Fri, 10 Mar 2023
မူတြော်ခရိုင်မှု ခင်းဖော်ပြသည့်မှတ်တမ်းလွှာ - လူသောမြို့နယ်၊ လယ်မူ ပလောကျေးရွာအုပ်စုတွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ (၂၀၂၂ခုနှစ်၊ မေလ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာတွင် ၂၀၂၂ ခုနှစ်၊ မေလအတွင်း မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကို ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့ နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အ---ကျေးရွာတွင်နေထိုင်သည့် အသက် (၅၈)နှစ်အရွယ်ရှိ ရွာသားတစ်ဦးဖြစ်သူ စောဝ---သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)စစ်သားများ ထောင်ထားသည့်မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ ပြီး ၎င်း၏ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၁ခုနှစ်တွင် စောဝ---သည် မြေမြှုပ်မိုင်းနင်းမိခဲ့၍ ၎င်း၏ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ဖူးသည်။ စောဝ---မှ ယခုတစ်ကြိမ် မြေမြှုပ်မိုင်းနင်း မိခဲ့ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောဝ---၏ဘယ်ခြေထောက်တွင် (အဖြတ်ခံရသည့်ခြေထောက်) ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၎င်း၏ညာဖက်ခြေ ထောက်နှင့်လက်တွေလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ယခုအခါတွင် စောဝ---သည် စားဝတ်နေရေးအတွက် အလုပ်မလုပ်နိုင်တော့ဘဲ အခက်အခဲစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပါသည်။ ဤအခြေအနေကြောင့် စောဝ---သည် ၎င်းအနေဖြင့် (မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား   ကူညီပေးနေသည့်) အဖွဲ့အစည်းများထံမှ ကူညီ ထောက်ပံ့မှုများလိုအပ်ကြောင်း KHRG အား တင်ပြခဲ့သည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ခုနှစ်၊ မေလ ၂၈ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အ---ကျေးရွာ အနီး က---နေရာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဝ---

အသက်

၅၈နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

တောင်ယာ

ကိုးကွယ်သည့် ဘာသာ

နတ်ကိုးကွယ်ယုံကြည်သူ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ အ---ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်           

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိအမည်

မသိ

မသိ

SAC ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၇)

လယ်မူပလောကျေးရွာအတွင်းရှိ ထော်မူပလဲ့မဲ့တပ်စခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့တွင် KHRG သတင်းစုဆောင်းသူတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိခဲ့သူ စောဝ---နှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းနင်းမိခဲ့သူ စောဝ---သည် ဤသတင်းအကြောင်းအရာများကို ပြောပြခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 

၂၀၂၂ခုနှစ်၊ မေလ ၂၈ရက်နေ့ မနက် (၆)နာရီတွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ် စု၊ အ---ကျေးရွာတွင်နေထိုင်သည့် အသက် (၅၈)အရွယ်ရှိ ရွာသားတစ်ဦးဖြစ်သူ စောဝ---သည် က---နေရာတွင် မြေမြှုပ်မိုင်း တစ်လုံးနင်းမိခဲ့သည်။ က---နေရာသည် အ--- ကျေးရွာအနီးနားတွင် တည်ရှိသည်။ ထိုနေ့ မနက်ပိုင်းတွင် စောဝ---သည် ၎င်း၏တောင်ယာသို့ သွားရာတွင် လူအများသွားလာသည့်ဆိုက်ကယ်လမ်းတွင် အသုံးပြု၍သွားခဲ့သည်။ ထိုဆိုင်ကယ်လမ်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ မြေမြှုပ်မိုင်းတစ်လုံး ထောင်ထား ခဲ့သည်ကို ခရီးသွားလာနေသည့်အခြားရွာသားများက မြင်တွေ့ခဲ့သည်။ မြေမြှုပ်မိုင်းထောင်ထားခဲ့သည့် SAC စစ်သား များသည် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၇)မှ စစ်သားများဖြစ်သည်။

 

လွန်ခဲ့သည့် ၂၀၁၁ခုနှစ်တွင် စောဝ---သည် မြေမြှုပ်မိုင်းတစ်လုံးနင်းမိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့၍ ၎င်း၏ ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွင် စောဝ---သည် အသက် (၄၇)နှစ်ရှိပြီးဖြစ်သည်။ ထိုအချိန်မှ စ၍ စောဝ---သည် ခြေထောက်အတုကိုသာ အသုံးပြု၍ လမ်းလျှောက်ခဲ့ရပါသည်။ ၂၀၂၂ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် စောဝ---သည် နောက်တစ်ကြိမ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိခဲ့ပြီး ၎င်း၏ခြေထောက်နှစ်ဖက်စလုံးနှင့်လက်များတွင် ဒဏ်ရာရရှိခဲ့သည်။ ထိုမြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် စောဝ---အသုံးပြုသည့် ခြေထောက်အတုလည်း ပျက်စီးသွား ခဲ့သည်။ ထို့နောက် သူသည် အခြားသူများအား walkie talkie ဖုန်းဖြင့် ခေါ်၍ အကူအညီလှမ်းတောင်းခဲ့သည်။ မကြာမှီတွင် အ---ရွာသားများသည် အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာပြီး စောဝ---အား ကူညီခဲ့သည်။ ၂၀၂၂ခုနှစ်၊ မေလ ၂၉ရက်နေ့တွင် ဒေသခံရွာသားများက စော---အား (လယ်မူပလောကျေးရွာအုပ်စုရှိ) သ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုဆေးခန်းတွင် စောဝ---သည် ခြောက်လခန့် ဆေးကုသမှုခံယူခဲ့သည်။ သို့သော်လည်း ၎င်း၏ဒဏ်ရာများ လုံးဝပျောက်ကင်းသွားခြင်းမရှိခဲ့ပေ။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုဒေသအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် စောဝ---သည် အခြားရွာသား များနှင့်အတူ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

ဤကဲ့သို့မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်စောဝ---သည် စားဝတ်နေရေးအတွက် ယခင်လို ပုံမှန် အလုပ်လုပ်နိုင်ရန် မလွယ်ကူတော့သည့်အတွက်ကြောင့် စိန်ခေါ်မှုအခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ သို့သော်လည်း အခက်အခဲစိန်ခေါ်မှုများရှိသော်လည်း သူ၏ဘဝကို အကောင်းဆုံးအသက်ရှင်နေထိုင်သွားမည်ဟု စောဝ---ပြောခဲ့သည်။ မြေမြှုပ်မိုင်းကြောင့်ရရှိထားသည့် ဒဏ်ရာများကြောင့်သော်လည်းကောင်း၊ ဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေများကြောင့် သော်လည်းကောင်း စောဝ---သည် စားဝတ်နေရေးအတွက် အလုပ်ဆက်လုပ်၍ မရနိုင်တော့ပေ။ သူ၏ဘယ်ခြေ ထောက်ဆုံးရှုံခဲ့ရသည့်အပြင် ယခုအချိန်တွင် သူ၏ညာခြေထောက်နှင့်လက်များတွင် ဒဏ်ရာများရရှိထားသောကြောင့် စောဝ---သည် အခြားရွာသားများကဲ့သို့ အလုပ်လုပ်၍ မရနိုင်တော့ပါ။ သူ၏အနာဂတ်အတွက် အသက်ရှင်နေထိုင်ရန် အခက်အခဲစိန်ခေါ်မှုများ ရှိနေပါသည်။ ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်ရန်အတွက် ကူညီထောက်ပံ့မှုနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ လိုအပ်ကြောင်း စောဝ--- မှ ထုတ်ဖော်ပြောကြားခဲ့သည်။ စောဝ---သည် ဆား၊ အနာကျက်ဆေးဝါးများနှင့် အခြားအခြေခံလိုအပ်ချက်များကို လိုအပ်နေပါသည်။ အကြောင်းမှာ ၎င်း၏မိသားစု စားဝတ်နေရေးကို ထောက်ပံ့ရန်အတွက် အလုပ်ရှာဖွေရာတွင် စောဝ---သည် ကြိုးစားရုန်းကန်နေရပါသည်။ (အခင်း ဖြစ်ပွားပြီးနောက် စောဝ---သည် ၎င်း၏မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများထံမှ ငွေကြေးဆိုင်ရာအကူအညီ အနည်းငယ်ရရှိခဲ့သည်။ သို့သော်လည်း ထိုအကူအညီသည် ၎င်းအတွက် လုံလောက်မှုမရှိခဲ့ပေ။)

 

အ---ကျေးရွာတွင်နေထိုင်ကြသည့်ရွာသားများသည် မိုင်းအန္တရာယ်အသိပညာပေးသင်တန်းများကို တစ်ခါမှ တက် ရောက်ဖူးခြင်းမရှိခဲ့ပါ။ ကျေးရွာဒေသအတွင်း မြေမြှုပ်မိုင်း၏အန္တရာယ်မည်မျှရှိကြောင်း ရွာသားများအနေဖြင့် သိရှိ နိုင်ခြင်းမရှိခဲ့ပေ။ KHRG လက်ခံရရှိသည့်သတင်းအချက်အလက်များအရ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ မည်သည့်အဖွဲ့အစည်းမှ စောဝ---အား ခြေတုအသစ်တစ်ခု ကူညီထောက်ပံ့ပေးခြင်းမရှိခဲ့ပါ။ (ယခင်က ၎င်း၏ ခြေတုသည် ၂၀၂၂ခုနှစ်၊ မေလတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ပြီးဖြစ်သည်။) စောဝ---သည် ဆေးကုသမှုစရိတ်၊ ခရီးသွားလာရေးစရိတ်နှင့် ၎င်း၏မိသားစုစားဝတ်နေရေးအတွက် ငွေရေးကြေးရေးအကူ အညီများ လိုအပ်လျှက်ရှိသည်။ စောဝ---သည် သူနေထိုင်သည့်ဒေသတွင် မြေမြှုပ်မိုင်းအသုံးပြုမှုအား ရပ်တန့်ပေးရန် လိုလားကြောင်း ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများအား ရေးသားဖြန့်ဝေရန်အတွက် မြေမြှုပ်မိုင်းနင်းမိခဲ့သူ စောဝ---သည် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Fri, 10 Mar 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေအား ဖေါ်ပြထားပါသည်။ ချိုးဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်