော်လည်း လက်နက်ကြီးပေါက်ကွဲသံဟုထင်၍ မောင်ဟ---အား သွားရောက်ကူညီခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ထိုဒေသတွင် လက်နက်ကြီးပစ်ခတ်မှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိခြင်းကြောင့်ဖြစ်သည်။ နောက်တစ်မနက်တွင် မောင်ဟ---၏မိသားစုသည် ၎င်း၏ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်း၏အသုဘကို စီစဉ်ပေးခဲ့သည်။ သို့သော်လည်း SAC ထံမှ မည်သည့်လျော်ကြေးငွေ သို့မ ဟုတ် အကူအညီများ ရရှိခဲ့ခြင်းမရှိခဲ့ပေ။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ န---ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

မောင်ဟ---

အသက်

၁၃နှစ်

ကျား/မ

ကျား

လူမျိုး

ဗမာလူမျိုး

အိမ်ထောင် ရှိ/မရှိ   

-

အလုပ်အကိုင်

နွားကျောင်း

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ န---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ        

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

(တပ်မ ၄၄ လက်အောက်ခံ မှ) ခြေမြန်တပ်ရင်း (ခမရ) အ မှတ် (၂၀၇) လက်အောက်ခံ ပျူစောထီးအဖွဲ့

ပျူစောထီးအဖွဲ့သည် န---ကျေး ရွာတွင်အခြေစိုက်ပြီး ခမရ (၂၀၇) တပ်စခန်းသည်ကျိုက်ထိုမြို့ နယ်၊ သိမ်ဇရပ်မြို့တွင်တည်ရှိသည်။

ပဲသီး (ပျူစောထီးခေါင်ဆောင်)

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

(KHRG ကွင်းဆင်းလုပ်သားတစ်ဦးသည်) ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကျိုက်ထိုမြို့နယ်သ တင်းနှင့်ပြန်ကြားရေးဌာနခွဲထံမှ ဤသတင်းအကြောင်းအရာများကို သိရှိခဲ့ရသည်။ ထို့နောက် KHRG ကွင်းဆင်းလုပ် သားသည် ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ပြီး မောင်ဟ---နှင့်နီးစပ်သည့်ရွာသားတစ်ဦးဖြစ်သူ ဂ---ထံမှ (လုံခြုံရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြ၍မရပါ) သတင်းအချက်အလက်များ အတည်ပြုရယူခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဂ---သည် ထိခိုက်နစ်နာသူ မောင်ဟ---နှင့်ရင်းနှီးသိကျွမ်းသူတစ်ဦးဖြစ်သည်။ (၎င်းအား လုံခြုံရေးအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြ၍မရပါ။) ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဂ---သည် KHRG အား မျှဝေပြောပြခဲ့သည်။ ဤသတင်း အကြောင်းအရာသည် မှန်ကန်ကြောင်း ဂ---မှ အတည်ပြုခဲ့ပြီး သူကိုယ်တိုင်လည်း မောင်ဟ---၏စျာပနအတွက် အစ၊ အဆုံး စီစဉ်ဆောင်ရွက်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ဤဖြစ်စဉ်နှင့်ပတ်သက် ၍ KHRG ကွင်းဆင်းလုပ်သားသည် မောင်ဟ---နှင့်ရင်းနှီးသိကျွမ်းသော အခြားသူတစ်ဦးကိုလည်း မေးမြန်းစုံစမ်းခဲ့ သည်။ 

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးနားတွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နေ့လယ် (၂း၅၀)မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ န---ကျေးရွာ တွင်နေထိုင်သည့် မောင်ဟ---သည် အိမ်ကထွက်လာပြီး ရွာအပြင်သို့ နွားသွားကျောင်းခဲ့သည်။ ရွာအပြင်သို့ နွားသွား ကျောင်းရန် သွားနေစဉ် မောင်ဟ---သည် မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မောင်ဟ---အား ထိမှန်၍သေဆုံးခဲ့သည်။ မောင်ဟ---သည် ဦးဝ---၏သားဖြစ်သည်။

 

ထိခိုက်သေဆုံးသွားသည့်မောင်ဟ---သည် အသက် (၁၃)နှစ်သာရှိသေးသည်။ မောင်ဟ---၏မိသားစုသည် အခြားရွာ သားများမှ ပေးသည့် နေ့စားအလုပ်ဖြစ်သော မည်သည့်အလုပ်မဆိုလုပ်၍ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရ သည်။ ထို့ကြောင့် မောင်ဟ---သည်လည်း ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိရန် နွားကျောင်းသားအလုပ် ကိုလုပ်ခဲ့ရသည်။ အခင်းမဖြစ်ပွားခင် တစ်မနက်တွင် မောင်ဟ---သည် နွားသွားကျောင်းရန်အတွက် အိမ်က ထွက်လာ ခဲ့သည်။ နေ့လယ်တွင် မောင်ဟ---သည် အိမ်သို့ပြန်လာပြီး နေ့လယ်စာစားခဲ့သည်။ ထို့နောက် သူသည် နွားပြန်ကျောင်း ရန်အတွက် စက်ဘီးတစ်စီးဖြင့် ပြန်သွားခဲ့သည်။ မောင်ဟ--- သည် လမ်းတွင် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ မောင်ဟ---သည် အိမ်ကထွက်လာပြီးနောက် ခဏအကြာတွင် (ရွာမှာရှိသည့်) ရွာသားများသည် ပေါက်ကွဲမှုအသံကို ကြားခဲ့ရသည်။ သို့သော်လည်း ထိုပေါက်ကွဲမှုသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကြောင်း (မောင်ဟ---နင်းမိပြီး ပေါက်ကွဲ သွားသည့်မြေမြှုပ်မိုင်း) မသိရှိခဲ့ရပေ။ န---ရွာမှ ရွာသားများအနေဖြင့် ထိုပေါက်ကွဲမှုအသံသည် မည်သည့်ပေါက်ကွဲမှု ဖြစ်ကြောင်း ခွဲခြား၍မရခဲ့ပါ။ အကြောင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများသည် ဒေသအတွင်း (၎င်းတို့တပ်စခန်းများဝန်းကျင်တွင်) မကြာခဏ လက်နက်ကြီးပစ်ခတ်လေ့ရှိသောကြောင့်ဖြစ်သည်။ ထို SAC စစ်သား များသည် အမြောက်တပ် (၃၁၀)နှင့် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၂၀၇)မှ တပ်သားများဖြစ်ကြပြီး ၎င်းတို့သည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အခြေစိုက်သည်။ သိမ်ဇရပ်မြို့သည် န---ကျေးရွာနှင့်နီးသည်။ အဆိုပါ SAC စစ်သား များသည် ၎င်းတို့၏ရဲဘော်များ ရှေ့တန်းတိုက်ပွဲတွင် အသက်သေဆုံးသွားပါက သို့မဟုတ် တိုက်ပွဲတွင် အနိုင်ရရှိသွား ပါက သို့မဟုတ် အရက်မူးနေသည့်အချိန်ဖြစ်ပါက လက်နက်ကြီးများအား ပစ်ခတ်လေ့ရှိသည်။ ဒေသခံရွာသားများသည် လက်နက်ကြီးပစ်ခတ်သံကို မကြာခဏကြားရလေ့ရှိသည်။ ထို့ကြောင့် ရွာသားများသည် မြေမြှုပ်မိုင်းပေါက်ကွဲသည့် အသံကို လက်နက်ကြီးပစ်ခတ်သံဟုသာ ထင်မြင်ခဲ့သည်။

 

(အခင်းဖြစ်ပွားပြီး) ညနေပိုင်းတွင် မောင်ဟ---သည် အိမ်သို့မပြန်ခဲ့ပေ။ ထို့ကြောင့် ၎င်း၏မိသားစုသည် သူ့အား လိုက် လံရှာဖွေခဲ့သည်။ သို့သော်လည်း ကျေးရွာအတွင်း မည်သည့်နေရာမှ၎င်းအားရှာမတွေ့ခဲ့ပါ။ ရွာသားများသည်လည်း ကူညီရှာဖွေပေးခဲ့သည်။ နောက်တစ်နေ့မနက်ပိုင်းတွင် န---ကျေးရွာအနီးရှိ တစ်နေရာ၌ စက်ဘီးတစ်စီးအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးသေဆုံးနေသော မောင်ဟ---၏အလောင်းကို တွေ့ရှိခဲ့ သည်။

 

(တပ်မ ၄၄ လက်အောက်ခံမှ) ခမရ (၂၀၇) အမိန့်အောက်တွင်ရှိသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သော ပျူစောထီးလက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့ရှိသည်။ ထိုပျူစောထီးအဖွဲ့၏ခေါင်းဆောင်သည် ပဲသီးဖြစ်သည်။ အဆိုပါပျူစောထီးအဖွဲ့သည် န---ကျေးရွာတွင် အခြေစိုက်လှုပ်ရှားသည်။ ရွာသားများအနေဖြင့် ပျူစောထီးအဖွဲ့ဝင်ဟု ခွဲခြားသိရှိရန် ခက်ခဲသည်။ အ ကြောင်းမှာ ထိုပျူစောထီးအဖွဲ့သည် အရပ်သားလိုနေထိုင်ပြီး အရပ်သားအဝတ်သာ ဝတ်ဆင်ကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုအဖွဲ့သည် မကြာခဏ သေနတ်ကိုင်ဆောင်လေ့ရှိပြီး SAC အား သတင်းပေးသည့်အလုပ်ကိုလည်း လုပ်ကြသည်။ တစ်ခါတစ်လေတွင်လည်း တိုက်ပွဲတွင် ပါဝင်ပစ်ခတ်ပေးကြသည်။ ပျူစောထီးအဖွဲ့သည် ရပ်ရွာလုံခြုံ ရေးဟု ခေါင်းစဉ်တပ်ပြီး ကျေးရွာအနီးနားတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအနီးဝန်းကျင်တွင် မည်သည့်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များမှ သွားလာလှုပ်ရှားခြင်း မရှိပေ။ ထို့ကြောင့် ၎င်းမြေမြှုပ်မိုင်းသည် ပျူစောထီးအဖွဲ့မှ ထောင်ထားခဲ့သည်ဟု ရွာသားများက ထင်မြင်ယူဆခဲ့သည်။ ပျူစောထီးအဖွဲ့သည် ကျေးရွာအတွင်း လက်နက်ကိုင်ဆောင်ပြီး မူးယစ်သောက်စားကာ သေနတ်များ ရမ်းသမ်းပစ်ခတ် မှုလည်းရှိသည်။ ပျူစောထီးအဖွဲ့သည် န---ကျေးရွာနှင့် အနီးအနားဝန်းကျင်ဒေသတွင် သွားလာလှုပ်ရှားလေ့ရှိသည်။

 

မောင်ဟ---၏မိသားစုသည် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ဤကဲ့သို့ မောင်ဟ---သည် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည့်အတွက်ကြောင့် ၎င်းမိသားစု၏စားဝတ်နေရေးအခြအနေသည် ပို၍ခက်ခဲလာသည်။ သို့သော်လည်း SAC သည် ထိခိုက်နစ်နာသူ မောင်ဟ---၏မိသားစုအတွက် မည်သည့်နစ်နာကြေးမှ မပေးသည့်အပြင် တာဝန်ယူ၊ တာဝန်ခံမှုလည်း မရှိခဲ့ပေ။ လုံခြုံရေးအန္တရာယ်ရှိသောကြောင့် မောင်ဟ---၏မိသားစုနှင့် ဒေသခံရွာသားများသည် ဤဖြစ်စဉ်ကို SAC နှင့် ရွာတွင်ရှိသည့် ပျူစောထီးအဖွဲ့အား တင်ပြရန် လုံခြုံမှုမရှိဟု ခံစားရသည်။ မောင်ဟ---၏မိသားစုနှင့် ရွာသားများသည် မောင်ဟ---၏ဈာပနကို အကြောက်တရားကြားမှ တိတ်တ ဆိတ်စီစဉ်ဆောင်ရွက်ခဲ့ရပြီး ရွာသားများသည် မောင်ဟ---၏အလောင်းကိုပင်လျှင် ဓာတ်ပုံရိုက်ယူရန်လုံခြုံမှုမရှိ ကြောင်းခံစားရသည်။ အကြောင်းမှာ ပျူစောထီးအဖွဲ့မှ သိရှိသွားပါက အသုဘနေရာသို့ ရောက်ရှိလာမည်ကိုစိုးရိမ် သောကြောင့်ဖြစ်သည်။ မောင်ဟ---နှင့်ရင်နှီးသိကျွမ်းသည့်ရွာသူတစ်ဦးသည် (လုံခြုံရေးအတွက် မည်သူမည်ဝါဖြစ် ကြောင်း ဖော်ပြ၍မရ) သူမအနေဖြင့် မောင်ဟ---အား ဆုံးရှုံးရသည့်အတွက် အလွန်ဝမ်းနည်းကြောင်းတင်ပြခဲ့သည်။ ထို့အပြင် သူမအနေဖြင့် ရွာထဲတွင် ဤကဲ့သို့ဖြစ်စဉ်မျိုး နောက်တစ်ကြိမ်မဖြစ်ပွားစေလိုကြောင်း တင်ပြခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

KHRG ကွင်းဆင်းလုပ်သားမှ အင်တာဗျူးခဲ့သော ရွာသားများသည် ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့် ဝေရန် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Wed, 24 Jan 2024

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော ဒူးသထူခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံနှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်