Thu, 02 Feb 2023
မူတြော်ခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ- လူသောမြို့နယ်၊ လယ်မူပလော ကျေးရွာအုပ်စုရှိ ရွာသားတစ်ဦးမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ

မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် မူတြော် (ဖာပွန်) ခရိုင်၊ လူသောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကိုဖော်ပြထားပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ရ--- ကျေးရွာတွင် နေထိုင်သည့် အသက်၂၄နှစ်အရွယ်ရှိ စောဟ--- သည် ၎င်း၏ညီကိုတစ်ယောက်နှင့် ဟင်းသီးဟင်းရွက်ရှာဖွေနေစဥ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်သားများမှ ထောင်ထားသည်ဟု ဒေသခံရွာသားများမှယူဆသော မြေမြှုပ်မိုင်းတစ်လုံးအား တက်နင်းမိခဲ့ပါသည်။ နေ့စဉ်အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာလုပ်ငန်းကိုမှီခိုရသော ရွာသားတစ်ဦးအနေဖြင့် ငွေကြေးဆိုင်ရာအခက်အခဲကို ကြုံတွေ့နေရပါသည်။ ၎င်းအနေဖြင့် ငွေကြေးအထောက်အပံ့အား နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်သည့် သူငယ်ချင်းများနှင့် ဆွေမျိုးများထံမှ ငွေကြေးအထောက်အပံ့များရရှိသော်လည်း ဆေးဝါးကုသမှုစရိတ်ပေးရန်အတွက် လုံလောက်မှုမရှိပါ။ [1]

 

 

အပိုင်း ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

မြေမြှုပ်မိုင်းပေါက်ကွဲမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)  

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ရ--- ကျေးရွာ

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စော ဟ---

အသက်

၂၄ နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ   

မရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

မိရိုးဖလာ

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ရ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ           

အထက်အရာရှိ အမည်

မသိ

မသိ

(ဖြစ်နိုင်ခြေရှိသည့် ကျုးလွန်သူ) SAC စစ်သား

SAC ထော်မူပလယ်မဲစခန်း

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

KHRG ၏ သတင်းမှတ်တမ်းပြုစုသူတစ်ဦးမှ နော်ယိုထကျေးရွာအုပ်စုရှိ အ--- ဆေးခန်းတွင်ဆေးကုသမှုခံယူနေသောမြေမြှုပ်မိုင်းဒဏ်ရာရရှိသူ စောဟ--- အား ၂၀၂၂ ခုနှစ်၊ ဇွန်လိုင်လ ၂ရက်နေ့တွင် မေးမြန်းမှုပြုလုပ်ခဲ့ပါသည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

မြေမြှုပ်မိုင်းဒဏ်ရာရရှိသူမှ မြေမြှုပ်မိုင်းဖြစ်ပျက်မှုအား ပေးခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့ မနက် ၉း၂၅ အချိန်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု၊ ရ--- ကျေးရွာတွင် နေထိုင်သည့် အသက်၂၄နှစ်အရွယ်ရှိ စောဟ--- သည် ၎င်း၏ညီကိုဃ---နှင့် ဟင်းသီးဟင်း ရွက်ရှာဖွေနေစဥ်တွင် M-14 မြေမြှုပ်မိုင်းတစ်လုံးအား တက်နင်းမိခဲ့ပါသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ညာဖက်ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပါသည်။ ၎င်း၏ ဘယ်ဖက်ခြေထောက်တွင်လည်း မြေမြှုပ်မိုင်းအပိုင်းအစကြောင့် အနည်းငယ်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုမြေမြှုပ်မိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) စစ်သားများ (ဒေသခံရွာသားများမှယူဆ) မှ တယောလူနေရာ (ထိုဒေသတွင်း SAC ၏လှုပ်ရှားမှုသည် ရ--- ကျေးရွာအနီးတွင်ရှိ) တွင်ထောင်ထားခဲ့ခြင်းဖြစ်ပါသည်။ မြေမြှုပ်မိုင်းဖြစ်ပွားပြီးနောက် စောဟ--- ၏ ညီကိုဖြစ်သူမှ၎င်း၏ ခြေထောက်အားသွေးမထွက်ရန်အတွက် အဝတ်ဖြင့်ချည်ပေးခဲ့ပါသည်။ ပြီးနောက် ရ--- ကျေးရွာသို့ ပြန်လည် ထမ်းပို့ခဲ့ပါသည်။ ကျေးရွာသို့ တစ်နာရီကြာ ခြေလျှင်ပြန်လာခဲ့ကြရပါသည်။

 

၎င်းတို့ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီးသည့်နောက် ရွာသားများမှ လူသောမြို့နယ်၊ နော်ယိုထကျေးရွာအုပ်စုတွင်တည်ရှိသော အ--- ဆေးခန်းတွင် ဆေးကုသမှုခံယူရန်အတွက် ပုခတ်နှင့်ထမ်းကာ ခြေလျှင် (တစ်နာရီကြာ) ဖြင့်ပို့ပေး ခဲ့ကြပါသည်။ မြေမြှုပ်မိုင်း ဒဏ်ရာရရှိသူမှ ညနေ ၄း၀၀ နာရီတွင် ဆေးခန်းသို့ရောက်ရှိသွားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့ မနက်ပိုင်းတွင် ဆေးရုံရှိဆရာဝန်များမှ ၎င်း၏ညာဖက်ခြေထောက်အား ဒူးခေါင်းအောက်ပိုင်းမှ ဖြတ်တောက်ပေးခဲ့ပါသည်။ ဆေးခန်းတွင် ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများနှင့် ‌ဆေးများလုံလောက်မှုမရှိသဖြင့် ၎င်း ကိုယ်တိုင်‌ဆေးဝယ်ရပါသည်။ စျေးဝယ်ရသည် ကုန်ကျစရိတ်မှာ ၂၀၀၀ ဘတ်ကျော်ကုန်ကျပါသည်။  လူနာအနေဖြင့် ခွဲစိတ်ကုသမှုခံယူသည့်အချိန်တွင် သွေးသုံးအိတ်မှ လေးအိတ်အထိသွင်းရန်လိုအပ်ခဲ့ပါသည်။ ၎င်း၏ သူငယ်ချင်းဖြစ်သူများမှ ခွဲစိတ်ကုသမှုခံယူရန်အတွက် လိုအပ်သည့်သွေးကို လှူဒါန်းပေးခဲ့ပြီး ငွေကြေးအနည်းငယ်ကိုလည်း ထောက်ပံ့ပေးခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဆေးရုံရှိဆရာဝန်များမှ ၎င်း၏ဘယ်ဖက်ခြေထောက်တွင် ကျန်ရှိသောမြေမြှုပ်မိုင်းအပိုင်းအစများကို ထုတ်ပေးနိုင်ခဲ့ကြသည်။ စောဟ--- သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှ နိုဝင်ဘာလ ၂၀၂၂ ရက်နေ့အထိ  ဆေးရုံတွင်ငါးလာကြာနေခဲ့ရပါသည်။ ဆေးရုံတက်သည့်လများအတွင်း ၎င်း၏ညီကိုဖြစ်သူ ဃ--- မှပြုစုစောင့်ရှောက်ခဲ့ပါသည်။ ၎င်းမှ လမ်းလျောက်နိုင်ရန်အတွက် ခြေတုအားပေးခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်နက်ကိုင်တပ်ဖွဲ့များကြား ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် မြေမြှုပ်မိုင်းဒဏ်ရာရရှိသူသည် အခြားရွာသားများနှင့်အတူ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပါသည်။ ထိုအချိန်တွင် ၎င်း၏ ဒဏ်ရာမှာ မသက်သာသေးပါ။

 

ငွေကြေးထောက်ပံ့မှုအား နိုင်ငံရပ်ခြားတွင်သွားရောက်နေထိုင်သော ၎င်း၏ ဆွေမျိုးများမှ ထောက်ပံ့ပေးခဲ့ကြပါသည်။မြေမြှုပ်မိုင်းဒဏ်ရာရရှိသူအနေဖြင့် ၎င်းနေထိုင်သည့် ကျေးရွာအုပ်စုတွင် ၁၀၀၀ ဘတ်ကိုလည်း လက်ခံရရှိခဲ့ပါသည်။သို့သော် ၎င်း၏ဆေးကုန်ကျမှုစရိတ်များကိုပေးရန်အတွက် ထိုငွေကြေးထောက်ပံ့မှုများမှာ လုံလောက်မှုမရှိပါ။ ၎င်းအနေဖြင့် ငွေကြေးထောက်ပံ့မှုအား မည်သည့်အဖွဲ့အစည်းထံမှ လက်ခံရရှိခြင်း မရှိသေးပါ။

 

ယခု စောဟ--- သည် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသဖြင့် ခရီးသွားလာရန်နှင့် အလုပ်လုပ်နိုင်ရန်အတွက် အခက်အခဲရှိနေပါသည်။ ထို့အပြင်၊ ၎င်းသည် တောင်ပေါ်ဒေသတွင်နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုရန်အတွက်တောင်ယာအပေါ်မှီခိုနေရပါသည်။ မိသားစုတွင် အငယ်ဆုံးသားတစ်ဦးအနေဖြင့် မိဘကိုပြုစုစောင့်ရှောက်ရပါသည်။သို့သော်လည်း မြေမြှုပ်မိုင်းဖြစ်ပွားပြီးသည့်နောက် မိဘများမှ ပြုစုစောင့်ရှောက်ပေးရခြင်းကြောင့် ၎င်းအတွက် မိဘများ၏ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ လူငယ်တစ်ဦးအနေဖြင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရခြင်းသည် အလွန်စိတ်ကျစရာဖြစ်ကြောင်း မြေမြှုပ်မိုင်းဒဏ်ရာရရှိသူမှ ပြောခဲ့ပါသည်။

 

SAC ထော်မူပလယ်မဲ စစ်စခန်းသည် ရ--- ကျေးရွာ၏အနီးတွင် အခြေစိုက်လာသည်မှာ (မြေမြှုပ်မိုင်းဒဏ်ရာရရှိသူ မမွေးဖွားမီ) နှစ်ပေါင်းများစွာရှိနေပြီဖြစ်ပါသည်။ ၎င်‌တို့၏နေရာဒေသမှ SAC စစ်သားများ ထွက်ခွါသွားကြရန် ဆန္ဒအား ထိုကျေးရွာတွင် နေထိုင်သောရွာသားများသည် ပြောပြခဲ့ကြပါသည်။ သို့သော်လည်း SAC စစ်သားများသည်၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုဖြစ်သော ကင်းလှည့်ခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်းနှင့် ရွာသားများ၏ လယ်ယာမြေများထဲသို့ လက်နက်ကြီးများ ပစ်ချခြင်းများကို ပိုမိုတိုးမြင့်လုပ်ဆောင်ခဲ့ကြပါသည်။ ရွာသားများသည် ၎င်းတို့၏လယ်ယာမြေများတွင် အလုပ်လုပ်ကြရန်အတွက် ကြောက်ရွံ့နေကြပါသည်။ ထိုကြောင့် ရွာသားများအနေဖြင့် ဤနှစ်တစ်လျောက်အသက်ရှင်လွတ်မြောက်ရန်အတွက် အစားအစာလုံလောက်မှုမရှိသဖြင့် အခြားရွာသားများထံမှ ဆန်တောင်းယူစားသုံးကြရပါသည်။

 

မြေမြှုပ်မိုင်းဒဏ်ရာရရှိသူနှင့် ကျေးရွာတွင်နေထိုင်သော အခြားသောရွာသားများသည် မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးသင်တန်းကို တစ်ခါမှမတတ်ဖူးကြပါ။ ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ထိုနေရာ‌ဒေသရှိ မြေမြှုပ်မိုင်းအများအပြားတည်ရှိနေမှုကို သတိပေးခဲ့ကြသော်လည်း SAC စစ်သားများမှမည့်သည့်နေရာတွင် မြေမြှုပ်မိုင်းများထောင်ထားသည်ကို အတိအကျမသိကြပါ။ ထို့ကြောင့်ရွာသားများသည် မြေမြှုပ်မိုင်းပေါက်ကွဲမှုအား ကြောက်ရွံ့မှုကြား ခရီးသွားလာခြင်းနှင့် အလုပ်လုပ်ကိုင်ကြရပါသည်။                                                                                                                                                             

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

မြေမြှုပ်မိုင်းဒဏ်ရာရရှိသူမှ KHRG အား သတင်းအချက်အလက်များကို အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးထားပါသည်။

Thu, 02 Feb 2023

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ တွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG မှ လေ့ကျင့်သင်ကြားပေးထားသော မူတြော်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖေါ်ပြထား ပါသည်။ ချိုးဖောက်ခံရသူများ၏ အမည်၊ ဓာတ်ပုံ နှင့် နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရ တည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ် အတွင်း ရေးသားထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်