Thu, 02 Feb 2023
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- ဘူးသိုမြို့နယ်၊ မယ်ကလောကျေး ရွာအုပ်စုအတွင်းနေထိုင်သည့် ရွာသားတစ်ဦးမှ ကျေးရွာလုပ်ခြုံရေးဆောင်ရွက် နေစဥ်အတွင်း မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိ၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ စ--- ကျေးရွာတွင် နေထိုင်သည့် အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်သားနှစ်ဦးနှင့်အတူ နယ်မြေကင်းလှည့်လည်မှုပြုလုပ်နေစဉ်မြေမြှုပ်မိုင်းတစ်လုံးအားနင်းမိခဲ့ပါသည်။ ထိုမြေမြှုပ်မိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှထောင်ထားခဲ့ခြင်းဖြစ်ကြောင် သံသယရှိခဲ့ကြသည်။ ထိုင်းနိုင်ငံရှိ ဆေးရုံတွင် ဆေးဆုံးတက်ပြီးသည့်နောက်ပိုင်း၎င်း၏ခြေထောက်တစ်ဖက်အားဖြတ်တောက်ခဲ့ရပြီး ယခုတွင် ကလေးများလိုအပ်ရာများကို ဖြည့်ဆည်းပေးရန်အတွက် အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုများနှင့် မြေမြှုပ်မိုင်းများမြောက်များစွာတည်ရှိနေခြင်းတို့ကြောင့် ရွာသားများသည် အသက်မွေးဝမ်းကျောင်းပြုရန်အတွက် ၎င်းတို့၏ လယ်ယာမြေများသို့သွားရောက်အလုပ်လုပ်ကြရန် အခက်တွေ့နေရပါသည်။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော် (ဖာပွန်) ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ စ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စော ဝ---

အသက်

၂၈ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

ရှိ

အလုပ်အကိုင်

တောင်ယာလယ်သမား

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာ

ရာထူးအဆင့်

ကျေးရွာလုံခြုံရေး

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ စ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိ

မသိ

(ဖြစ်နိုင်ခြေရှိသည့် ကျုးလွန်သူ) SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၄)

မြိတ်-ထားဝယ်

ခမရ အမှတ် (၄၀၄) တပ်ရင်းမှု စိုးထွန်းဦး၊ ဒုတပ်ရင်းမှုး ရန်အောင်မျိုး

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးအနေဖြင့် ကျေးရွာလုံခြုံရေးတစ်ဦးမှ မြေမြှုပ်မိုင်းတက်နင်းမိသည်နှင့် ပတ်သက်သည့်အကြောင်းကို KNLA ရှေ့တန်းစစ်သားများထံမှ ကြားသိခဲ့ရပါသည်။ ထို့နောက် ဤမြေမြှုပ်မိုင်းပေါက်ကွဲမှုကို မျက်မြင်ကြုံခဲ့သူတစ်ဦးနှင့် မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။ ထို့အပြင်၊ မြေမြှုပ်မိုင်း ထိမှန်သူနှင့် အဆက်အသွယ်အနည်းငယ်ရရှိခဲ့ပြီး ၎င်း၏ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာခြင်းနှင့် ပတ်သက်၍ KHRG ၏ သတင်းမှတ်တမ်းပြုစုသူထံ ပြောပြခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

သတင်းအချက်အလက်ကို အဓိကပေးသူသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုကို တွေ့မြင်ခဲ့သူဖြစ်ပြီး ‌ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် မြေမြှုပ်မိုင်းဒဏ်ရာရရှိသူနှင့် ခရီးအတူတကွနှင်ခဲ့ကြပါသည်။ ၎င်းတို့သုံးဦးအတူတကွ ခရီးနှင်ခဲ့ကြသော်လည်း ၎င်းတို့ထဲမှ တစ်ဦးသာ မြေမြှုပ်မိုင်နင်းမိပြီးဒဏ်ရာရရှိသွားခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ မနက် ၈း၄၀ အချိန်တွင် ကျေးရွာလုံခြုံရေးတစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းအမှတ် (၁၀၂) တပ်ခွဲ အမှတ် (၂) မှစစ်သားနှစ်ဦးနှင့်အတူ ရ--- လမ်းမှ စ--- ကျေးရွာအအရှေ့ဖက်ခြမ်းသို့ လုံခြုံရေးကင်းလှည့်လည် (နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) စစ်သားများ တည်ရှိနေခြင်းကို ထောက်လှမ်း) ရန်အတွက် ခရီးစနှင်ခဲ့ကြသည်။ 

 

အသက် ၂၈ နှစ်ရှိသည့် ကျေးရွာလုံခြုံရေးတစ်ဦးဖြစ်သူ စောဝ--- သည် ၎င်း၏ သူငယ်ချင်း (၎င်းနှင့်အတူကင်း လှည့်သည့် KNLA စစ်သားနှစ်ဦး) နှင့်အတူ အစီအစဥ်ချထားသည့် နေရာသို့မရောက်မှီ မြေမြှုပ်မိုင်းတစ်လုံးအား တက်နင်းမိခဲ့ပါသည်။ ၎င်းတို့အနေဖြင့် မည်သည့်လက်နက်ကိုင်အဖွဲ့မှ မြေမြှုပ်မိုင်းအားထောင်ထားသည်ကို မသိကြသော်လည်း SAC မှထောင်ထားသည့်ဟု သံသယရှိကြပါသည်။ စက်တင်ဘာလ ၂ရက်နေ့ မတိုင်ခင်တွင် အစောပိုင်း တစ်ရက်၊ နှစ်ရက်နေ့တွင် စောဝ--- သည် ထိုလမ်းဖြင့် အကြိမ်ပေါင်းများစွာ ခရီးသွားလာခဲ့ပါသည်။ ထိုမြေမြှုပ်မိုင်းကို SAC မှ ထောင်ထားခြင်းဖြစ်ကြောင်း မြေမြှုပ်မိုင်းထိမှန်သူနှင့် ၎င်း၏သူငယ်ချင်းများမှ သံသယရှိ ခဲ့ကြပါသည် (KNLA မှ ထိုလမ်းအား ပုံမှန်သွားလာခြင်းရှိပြီး KNLA မှထောင်ထားခြင်းဖြစ်မည်ဆိုပါက အဆိုပါ KNLA စစ်သားနှစ်ဦးသည် သတိထားမိမည်ဖြစ်ပါသည်)။ ၎င်းတို့မှ “ဒီလမ်းကိုငါးကြိမ်ထက်မနည်း ကျတော်တို့သွားနေတာပဲ။ ကျတော်တို့ ဒီလမ်းမှာပုံမှန်ခရီးသွားလာနေတာ၊ ပြီးတော့ အဲ့ဒီမှ မြေမြှုပ်မိုင်းတွေထောင်ထားတာလည်း မသိဘူး” ဟုပြောခဲ့ပါသည်။

 

SAC စစ်ကွပ်ကဲအခြေစိုက် (စကခ) အမှတ် (၈) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၄၀၄) (မြိတ်-ထားဝယ်အခြေစိုက်)  မှ ၎င်းတို့၏ စစ်ရေးလုပ်ရှားမှုကို စ--- ကျေးရွာတွင် လပေါင်းများစွာပြုလုပ်လာခဲ့ပြီဖြစ်သောကြောင့် SAC မှ ထိုမြေမြှုပ်မိုင်းကိုထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း သံသယရှိခဲ့ကြပါသည်။ ထို့အပြင်၊ ထိုဒေသတွင် ရှိနေသော KNLA (ထိုဒေသတွင် အခြေစိုက်သည့် KNLA) အခြေအနေကိုသိသဖြင့် မြေမြှုပ်မိုင်းထောင်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ မှုခင်းဖြစ်ပျက်မှုကို မြင်တွေ့သူသည်လည်း SAC မှ ၎င်းတို့၏ခြေရာများကို ထိုဒေသတွင် တွေ့ခဲ့ခြင်းဖြစ်နိုင်သည်ဟုယုံကြည်ပါသည်။

 

KNLA တပ်ရင်းအမှတ် (၁၀၂) တပ်ခွဲအမှတ် (၁) မှ အ--- သည် စောဝ--- မြေမြှုပ်မိုင်းနင်းမိသည်ကို မျက်မြင်တွေ့ခဲ့ပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုပြီးနောက်ပိုင်း သူငယ်ချင်းဖြစ်သူများမှ လူနာအားကျောပေါ် ချက်ခြင်းထမ်းပြီးရ--- နေရာ (ဤနေရာမှ ထိုင်းနိုင်သို့ဖြတ်ကူးနိုင်မည်ဖြစ်သည်) သို့ ပုခတ်ဖြင့်ပို့ဆောင်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့တွင် မြေမြှုပ်မိုင်းဒဏ်ရာရရှိသူအား ရ--- နေရာမှ ထိုင်းနိုင်ငံရှိဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။

 

မြေမြှုပ်မိုင်း‌ပေါက်ကွဲမှုဖြစ်ပွားသည့်နေ့တွင် ထိခိုက်ဒဏ်ရာရရှိသူမှာ မိမိ၏ခင်ပွန်းဖြစ်နေမှန်း ဇနီးဖြစ်သူမှမသိခဲ့ပါ။နောက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍သူမအားပြောပြခဲ့ပါသည်။

 

KNLA စစ်သားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရွာသားများသည် မြေမြှုပ်မိုင်းဒဏ်ရာရရှိသူကို ရ--- နေရာသို့ပို့ဆောင်ခဲ့ပါသည်။ သို့သော် ၎င်းတို့သည် လူနာအား ထိုင်းနိုင်ငံဖက်ခြမ်းပို လိုက်ပို့ခွင့်မရကြပါ။ လူမှုရေးအသင်းအဖွဲ့အစည်း (ပြင်းထန်စွာဒဏ်ရာရသူနှင့် မနာမကျန်းဖြစ်သူများကို ထိုင်းနိုင်ငံအတွင်း ကျန်းမာရေးဝန်ဆောင်မှုရရှိရန် ကူညီပေးသည့်အဖွဲ့အစည်း) တစ်ခုမှ ၎င်းအားတာဝန်ယူ (ထိုင်းနိုင်ငံကူးပေးရာတွင်နှင့် ဆေးရုံတွင်ရှိစဥ်အတွင်းကူညီ) ပေးခဲ့ပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုမှ ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတွင် ၎င်း၏ ဘယ်ဖက်ခြေထောက်ကို ဖြတ်လိုက်ရပါသည်။ ၎င်း၏ညာဖက်ခြေထောက်တွင်လည်း ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါသည်။

 

၎င်းမှဆေးရုံတက်နေစဥ်အတွင်း ကုန်ကျစရိတ်များလည်းရှိခဲ့ပါသည်။ သို့သော်လည်း ၎င်းအနေဖြင့် ငွေကြေးထောက်ပံ့မှုလက်ခံရရှိခြင်းနှင့်ပတ်သက်၍ ရှင်းလင်းစွာမသိရပါ။ စောဝ--- သည် ဆေးရုံတွင်ဆက်လက်ရှိနေပြီး ဆေးရုံမှ မဆင်းသေးပါ (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ)။ ၎င်းအနေဖြင့် ဆေးရုံတွင် မည်မျှကြာရှည်စွာ ဆက်လက်နေရမည်ကို မသိပါ။ သို့သော် ၎င်း၏ဒဏ်ရာပျောက်ကင်းမှုအပေါ်သာ မှုတည်လိမ့်မည်ဖြစ်သည်။

 

မြေမြှုပ်မိုင်းဒဏ်ရာရရှိသူ၌ သားသမီးလေးဦးရှိပါသည်။ အကြီးဆုံးကလေးသည် အသက် ၅ နှစ်အထက်နှင့် အငယ်ဆုံးကလေးမှာ ၂ လသာရှိပါသေးသည်။ မြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိသူသည် ခြေထောက်ဖြတ်‌တောက်ခံရပြီး ကလေးများ၏ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ရာများအပြင် ကလေးများ၏ ကိုယ်ကာယနှင့် ဝိညာဥ်ရေးဆိုင်ရာ လိုအပ်ရာများ ပြုစုစောင့်ရှောက်ရန်အတွက် အခက်အခဲကြုံတွေ့ (၎င်း၏ရွှေ့လျားနိုင်မှု အကန့်အသတ်ကြောင့်) နေရ ပါသည်။

 

၂၀၂၂ ခုနှစ်၊ မတ်လနှင့် မေလကြားတွင် ဤနေရာတွင် အလားတူ မြေမြှုပ်မိုင်းဖြစ်ရပ်ဖြစ်ပွားခဲ့ပါသည် (နောက်ထပ် အချက် အလက်များ မရရှိပါ)။

 

စ--- ရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးသင်တန်းအား တစ်ခါမှမတက်ခဲ့ကြဖူးပါ။ မြေမြှုပ်မိုင်းထိမှန်သူအနေဖြင့် အနာဂတ်တွင် ၎င်းနှင့် အခြားမြေမြှုပ်မိုင်းဒဏ်ရာရရှိသူများ ဆက်လက်ကြုံတွေ့ရမည့်အခက်အခဲများကို NGOများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားသိရှိစေချင်ပါသည်။ နိုင်ငံအတွင်းလွတ်လပ်မှုမရှိပါက (မြေမြှုပ် မိုင်းထောင်ခြင်းအား မရပ်တန့်ပါက) ဤကဲ့သို့သော်အခက်အခဲများ ဘယ်သောအခါမှပျောက်ကွယ်သွားမည် မဟုတ် ပါ။ နောင်လာမည့်အနာဂတ်တွင် အပြောင်းအလဲမရှိပါက ၂၀၂၂ ခုနှစ်မှ (ပဋိပက္ခများများလားသည့်အချိန်) နှောင်လာ မည့်နှစ်များတွင် အသက်မွေးဝမ်း‌ကျောင်းအခက်အခဲများ ရှိလိမ့်မည်ဖြစ်ပါသည်။ မြေမြှုပ်မိုင်းများမြောက် များစွာ တည်ရှိနေခြင်းတို့ကြောင့် ရွာသားများသည် ၎င်းတို့၏ လယ်ယာမြေများသို့ သွားရောက်အလုပ်လုပ်ကြရန် အခက်တွေ့ နေရပါသည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

အချက်အလက်ကိုပေးသူ မျက်မြင်သက်သေနှင့် မြေမြှုပ်မိုင်းဒဏ်ရာရရှိသူကိုယ်တိုင် ပေးထားသည့် သတင်းအချက် အလက်များကို အသုံးပြုရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Thu, 02 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်