Wed, 01 Mar 2023
တောအူးခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို - ဒေါ့ဖာခို့မြို့နယ်တွင် SAC မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ရွာသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ (၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ)

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း တောအူး(တောင်ငူ)ခရိုင်၊ ဒေါ့ဖာခို့ (သံ တောင်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို ဖော်ပြထားပါသည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့ မနက်ပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ သံမိုး တောင်ကျေးရွာရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကာင်စီ (SAC) တပ်စခန်းတစ်လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ် ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီး (၂)နာရီခန့်အကြာတွင် SAC ဂျက်လေယာဉ်နှစ်စင်းသည် တိုက်ပွဲဖြစ်ပွားသည့်နေရာ တွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရွာသားများ၏နေအိမ်နှင့် စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးခဲ့ သည်။ ဤလေကြောင်းတိုက်ခိုက်မှုတွင် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး ရွာသားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင် SAC တပ်စခန်းလေးလုံးမှ စစ်သားများသည် ထိုဒေသအတွင်း လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများပစ်ခတ်မှုကြောင့် သံမိုးတောင်ကျေးရွာသားများအပါ အဝင် အခြားရွာများမှ ရွာသားများသည် ၎င်းတို့လုံခြုံရေးအတွက် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [1]

 

 

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့ မနက် (၆)နာရီခွဲဝန်းကျင်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သည် တောအူးခရိုင်၊ ဒေါ့ဖာခို့မြို့နယ်၊ သံမိုးတောင်ကျေးရွာအုပ်စု၊ သံမိုးတောင်ကျေးရွာရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ (SAC) ရှေ့တန်းတပ်စခန်းတစ်လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းတပ်စခန်းကို သံမိုးတောင် တပ်စခန်းဟုလည်းခေါ်ဝေါ်သည်။ SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၅)သည် ထိုတပ်စခန်းတွင် အခြေစိုက် သည်။ အချို့ဒေသခံရွာသားများ၏နေအိမ်များသည် ထိုတပ်စခန်းအနီးနားတွင် တည်ရှိသည်။ (တိုက်ပွဲအတွင်း ပစ်ခတ် လိုက်သည့်သေနတ်ကျည်ဆံသည် ရွာသားတစ်ဦးကို ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။)

တိုက်ပွဲဖြစ်ပွားပြီး (၂)နာရီခန့်အကြာ မနက် (၉)နာရီဝန်းကျင်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ SAC ဂျက်လေ ယာဉ်နှစ်စင်းသည် စစ်ကူအနေဖြင့် ခမရ (၆၀၅)တပ်ဖွဲ့ကို ကူညီပေးရန်အတွက် သံမိုးတောင်ကျေးရွာသို့ ပျံဝဲလာခဲ့ သည်။ ထို SAC ဂျက်လေယာဉ်နှစ်စင်းသည် တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် ဗုံးများပစ်ချ၍ စက်သေနတ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဂျက်လေယာဉ်မှ ပစ်ချလိုက်သည့်တစ်ချို့သောဗုံးများသည် ရွာသားများ၏ နေအိမ်များနှင့် စိုက်ပျိုးခြံများတွင် ကျရောက်ခဲ့သည်။ ကျေးရွာအတွင်းတွင်ကျခဲ့သည့် တစ်ချို့သောဗုံးများသည် မပေါက်ကွဲဘဲ ရှိနေ သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် သံမိုးတောင်ကျေးရွာရှိ နေအိမ်အလုံး (၃၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

ဤလေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်လုံးသည် သံမိုးတောင်ကျေးရွာတွင်နေထိုင်သည့် အသက် (၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။ သူမ ၏နာမည်သည် နော်မေရီမြဟုခေါ်သည်။ စက်သေနတ်ကျည်ဆံသည် နော်မေရီမြ၏ဘယ်ဖက်ရင်အုံအောက်တွင် ထိမှန်ပြီး သူမ၏ကျောကုန်းသို့ ထိုးဖောက်၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ သူမတွင် သားသမီးသုံးဦးရှိသည်။ နော်မေရီမြ၏အမဖြစ်သူ နော်အ---သည်လည်း သူမ၏ဦးခေါင်းကို ကျည်ဆံရှပ်ထိ၍ ဒဏ်ရာရရှိခဲ့သော်လည်း အသက်မသေခဲ့ပေ။ သူမ၏အသက်သည် ၆၀နှစ်ရှိပြီးဖြစ်သည်။ သူမကို ဆေးကုသမှုရရှိရန်အတွက် (ဒေါ့ဖာခို့မြို့နယ်၊ တောင်ငူမြို့ရှိ) တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ နော်အ---သည် အိမ်ထောင်မရှိသော အမျိုးသမီးတစ်ဦးဖြစ် သည်။

SAC ဂျက်လေယာဉ်တစ်စင်းမှ ပစ်ချလိုက်သည့်ဗုံးတစ်လုံးသည် သံမိုးတောင်ရွာသား စောဘ---၏နေအိမ်ရှိ မီးဖိုး ချောင်တွင် ကျပြီး ပေါက်ကွဲသွား၍ အိမ်ပျက်စီးခဲ့သည်။ စောဘ---သည် အသက် ၆၀ရှိပြီး သားသမီးသုံးဦးရှိသည်။ ဗုံး၏အစအနသည် စောဘ---၏ရင်အုံနှင့် ဘယ်ဖက်ခြေထောက်ကို ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ စောဘ---ကို ဆေးကုသမှုပေးရန်အတွက် ၎င်းအား တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ စောဘ---၏ဘယ်ခြေထောက်တွင် ဒဏ်ရာ အလွန်ပြင်းထန်သဖြင့် ၎င်းခြေထောက်တစ်ဖက်ကို ဖြတ်ခဲ့လိုက်ရသည်။

PDF နှင့် SAC တို့ကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့်ကျည်ဆံတစ်လုံးသည် အခြားသောသံမိုး တောင်ရွာသားတစ်ဦးဖြစ်သူ စောစ---၏ဘယ်ဖက်ပါးတွင် ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့သည်။ စောစ---သည် အသက် ၆၀ ရှိပြီး သမီးတစ်ဦးရှိသည်။ ဂျက်လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပစ်ခတ်လိုက်သည့် ကျည်ဆံတစ်လုံးသည်လည်း အသက် ၃၀အရွယ်ရှိ စောဒ---၏ဦးခေါင်းကို ရှပ်ထိပြီး ဒဏ်ရာရရှိခဲ့သည်။ စောဒ---သည် သားသမီးလေးဦး၏ ဖခင်ဖြစ်သည်။ ဆေးကုသမှုခံယူရန်အတွက် စောစ---နှင့်စောဒ---နှစ်ဦးစလုံးကို သံမိုးတောင်ကျေးရွာရှိ ဆေးခန်းသို့ပို့ ဆောင်ခဲ့သည်။ ၎င်းကျေးရွာဆေးခန်းသည် ရိုမန်းကတ်သလစ်ဘုရားကျောင်းမှ ဆရာမသီလရှင်များက ဖွင့်လှစ်တည် ထောင်ထားခြင်းဖြစ်သည်။

(၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့) လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သံမိုးတောင်တပ်စခန်း၊ ဇလဲတပ်စ ခန်း၊ အလယ်ချောင်းအထက်ရွာတပ်စခန်းနှင့် မိုင်းလုံအောက်ရွာတပ်စခန်းများမှ SAC တပ်ဖွဲ့များသည် သံမိုးတောင် ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ သံမိုးတောင်တပ်စခန်း၊ ဇလဲတပ်စခန်းနှင့် အလယ်ချောင်းအထက်ရွာတပ်စခန်းများသည် သံမိုးတောင်ကျေးရွာအုပ်စုတွင်တည်ရှိပြီး လိပ်သိုမြို့နှင့်လည်း နီး သည်။ မိုင်လုံအောက်ရွာတပ်စခန်းသည် ဒေါ့ဖာခို့မြို့နယ်၊ မိုင်လုံကျေးရွာအုပ်စုတွင် တည်ရှိသည်။ ခမရ (၆၀၃)သည် ဇလဲတပ်စခန်းတွင် အခြေစိုက်သည်။ မိုင်လုံအောက်ရွာတပ်စခန်း၊ ဇလဲတပ်စခန်းနှင့် အလယ်ချောင်းအထက်ရွာ တပ်စခန်းများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနည်းငယ်ဝေးသည်။ ထိုတပ်စခန်းများမှ SAC တပ်ဖွဲ့များသည် သံမိုးတောင်တပ်စခန်းရှိ SAC တပ်ဖွဲ့ကို စစ်ကူအဖြင့် ကူညီပေး၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုကြောင့် ထိုဒေသအတွင်း နေထိုင်ကြသည့်ဒေသခံရွာသားများသည် ၎င်းတို့လုံခြုံ ရေးအတွက် အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒေသခံရွာသားများသည် အခြားရွာများရှိ ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏နေအိမ်တွင် ထွက်ပြေးတိမ်းရှောင်၍ နေထိုင်ခဲ့သည်။ (မည်သည့်ကျေးရွာများတွင် ထွက်ပြေး တိမ်းရှောင်နေသည်ကို KHRG မှ မသိရှိခဲ့ရပေ။)

ဒေသခံရွာသားများသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် သေဆုံး သွားသည့်နော်မေရီမြကို ချက်ချင်းသင်္ဂြိုလ်ပေးနိုင်ခြင်းမရှိ၍ သူမ၏အလောင်းကို သံမိုးတောင်ကျေးရွာတွင်သာ ထားရစ်ခဲ့သည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်နေ့တွင် အချို့ရွာသားများနှင့် နော်မယ်ရီမြ၏ဆွေမျိုးတစ်ချို့သည် နော်မေရီမြကို သင်္ချိုင်းကုန်းတစ်ခုတွင် မြေမြှုပ်သင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ (ထိုသင်္ချိုင်းကုန်း၏တည်နေရာကို မသိရှိရ ပါ။) ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ ထွက်ပြေးပုန်းရှောင်ရသည့် သံမိုးတောင်ရွာသားများနှင့် အခြားရွာများမှ ရွာသူရွာသားများသည် ၎င်းတို့ကျေးရွာသို့ ပြန်လာနေထိုင်နိုင်ခြင်းမရှိခဲ့ပေ။

(၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့) တိုက်ပွဲဖြစ်ပွားပြီးနောက် SAC စစ်သားများသည် သံမိုးတောင်ကျေးရွာအတွင်း ဝင်ရောက်သွားလာပြီး သေနတ်များ ပစ်ဖောက်ခဲ့သည်။ ၎င်းတို့မြင်တွေ့သည့်ရွာသားများကို ဖမ်းဆီး၍ (PDF တပ်ဖွဲ့ နှင့်အဆက်အသွယ်ရှိ၊မရှိ) ထိုရွာသားများကို မေးမြန်းစစ်ဆေးခဲ့သည်။ ဤအခြင်းအရာများကြောင့် ထွက်ပြေးပုန်း ရှောင်သည့် ဒေသခံရွာသားများသည် ၎င်းတို့နေအိမ်သို့ မပြန်လာရဲဘဲရှိနေသည်။

Wed, 01 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်