Fri, 20 Jan 2023
တောအူးခရိုင်နောက်ဆုံးရဒေသတွင်းသတင်းတို- ဒေါဖာခို့မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း၊ လက်နက်ကြီးနှင့်သေနတ်များပစ်ခတ်မှုကြောင့် ရွာသားများ ဒဏ်ရာရရှိခြင်း၊ အရပ်သားများအပေါ် ခြိမ်းခြောက်ခြင်းနှင့် သွားလာ လှုပ်ရှားမှုအား ပိတ်ပင်ကန့်သတ်ထားခြင်း (၂၀၂၂ခုနှစ်၊ ဒီ

ဤနောက်ဆုံးရဒေသတွင်းသတင်းတိုတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း တောအူး (တောင်ခူ)ခရိုင်၊ ဒေါဖာခို့ (သံ တောင်ကြီး)မြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခြင်း၊ လက်တုန့်ပြန်သည့်အနေဖြင့် အရပ်သား ဒေသများတွင် လက်နက်ကြီးနှင့်သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ခြင်းနှင့် ဒေသအတွင်း ခရီးသွားလာမှုများကို ပိတ်ပင်ကန့်သတ်ခြင်းစ သည့်အကြောင်းအရာများကို ဖော်ပြထားပါသည်။ ဒေးလော်မူနူလာဒေသတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တို့ကြား တိုက်ပွဲဖြစ်ပွား ပြီးနောက်တွင် SAC တပ်သားများသည် ရည်ရွယ်ချက်ရှိရှိဖြင့် အ---ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၅၀)အရွယ် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ လက်တုန့် ပြန်သည့်အနေဖြင့် SAC တပ်ဖွဲ့သည် သံတောင်မြို့သစ်တွင်လည်း သေနတ်များပစ်ဖောက်၍ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် SAC စစ်သားများမှ လမ်းမပေါ်တွင် ခရီးသွားလာနေသည့် ရွာသားများကို ခေါ်ယူရပ်ခိုင်းပြီး လက်နက်များ ရှိ၊မရှိ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုအခြင်းအရာများကြောင့် ဒေသခံရွာသားများသည် လုံခြုံမှုမရှိဟုခံစားရပြီး အချို့ရွာသားများသည် ၎င်းတို့စိုက်ပျိုးခြံထဲသို့သွား၍ပုန်းရှောင်နေရပါသည်။ [1]

 

 

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ မနက် ၈း၃၀မိနစ်ဝန်းကျင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန် တပ်ရင်း (ခမရ)အမှတ် (၆၀၄)သည် (ဒေါဖာခို့မြို့နယ်၊ တောင်ငူမြို့နှင့် သံတောင်ကြီးမြို့ကြားတွင်ရှိသည့်) လူအများ သွားလာနေသည့်ကားလမ်းမပေါ်တွင် သွားလာလှုပ်ရှားနေခဲ့သည်။ ထိုအချိန်တွင် SAC ခမရ အမှတ် (၆၀၄)သည် တပ်မဟာ (၂)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်ရင်း (၅)လက်အောက်ခံ တပ်ခွဲ (၃)နှင့် ထိပ်တိုက် တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၁၅မိနစ် ကြာမြင့်ခဲ့သည်။ အဆိုပါ SAC ခမရ အမှတ် (၆၀၄)သည် စနေကုန်းတပ်စခန်းတွင် အခြေစိုက်သည်။ စနေကုန်းတပ်စခန်းသည် တောအူးခရိုင်၊ ဒေါဖောခို့မြို့နယ်၊ ဒေးလော်မူနူလာဒေသ၊ အ---ကျေးရွာနှင့် တစ်မိုင်ခန့်ကွာဝေးသည်။ အ---ကျေးရွာသည် ဘ---ကျေးရွာဟုလည်း ခေါ်ဝေါ်သည်။ စနေကုန်းတပ်စခန်းသည် ယာယီရှေ့တန်းတပ်စခန်းတစ် ခုဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အ---ရွာနှင့် ငါးဖာလုံကွာဝေးသည်။ စနေကုန်းတပ်စခန်းသည် အ---ရွာနှင့် အနည်းငယ်ဝေးသည့်အတွက်  ဒေသခံရွာ သားများသည် SAC ခမရ အမှတ် (၆၀၄)နှင့် KNLA တပ်ခွဲ (၃)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေကို မသိရှိခဲ့ရပေ

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့) မနက် (၉)နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် SAC ခမရ အမှတ် (၆၀၄)သည် ပြန်လည်လက်စားချေသည့်အနေဖြင့် အ---ကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။ (ယခင်က ခမရ အမှတ် (၆၀၄)၏တပ်ရင်းမှူးဟိန်းစံထွန်းသည် အကယ်၍ KNLA မှ SAC စစ်သားများအား တိုက်ခိုက်မည်ဆိုပါ က အ---ကျေးရွာကို လက်နက်ကြီးပစ်ခတ်မည်ဟု ဒေသခံရွာသားများအား သတိပေးခဲ့ပြီးဖြစ်သည်။) ပထမပစ်လိုက် သည့်လက်နက်ကြီးကျည်ဆံသည် အ---ရွာအနီးရှိ တောင်ကုန်းပေါ်တွင် ကျရောက်ပြီး ပေါက်ကွဲခဲ့သည်။ သို့သော် လည်း (ပထမလက်နက်ကြီးကျည်ဆံပေါက်ကွဲမှုကြောင့်) ရွာသားတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယ အကြိမ်ပစ်လိုက်သည့်လက်နက်ကြီးကျည်ဆံသည် (အ---ရွာမှ) စောစ---၏နေအိမ်ပေါ်သို့ကျရောက်ပြီး ပေါက်ကွဲခဲ့ သည်။ (ထိုအချိန်တွင် စောစ---သည် အိမ်မှာမရှိဘဲ ဘုရားကျောင်းတက်နေသည့်အတွက်ကြောင့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ခြင်းမရှိခဲ့ပေ။) သို့သော်လည်း ဒုတိယအကြိမ် ပစ်လိုက်သည့်လက်နက်ကြီးကျည်ဆံပေါက်ကွဲမှုကြောင့် စောစ---အိမ်ဘေးတွင်နေထိုင်သည့် အသက် (၅၀)အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဒ---၏ဘယ်လက်မောင်းတွင် ကျည်ဆံအစအနများထိမှန်ပြီး အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးပစ်ခတ်ပြီးနောက်တွင် ဒေသခံရွာသား များသည် ၎င်းတို့နေအိမ်တွင် ပုန်းရှောင်နေပြီး အိမ်အပြင်သို့ မထွက်ရဲခဲ့ပေ။ (ထိုအခင်းဖြစ်ပွားသည့်နေ့ တစ်နေ့ထဲ တွင်) အ---ကျေးရွာတွင် မကြာမှီက အခြေခံဆေးသင်တန်းတက်ရောက်ခဲ့သည့်ကျန်းမာရေး ဆရာမတစ်ဦးမှ ဒဏ်ရာ ရနေသည့်စောဒ---အား ဆေးကုသမှုပေးခဲ့သည်။ (အခုချိန်တွင် စောဒ---၏ဒဏ်ရာသည် ပျောက်ကင်းသွားပြီး ဖြစ်သည်။)

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်) ခမရ အမှတ် (၆၀၄)မှ စစ်သားများသည် သံတောင်မြို့သစ်တွင်လည်း သေနတ်မိုးပေါ်ထောင်၍ အချက် (၃၀)ကျော် ရမ်းသန်းပစ်ခတ်ခဲ့သည်။ (ဤလုပ်ရပ်သည် စစ်ကောင်စီမှ ပြန်လည်လက်စားချေလို၍ အရပ်သားများအား ခြိမ်းခြောက်၍ သေနတ်ပစ်ခဲ့ကြောင်း ဒေသခံရွာသား များမှ ယူဆကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က တပ်ရင်းမှူးဟိန်းစံထွန်းသည် အကယ်၍ KNLA မှ SAC စစ်သားများအား တိုက်ခိုက်မည်ဆိုပါက ရွာသားများကို ခြိမ်းခြောက်၍ သေနတ်ပစ်ခဲ့ ရမည်ဟု ၎င်းစစ်သားများအား အမိန့်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။) ထိုသို့သော သေနတ်များရမ်းသန်းပစ်ခတ်မှုကြောင့် တောင်ငူမြို့တွင်နေထိုင်သည့် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး၏ဝမ်းဗိုက်အား ရှပ်ထိ၍ဒဏ်ရာရရှိခဲ့သည်။ (ထို့နောက် ထိုဝန် ထမ်းတစ်ဦးသည် တောင်ငူမြို့သို့ ပြန်ထွက်ပြေးခဲ့သည်။ ထိုသို့ပြန်ပြေးပြီးနောက် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအထိ ၎င်း၏ အကြောင်းကို မသိရှိရတော့ပေ။)

တပ်ရင်းမှူးဟိန်းစံထွန်းသည် ခမရ အမှတ် (၆၀၄)၏တပ်ရင်းမှူးဖြစ်သည်။ ခမရ (၆၀၄)သည် သံတောင်မြို့သစ် တပ်စခန်းတွင်လည်း ၎င်း၏စစ်သားများရှိသည်။ (အဆိုပါတပ်စခန်းသည် ဒေါဖာခို့မြို့နယ်၊ သံတောင်မြို့သစ်တွင် တည်ရှိသည်။) ထိုမျှမက ခမရ (၆၀၄)သည် ၁၃မိုင်တပ်စခန်း၊ စနေကုန်းတပ်စခန်းနှင့်တောပြာကြီးတပ်စ ခန်းတွင် လည်း ၎င်းစစ်သားများလည်းရှိသည်။ (ထိုတပ်စခန်းသုံးခုသည် သံတောင်ကြီးမြို့နှင့်တောင်ငူမြို့တို့ ကြားတွင်ရှိသည့် လမ်းမဘေးတွင်တည်ရှိသည်။) တပ်ရင်းမှူးဟိန်းစံထွန်းသည် သံတောင်မြို့သစ်တပ်စခန်းတွင် အခြေစိုက်နေထိုင် သည်။

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ ထိုတစ်ရက်ထဲတွင်) SAC စစ်သားများသည် သံတောင်မြို့သစ်လမ်း ပေါ်တွင် ဘုရားကျောင်းမှပြန်လာသည့်ရွာသားများကို ခေါ်ယူစစ်ဆေး၍ (မနက်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ပါဝင်ဆက်နွယ် မှုရှိ၊မရှိနှင့်ပတ်သတ်ပြီး) ထိုရွာသားများကို စစ်ဆေးမေးမြန်းခဲ့ပါသည်။ SAC စစ်သားများသည် ရွာသားများ ခန္ဓာကိုယ်ပေါ်တွင်လည်း လက်နက်များရှိ၊မရှိ ရှာဖွေစစ်ဆေးခဲ့ပါသည်။ ထို့အပြင် SAC သည် ရွာသားများ ခရီးသွား လာမှုကို ပိတ်ပင်တားမြစ်ခဲ့သည်။ (ရွာသားများကို သံတောင်ကြီးမြို့နှင့် တောင်ငူမြို့သို့ မသွားရန် တားမြစ်ခဲ့သည်။) အကြောင်းမှာ (သံတောင်မြို့သစ်တွင်နေထိုင်သည့်) ဒေသခံရွာသားများသည် ခရီးသွားလာရန် ကြောက်ရွံ့နေခဲ့ကြပြီး ၎င်းတို့အိမ်တွင် နေရသော်လည်း လုံခြုံမှုမရှိဟုခံစားကြရသည်။ ထို့အခြင်းအရာကြောင့် တစ်ချို့ရွာသားများသည် ၎င်းတို့ရော်ဘာခြံနှင့် ကွမ်းခြံများတွင်သွား၍ ပုန်းရှောင်နေခဲ့ရသည်။

(၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းတွင်) ခမရ (၆၀၄)တပ်ဖွဲ့များသည် ညအချိန်တွင် (သံတောင်မြို့သစ်ပေါ်တွင်) သွားလာလှုပ်ရှားနေကြသည်။ နေ့အချိန်တွင်လည်း ၎င်းတို့သည် ဒေသခံရွာသားများ၏သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ (တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်) SAC စစ်သားများသည် ဒေသတွင်း ခရီးသွားလာနေသည့် ရွာသားများအား (KNLA နှင့်အဆက်အသွယ်ရှိသည်ဟု) ၎င်းတို့သံသယရှိသည့်သူများကို ခေါ်ယူစစ်ဆေးမေးမြန်းများ ပို၍လုပ်လာခဲ့သည်။ ထိုလုပ်ရပ်များကြောင့် ဒေသခံရွာသားများသည် ၎င်းတို့ဘဝတွင် လုံခြုံစိတ်ချမှုမရှိဟု ခံစားနေ ရသည်။

Fri, 20 Jan 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓါတ်ပုံ နှင့် နေရပ်လိပ်စာ အတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်